တစ်စုံတစ်ယောက်ရဲ့ ခန္ဒာကိုယ်အသွင်အပြင်၊ ရုပ်ရှင်အသွင်အပြင်နဲ့ ပတ်သတ်ပြီး လှောင်ပြောင်တာက တကယ့်ကို ဆိုးဝါးနိမ့်ကျတဲ့ လုပ်ရပ်တစ်ခုပါ။ နိုင်ငံကျော်တစ်ယောက်၊ Celebrity တစ်ယောက်ဖြစ်နေရင်တောင်မှ Body Shaming ဒဏ်ကို အကြီးအကြယ်ခံရတဲ့သူတွေရှိပါတယ်။ ဒီလိုမလုပ်သင့်တာကို သိကြပေမယ့် ပတ်ဝန်းကျင်မှာ၊ နေရာအနှံ့အပြားမှာ လှောင်ပြောင်ဝေဖန်မှုတွေက ရှိနေစမဲပါ။ Social Media တွေ ခေတ်စားလာတဲ့နောက်ပိုင်းမှာ ဒီလိုပြဿနာကို လူတိုင်း အထူးသဖြင့် အမျိူးသမီးတော်တော်များများ ကြုံတွေ့ခံစားလာရမှာပါ။ Celebrity တွေထဲမှာလည်း အမျိူးသမီးတွေက ပစ်မှတ်တစ်ခုသဖွယ် ဝေဖန်မှုတွေကို နစ်နစ်သီးသီးခံကြရပါတယ်။ “ဗိုက်ကြီးနေပြီလား မသိဘူး၊ ဝလာလိုက်တာ၊ မိန်းကလေးဖြစ်ပြီး ပြားချပ်နေတာပဲ” စသဖြင့် အထင်အမြင်ပေါင်းစုံနဲ့ တိုက်ခိုက်နေကြတာပါ။
ဒီ Article လေးကို ဖတ်နေတဲ့ ပျိူမေတွေကို မျှဝေချင်တာက ဒီလို ကြုံတွေ့နေရတာက သင်တစ်ယောက်တည်း မဟုတ်ပါဘူး..လူတိုင်းက သဘောကျနှစ်သက်ရတဲ့ Celebrity တွေတောင်မှ ဝေဖန်ခံရပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မလှဘူးဆိုပြီး စိတ်ဓာတ်မကျပါနဲ့..ဒီလို Negative Comment တွေကို ဥပက္ခာပြုလိုက်ပါ။ ယုံကြည်မှုပိုရှိပါလို့ ပြောချင်ပါတယ်။ Body Shaming လုပ်ခံရတဲ့ Celebrity တွေကော ဒီပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြလဲဆိုတာကို သင်ယူလိုက်ရအောင်နော်။
Gigi Hadid

ကမ္ဘာကျော် Super Model တစ်ယောက်ဖြစ်တဲ့ Gigi Hadid က ဒီလိုဝေဖန်မှုတွေနဲ့ မစိမ်းဘူးဆိုရင် သိပ်များအံ့သြသွားမလား။ အရမ်းပိန်တာပဲလို့ ဝေဖန်ကြသလို Runway Model ဖြစ်ဖို့ အရမ်းဝလွန်းတယ်လို့ ဝေဖန်မှုတွေ မကြာမကြာကြုံတွေ့နေရသူပါ။ ဒါပေမယ့် Gigi ကတော့ သူမခန္ဒာကိုယ်ကို ဘယ်လိုပဲဖြစ်နေပါစေ ချစ်ကြောင်းနဲ့ ဝေဖန်တိုက်ခိုက်သူတွေကို Mind their own business လို့ပြောခဲ့ပါတယ်။
Demi Lovato

ကလေးဘဝထဲက အနုပညာလာကမှာ အောင်မြင်ကျော်ကြားမှုနဲ့ လူတွေရဲ့ စောင့်ကြည့်မှုကို ခံရတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အားလုံးသဘောကျရတဲ့ Demi Lovato တောင်မှ Body Shaming လုပ်တာကို ဆိုးဆိုးဝါးဝါးခံရသူပါ။ ကျေးဇူးတင်စရာကောင်းတာက Demi က ဒီလိုကိစ္စနဲ့ပတ်သတ်ပြီး စိတ်ဓာတ်ကျ ဝမ်းမနည်းနေပဲ အမြဲ Speak Up လုပ်ပြီး ပြန်လည် ခုခံတဲ့သူတစ်ယောက်ပါ။
Selena Gomez

Selena ရဲ့ ကိစ္စကိုလည်း တော်တော်များများ သတိထားမိမှာပါ။ သူမရဲ့ ရောဂါဝေဒနာနဲ့ပတ်သတ်ပြီး ကိုယ်အလေးချိန် ပြောင်းလဲမှုအပေါ် Celebrity တစ်ယောက်ဖြစ်ပြီး လှအောင်မနေဘူး၊ Weight မထိန်းဘူးဆိုပြီး ဝေဖန်ခံရတာပါ။ Selena က ဒီအရာတွေကို မတုန်လှုပ်ခဲ့ပါဘူး။ “ကျွန်မ ကိုယ့်ကိုယ်ကိုယ် Take Care လုပ်ပါတယ်..ဒီအရာနဲ့ ပတ်သတ်ပြီး ကျွန်မ ဘယ်သူကိုမှ ဘာမှ လုပ်ပြ၊ ရှင်းပြနေစရာမလိုဘူး လို့ဆိုခဲ့ပါတယ်။ သူမရဲ့ ထွက်ခဲ့ဘူးတဲ့ Who says သီချင်းလေးနဲ့ ပြန် Fight Back လုပ်ရအောင်နော်။
Lili Reinhard

Riverdale ထဲက မင်းသမီးလေး Lili Reinhard ကလည်း ချစ်သူဟောင်းဖြစ်တဲ့ Cole Sprouse နဲ့ တွဲခဲ့စဉ်က ကိုယ်အလေးချိန်တက်လာတဲ့အပေါ် ဗိုက်ကြီးနေပြီဆိုပြီး အင်တာနက်ပေါ်မှာ Body Shaming လုပ်ခံရတာပါ။ “ကျွန်မခန္ဒာကိုယ်နဲ့ ပတ်သတ်ပြီး ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။ ကျွန်မခန္ဒာကိုယ်က ပြောင်းလဲမှု အမျိူးမျိူး ရှိနေမှာပဲ။ ရှင်တို့လည်း ပြောင်းလဲလာမှာပဲ။ ဒါက အရေးမကြီးပါဘူး။ ဒီလို လူတစ်ယောက်ရဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းကို လိုက်ဝေဖန်ပြီး အချိန်တွေ အင်အားတွေသာ အကုန်မခံပါနဲ့” ဆိုပြီး ပြန်လည်တုံ့ပြန်ထားတာပါ။
Ashley Graham

နာမည်ကျော် Plus Size Model Ashley Graham ကို လူတိုင်းသိမှာပါ။ Model Industry မှာ ဝလွန်းတယ်လို့ ဝေဖန်ခံရပေမယ့် အရှိကိုအရှိတိုင်း ပြသတဲ့ သူမရဲ့ Body Confident နဲ့ Pluz Size အမျိူးသမီး တွေအတွက် Body Positive လှုပ်ရှားမှုတွေက အားတစ်ခုဖြစ်စေပါတယ်။ တော်ရုံ ပြသဖို့ မဝင့်ရဲကြတဲ့ ခန္ဒာကိုယ်က Cellulite တွေ၊ အကြောပြတ်ရာတွေကအစ ယုံကြည်မှုရှိရှိနဲ့ ပြသရဲတဲ့သူပါ။
Lady Gaga

အနုပညာစလုပ်ကတည်းက ရုပ်ရှင်အသွင်အပြင်ပိုင်းနဲ့ကော Body ပိုင်းဆိုင်ရာနဲ့ပါ ဆိုးဆိုးဝါးဝါး ဝေဖန်ခံရသူပါ။ 2017 Super Bowl ပွဲမှာတုန်းက ချပ်ရပ်နေတဲ့ ဗိုက်သားမရှိမှုအပေါ် သီချင်းအာရုံစိုက်လို့မရဘူး၊ ဗိုက်ပဲမြင်နေတယ်၊ လေ့ကျင့်ခန်းလုပ်ပါ စသဖြင့်ဝေဖန်ခံရတာပါ။ ဒီ ဝေဖန်မှုအပေါ် Lady Gaga က “ကျွန်မခန္ဒာကိုယ်က ပြောစရာတစ်ခုဖြစ်နေတယ်လို့ ကြားရတယ်၊ ဒါကြောင့် ကျွန်မပြောချင်တာက ကျွန်မခန္ဒာကိုယ်ကို ကျွန်မနှစ်သက်တယ်၊ ဂုဏ်ယူတယ်၊ ရှင်တို့လည်း ကိုယ့်ခန္ဒာကိုယ်နဲ့ ပတ်သတ်ပြီး နှစ်သက်သင့်တယ်”ဆိုပြီး တုံ့ပြန်ထားပါတယ်။
Adele

Adele ကလည်း အနုပညာလောကကို စစဝင်လိုက်တဲ့အချိန်ထဲက Body Shaming ဒဏ်ကိုခံလာရသူပါ။ ဝေဖန်မှုတွေကို ဂရုမစိုက်ခဲ့ပေမယ့် နာကျင်ဘူးဆိုတာတော့ ဘယ်ရှိမလဲလေ..လူထဲကလူပဲ။ ၂၀၁၅ တုန်းက Interview တစ်ခုမှာ သူမရဲ့ Body Image နဲ့ ပတ်သတ်ပြီး ရုန်းကန်ရတဲ့အချိန်တွေရှိခဲ့ပါတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီဝေဖန်မှုတွေကို သူမရဲ့ဘဝထဲကို အဝင်မခံခဲ့ပါဘူးလို့ ဆိုပါတယ်။
Beyonce

Queen Bey ကိုဘယ်သူကများ Body Shaming လုပ်ကြတာလဲ စဉ်းစားမိမှာပါ။ သူမရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Bootylicious မှာ ဒီပြဿနာကို မီးမှောင်းထိုးပြထားတာပါ။ “ကျွန်မ ဝိတ်တက်နေတဲ့အချိန်မှာ ဒီသီချင်းကို ရေးဖြစ်ခဲ့တာပါ။ လူတွေက ပိန်ဖို့ လိုနေတယ်လို့ ဝေဖန်ကြပြီး ဒီအရာတွေက ကျွန်မအတွက်ဖိအားတွေဖြစ်စေခဲ့ပါတယ်။ ဒီသီချင်းက အမျိူးသမီးတွေကို လူတွေပြောဆိုတာကို မေ့ထားပြီး ကိုယ့်ခန္ဒာကိုယ်အစိတ်အပိုင်းနဲ့ ပတ်သတ်ပြီး ပျော်ရွှင်ဖို့ ကောက်ကြောင်းတွေကို Celebrate လုပ်နိုင်ဖို့ အတွက်ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
Chloe Grace Moretz

အားလုံး ချစ်ရတဲ့ Chloe က Body Shaming ကို ငယ်ငယ်လေးထဲက ကြုံတွေ့ရသူပါ။ အားလုံးသိတဲ့အတိုင်း ပြည့်ပြည့်ဖြိုးဖြိုးရှိတဲ့ Chloe ကို Billboard ကြောငြာတစ်ခုမှာ Overweight ဖြစ်နေလို့ သိပ်မလှဘူးဆိုပြီး ဝေဖန်ခံရတာပါ။ အသက် ၁၅ နှစ်တုန်းက ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်မှာ အတူတွဲသရုပ်ဆောင်တဲ့ မင်းသားက တကယ့်ဘဝမှာ သူမနဲ့မတွဲနိုင်ဘူး..ခန္ဒာကိုယ်အရမ်းကြီးတယ်လို့ လှောင်ပြောင်ခံခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်က Interview တစ်ခုမှာ “တကယ့်ပဲ စိတ်သဘောထားသေးသိမ်ပြီး မကောင်းတဲ့သူတွေက ရှိနေတာ သိလိုက်ရတယ်…ကျွန်မဘက်က ခွင့်လွှတ်ပေးလိုက်ပေမယ့် ဘယ်တော့မှ ဒီအဖြစ်အပျက်ကို မမေ့ပါဘူး။ စဉ်းစားကြည့် ကျွန်မ ၁၅ ပဲရှိသေးတာ..တော်တော့်ကိုဆိုးဝါးတာပဲ” လို့ဆိုပါတယ်။
JLo

အကဘုရင်မ JLo က အနုပညာလောကထဲ စစဝင်လာချင်းမှာ ဒီဝေဖန်မှုတွေနဲ့ကြုံရတာပါ။ ဝိတ်ချဖို့ လိုတယ်လို့ အမြဲအပြောခံခဲ့ရတာပါ။ “ကျွန်မက အဲ့ဒီအချိန်တုန်းက အကသမား၊ အားကစားလည်း လုပ်တယ်။ ကျွန်မ မန်နေဂျာကတောင်မှ ဝိတ်မချဘူးဆိုရင် အလုပ်ဆက်မလုပ်နိုင်ဘူးဆိုပြီး အပြောခံရတာပါ။” ဒါပေမယ့် Jlo က ဒီလို တုံ့ပြန်ခဲ့ပါတယ်။ ဒါကို ကျွန်မမလုပ်နိုင်ဘူး။ ဝိတ်ချလိုက်ရင် ကျွန်မမဟုတ်တော့ဘူး။ ဆိုလိုချင်တာ သိတယ်မလား” လို့ ခပ်ချေချေ တုံ့ပြန်ခဲ့တာပါ။