×
Sex & Relationship

သူ့ခြေလှမ်းတွေပျက်နေပြီလား။

ဒီလိုအခြေအနေရောက်နေရင်တော့ သင်ပါးနပ်ဖို့လိုပါတယ်နော်။

by Lin Lin

June 28, 2020

မိန်းကလေးတွေဟာ ကိုယ့်ချစ်သူ ကိုယ့်အမျိုးသား ခြေလှမ်းတွေပျက်ပြီး အသစ်တွေ့သွားမှာကို စိုးရိမ်တတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ ဘာမဟုတ်တဲ့အပြုအမူလေးကိုကအစ သံသယဝင်တတ်ကြပါတယ်။ အတည်တကျတည်ဆောက်ထားတဲ့ Relationship ကို ပြိုကွဲသွားမှာကြောက်တဲ့စိတ်ကြောင့် ခင်ပွန်း၊ ချစ်သူအပေါ်ကို သံသယထားမိတတ်ကြပါတယ်။ ဒီလို ယုတ္တိမရှိဘဲ သံသယတွေဝင်နေမယ့်အစား သူ့အပြုအမူတွေကို ကြည့်ပြီး သူပြောင်းလဲနေပြီလားဆိုတာကို စောင့်ကြည့်ပါ။ ဘယ်အရာတွေ ဘယ်လိုအပြုအမူတွေက သူသင့်ကို လိမ်ညာနေပြီး ခြေလှမ်းတွေပျက်နေပြီလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

သူ့အကျီပေါ်မှာ နှုတ်ခမ်းနီရာ ဒါမှမဟုတ် သင့်ရေမွှေးမဟုတ်တဲ့ တခြားမိန်းကလေးရေမွှေးနံ့ရနေပြီဆိုရင်တော့ သူ့ကို မျက်ခြေမပြတ်သင့်တော့ပါဘူး။ သူ့အနီးအနားမှာ သေချာပေါက် တခြားတစ်ယောက်ရှိနေပြီမို့ ဒီအခြေအနေကို သင်ပါးနပ်စွာ ကိုင်တွယ်ဖို့ လိုနေပါပြီနော်။

တစ်ခါတစ်ရံမဟုတ်ဘဲ နေ့စဉ်ရက်ဆက် အလုပ်ချိန်ကြာရှည်ခြင်း ပုံမှန်ထက်ပိုတဲ့ Overtime ဆင်းနေရပြီဆိုရင်တော့ သူ့ခြေလှမ်းတွေပျက်စပြုနေပါပြီ။ အမှန်တကယ်ပဲ အလုပ်များနေတာလား။ တခြားတယောက်နဲ့ တူတူရှိနေတာလားဆိုတာကို သင်စုံစမ်းဖို့ လိုအပ်နေပါပြီ။

သူဝတ်ဆင်နေကျပုံစံမျိုးမဟုတ်ဘဲ ပုံစံပြောင်းလဲလာခြင်း၊ အဝတ်အစားအပြင်အဆင်ပေါ် အရင်ကထက်ပိုပြီး အားစိုက်ထုတ်လာနေပြီဆိုရင်တော့ သင်သတိထားသင့်နေပါပြီ။

သူ့အတွက် Privacy လိုအပ်တယ်လို့ မကြာခဏပြောလာရင်တော့ သေချာနေပါပြီ။ သင့်နောက်ကွယ်မှာ သင်မသိအောင်သူခြေရှု့ပ်နေပြီမို့ ဒီကိစ္စကို သင်ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြိုတင်ပြင်ဆင်ထားဖို့ လိုနေပါပြီနော်။

သင်တို့နှစ်ဦးရဲ့ ချစ်တင်းနှောမှုပုံစံ ရုတ်တရက်ပြောင်းလဲလာခဲ့ရင်…………..။ ပုံမှန် ချစ်တင်းနှောနေကျပုံစံမျိုးမဟုတ်ဘဲ အသစ်အဆန်းပုံစံမျိုးနဲ့ သူ့ဘက်ကဆက်ဆံလာခဲ့ပြီဆိုရင်တော့ သေချာနေပါပြီ။ သင်နဲ့မတိုင်ခင် တစ်စုံတစ်ယောက်နဲ့ စမ်းသပ်လာတာမျိုး ဖြစ်နိုင်ချေရှိပါတယ်။ ဒါမှမဟုတ် သင်နဲ့အတူ ချစ်တင်းနှောဖို့အတွက် သူစိတ်မပါတော့ဘူးဆိုရင်တော့ သင်ဟာသူ့အတွက် ဆွဲဆောင်မှုမရှိတော့ပါဘူး။ အပြင်မှာသူ့အတွက် အသစ်အဆန်းရှိနေပါပြီ။

သူ့ဖုန်းကို ရုတ်တရက် Lock ပြောင်းလဲလိုက်တာဆိုရင်တော့ သူဟာခြေရှု့ပ်နေပြီဆိုတာ အကြွင်းမဲ့သိလိုက်ပါတော့။ လူတစ်ယောက်ရဲ့ Privacy တော်တော်များများကို ခြေရာခံနိုင်တဲ့ ဖုန်းထဲက အချက်အလက်တွေကို သင်သိမှာ သူစိုးရိမ်နေတာကြောင့် အခုလိုလုပ်လိုက်ခြင်းပါ။

ကဲ ပြောပြပေးထားတဲ့အချက်တွေထဲက ဘယ်နှချက်လောက်က သင့်ခင်ပွန်း၊ သင့်ကောင်လေးရဲ့ ပြောင်းလဲလာတဲ့အချက်တွေနဲ့ တိုက်ဆိုင်နေလဲဆိုတာ စောင့်ကြည့်လိုက်တော့နော်။

,
Sex & Relationship

ပုံမှန် Relationship ထက် ထူးခြားတဲ့ Friend with Benefits ရဲ့ အားသာချက် ၈ချက်

ဒီအချက်လေးတွေကြောင့် ထည့်စဉ်းစားသင့်တဲ့အထဲပါသွားပြီ။

by JN Ja Seng Pan

July 6, 2020

ကဲ လူငယ်တွေကြားမှာ ပြောပြောနေကြ Friend with Benefits အတိုခေါ် FWB က ကြားရတဲ့အတိုင်းဆို လွယ်ကူနေသလိုပဲ။ ဒါပေမယ့် ဒီလိုကိစ္စအတွက် ကိုယ်နဲ့ ခုတင်ပေါ်မှာ အဆင်ပြေမယ့်သူ၊ Respect ထားမယ့်သူ၊ ညှိနှိုင်းရလွယ်ကူမယ့်သူရှာဖို့က တကယ်တော့ ခက်ခဲပါတယ်။ လူနှစ်ယောက်ကြားမှာ တန်ဖိုးထားယုံကြည်ရမယ့်အရာတွေပါတာမို့ ရင့်ကျက်ပြီး တာဝန်အပြည့်ယူတတ်တဲ့သူဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ဆိုတော့ FWB က သုံးတတ်ရင် အများကြီး အကျိူးရှိတာမို့ အောက်ကအချက်လေးတွေနဲ့ ကိုယ်တိုင်ပဲ ရှာဖွေကြည့်လိုက်တော့နော်။

ပုံမှန် သမီးရည်းစားဆက်ဆံရေးထက် ပိုမိုကြာရှည်တည်တံ့တယ်။
အမှန်အကန်တွဲနေတဲ့သူတွေထက် သူတို့က ဆက်ဆံရေးကို ပိုပြီးကြာကြာထိန်းသိမ်းနိုင်လေ့ရှိပါတယ်။ အသက်နှစ်ဆယ်နဲ့ သုံးဆယ်ကြားက Relationship တွေက အချိန်ခဏတာမျှသာဖြစ်နိုင်ပြီး ပြတ်သွားတဲ့အချိန်ကလည်း အချိန်ခဏအတွင်းမှာ ဖြစ်သွားနိုင်ပါတယ်။ ဒီသူငယ်ချင်းနဲ့ကတော့ အချိန်အများကြီးမပေးရ၊ မတွေ့ရထိတိုင်အောင် အချင်းချင်းသဘောကျနေနိုင်ပြီး ဆက်ဆံဖို့အတွက်လည်း အချိန်အများကြီးယူစရာမလိုပါဘူး။ တစ်ယောက်လိုချင်တဲ့အရာကို တစ်ယောက်သေချာသိနေတဲ့အတွက် သုံးနှစ်လောက်မတွေ့ဖြစ်တော့ရင်တောင်မှ ပြန်ချိန်းပြီး ရင်ခုန်စရာဇာတ်လမ်းတွေပြန်စနိုင်ပါတယ်။

လိုချင်တာကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်။
မိန်းကလေးတွေအတွက် စိတ်ထဲမှာ မထားပဲပြောဆိုဖို့က အင်မတန်ခက်ခဲပါတယ်။ အထူးသဖြင့် ခုတင်ပေါ်က ကိစ္စတွေကို ကိုယ့်လက်တွဲဖော်၊ ပါတနာနဲ့ ပြောရမယ့်အချိန်တွေမှာပေါ့။ တစ်ဖက်လူအတွက် အမြဲလိုက်လျောဖြည့်ဆည်းပေးရမယ့် စိတ်ကဖြစ်နေတတ်ကြပါတယ်။ ဒီသူငယ်ချင်းနဲ့ကတော့ ဒါတွေ တွေးပူစရာမလိုပါဘူး။ တွေ့ချင်တဲ့အချိန်၊ စိတ်ဆန္ဒရှိနေတဲ့အချိန် ဘယ်အချိန်မဆို တွေ့နိုင်ပြီး ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ အထူးတလည်ဆွေးနွေးစရာမလိုပဲ အဓိကအကြောင်းအရာကို သွားနိုင်မှာပါ။



အချိန်ယူစရာမလိုဘူး။
ရည်းစားသေချာထားပြီး တွဲတော့မယ်ဆိုရင် ကိုယ့်ရဲ့ ပါတနာဆီသွားပြီး အချိန်ပေးရတာ၊ သွားအိပ်ရတာ၊ ဂရုစိုက်ပေးရတာစတဲ့အချက်တွေကို ပြုလုပ်ရမှာပါ။ ဒါက Romantic ဆန်ပြီး နူးနူးညံ့ညံ့ဖြစ်ပေမယ့် အဆင်မပြေတဲ့အချိန်တွေလည်းရှိပါတယ်။ ဒီသူငယ်ချင်းနဲ့ဆိုရင်တော့ သူ့ဆီသွားချင်ချင်၊ မသွားချင်ချင် အဆင်ပြေတဲ့နေရာကို ချိန်းလိုက်ပြီး အစပျိူးတာတွေမလိုပဲ ကိစ္စဝိစ္စပြီးစေမှာပါ။ ကိစ္စတွေပြီးသွားရင်လည်း ကိုယ့် Schedule အတိုင်း လုပ်စရာရှိတာလုပ်၊ အပိုစကားတွေပြောစရာမလိုပဲ နှုတ်ဆက်နိုင်မှာပါ။

အချိန်ဇယားတွေ ပြောင်းလဲစရာမလိုဘူး။
လူတိုင်းအလုပ်များနေတဲ့ခေတ်ကြီးမှာ ဆက်ဆံရေးအတည်အတံ့ထားဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ တစ်ခုခုကိုရဖို့နဲ့ အဆင်ပြေဖို့ ပေးဆပ်ရတဲ့အရာတွေရှိပါတယ်။ အချို့ကိစ္စတွေအတွက် ကိုယ့်ဘက်က ပေးဆပ်ဖို့ ခက်ခဲနေတတ်ပါတယ်။ “Wrong Time, Wrong Relationship” လိုပုံစံမျိူးတွေမှာပေါ့။ ဒီလိုအရာတွေကြောင့် ကိုယ့်ရဲ့ စိတ်ဆန္ဒကို ထိန်းချူပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒီအချိန်တွေမှာ ဒီလိုသူငယ်ချင်းက သိပ်ကိုအသုံးဝင်ပါတယ်။ အချိန်အနည်းငယ်နဲ့ နှစ်ယောက်လုံး စိတ်ကျေနပ်စရာအချိန်ကောင်းတွေကို ပိုင်ဆိုင်စေမှာပါ။



ကောင်းသောလမ်းခွဲခြင်း
လမ်းခွဲနှုတ်ဆက်ရတာက တကယ်တမ်းတော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒီသူငယ်ချင်းလေးနဲ့ ရှေ့မဆက်ချင်တော့ဘူး၊ လမ်းခွဲလိုက်ရင်တောင်မှ အလွယ်ကူဆုံးလမ်းခွဲခြင်း ဖြစ်နေမှာပါ။ မုန်းတီးတာတွေ၊ ငိုကြွေးတာတွေမရှိပဲ နားလည်မှုရှိရှိနဲ့ ဒီဇာတ်လမ်းလေးကို အဆုံးသတ်နိုင်ပါတယ်။ ကိုယ်စိတ်ပြောင်းသွားလို့ ပြန်ဆက်သွယ်ချင်ရင်လည်း ဆဲလွှတ်မယ့်လူတွေမဟုတ်ပါဘူး။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အားကစား
စလာကတည်းက ဒီကိစ္စအတွက် အပေးအယူအမျှမျှနဲ့ ချီတက်လာခဲ့တာမို့ စိတ်ချရတဲ့ Protective Sex ကိုသာ အသားပေးကြမှာပါ။ အချိန်ခဏအတွက်သာ တွေ့ကြတာမို့ အကာအကွယ်က မဖြစ်မနေလိုအပ်ပါတယ်။
ပုံမှန် Relationship တွေမှာ သူဘာလုပ်မှန်းမသိ၊ ကိုယ်ဘာလုပ်မှန်းမသိ၊ သုံးရတာရှုပ်တယ်စတဲ့ ဂျင်းတွေနဲ့ အကာအကွယ်မဲ့ဆက်ဆံနေကြရမှာပါ။ ဒါပေမယ့် ဒီသူငယ်ချင်းနဲ့ကတော့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နည်းစနစ်ကို စိတ်ချလက်ချအသုံးပြုနိုင်မှာပါ။



Zero Pressure Situations
FWB ဆိုတာက ကိုယ်အရင်ကတွေးထားဖူးတဲ့ Relationship ပုံစံတွေနဲ့ ယှဉ်တွေးစရာမလိုတဲ့ အရာတစ်ခုပါ။ လက်ထပ်မှာ မဟုတ်ကြလို့ (Obviously) နှစ်ယောက်လုံးအတွက် စဉ်းစားတွေးပူရတာတွေကို လုပ်စရာမလိုပါဘူး။ ဆိုတော့ ဒီဆက်ဆံရေးနဲ့ ပတ်သတ်ပြီး မျှော်လင့်ချက်တွေထားစရာမလိုပဲ Sex အတွက်ကိုပဲ အာရုံစိုက်ရမှာပါ။ ကိုယ့်လွတ်လပ်ခွင့်တွေ၊ ဖြစ်တည်ခြင်းတွေကို ထိန်းချူပ်ထားတာမဟုတ်တဲ့အတွက် နှစ်ယောက်သား အပေးအယူမျှမျှနဲ့ ပျော်စရာခရီးကို ဆက်နိုင်မှာပါ။

အတွေ့အကြုံသစ်
အပေါ်က ပြောခဲ့သလိုပဲ အမျိူးသမီးတွေက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ိကို တွန့်ဆုတ်တတ်ကြပါတယ်။ လူမှု့အသိုင်းအဝိုင်းထဲမှာ လူတွေ ဘယ်လို Socialize လုပ်လဲဆိုတာ ဒါတွေကိုကြည့်ရင်သိနိုင်ပါတယ်။
FWB ရဲ့အားသာချက်ကတော့ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနဲ့ ရှက်ကြောက်စရာမလိုပဲ ပြောဆိုဆက်ဆံနိုင်တာပါ။ တနည်းအားဖြင့်ပြောရရင်တော့ အတွေ့အကြုံအသစ်တစ်ခုပေါ့။ ယောကျာၤးလေးကော၊ မိန်းကလေးအတွက်ပါ လက်တွေ့ Experience တွေရမှာဆိုတော့ စိတ်လှုပ်ရှားစရာအတွေ့အကြုံသစ်ကို ရှာဖွေနေတဲ့သူဆိုရင်တော့ သဘောတွေ့စရာဖြစ်မှာပါ။ 

, , ,

Sex & Relationship

မိုးရွာချိန်မှာ ချစ်သူနဲ့ ဘယ်လို Date ကြမလဲ။

မိုးအေးအေးလေးမှာ Ro ဆန်ဆန်လေး Date ကြရအောင်နော်။

by Lin Lin

June 16, 2020

မိုးရာသီကာလရောက်ရှိလာပြီဖြစ်တာကြောင့် စုံတွဲလေးတို့တွေ မိုးရွာထဲမှာ ချစ်သူနဲ့ Date ပြီး ကော်ဖီဆိုင်ထိုင်ရုံလောက်နဲ့ ကျေနပ်နေကြပြီလား။ မိုးအေးအေးလေးမှာ ဒီ့ထက်ပိုပြီး Ro နိုင်လို့ ရနိုင်မယ့် နေရာလေးတွေအကြောင်းကိုဖော်ပြပေးသွားပါမယ်။ ဒီနေရာလေးတွေမှာ အမှတ်တရလေးတွေဖန်တီးနိုင်ဖို့အတွက် ချစ်သူမရှိသေးသူတွေလည်း အမြန်ဆုံးတစ်ယောက်လောက်တော့ ရှာလိုက်တော့နော်။

အနုပညာပြခန်း (သို့မဟုတ်) ပြတိုက်ကို သွားရောက်လည်ပတ်ပါ။


ဒီလိုပြကွက်လေးတွေကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ အနုပညာပြခန်း (သို့မဟုတ်) ပြတိုက်ကို သွားရောက်ခြင်းဟာ သင်တို့ကို စုံတွဲအတွက် Romantic Date လေးတစ်ခုကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ အပြင်မှာ မိုးရွာနေတဲ့အချိန်တွေအတွက် ပြခန်းမှာရှိတဲ့ အနုပညာလက်ရာတွေကိုခံစားရင်း အတူတူကုန်ဆုံးခြင်းက သင်တို့အတွက်အမှတ်တရ Date လေးတစ်ခုလည်း ဖြစ်စေမှာပါ။ ပြတိုက်ကို လည်ပတ်ခြင်းက ချစ်သူနှစ်ဦးရဲ့ ရင်ထဲကအနုပညာခံစားချက်တွေကိုလည်း မြင်တွေ့နိုင်ပါလိမ့်မယ်။

Bowling


မိုးရွာတဲ့နေ့ရက်တွေမှာ Bowling ကစားခြင်းနဲ့ အချိန်ကုန်ခြင်းက သင်တို့ချစ်သူနှစ်ဦးအတွက် အမှတ်တရလေးတွေကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။ Bowling ကစားခြင်းဟာ ပထမဆုံးအကြိမ်မှာတော့ ပျင်းစရာကောင်းပြီး ခက်ခဲနေပါလိမ့်မယ်။ ဒါပေမယ့် ချစ်သူနဲ့ တူတူကစားခြင်းက သင့်အတွက် ပျင်းစရာအချိန်တွေကို ကျော်လွှားနိုင်မှာပါ။ နောက်ပိုင်းအချိန်တွေမှာတော့ သင်တို့ရဲ့ မိုးရွာတဲ့ နေ့ရက်တွေအတွက် Date တွေမှာ Bowling ကစားခြင်းဟာ မရှိမဖြစ်ပါဝင်လာမယ်ဆိုတာကိုတော့ ရဲရဲကြီးအာမခံပေးလိုက်ပါတယ်နော်။

Indoor Picnic ထွက်ပါ။


နေရာလေးတွေကို စုံစမ်းထားပြီး Day Trip တစ်ခုစီစဉ်ကြည့်ပါ။ Day Trip စီစဉ်တဲ့အခါမှာလည်း Indoor Picnic ပုံစံမျိုး ကိုယ်တိုင်ချက်ပြုတ်စားနိုင်ပြီး တစ်နေကုန်နေလို့ရနိုင်မယ့် နေရာမျိုးတွေကို ရှာဖွေကြည့်ပါ။ မိုးအေးအေးလေးမှာ ချစ်သူနဲ့ နှစ်ယောက်တည်းရှိပြီး အတူတူချက်ပြုတ်စားသောက်ကြမယ့် Romantic Date လေးဟာ သင်တို့နှစ်ယောက်အတွက် အမြဲမှတ်မိနေစေမယ့် အမှတ်တရတွေကို ပေးနိုင်မှာပါ။

Karaoke Bar


ချစ်သူနဲ့ နှစ်ယောက်တည်း Karaoke သွားဖို့အတွက် သတ္တိတော့ရှိဖို့လိုပါလိမ့်မယ်။ သင့်ရဲ့ အသံကောင်းကောင်း ဆိုးဆိုးကို သူတစ်ဦးတည်းသာ ပရိသတ်အနေနဲ့ နားထောင်မယ့်သူရှိတာကြောင့်ပါ။ သို့သော်လည်း သင်နှစ်သက်တဲ့သီချင်းတွေကို သင့်စိတ်ကြိုက်သီဆိုနေခြင်းဟာ သင့်ချစ်သူအတွက်ဆွဲဆောင်မှုတစ်ခု ပေးနိုင်ပါလိမ့်မယ်။ ချစ်သူနဲ့ နှစ်ယောက်တူတူ ဟန်ဆောင်ခြင်းကင်းစွာ စိတ်တိုင်းကျ အော်ဟစ်သီဆို ပေါက်ကွဲနိုင်မယ့် အခွင့်အရေးလည်းရနိုင်ပါလိမ့်မယ်။

ရေကူးပါ။


မိုးရွာတဲ့နေ့အတွက် Date မှာ ရေကူးခြင်းဟာ အနည်းငယ် အူကြောင်ကြောင်နိုင်ပေမယ့်လည်း သင်တို့ချစ်သူနှစ်ဦးအတွက်တော့ အမှန်တကယ် Ro နိုင်မယ့် နေရာလေးတစ်ခုဖြစ်မယ်လို့ ယုံကြည်လို့ ဖော်ပြလေးလိုက်ပါတယ်နော်။ ရေကူးဖို့အတွက် ရွေးချယ်တဲ့နေရာမှန်ကန်ဖို့တော့ လိုမယ်နော်။

Indoor Sport တွေကိုသွားကြည့်ပါ။


မိုးလုံလေလုံအားကစားရုံတွေမှာ တင်းနစ်ကစားခြင်း၊ ဘော်လီဘောကစားခြင်း၊ ဘိလိယက်ထိုးခြင်းစတဲ့ ကစားနည်းတွေကို ရွေးချယ်ပြီး Date ကြည့်ပါ။ သင်တို့ရဲ့ Date အတွက် ပျော်စရာအတိဖြစ်နေမှာပါ။

နောက်ဆုံးအနေနဲ့ သင်တို့ရဲ့ တစ်နေ့တာအချိန်လေးပြီးဆုံးတော့မယ်ဆိုရင်တော့ မိုးရေထဲမှာ လမ်းလျှောက်ပြီး Romantic Date လေးကို အဆုံးသတ်ကြရအောင်နော်။

 


Sex & Relationship

Relationship တစ်ခုမှာ Sex က ဘယ်လောက်အထိအရေးပါလဲ။

လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။

by Lin Lin

June 11, 2020

ချစ်ခြင်းမေတ္တာမှာ Sex က အရေးကြီးပါသလား။

လူတိုင်းအဖြေကတော့ တူချင်မှတူပါလိမ့်မယ်။ တချို့အတွက်အရေးကြီးတယ်ဆိုပေမယ့် တချို့အတွက် အရေးမကြီးတဲ့ အရာတစ်ခုဖြစ်နေပါလိမ့်မယ်။


ဒါဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ သင်တို့ရဲ့ ရင်းနှီးပတ်သက်မှုကို ဖော်ပြပေးနိုင်မယ့် အရာတစ်ခုလည်းဖြစ်တယ်လို့ မှတ်ချက်ပြုမှုများကိုလည်း မြင်တွေ့ရပါတယ်။ တချို့ Realtionship တွေမှာ Sex ကိစ္စမပါဝင်ဘဲနဲ့ ပျော်ရွှင်မှု ရရှိတတ်ပေမယ့်လည်း ကိုယ့်ရဲ့ Partner နဲ့ ရေရှည်လက်တွဲဖို့အတွက် ရည်ရွယ်ထားသူတွေအတွက်ကတော့ တစ်ဦးနဲ့ တစ်ဦး ရင်းနှီးမှုအတွက် Sex ကိစ္စကလည်း အရေးပါတဲ့ ကဏ္ဍတစ်ခုမှာ ရပ်တည်နေပါတယ်။

ချစ်သူတွေကြားမှာ ရင်းနှီးမှုပိုစေပြီး တစ်ယောက်အကြောင်းတစ်ယောက်သိနိုင်ဖို့အတွက် Living Together ဆိုတဲ့ လူနေမှုတစ်ရပ်ဟာလည်း ယခုနောက်ပိုင်းမှာ ပိုမိုတွင်ကျယ်လာခဲ့ပါတယ်။ Relationship တစ်ခုအတွက် မိမိ Partner အကြောင်းကို သိဖို့အခွင့်အရေးတွေလည်း အများကြီးရနိုင်သလို Sex ပါဝင်ရခြင်းရဲ့ အကြောင်းပြချက်တွေလည်း ရှိနေပါတယ်။

ယေဘုယျအားဖြင့် လေ့လာမှုတွေအရ ယင်းအကြောင်းပြချက်တွေကတော့ သင့်ချစ်သူနဲ့ ပတ်သက်ပြီး သင့်ရဲ့ ချစ်ခြင်းမေတ္တာကိုပြသနိုင်ပြီး သင့်အပေါ်သူထားရှိတဲ့ သူ့ရဲ့ စိတ်ခံစားချက်တွေကိုလည်း တွေ့မြင်နိုင်မှာပါ။ မကြာခဏဆက်ဆံခြင်းဟာ သင်တို့နှစ်ယောက်အကြားရင်းနှီးနွေးထွေးမှုကို ပိုစေသလို စိတ်လုံခြုံမှုကိုလည်း ရရှိစေပါလိမ့်မယ်။

လိင်ဆက်ဆံခြင်းကြောင်း စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ရရှိနိုင်မယ့် အကျိုးကျေးဇူးတစ်ချို့လည်း ရှိနေပါသေးတယ်။ သင့်ရဲ့ Self - Confident ကို မြှင့်တင်ပေးနိုင်ပြီး သင့်ခန္ဓာကိုယ်ကို ပျော်ရွှင်ပြီး စိတ်လက်ပေါ့ပါးစေပါလိမ့်မယ်။ ဒါ့အပြင် လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ ပုံမှန်ချစ်တင်းနှောခြင်းဟာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ သီးခြားလုပ်စရာမလိုအောင်ကို သင့်ခန္ဓာကိုယ်အတွက် အထောက်အကူပြုစေပါတယ်

ကဲ ဒီတော့ သင်တို့နှစ်ဦးရဲ့ ချစ်တင်းနှောမှုပုံစံဟာ သင်တို့ ချစ်သူနှစ်ဦးရဲ့ တန်ဖိုးထားမှုရင်းနှီးမှုကို ပြသနိုင်မယ့် အချက်တစ်ချက်ဆိုရင်လည်း မမှားပါဘူးနော်။

,

Sex & Relationship

ကိုယ်ဝန်ဆောင်ချိန် လိင်ဆက်ဆံခြင်းက သန္ဓေသားကို ထိခိုက်စေနိုင်သလား။

အကြမ်းမျဉ်းအားဖြင့်တော့ မွေးဖွားခံနီးထိ လိင်ဆက်ဆံလို့ရပါတယ်။ ဒါပေမယ့်………………..

by Lin Lin

June 2, 2020

မေမေတို့အတွက် ကိုယ်ဝန်ဆောင်ချိန်ကို အကြမ်းမျဉ်းအားဖြင့် ၃ ပိုင်း ခွဲခြားထားတတ်ကြပါတယ်။ ပထမ ၃ လ ၊ ဒုတိယ ၃ လနဲ့ တတိယ ၃လ ဆိုပြီး ခွဲခြားထားပါတယ်။ ဆေးပညာအဆိုအရတော့ ရက်သတ္တပတ်နဲ့ တွက်ချက်တတ်ပါတယ်။ ဒီ အပိုင်း ၃ ပိုင်းကာလမှာ ကိုယ်ဝန်နုတဲ့ သန္ဓေသားစတည်ချိန်ဟာ မေမေတို့အတွက် အရေးကြီးဆုံးနဲ့ ဂရုစိုက်ရဆုံးကာလတွေလို့ ဆိုရပါမယ်။ ဒီကာလဟာ ကိုယ်ဝန်စရှိချိန်ကာလတွေမို့ ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ ပျို့အန်ခြင်းတို့ကို အများဆုံးခံစားရတဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် လိင်ဆက်ဆံချင်စိတ်လည်း သိပ်မရှိနိုင်တာကြောင့် ဒီအချိန်တွေမှာ ဖေဖေတို့ကလည်း မေမေတို့ကို နားလည်ပေးပြီး အရင်ကထက်ပိုပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်နော်။ ဒီကာလကို လွန်မြောက်ခဲ့ပြီဆိုရင်တော့ မေမေတို့ဟာ အရင်ကလောက် နေထိုင်မကောင်းခြင်းကို မကြုံကြရတော့ဘဲ မေမေအဖြစ်ကို စတင်ဖို့အတွက် ပြင်ဆင်နေပါပြီ။


ကိုယ်ဝန်ဆောင်ချိန်လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး မေမေတို့ဟာ သန္ဓေသားလေးကို ထိခိုက်မှာကို စိုးရမ်တတ်ကြပါတယ်။ သန္ဓေသားလေးဟာ လုံခြုံတဲ့ သားအိမ်အတွင်းထဲမှာ ရှိနေတာမို့ သန္ဓေသားလေးကို ထိခိုက်မှာကိုတော့ စိုးရိမ်ဖို့မလိုအပ်ပေမယ့် ဖေဖေတို့အနေနဲ့ မေမေတို့ရဲ့ စိတ်ဆန္ဒကို မေးဖို့လိုပါတယ်နော်။ ကိုယ်ဝန်ဆောင်ချိန်ကာလဟာ မေမေတို့အတွက် လိင်ဆက်ဆံခြင်းဆန္ဒထက် Baby လေးအတွက်သာ အာရုံရှိတတ်ကြတာမို့ နှစ်ဦးသဘောတူမှသာလျှင် ဆက်ဆံဖို့အကြံပြုချင်ပါတယ်နော်။ တစ်ဖက်မှာလည်း မေမေတို့ရဲ့အတွေးတွေဟာ ကိုယ်ဝန်ရှိနေချိန်မှာ ဖေဖေတို့ အပြင်မှာဖောက်ပြန်မှာလည်း တွေးပူတတ်ကြပါတယ်။

ဒီလိုအချိန်မှာ လိင်ဆက်ဆံကြတဲ့အခါမှာလည်း မေမေတို့ သက်သောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတွေကို ရွေးချယ်ပြီး ဆက်ဆံဖို့ အကြံပေးပါရစေနော်။ ဖေဖေတို့အနေနဲ့လည်း မေမေတို့အတွက် ညင်သာစေမယ့် နည်းလမ်းလေးတွေကို လေ့လာထားဖို့လိုပါတယ်နော်။

ကိုယ်ဝန်ဆောင်မေမေတို့ လိင်ဆက်ဆံတဲ့အခါမှာ သက်သောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတချို့ကို ပြောပြပေးရမယ်ဆိုရင်တော့ မေမေတို့ရဲ့ ဗိုက်ကို ဖိမိစေမယ့် အနေအထားမျိုးကတော့ ဘယ်လိုမှအဆင်မပြေနိုင်တာကြောင့် ဘေးတိုက်အနေအထားနဲ့ ဆက်ဆံဖို့လိုပါတယ်။ ဒါ့အပြင် မေမေတို့က ကုတင်စွန်းမှာ ပက်လက်အနေအထားနေပြီး ဖေဖေတို့က မတ်တပ်ရပ်အနေအထားမျိုးနဲ့လည်း ဆက်ဆံနိုင်ပါတယ်။ ဆက်ဆံနေချိန်မှာ လိင်စိတ်အထွဋ်အထိပ်ကို ရောက်နိုင်တာကြောင့် မေမေတို့အနေနဲ့ ဖေဖေတို့ရဲ့ အပေါ်ကနေ ဆက်ဆံနိုင်ပါတယ်။ ဖေဖေတို့အနေနဲ့ ညင်သာပေးဖို့တော့ လိုပါတယ်နော်။


ချစ်တင်းမနှောခင်မှာ ဘယ်လိုအနေအထားမျိုးက မေမေတို့အတွက် သက်သောင့်သက်သာဖြစ်စေလဲဆိုတာကို အရင်ဆုံးဆွေးနွေးဖို့လိုပါတယ်နော်။ ချစ်တင်းနှောနေချိန်တွင်း မည်မျှပင်စိတ်အထွဋ်အထိပ်ရောက်ရှိစေကာမူ ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်တဲ့ စအိုထဲ ထည့်သွင်းတာကိုရော ရှောင်ရှားဖို့လိုပါတယ်နော်။ ဒီလိုလုပ်ခြင်းက မေမေတို့အတွက် အန္တရာယ်ဖြစ်စေနိုင်တာကြောင့်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံဖို့မသင့်တော်သူတွေကတော့ ကလေးပျက်ကျဖူးသူ၊ ကလေးအချင်းရှေ့ရောက်နေသူ၊ သွေးအားနည်းခြင်း၊ အမွှာကိုယ်ဝန်ဖြစ်ခြင်း၊ အဖြူဆင်းခြင်း အစရှိတဲ့ သူတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံခြင်းကို ရှောင်ဖို့လိုပါတယ်နော်။

,

Sex & Relationship

သင့်ချစ်သူက ပေးတဲ့ အနမ်းရဲ့ အဓိပ္ပာယ်နဲ့ သင့်အပေါ်ထားရှိတဲ့ခံစားချက်

သင့် Partner က သင့်ကို ဘယ်လိုအနမ်းမျိုးနဲ့ ပြုစားထားလဲ။

by JN Ja Seng Pan

May 3, 2020

စိတ်ခံစားချက်အပြည့်နဲ့ လေးလေးနက်နက်နမ်းတဲ့ အနမ်းတွေကိုတော့ ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး။ နှစ်ယောက်ကြားထဲက Chemistry အပေါ်မူတည်ပြီး ဒီ အနမ်းတစ်ပွင့်က ကောင်းလား၊ မကောင်းလားဆိုတာကိုလည်း အလွယ်တကူဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအနမ်းတစ်ခုထဲကိုပဲ သိနေလို့အဆင်မပြေပါဘူး။ အနမ်း အမျိူးအစားက အမြာက်အမြားရှိသလိုပဲ အချိူ့အနမ်းတွေကလည်း ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့အရာတွေမို့လို ဒီအနမ်းတွေက ပြောတဲ့အဓိပ္ပာယ်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အနမ်းတွေမှာ ကွဲပြားတဲ့ အဓိပ္ပာယ်တွေနဲ့ သင်္ကေတတွေရှိနေတတ်ပါတယ်။ အနမ်းတွေပေါ်အခြေခံပြီး ကိုယ့်ရဲ့ Partner က ကိုယ့်အပေါ်ဘယ်လိုခံစားချက်ရှိလဲဆိုတာကို သိနိုင်ဖို့အတွက် အဖြေရှာကြည့်လိုက်ရအောင်။

Forehead Kiss
နဖူးပေါ်မှာ အနမ်းလေးပေးတာက စိတ်ပိုင်းဆိုင်ရာနီးစပ်မှုရှိနေတဲ့ အတွဲတွေမှာ မြင်တွေ့ရပါတယ်။ သင့်ကို ချစ်စရာကောင်းတဲ့သူလို့ မြင်ပြီး ကာကွယ်ပေးလိုစိတ်နဲ့ အမြဲ Support ပေးချင်နေတဲ့စိတ်ရှိနေတဲ့သူလို့ ချစ်မှုရေးရာအကြံပေး David Bennett က ပြောပါတယ်။ သင့်ရဲ့ Partner ဆီက Forehead Kiss တွေ အများကြီးရလေ့ရှိတယ်ဆိုရင်တော့ လက်ရှိအချစ်ရေးက အစစ်အမှန်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

Neck Kiss
လည်ပင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက Sensitive အဖြစ်ဆုံးနေရာထဲမှာ ပါဝင်ပြီး တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့ပျော့ကွက်တစ်ခုလည်းဖြစ်ပါတယ်။ အကယ်လို့ သင့် Partner က သင့်ရဲ့ လည်တိုင်ကို အနမ်းပေးနေပြီဆိုရင် သင့်ကို ဆွဲဆောင်ဖို့ အနုနည်းနဲ့ ကြိုးစားနေတာပါ။ လိင်စိတ်နိုးကြွလာအောင် လုပ်တယ်လို့လည်း ပြောလို့ရပါတယ်။ နောက်ထပ်အဆင့်အနေနဲ့ သင့်ရဲ့ အင်္ကျီကို ချွတ်ဖို့ ကြိုးစားရင် ကြိုးစားမှာပါ။

Cheek Kiss
ဥရောပနိုင်ငံတွေမှာ ကျင့်သုံးလေ့ရှိတဲ့ ယဉ်ကျေးမှုတစ်ခုလို့လည်း ပြောလို့ရပါတယ်။ သူငယ်ချင်းအချင်းချင်းကြားထဲမှာလည်း ဒီလိုအပြုအမူကို ပြုလုပ်လေ့ရှိကြပါတယ်။ Cheek Kiss ကို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်တော့ သင်နဲ့ရှိနေရတာကို ပျော်ရွှင်တဲ့အကြောင်း၊ ရင်းနှီးတဲ့ သံယောဇဉ်ကို ပြသတဲ့ ခံစားချက်ဖြစ်ပါတယ်။ ချစ်သူစုံတွဲတွေ စစတွဲချင်းမှာလည်း ရင်းနှီးဖို့ရယူဖို့ ဒီလိုမျိူး အနမ်းကိုပေးလေ့ရှိကြပါတယ်။



Stomach Kiss
ဗိုက်သားပေါ်မှာ အနမ်းပေးတာက သင်နဲ့ အတူရှိရတာက လွတ်လပ်ပေါ့ပါးပြီး နီးကပ်တဲ့ခံစားမှုကို ခံစားရလို့ဖြစ်ပါတယ်။ ဟုတ်တာပေါ့..တော်ရုံ နီးကပ်ရုံလောက်နဲ့ ဗိုက်ကိုတော့ ဘယ်သူက အနမ်းပေးမှာလဲနော်။ အထူးသဖြင့် Private Part နဲ့ နီးတဲ့ အဲ့ဒီနေရာကိုပေါ့။

Hand Kiss
လက်တွဲထားတဲ့အချိန်ပဲဖြစ်ဖြစ်၊ လက်ကလေးကို ကိုင်ပြီး အနမ်းပေးထားက ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ပြုလုပ်တတ်ကြပါတယ်။ ဒီအနမ်းရဲ့ သင်္ကေတကတော့ သဘောကျလေးစားမှု၊ ကြင်နာမှုနဲ့ အချစ်စိတ်တွေ ပြည့်လျှံနေတယ်လို့ ဆိုပါတယ်။ ထပ်ပြီးဖြည့်စွက်ရမယ်ဆိုရင်တော့ သင့် Partner ဆီက ယုံကြည်မှုကို အပြည့်အဝရထားလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။



All over your body
သင့်ရဲ့ Partner ကတော့ သင့်ကို အရှုးအမှုးကိုဖြစ်နေပါပြီ။ ခန္ဓာကိုယ်ကိုယ်အနှံ့ အနမ်းပေးတာက Sexually အရ လိုအင်ဆန္ဒရှိနေပြီး သင့်ကို အင်မတန်မှ ပိုင်ဆိုင်ချင်နေတဲ့သူတစ်ယောက်ပါ။ အခုထက်ပိုတဲ့ ရင်းနှီးမှုမျိူးကို တစ်ဆင့်ထပ်တိုးချင်တယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။

Deep & Passionate Kiss
Romantic Movie တွေထဲမှာ မြင်ရတဲ့ Sensual အနမ်းတွေကို သိမှာပါ။ နှစ်ယောက်ကြားက ပြင်းပြလေးနက်တဲ့ ခံစားချက်၊ ချစ်ခြင်းနဲ့ Strong Chemistry တွေကြောင့် ဖြစ်ပေါ်လာတဲ့ စွဲမက်စရာအနမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအနမ်းမျိူးခြွေခဲ့ရင်တော့ ဒါကကောင်းမွန်တဲ့ သင်္ကေတပါ။ သင့်ရဲ့ Partner က သင့်ကိုအရမ်းမြတ်နိုးတယ်ဆိုတာကို အဓိပ္ပာယ်ဖော်လို့ရပါတယ်။ လွယ်လွယ်နဲ့ ဟန်ဆောင်လို့မရတဲ့ အနမ်းမို့ သင့်ကို တကယ်တန်ဖိုးထားမှသာ ဖြစ်ပေါ်နိုင်တာမို့ လက်ရှိအခြေအနေ ကဘယ်လိုလဲဆိုတာခန့်မှန်းလို့ရမှာပါနော်။

, , ,

Sex & Relationship

Self-Isolation အချိန်မှာအချစ်တွေ မအေးစက်သွားအောင် ဘာတွေလိုအပ်မလဲ

ဝေးကွာခြင်းတွေကြားမှာ ချစ်ခြင်းတွေခိုင်မြဲစေဖို့…

by May Shoon

April 24, 2020


အခုချိန်လို Self-Isolation တွေ၊ City Lockdown တွေလုပ်နေရတဲ့အချိန်မှာ တစ်မြေစီဝေးနေတဲ့သူတွေမှ Long Disance Relationship မဟုတ်ပါဘူး။ တစ်မြို့ထဲမှာ နေကြတဲ့ ချစ်သူစုံတွဲတွေတောင်မြင်တွေ့ခွင်မရတော့တဲ့အချိန်မို့ LDRS တွေလိုပဲခံစားကြရမှာအမှန်ပါပဲ။ အရင်လို အပြင်လည်း ထွက်လို့မရသေးတဲ့အခိုက်အတန့်မို့ ချစ်သူတွေကြားမှာ လွမ်းဆွေးမှုတွေ နဲ့အတူ အနေဝေး လို့သွေးအေးမှုတွေ၊ အချစ်တွေအရင်ကလို နွေးထွေးမှုမရှိတော့တာတွေလည်းဖြစ်လာတတ်ပါတယ်။
တစ်ခါတစ်လေဖုန်းနဲ့စကားပြောရင်း အချေအတင်စကားများရတာမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒါကြောင့် အခုလို Coronavirus ကြောင့် အိမ်မှာပဲနေရတဲ့အချိန်မှာ သင်နဲ့သင့်ချစ်သူအတွက် ခိုင်မြဲတဲ့ ဆက်ဆံရေးကိုတည်ဆောက် ဖို့အတွက်မဖြစ်မနေလုပ်ရမယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

ဂရုစိုက်ဖို့သတိပေးတာ
တခါတလေ ချစ်တယ်ဆိုတဲ့စကားထက်လေးနက်တဲ့ စကားလေးတွေရှိပါတယ်။ “အစားကောင်းကောင်းစားရဲ့လား။” “အိပ်ရေးဝအောင်အိပ်နော်။” “အားဆေးပုံမှန်သောက်နော်။” “လက်ဆေးပြီးပြီလား။” စတဲ့ ကိုယ့်ချစ်သူကို အသေးအဖွဲလေးတွေကအစ ဂရုတစိုက်ရှိပေးတာတွေက နေ့တိုင်းအရမ်းချစ်တယ်ဆိုတဲ့စကားထက် ပိုပြီးတော့ လေးနက်စေပါတယ်။ အဲ့လို တစ်ယောက်ရဲ့ လိုအပ်ချက်လေးတွေကို တစ်ယောက်က သတိတရနဲ့ အမြဲ Remind လုပ်ပေးတာလေးတွေ၊ စောင့်ရှောက်ပေးတာလေးတွေက သင်တို့နှစ်ယောက်လုံးရဲ့အချစ်ကို ပိုပြီးနွေးထွေးစေပါတယ်။

ရယ်စရာ ကောင်းတာလေးတွေ Share ပေးတာ
အခုလို Self-Quarantine လုပ်နေရတဲ့အချိန်တွေမှာ လူတိုင်းတော့အနည်းနဲ့အများပျင်းနေကြတာချည်းပါ။ သင့်ချစ်သူ Online ဖြစ်နေတဲ့အချိန် နှစ်ဦးလုံးနဲ့သက်ဆိုင်တဲ့ Relatable ဖြစ်တဲ့အကြောင်းအရာ Post လေးတွေ၊ ရယ်စရာကောင်းတဲ့ Video လေးတွေ၊ Meme တွေ Share ပေးတာ၊ ကြည့်စေချင်တဲ့ TV Series တွေအတူတူကြည့်တာလေးတွေကလည်း သင့်တို့နှစ်ယောက်ရဲ့ Relationship ကို အမြဲတမ်း အသက်ဝင်နေစေမှာပါ။ သူ့ရဲ့တစ်နေ့တာလေးကိုပြုံးပျော်စေတာကလည်း သင့်အတွက်ပီတိပဲမလား။

သင့်တစ်နေ့တာကို သူနဲ့ဖြတ်သန်းတာ
အရင်လို Hang Out လုပ်လို့မရလို့၊ နေ့လည်စာအတူတူမစားရလို့ စိတ်ညစ်နေမယ့်အစား Video Call ၊ Face Time လေးနဲ့ အလွမ်းဖြေလို့ရပါတယ်။ နေ့လည်စာ၊ ညစာစားနေချိန် ဖုန်းလေးဖွင့်၊ Laptop လေးဖွင့်ပြီးသင့်ချစ်သူနဲ့ Video Call/ Face Timing လုပ်တာကလည်း သင့်တို့နှစ်ယောက်အတွက်အတူတူ Hang Out လုပ်ရသလိုခံစားရစေမှာပါ။ အဲ့အပြင် အိပ်ခါနီးအချိန်လေးတွေ၊ သင် Kitchen ထဲမှာ ဘာတွေချက်နေလဲဆိုတာကိုလည်း Video Call နဲ့အမြဲဆက်သွယ်ပေးတာက သူနဲ့အတူတစ်နေ့တာကို ဖြတ်သန်းတာနဲ့အတူတူပဲပေါ့။

နှစ်သိမ့်စကားပြောပေးတာ၊ နားထောင်ပေးတာ
ဒီလို ကပ်ရောဂါ(Pandemic) ဖြစ်နေတဲ့အချိန်မှာ အားလုံးအနည်းနဲ့အများတော့ စိုးရိမ်ပူပန်ကြပါတယ်။ ဒီရောဂါကူးစက်မှုကြောင့်မဟုတ်ရင်တောင် နောက်ဆက်တွဲပါလာတဲ့ လူမှုရေး၊စီးပွားရေး၊ အလုပ်အကိုင်အခက်အခဲတွေကြောင့် Stress တွေရှိလာတတ်ပါတယ်။ သင့်ချစ်သူလည်း သူကြုံတွေ့ရတဲ့အခက်အခဲတွေ၊ Stress တွေ၊ အထီးကျန်မှုတွေ၊ စိတ်အားငယ်မှုတွေရှိလာလို့ ရင်ဖွင့်တဲ့အခါ စိတ်ရှည်ရှည်နားထောင်ပေးပြီး အားပေးနှစ်သိမ့်ပေးတာက အထိရောက်ဆုံး ဂရုစိုက်မှုပါပဲ။ သင့်ရဲ့ အားပေးစကားနဲ့ အနားမှာအမြဲရှိနေပေးတယ်ဆိုတဲ့စကားလေးတွေက သင်တို့ရဲ့ ချစ်ခြင်းမေတ္တာကို ပိုပြီးခိုင်မြဲစေပါတယ်။

Space ပေးတာ
အခုလို Self-Quarantine အချိန်မှာ Couple တွေအများဆုံး စကားများကြတာရဲ့ တရားခံက Trust Issue ပါ။ အခုလို တစ်နေရာစီနေနေရတဲ့အချိန်မှာ တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်သံသယတွေနဲ့စွပ်စွဲမယ့်အစား ချစ်သူကိုယုံကြည်ပေးပါ။ ချစ်တာလည်းချစ်သလို သူ့ရဲ့ကိုယ်ပိုင် Personal အချိန်၊ Personal Space ကိုလည်းလေးစားပါ။ ဒီလိုဆို နှစ်ဦးကြားကချစ်ခြင်းတွေကပိုမို ခိုင်မြဲပြီး ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ Relationship Life လေးတွေကို တည်ဆောက်နိုင်မှာအသေချာပါပဲ။

 

, , ,

MODA TV 


Sex & Relationship

ကိုယ့်ရည်းစားကို စနှိုက်ကျော်လာတဲ့သူကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

သူတို့ဘယ်လောက်ကြာကြာခံနိုင်လဲဆိုတာ စောင့်ကြည့်နေလိုက်ပါ။

by Lin Lin

March 21, 2020

သုံးပွင့်ဆိုင်အချစ်ရေးဟာ အရမ်းကို စိတ်ရှုပ်ဖို့ကောင်းပါတယ်။ မိန်းကလေးတွေအတွက် ကိုယ့်ကောင်လေးကို စနိုက်ကြော်ခံရခြင်းမှာလည်း အလွန်ခံပြင်းစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ သင့်မှာ ယောကျားပီသတဲ့ ချစ်သူတစ်ဦးကို ပိုင်ဆိုင်ထားတဲ့အကြောင်း သိထားတဲ့ တခြား မိန်းကလေးတစ်ယောက်က သင့်ချစ်သူကောင်လေးကို စနိုက်ကြော်မယ့် အငွေ့အသက်တွေကို မြင်နေရပြီဆိုရင်တော့ သင့်ကောင်လေးကို ပြန်ဆွဲဆောင်ဖို့အတွက် နည်းလမ်းလေးတစ်ချို့ကို ပြောပြပေးမယ်နော်။

သူ့ရဲ့ အပြုအမူတွေကို သေချာသုံးသပ်ပါ။
သင့်ကောင်လေးနဲ့ သူမတို့ဟာ အီစီကလီအဆင့်လား။ ရိုးရိုးသားသားစကားပြောရုံလား။ သူစကားပြောနေတဲ့သူက အိမ်နီးနားချင်းလား။ သူငယ်ချင်းရဲ့ GirlFriend လား ဆိုတာကို သေချာဆန်းစစ်ပါ။ မသင့်လျော်တဲ့အပြုအမူအတွက် သင်ခွင့်မပြုဘူးဆိုတာကို သိအောင်ပြောပါ။ ဒီလိုပြောတဲ့အခါမှာလည်း အကြောင်းပြချက်မရှိ အပြစ်ပြောတဲ့ပုံစံမျိုးမဖြစ်ပါစေနှင့်။ ပါးနပ်မှုရှိပါစေ။

သူမကို ရပ်တန့်ဖို့အတွက် အေးအေးဆေးဆေးပြောပါ။
အခြေအနေနဲ့ အချိန်အခါကို မူတည်ပြီး သူမဟာ သင့်ကောင်လေးအပေါ်ကို အီစီကလီလုပ်နေတဲ့ လမ်းစကို မြင်နေပြီဆိုရင်တော့ သူမကို မသောင်းကျန်းဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ အေးအေးဆေးဆေးပြောပါ။ နားလည်မှုရှိသူဆိုရင်တော့ သူ့အလိုလိုနောက်ဆုတ်သွားပါလိမ့်မယ်။

သင့်ကောင်လေးကို ပြောပါ။
ဒီမိန်းကလေးဟာ သင့်ကောင်လေးအပေါ်ကို သာမာန်ထက်လွန်ကဲတဲ့အပြုအမူတွေ လုပ်နေတဲ့အကြောင်းကို သူသိအောင်ပြောပြပါ။ တဆက်တည်းမှာပဲ ဒီလို အပြုအမူမျိုးကို သင်လက်မခံနိုင်တဲ့အကြောင်းကို အေးအေးဆေးဆေးပြောပြပါ။

ယုံကြည်မှုရှိရှိနေပါ။
အကယ်၍ သင့်ကောင်လေးဟာ တစ်ခြားကောင်မလေးတစ်ယောက်ဆီကို သွားဖို့အတွက် ခြေလှမ်းပြင်နေတာကို သင်ရိပ်မိနေပြီဆိုရင်တော့ သူ့ကို ဖိအားမပေးဘဲ Confident ရှိရှိနေလိုက်ပါ။ သူတို့ဘယ်လောက်ကြာကြာခံနိုင်လဲဆိုတာ စောင့်ကြည့်နေလိုက်ပါ။ သင် Strong ဖြစ်စေဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

သူမကို မသောင်းကျန်းလိုက်ပါနဲ့။
စိတ်ခံစားချက်အရ မခံချင်စိတ်နဲ့ ဝင်ရောက်လာတဲ့ မိန်းကလေးကို ဒေါသထွက်ရန်လိုနေမှာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်ဟာ Confident ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ပြလိုက်ပါ။ နောက်ထပ် ဒီအဖြစ်အပျက်ကို Handle လုပ်ထားနိုင်ဖို့နည်းလမ်းတစ်ခုကတော့ သင်တို့ရဲ့ Relationship ကို လေးစားမှုရှိကြောင်း ပြသပါ။

သူမမျှော်လင့်တဲ့အတိုင်း ဘယ်တော့မှ ဖြစ်မလာဘူးဆိုတာကို ပြသလိုက်ပါ။
သင့်ကောင်လေးဟာ သင့်ကို ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေအကြောင်း ပြောပြခဲ့ရင် ခွင့်လွှတ်ပေးလိုက်ပါ။ ဒီကိစ္စကြောင့် သင်တို့ နှစ်ဦးအကြားမှာ အများကြီးပြောင်းလဲ သွားမှာမဟုတ်ဘူးဆိုတာ တတိယလူသိအောင် ပြသလိုက်ပါ။ လိမ္မာပါးနပ်ဖို့တော့ လိုပါလိမ့်မယ်နော်။

မိန်းကလေးတို့ရေ စနိုက်ကြော်ခံရတဲ့ ခံစားချက်ဟာ တော်တော်ကို ဆိုးဝါးတဲ့ အဖြစ်အပျက်ပါ။ ဒီလိုအခြေအနေမှာ အရေးကြီးဆုံးကတော့ ဒီအဖြစ်အပျက်ကို Handle လုပ်နိုင်ဖို့က အဓိကပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြပါစေနော်။

 

,

Sex & Relationship

Social Media မှာ Crush နဲ့ Conservation ကို ဘယ်လိုတည်ဆောက်ကြမလဲ

Hi! How are you ? လောက်နဲ့ မိမိအဖြစ်ကို ကျေနပ်နေကြပြီလား။

by Lin Lin

March 3, 2020

ဒီတစ်ခေါက်မှာတော့ ပျိုမေတို့ ကိုယ့်ရဲ့ Crush နဲ့ Conservation ကို ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးမယ်နော်။
Crush Account လေး မီးစိမ်းနေတာကို ထိုင်ကြည့်နေရုံနဲ့ ကျေနပ်နေကြသူတွေအများကြီးပါ။ Hi! How are you ? လောက်နဲ့ မိမိအဖြစ်ကို ကျေနပ်နေကြပြီလား။ တစ်နေ့ကို စကားတစ်ခွန်းလောက်ပြောရုံနဲ့ အခြေအနေကောင်းနေတာမဟုတ်ပါဘူးနော်။ စကားများများပြောပေးမှ ရင်းနှီးမှာဖြစ်တာကြောင့်လည်း အရင်ဆုံးရင်းနှီးမှုကို ရအောင်ယူတတ်ဖို့လိုပါတယ်။ ဒီလိုစကားတွေအများကြီး ပြောဖို့ကလည်း ပြောတဲ့စကားတွေက အဓိပ္ပါယ်ရှိပြီး ရှေ့ဆက်ပြောလို့ရမယ့် Conservation ကို တည်ဆောက်ပေးဖို့ လိုပါတယ်။

ကဲ ဘယ်လိုစကားတွေကြောင့် Crush ဘက်က စိတ်ဝင်တစား Reply တွေပြန်ရနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။

သင်က သူ့အကောင့်ကို အမြဲကြည့်နေတတ်တာ မှန်ပေမယ့်လည်း သူ့အကောင့်မီးစိမ်းလာတာနဲ့ တပြိုင်နက် ချက်ချင်းစကားသွားပြောဖို့မလိုပါဘူး။ စကားမပြောခင်မှာလည်း သူဘာကိုစိတ်ဝင်စားလဲဆိုတာကို သိအောင်အရင်လုပ်ထားပါ။ လူတစ်ယောက်ရဲ့ အကြိုက်တွေ စိတ်ဝင်စားမှုတွေက သူ့ရဲ့ Timeline မှာ အကြမ်းမျဉ်းတော့ သိနိုင်ပါလိမ့်မယ်။ Conservation တစ်ခုကိုတည်ဆောက်တဲ့အခါ ကိုယ့်ဘက်က လိမ္မာပါးနပ်ဖို့တော့ လိုပါတယ်နော်။
Conservation တစ်ခုစတင်တဲ့အခါမှာ စစချင်းပြောလိုက်တဲ့စကားမှာတင် စကားစပြတ်မသွားဖို့လိုပါတယ်နော်။ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် စကားလေးတွေနဲ့ စတင်ဖို့ကြိုးစားပါ။ “How are you ?” “What’s up” လို့ စတင်နှုတ်ဆက်မယ့်အစား သူစိတ်ဝင်စားနိုင်လောက်မယ့် ပေါ့ပေါ့ပါးပါးအကြောင်းအရာတစ်ခု ဒါမှမဟုတ် Update News တစ်ခုခုအကြောင်းကို ပြောရင်နဲ့ စတင်ပြီး ဆွေးနွေးတာက သင်တို့ရဲ့ Conservation ကို ရှည်ကြာစေမှာပါ။

သူစိတ်ဝင်စားတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ Campaing တွေ Workshop တွေရှိခဲ့ရင်လည်း အရင်ဆုံးအကြောင်းကြားပြီး သင်ကိုယ်တိုင်စိတ်ပါဝင်စားပြီး အတူတူသွားချင်တဲ့ အကြောင်းကို မသိမသာလေးတွေ ပြောပြပါ။
နေ့စဉ်ပုံမှန် Message လေးတွေပို့ပါ။ သူ့လုပ်ငန်းခွင်အကြောင်း၊ သူ့ပတ်ဝန်းကျင်အကြောင်းတွေ စိတ်ဝင်တစားနဲ့ တစ်နေ့ နည်းနည်းချင်းစီမေးသွားပါ။ သူ့ရဲ့ တစ်နေ့တာကြုံတွေ့ရတဲ့ အကြောင်းအရာတွေအတွက် ညအချိန်တွေမှာ ရင်ဖွင့်ပြောပြရသူတစ်ယောက်အဖြစ် ရောက်ရှိအောင် ဖန်တီးရယူပါ။ သင်နဲ့စကားပြောရတာဟာ သူ့အတွက် ပေါ့ပါးပြီး ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ဖြစ်လာအောင် ကြိုးစားကြည့်ပါ။

ကဲ ဒီတော့ အပေါ်က အချက်လေးတွေကို လုပ်ကြည့်ပြီးပြီဆိုရင်တော့ Crush ရဲ့ စိတ်ထဲ သင်ရှိ မရှိ သိရအောင် လိမ္မာပါးနပ်စွာနဲ့ သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟလာအောင် လုပ်ဖို့ကတော့ သင့်တာဝန်ဖြစ်သွားပြီနော်။
Crush လေးနဲ့ အဆင်ပြေကြပါစေနော်။

 

, ,