×
Sex & Relationship

Cheating ကြောင့် Break-Up ဖြစ်ပြီးနောက် မိန်းကလေးအများစု လုပ်လေ့ရှိတဲ့အမှားများ

Screenshot ရိုက်တင်မှာလား.. No ပါနော်

by May Shoon

July 13, 2020

အခုခေတ်မှာ Relationship ဆိုတာ နှစ်ဦးနှစ်ဖက်လုံးအတွက် အရမ်း လွယ်ကူလာကြတယ်။ လွယ်လွယ် ကတိတွေ ပေးကြသလို လွယ်လွယ်လည်း ကတိတွေဖျက်လာကြတယ်။ နားလည်မှုတွေမရှိတော့ဘူး။ သစ္စာလည်း မရှိကြတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Relationship တစ်ခုပျက်စီးသွားတဲ့အခါ မိန်းကလေးတွေက ယောင်္ကျားလေးတွေထက် ပိုခံစားရတာတော့ အမှန်ပဲ။ အထူးသဖြင့် တစ်ဖက်လူရဲ့ သစ္စာဖောက်မှုကြောင့် ပျက်စီးသွားရတဲ့ Relationship တွေဆိုရင်ပိုဆိုးပါတယ်။ ယုံကြည်မှုတွေ၊ မေတ္တာတရားတွေကို အလွဲသုံးစား ပြုလိုက်သလို ခံစားရတယ်။ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံလိုက်ရတယ်။ အဲ့လိုအချိန်မျိုးမှာ မိန်းကလေးရဲ့ စိတ်ခံစားချက်တွေက စိတ်ဒဏ်ရာတွေ၊ မကျေနပ်မှု၊ ဝမ်းနည်းမှု နဲ့ ဒေါသတွေ လွှမ်းမိုးနေတတ်တယ်။ အဲ့အတွက် ပျက်စဲပြီးနောက်ပိုင်းမှာ မိန်းကလေးတွေအနေနဲ့ မလုပ်သင့်တဲ့ အရာတွေကိုပြုလုပ်တတ်ကြတယ်။
တကယ်တော့အဲ့လို အပြုအမူတွေက ကိုယ် Vulneurable ဖြစ်တာကို ပိုပြီးပေါ်လွင်သွားစေပြီး ကိုယ်ရဲ့နာကျင်မှုတွေကိုလည်း ပိုပြီး ဖော်ပြရာရောက်ပါတယ်။ အဲ့ဒါကြောင့် လတ်တလော Break-up ဖြစ်ထားတဲ့ မိန်းကလေးတွေအနေနဲ့ ဒီအချက်လေးတွေကို မလုပ်မိဖို့ သတိထားဖို့လိုမယ်နော်။

Break-up ကိုလက်မခံနိုင်သေးတာ
ဒါကတော့ မိန်းကလေး အယောက်တစ်ရာမှာ ၉၉ ယောက်ဖြစ်လေ့ရှိတဲ့အမှားပါ။ အဲ့ဒါတွေကတော့ သူသစ္စာဖောက်သွားတာကို မယုံနိုင်သေးတာ၊ အမှန်တရားကို လက်မခံနိုင်တာနဲ့ သူပြန်လာမလားဆိုပြီးမသိစိတ်က မျှော်လင့်နေတာမျိုးပါ။ အဲ့ဒီစိတ်တွေကို အကုန်ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ သူသင့်ဘဝထဲကနေမရှိတော့ပါဘူး။ အဲ့စိတ်နဲ့လက်ခံလိုက်ရင် သင့်စိတ်တွေတစ်ဝက်လောက်သက်သာသွားလိမ့်မယ်။ ပြီးတော့ အချစ်မရှိလည်း ဘဝကြီးကဆက်ပြီးရှင်သန်လို့ရတယ်ဆိုတာ သဘောပေါက်လာလိမ့်မယ်။

 

Screenshot ရိုက်တင်ပြီး အရှက်ခွဲတာ
Cheat အလုပ်ခံရလို့ အရမ်းနာကျင်ခံစားနေရမယ်ဆိုတာ သိပါတယ်။ ကျေနပ်ပေးလို့မရတဲ့ အဖြစ်အပျက်ဆိုတာလည်းနားလည်ပါတယ်။ ဒါပေမယ့် သူအဲ့လို Cheat လုပ်သွားတယ်ဆိုတာ သူ့ရဲ့စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားကိုပြတာပဲလေ။ သူဖောင်းတာကို ကိုယ်ကပြန်ဖောင်းမခံပါနဲ့။ ဖောက်ပြန်တဲ့သူက ဖောက်ပြန်တာသဘာဝပဲ။ အဲ့လိုလူကို ဆက်တွဲနေလို့လည်း သင့်အတွက်ဘာအကျိုးမှမရှိဘူးလေ။ အဲ့တော့ အဲ့လိုဖောက်ပြန်တဲ့ သက်သေ Evidence တွေကို တွေ့လည်း Screenshot တွေရိုက်ပြီး Online ပေါ်မှာမတင်ပါနဲ့။ သင့် အဆင့်အတန်းနဲ့သင်နေပါ။ သင့်လိုလူက သူ့လို ကိုယ်ကျင့်တရားမကောင်းတဲ့သူနဲ့ ဖက်ပြိုင်ပြီးရန်ဖြစ်နေဖို့ မတန်ပါဘူး။ သင့်အဲ့လိုမတင်လည်း တစ်လောကလုံးက ဘယ်သူမှားလဲ၊ မှန်လဲဆိုတာသိပါတယ်။

Feel ပို့စ်တွေတင်တာ
သင့်ရဲ့ စိတ်ခံစားချက်တွေကိုလည်း အခုချိန်မှာ Social Media ပေါ်မှာ မတင်တာအကောင်းဆုံးပါပဲ။ အထူးသဖြင့် သင်ခံစားနေရတာတွေ၊ ဝမ်းနည်းနေတာတွေ ကို ပေါ့။ Status မဟုတ်ရင်တောင် မိန်းကလေးအများစုက Feel တဲ့ Quotes လေးတွေ၊ ရုပ်ရှင်ထဲကစာသားတွေ၊ သီချင်းတွေကို တင်လေ့ရှိကြတယ်။ မတင်ပါနဲ့။ အဲ့လိုတွေတင်နေတာက သင်ဘယ်လောက် ထိခိုက်ခံစားနေရလဲဆိုတာကို သူတို့သိသွားရင် သူတို့ိကိုတောင်ပိုပြီး အနိုင်ပေးရာကျသွားဦးမယ်။

 

အရမ်း Slay ပြနေတာ
မိန်းကလေးတွေရဲ့ သဘာဝကိုက ရွဲ့တဲ့နေရာမှာအရမ်းတော်တာမို့ Feel တော့မ Feel တော့ဘူး။ ငါနင်မရှိမှ အရမ်းဂေါ်လာတယ်ဆိုတာကိုပြမယ်ဆိုတာမျိုးတွေကိုလည်း တတ်နိုင်ရင်မလုပ်ပါနဲ့။ အရမ်းကြီး Social တွေကျပြတာ၊ တခြားကောင်လေးတွေနဲ့ ရုန်းရုန်းရုန်းရုန်းလုပ်တာ၊ အရမ်းကြီး မိုက်နေပြီဆိုတဲ့ Post မျိုးတွေတင်တာက သင်ရဲ့အဆင်မပြေမှု ဝမ်းနည်းမှုတွေကို အပေါ်ယံတွေနဲ့ ဖုံးထားတယ်ဆိုတာသိသာပါတယ်။
သင်ပုံမှန်နေနေကျအတိုင်းပဲနေပါ။ အရမ်းကြီး မျက်စိမနောက်ပြပါနဲ့။

 

Ex ကို ဆက်ပြီး Stalk နေတာ
ဒီအချက်ကတော့ အဆိုးဆုံးပါပဲ။ ကိုယ့်ကို မချစ်လို့ထားခဲ့တဲ့ Ex ကို ကိုယ်က ဘာအကြောင်းကြောင့်မှ ဆက်ပြီး Stalk နေစရာမလိုတော့ပါဘူး။ သူခြံခုန်သွားတဲ့ကောင်မလေးနဲ့ ဘယ်သွားနေတယ်၊ ဘာလုပ်နေတယ်ဆိုတာ သိလို့လည်း သင့်အတွက်ဘာအကျိုးမှ မရှိဘူးလေ။ သိတော့လည်း သင်ပဲ စိတ်ညစ်ရမယ်၊ ဒေါသထွက်ရမယ်။ မတန်ပါဘူး။ သူနဲ့ ပတ်သက်သမျှအဆက်အသွယ်တွေအကုန်ဖျက်လိုက်ပါတော့။ Contact တွေ၊ Sms တွေ ကို Delete ပစ်လိုက်ပါ။ Facebook၊ Instagram တွေမှာလည်း Unfollow/Unfriend လုပ်လိုက်ပါ။ Mutual Friend တွေကို သူ့အကြောင်းလိုက်မမေးပါနဲ့တော့။ Contact တွေကို အပြီးအပိုင်ဖျက်လိုက်ခြင်းအားဖြင့် သင့်အနေနဲ့ သူ့ကိုပိုပြီးလွယ်လွယ်မေ့နိုင်သွားမှာပါ။

ကလဲ့စားချေဖို့ ကြိုးစားတာ
Editor ကိုယ်တိုင်လည်း မိန်းကလေးမို့ ကိုယ်ချင်းစာပါတယ်။ သစ္စာဖောက်ပြီးထားခဲ့တဲ့ Ex ကသင့်ကို အနိုင်နဲ့ပိုင်းသွားတယ်လို့ သင်ထင်ကောင်းထင်လိမ့်မယ်။ အဲ့အပေါ်မှာလည်း မကျေနပ်တဲ့အတွက် သင့်ခံစားသလို သူလည်း ခံစားစေရမယ်ဆိုတဲ့ နာကျဉ်းမှုမျိုးတော့ အနည်းနဲ့အများရှိတတ်ကြတယ်။ တကယ်တော့ အမုန်းတရားတွေအားလုံးကို ဒီနေရာမှာပဲရပ်လိုက်ပါတော့။ ပင်ပန်းပါတယ်။ သင်ကလဲ့စားမချေရင်တောင် Karma ရဲ့ အတုံ့အလှည့်ဆိုတာရှိပါတယ်။ အဲ့ Revange အတွက်စဉ်းစားနေမယ့်အချိန်တွေကို သင့်ရဲ့ ဘဝတိုးတက်အောင်ပဲ ကြိုးစားလိုက်ပါ။ ကိုယ့်ရဲ့ Personal Improvement အတွက်ပဲအာရုံစိုက် အလုပ်လုပ်ရင် တစ်ချိန်ကျဒီအရာတွေက ရယ်စရာတွေပဲဆိုတာ သိလာလိမ့်မယ်။
တစ်ချိန် တိုက်ဆိုင်လို့ လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ကိုယ့်ဘက်က အလှဆုံးပြုံးနိုင်မှာပါ။

 

, ,
Sex & Relationship

စတွဲကတည်းက ပြတ်ဖို့ကျိန်းသေနေတဲ့အချက်များ

မရှိမကောင်း ရှိမကောင်းလို့ဆိုရမှာပဲ

by Randy Win

September 20, 2020

 
               Relationship တစ်ခုဟာ တည်ဆောက်ဖို့ခက်ခဲပေမယ့် ပျက်စီးဖို့ကတော့ အရမ်းကိုလွယ်ကူပါတယ်။ အစကတည်းက တစ်ဦးပေါ်တစ်ဦး ရှိသင့်ရှိထိုက်တဲ့ နားလည်ယုံကြည်မှူတွေနဲ့တည်ဆောက်ထားတာမဟုတ်ပဲ ခဏတာစိတ်ခံစားချက်ပေါ်မှာသာယာပြီး ဖန်တီးထားတဲ့ relationship မျိုးဟာ ကြာရှည်လက်တွဲသွားဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ နောက်ပြီး လူနှစ်ဦးအတူတူတည်ဆောက်မှဖြစ်ပေါ်လာတဲ့ relationship မှာ တစ်ဖက်တည်းကချည်းအ‌လျှော့ပေးနေရတာမျိုး တစ်ဖက်သတ်ဆန်လွန်းနေတာမျိုးကလည်းလုံး၀ကိုမဖြစ်သင့်တဲ့အခြေအနေတွေပါ။ ဒါကြောင့်မို့ အဲဒီလိုအခြေအနေမျိုးတွေကစလို့ အောက်မှာဖော်ပြထားတဲ့အခြေအနေတွေထဲကအထိ တစ်ချက်ထက်မက တူညီနေပြီဆိုရင်တော့ ဒီ Relationship ကို ရှေ့ဆက်သင့်မသင့်ဆိုတာကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပြီလို့ စေတနာအပြည့်နဲ့ အကြံပြုပါရစေ။
 
ယုံကြည်မှူနည်းခြင်း
Relationship တစ်ခုဟာ ယုံကြည်မှူမပါ၀င်ပဲအချိန်ကြာကြာမရှင်သန်နိုင်ပါဘူး။တစ်ဘက်သားရဲ့ ကိုယ်ပိုင်အချိန် ၊ကိုယ်ပိုင်ဘ၀နေထိုင်မှူကို ၀င်ရောက်စွက်ဖက်လွန်းတာမျိုးက သူ့နေရာနဲ့သူ ရှိသင့်သလောက်သာရှိရမှာပါ။ အချိန်ရှိသရွေ့သူ့ရဲ့ဘ၀အချိန်တွေအားလုံးကို ကိုယ့်ဆီမှာပဲနှစ်မြုပ်ထားရမယ်ဆိုတာမျိုးက လက်တွေ့ဘ၀မှာ ဘယ်လိုမှအဆင်ပြေဖို့မလွယ်ပါဘူး။ ဥပမာ အလုပ်ချိန်တွေမှာ ဖုန်းခဏခဏခေါ်ပြီး မအားလို့မကိုင်မိရင် ပြသနာတက်တာမျိုး ၊ ဘာမဟုတ်တဲ့ကိစ္စလေးတွေကိုလိုက်ထောက်ပြပြီးပြသနာရှာတာမျိုး တွေက အရမ်းလည်းကလေးဆန်လွန်းသလို ရှေ့ဆက်လက်တွဲရမယ့် ဘ၀တစ်လျှောက်လုံးအတွက်လည်း အဆင်မပြေနိုင်တဲ့ကိစ္စတွေပါ ။ဒါပေမဲ့ တစ်ဘက်က ယုံကြည်ထိုက်တဲ့သူဖြစ်နေဖို့တော့လိုတာပေါ့။
 
လေးစားမှူကင်းမဲ့ခြင်း
တစ်ဦးပေါ်တစ်ဦး အပြန်အလှန်နားလည်လေးစားမှူကလည်း relationship တစ်ခုကြားမှာ အရမ်းကိုလိုအပ်ပါတယ်။ လူတစ်ဦးစီးဟာ သူတို့ပိုင်ဆိုင်တဲ့ကိုယ်ပိုင်ဘ၀နဲ့ သူတို့ကျွမ်းကျင်တဲ့ပညာကိုယ်စီရှိကြပါတယ်။ ဒါတွေကို နားလည်မှူနည်းတာမျိုး ၊အထင်မကြီးတာမျိုး၊ အဆိုးဆုံးကတော့ သူ့ရဲ့ဖြစ်တည်မှူကို လေးစားမှူမထားပေးတာမျိုးဟာ relationship တစ်ခုကြားက ကြီးမားတဲ့အဆိပ်အတောက်တွေပါပဲ။ တစ်ဦးကြောင့် နောက်တစ်ဦးဟာ သူ့ပတ်၀န်းကျင်ကသူတွေရဲ့ ဖယ်ကျဉ်လာတာကိုခံရပြီး အထီးကျန်ဆန်တဲ့ခံစားမှူမျိုးကိုဖြစ်လာစေတဲ့အထိဆိုးရွားလာမယ်ဆိုရင်တော့ ဒါဟာလုံး၀ကိုပြန်လည်ဆန်းစစ်သင့်တဲ့အခြေအနေကိုရောက်နေပါပြီ။
 
အနိုင်ယူလွန်းခြင်း
Relationship တစ်ခုရယ်လို့ဖြစ်လာပြီဆိုရင် ချစ်ကြည်နူးကြတဲ့အချိန်တွေလည်းရှိသလို ကတောက်ကဆဖြစ်ကြတဲ့အချိန်တွေလည်းရှိမှာပါ။ ဒါပေမဲ့ အမှန်တကယ်ချစ်မြတ်နိုးကြတဲ့သူတွေကတော့ ဘယ်လောက်ပဲရန်ဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်အလျှော့ပေးပြီး ပြန်အဆင်ပြေသွားတတ်ကြပါတယ်။ ပြောစရာတစ်ခုကတော့ အဲဒီလိုအခြေအနေမျိုးကြုံရတိုင်း အမြဲတမ်း‌စပြီး အလျှော့ပေးရတဲ့သူကတစ်ဖက်သတ်ပဲဖြစ်နေတယ် ပြသနာအသေးအမွှားတစ်ခုအတွက် တစ်ဖက်ကတောင်းပန်မတတ်ချော့မော့တာတောင် နောက်တစ်ဖက်ကတော်ရုံနဲ့အလျှော့မပေးဘူ ဆိုရင်တော့ ဒါဟာသိပ်ပြီးပုံမှန်မဟုတ်တော့ပါဘူး။ တကယ်ချစ်တဲ့သူတွေဟာ တစ်ဦးကိုတစ်ဦး လက်လွှတ်ရမှာစိုးရိမ်တဲ့အတွက် အနိုင်ယူရတာမျိုးကိုရှောင်တတ်ကြပါတယ်။
 
အတိတ်ကိုတူးဆွခြင်း
ချစ်သူနှစ်ဦးရယ်လို့ဖြစ်လာပြီဆိုရင် လက်ရှိမှာတစ်ဦးပေါ်တစ်ဦးသစ္စာရှိဖို့နဲ့ အနာဂတ်မှာ လက်တွဲပိုမြဲဖို့ကိုသာ ရှေ့ရှူသင့်ပါတယ်။ အတိတ်ဟောင်းတွေကိုပြန်ဖော် ၊အတိတ်တွေကိုတူးဆွပြီး အပြစ်ဖို့တာမျိုးနဲ့ အခါခါပြသနာလုပ်နေမယ်ဆိုရင်တော့ ဒီ Relationship ကို ပြန်လည်ဆန်းစစ်ဖို့လိုအပ်နေပါပြီ။
 
ရုပ်သေးရုပ်
တစ်ယောက်က တစ်ယောက်ရဲ့ကြိုးဆွဲရာကိုသာလိုက်ကနေရတဲ့ ရုပ်သေးရုပ်လို relationship မျိုးဆိုရင်လည်း ရှေ့ဆက်ဖို့စဉ်းစားသင့်တယ်လို့အကြံပေးပါရစေ။ သူ့စိတ်တိုင်းကျသာနေစေပြီး သူ့စိတ်နဲ့မတွေ့ရင်အပြစ်လုပ်တာမျိုး ၊ထားရာနေ စေရာသွားဆိုတဲ့အခြေအနေမျိုးတွေကိုကြုံတွေလာရပြီဆိုရင်တော့ သူ့ဘက်က အချစ်က စစ်မှန်လားမမှန်ရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်မေးခွန်းထုတ်ဖို့လိုအပ်နေပါပြီ။
 
Photo Credit to the Rightful Owners
 
, , ,

Sex & Relationship

သူက ကိုယ့်အတွက် Wrong Person လားဆိုတာ သိသာစေတဲ့အချက်များ

အရွေးမမှားဖို့တော့ အရမ်းအရေးကြီးပါတယ်

by Randy Win

September 16, 2020

 

လူတိုင်းဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လာရင် စုံလုံးကန်းတဲ့အဖြစ်မျိုးတွေ အနည်းနဲ့အများ ကြုံရတတ်ပါတယ်။ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးအတွက် အနားမှာကောင်းကောင်းဆိုးဆိုး အတူရှိနေမယ့် လက်တွဲဖော်ကောင်းတစ်ယောက်ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူနဲ့ခွဲခြားနိုင်တဲ့ အချက်တွေရှိပေမယ့် လူတော်တော်များများက ဒီအချက်တွေကို တော်ရုံမမြင်နိုင်ကြပါဘူး။ တချို့ကတော့လည်း သိသိလျက်နဲ့ မမြင်ချင်ယောင်ဆောင်ပြီးကို အနားမှာဆက်ပြီးရှိနေချင်ကြတဲ့သူတွေပါ။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ကို ဘဝလက်တွဲဖော်အဖြစ်သတ်မှတ်တဲ့အခါမှာ ကိုယ့်အနားမှာရှိနေရုံတစ်ခုတည်းနဲ့ ရွေးချယ်လို့မဖြစ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် နားလည်မှူတွေရှိဖို့နဲ့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လက်တွဲမဖြုတ်တဲ့သူ ၊ ကိုယ့်အပေါ်ရိုးသားတဲ့သူဖြစ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ဒါကြောင့် ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါ အရွေးမမှားရအောင် ဘယ်လိုအချက်တွေကများ ကိုယ့်အနားကသူတစ်ယောက်ဟာ Wrong Person ဖြစ်နေမလဲဆိုတာဖော်ပြနေမယ့်အချက်တချို့ကို ရွေးချယ်စုစည်း ဖော်ပြပေးလိုက်ပါတယ်။

1.စကားပြောတိုင်း အပြစ်တွေပါနေခြင်း


စကားကောင်းကောင်း ကြာကြာပြောလို့မရပဲ အချိန်အတိုင်းအတာတစ်ခုလောက်ကြာတာနဲ့ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်တာတွေ ငြင်းခုန်တာတွေပါလာပြီဆိုရင် ဒါဟာကောင်းတဲ့လက္ခဏာတစ်ခုမဟုတ်ပါဘူး။ အမြဲလိုလို ဘာပြသနာပဲဖြစ်ဖြစ် အဓိကတရားခံက သင်ပဲလို့ သင့်ရဲ့ချစ်သူက ထင်မြင်ယူဆနေတယ်ဆိုရင် သူကကိုယ့်ရဲ့ Right Person တစ်ယောက် ဖြစ်နိုင်ဖို့ လမ်းစတော်တော်လေးနည်းနေပါပြီ။

2. တူညီမှူတွေလျော့နည်းလာခြင်း


ချစ်သူနှစ်ဦး ချစ်စကြင်နာစမှာ အမူအကျင့်နဲ့ အကြိုက်တော်တော်များများကို တူညီအောင်လုပ်ယူတတ်ကြပါတယ်။ မတူရင်တောင် အတင်းလိုက်တူပြီး “ ဟာ ငါတို့ အကြိုက်တူတယ်နော်” ဆိုတာမျိုးပေါ့ ။ ဘယ်သွားသွားဘာလုပ်လုပ် တူတူသွား တူတူလုပ်ဆောင်ကြတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကြာမြင့်လာတာနဲ့အမျှ စတင်ပြီးစိတ်ပြောင်းလဲလာတဲ့အခါ ကိုယ့်အကြိုက်ကိုယ်လုပ် ကိုယ့်အထာနဲ့ကိုယ်နေဆိုတာမျိုးတွေဖြစ်ကုန်ကြပါတယ်။ ပြောရရင်တော့ ဟန်ဆောင်မျက်နှာဖုံးတွေကွာကျလာတာမျိုးပေါ့။ ကိုယ့်ဘက်ကမပြောင်းလဲပဲ သူ့ဘက်ကစပြီး အဲဒီလိုအခြေအနေမျိုးတွေပြလာပြီဆိုရင်တော့ စောစောစီးစီး ပြန်စဉ်းစားတာအကောင်းဆုံးပါပဲ။

3. ကိုယ့်ကိုကိုယ်ပျောက်ဆုံးလာခြင်း

လူတစ်ယောက်ရဲ့အနားမှာ ကိုယ့်ရဲ့အချိန်တွေအများကြီးကိုကုန်ဆုံးစေခဲ့ပြီး နှစ်ဦးသားကြားက Relationship ကို ခိုင်မြဲအောင် အမျိုးမျိုးကြိုးစားသည်းခံနေခဲ့ရင်းက ကိုယ်ဟာ ကိုယ့်ကိုကိုယ်မပိုင်တော့သလို ခံစားလာရပြီဆိုရင်လည်း အထူးသတိပြုဖို့လိုတဲ့အခြေအနေကိုရောက်နေပြီဆိုတာ သိထားသင့်ပါတယ်။ တစ်ခုခုပြောပြီး တစ်ခုခုလုပ်ပြီးပြီဆိုရင် သူမျက်နှာပျက်သွားမလား ငါပြောလိုက်တဲ့စကား ငါလုပ်လိုက်တဲ့အလုပ်တစ်ခုအပေါ် ကြိုက်ရောကြိုက်ရဲ့လားဆိုတာကို မျက်နှာရိပ်မျက်နှာကဲလိုက်ကြည့်နေရပြီး ကိုယ်ဟာ လူတစ်ဖက်သားရဲ့ထောက်ခံမှူကိုလိုအပ်တဲ့ ပျော့ညံ့သူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာတာ သတိထားမိမှာပါ။ သူက ကိုယ့်ရဲ့အနားဝန်းကျင်မှာမရှိပဲနဲ့တောင် ကိုယ့်ကိုကိုယ်အပြစ်ကင်းအောင်ထိန်းသိမ်းလာရင်းက ဘာလုပ်လုပ် အမှားပါမလားဆိုတဲ့ စိုးရိမ်စိတ်တွေပြည့်နှက်နေတဲ့သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အဲဒီကြားထဲကမှ အနိုင်ပေးလွန်းပါများတဲ့အခါ သူ့ဘက်က စင်ပေါ်ကလူတစ်ယောက်လို ကိုယ့်မျက်နှာကိုမထောက်ပဲ လုပ်ချင်ရာလုပ်တတ်တဲ့သူတစ်ဦးဖြစ်မှန်းမသိဖြစ်လာရင်း နောက်ဆုံးမှာ အဖော်ကောင်းရင်ကောင်းသလို ဖောက်ပြန်မှူတွေကိုပြုလုပ်ရဲလာတဲ့အထိပါဖြစ်လာနိုင်ပါတယ်။

4. ကိုယ့်ဘက်ကစိတ်ပိုင်းဆိုင်ရာဖောက်ပြန်လာမိခြင်း

လက်တွေ့မှာ တကယ်မလုပ်ပေမယ့် စိတ်ပိုင်းဆိုင်ရာအနေနဲ့ တခြားသူတစ်ဦးတစ်ယောက်နဲ့ ကိုယ့်ကိုကိုယ်တွဲပြီးစိတ်ကူးယဉ်လာမိတာမျိုးပါ။ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို တုန့်ပြန့်မှူမခံရတော့တဲ့အခါ၊ ဥပေက္ခာပြုခံရမှူတွေများလာတဲ့အခါ ၊ ဒါမှမဟုတ် ပျော်စရာမကောင်းတော့တဲ့ Relationship တစ်ခုလို့မြင်လာမိတဲ့အခါမျိုးမှာ ကိုယ့်ကိုကိုယ်ချုပ်ထိန်းထားတဲ့ကြားက တခြားသူတစ်ဦးတစ်ယောက်ဆီကို စိတ်ယိုင်တဲ့အတွေးမျိုးတွေဝင်လာတတ်ပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်တဲ့ ပြိုကွဲလုဆဲဆဲ Relationship တစ်ခုရဲ့ အခြေအနေကိုဖော်ပြနေတဲ့ လက္ခဏာရပ်ပါ။

5. လက်တွဲဖြုတ်ခြင်း


ဒါကတော့ Relationship တစ်ခုရဲ့ နောက်ဆုံးအခြေအနေလို့ဆိုရမှာပါပဲ။ သူ့ဘက်ကနေ အကြောင်းပြချက်မျိုးစုံပေးပြီး Relationship ကိုဖြတ်တောက်သွားတာမျိုးပေါ့။ ကံမကောင်းရင် ကိုယ်ဘက်က ရိုးသားခဲ့လျက်နဲ့တောင် သူ့ဘက်ကမရိုးသားမှူကိုဖုံးကွယ်ဖို့အတွက် အပြစ်လွှဲချ အပြစ်ပုံချတာမျိုးနဲ့ ဇာတ်လမ်းကိုဖြတ်တောက်သွားနိုင်ပါသေးတယ်။ ဒီလိုအခြေအနေမျိုးကိုရောက်တဲ့အခါ ပြန်အဆင်ပြေဖို့အတွက် အများကြီးညှိနှိုင်းမနေတော့ပဲ ကြုံလာတဲ့အတိုင်း အေးအေးဆေးဆေး လက်ခံလိုက်တာအကောင်းဆုံးပါပဲ။ မပြတ်နိုင်လို့ ကိုယ့်ဘက်က အလျှော့ပေးညှိနှိုင်းမှူတွေနဲ့ ပြန်လည်အဆင်ပြေသွားခဲ့ရင်တောင် Right Person မဖြစ်ချင်တော့တဲ့ သူတစ်ယောက်အနားမှာ နောက်တစ်ခါထပ်ပြီးနာကျင်ရမယ့်အဖြစ်မျိုး မလွဲမသွေထပ်ကြုံရဦးမှာပဲမို့ ခက်ခဲမယ်ဆိုရင်တောင် တစ်ကြိမ်တစ်ခါတည်းသာ ဖြတ်ကျော်ဖို့ကြိုးစားလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ကိုမလိုလားတဲ့ Wrong Person အနားမှာ ဆက်ပြီး လမ်းပျောက်နေစရာမလိုတော့ဘူးပေါ့။

 

Photo Credit to the Rightful Owners

, , , ,

Sex & Relationship

ငှက်ပျောတုံးဖက်ရမယ့် အကျင့်ဆိုးများ

ဒီအကျင့်တွေမပြင်နိုင်ရင်တော့ FA ဘ၀ကကျွတ်မှာမဟုတ်ပါဘူး

by Randy Win

September 16, 2020

လူတစ်ယောက်စီတိုင်းမှာရှိသင့်ရှိအပ်တဲ့ကျင့်၀တ်တွေသာမက အတင်းလုပ်ယူထားစရာမလိုတဲ့ ချစ်စရာအမူအကျင့်လေးတွေရှိတတ်ကြပါတယ်။ ဒီအချက်လေးတွေကပဲ ဆွဲဆောင်မှူတစ်ခုကို ‌ဖြစ်ပေါ်လာစေနိုင်သလို တချို့အကျင့်ဆိုးလေးတွေကလည်း လူတွေကို ကိုယ့်အနားက ရှောင်ဖယ်ချင်စိတ်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ရုပ်လေးချောရဲ့သားနဲ့စိတ်ဓာတ်ကညံ့ဖျင်းလိုက်တာဆိုပြီး ကိုယ့်မြင်တာနဲ့ ဝေးဝေးကရှောင်တာမျိုး မဖြစ်ရအောင် အောက်မှာဖော်ပြထားတဲ့ အကျင့်ဆိုးလေးတွေထဲက ဘယ်အချက်တွေနဲ့ ကိုက်ညီနေပြီး ဘာတွေပြုပြင်သင့်လဲဆိုတာသိရဖို့ တချက်လေ့လာပြုပြင်ပြီး ဆွဲဆောင်အားကောင်းတဲ့စိတ်သဘောထားနဲ့ ခါချနေရတဲ့သူလေးတွေဖြစ်လာနိုင်ကြပါစေ။
 
1. ဖြစ်ကတတ်ဆန်းနိုင်ခြင်း
ဘယ်အရာကိုမှအလေးအနက်မထား ပေါ့ပျက်ပျက်နေတတ်သလို သန့်ရှင်းသပ်ရပ်မှူလည်းမရှိ လူ့စည်းကမ်းကျင့်၀တ်တွေကိုနားမလည်တဲ့သူမျိုးကိုဘယ်မိန်းကလေးကမှကြာကြာသဘောကျမှာမဟုတ်တာသိထားသင့်ပါတယ် ။ ဥပမာ လူကြားထဲ သလိပ်ခပ်သံပြုတာမျိုး ၊ အနေအထိုင်ညစ်ပတ်တာမျိုး၊ အစားအသောက်ကိုလိုတာထက်ပိုအသံမြည်အောင်စားတာမျိုး ကွမ်းတံတွေးတွေ့တဲ့နေရာထွေးချတာမျိုး ၊ တန်းမစီပဲကြားဖြတ်၀င်တတ်သူမျိုး စသဖြင့်ဒီလိုလူမျိုးတွေဟာ ပေါ့ပျက်ပျက်နိုင်ပြီး လူ့ကျင့်၀တ်ကို တော်တော်နားမလည်‌သေးသူတွေလို့သတ်မှတ်လို့ရတာမို့ ဘယ်လိုခေတ်ပညာတတ်မိန်းကလေးကမှ လက်တွဲဖော်အဖြစ်ရွေးချယ်ချင်မှာမဟုတ်ပါဘူး။
 
2. ကပ်စေးနည်းခြင်း
လက်ဖွာခိုင်းတာမျိုးမဟုတ်ပေမယ့် လိုတာထက်ပိုပြီး ကပ်စေးနည်းလွန်းတာကျပြောစရာတစ်ခုဖြစ်သွားပါပြီ။ ကိုယ့်မှာမရှိလို့မဟုတ်ပဲ ရှိလျက်နဲ့ ကိုယ့်ဆီကပါမှာအရမ်းကြောက်ပြီး ဘယ်သွားသွားနင်ပဲရှင်းဆိုတဲ့ ကောင်လေးမျိုးကို ဘယ်ကောင်မလေးကမှ ကြွေမှာမဟုတ်ပါဘူးနော်။
 
3.ကပ်တီးကပ်ဖဲ့နိုင်ခြင်း
ချေးများလွန်းတဲ့သူတွေ ၊တစ်ခုခုဆို ကပ်တီးကပ်ဖဲ့နိုင်တဲ့သူတွေ ၊စကားပြောရင် ကပ်ဖဲ့လိုက်ပြောတဲ့သူတွေဆိုရင်လည်း ဘယ်ကောင်မလေးကမှ သဘောကျမှာမဟုတ်ပါဘူး။ အထူးသဖြင့်အနိုင်ပေး၊ အချော့ခံရတာကိုပိုနှစ်သက်တတ်တဲ့ မိန်းကလေးတွေရဲ့သဘာ၀နဲ့ လက်ပေါက်ကပ် စကားအနိုင်လုပြောတတ်တဲ့လူမျိုးဆိုတာ ဘယ်လိုမှကိုအစေးမကပ်နိုင်တဲ့ မျဉ်းပြိုင်နှစ်ခုလိုပါပဲ။
 
4.သ၀န်တိုလွန်းခြင်း
ချစ်မှသ၀န်တိုတယ်ဆိုတာမှန်ပေမယ့် နေရာတကာသ၀န်တိုလွန်းနေတာဟာလည်းကောင်းတဲ့လက္ခဏာတစ်ခုမဖြစ်နိုင်ပါဘူး။ ဥပမာ သူ့ပိုစ့်အောက်မှာ သူငယ်ချင်းယောက်ျားလေး တစ်ယောက်ယောက်ရေးသွားတဲ့ ပုံမှန်ကောမန့်လေးကအစ ဘယ်ယောက်ျားလေးသူငယ်ချင်းနဲ့မှ စကားပြောတာတောင်လက်မခံနိုင်ဘူးဆိုတဲ့အဆုံး လိုတာထက်ပိုသ၀န်တိုခြင်းမျိုးဟာ သူ့ကို လှောင်အိမ်ထဲကငှက်တစ်ကောင်လို ချုပ်နှောင်လွန်းရာကျသလို သူ့ရဲ့ဘ၀နဲ့ အလုပ်အကိုင်ပတ်၀န်းကျင်တွေကိုပါထိခိုက်လာစေတဲ့အထိ ဆိုးရွားလွန်းတယ်လို့ဆိုနိုင်ပါတယ်။
 
5.ကိုယ်ချင်းစာစိတ်နည်းခြင်း
လူတိုင်းလူတိုင်းဟာ အတိုင်းအတာတစ်ခုအထိ ကိုယ်ချင်းစာစိတ်ထားတတ်ဖို့လိုပါတယ်။ လူလူချင်းမှမဟုတ်ပဲ တိရိစ္ဆာန်လေးတွေအပေါ်မှာကအစ ကိုယ်ချင်းစာတရားထားတတ်ဖို့ဆိုတာကလည်း အရမ်းအရေးကြီးတဲ့အချက်ပါ ။ အဲဒီလိုကိုယ်ချင်းစာစိတ်ပြည့်၀သူတစ်ယောက်ဟာ အလိုလိုနေရင်းကို နှစ်လိုဖွယ်ဆွဲဆောင်မှူတစ်ခုဖြစ်ပေါ်နေပြီး မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကို မတောင်းပဲ ပြည့်နေသူတွေလို့ဆိုရမှာပါ။ ကိုယ်ချင်းစာစိတ်ခေါင်းပါးတဲ့ လူမျိုးတွေအတွက်ကတော့ ချစ်သူတင်မဟုတ် အပေါင်းအသင်းမိတ်ဆွေတောင် သူတို့ရဲ့အနားပတ်၀န်းကျင်မှာ ကြာကြာနေနိုင်ဖို့ မလွယ်ပါဘူး။
 
Photos Credit to the Rightful Owners
, , , ,

Sex & Relationship

Sugar Daddy ထားခြင်းရဲ့ Side Effect များ

ဆုတ်လည်းဆူး စားလည်းရူးကြီးပါ

by Randy Win

September 15, 2020

 

                ပုံမှန်ဘဝအခြေအနေကို အားမရလို့ပဲဖြစ်ဖြစ် ဒီထက်ပိုကောင်းတဲ့အနေအထားတစ်ခုကို အလွယ်တကူရယူလိုလို့ပဲဖြစ်ဖြစ် လူငယ်မိန်းကလေးတချို့ ရွေးချယ်တတ်တဲ့ လမ်းတစ်ခုကတော့ Sugar Daddy ထားခြင်းပါပဲ။ မကောင်းဘူးလို့မဆိုသာပေမယ့် ကောင်းတဲ့အရာတစ်ခုလည်းမဟုတ်ပြန်ပါဘူး။ တချို့က ငွေကြေးအခက်အခဲကြောင့် ၊တချို့ကလည်း ကိုယ့်ဘဝကိုပိုပြီးမြှင့်တင်ပေးနိုင်မယ့်သူမျိုးကိုရှာချင်တာကြောင့် ၊ တချို့ကလည်း အများကြီးမကြိုးစားပဲ အလွယ်လမ်းကိုလိုက်ချင်တာကြောင့် ဒီလိုအချက်တွေကပဲ Sugar Daddy ထားဖို့ အမျိုးမျိုး အကြောင်းဖန်လာကြပါတယ်။ အဲဒီလို လမ်းကိုမှရွေးချယ်ချင်ကြတဲ့ အမျိုးသမီးငယ်လေးတွေအနေနဲ့ ကိုယ့်ထက် သက်ကြီးဝါကြီးတဲ့သူတစ်ယောက်နဲ့ Relationship တစ်ခုဖန်တီးတာဟာ ကံကောင်းတဲ့သူတစ်ယောက်အတွက် သိသိသာသာနစ်နာမှာမဟုတ်ပေမယ့် အခန့်မသင့်လို့ ကိုယ်မျှော်မှန်းထားတာနဲ့ ကွာခြားခဲ့ရင် အများကြီး နစ်နာဆုံးရှုံးနိုင်တယ်ဆိုတာသိထားဖို့လိုပါတယ်။အဘက်ဘက်က နားလည်မှူရှိပြီး Perfect ဖြစ်တဲ့ Sugar Daddy တစ်ယောက်နဲ့ ဆုံတွေ့ဖို့ဆိုတာ ကံစမ်းမဲနှိုက်ရသလိုပဲဖြစ်မှာပါ။ ဘယ်လိုဆုံးရှုံးမှုကိုပဲကြုံပါစေ ဒီလမ်းကိုမှ လိုက်ပါမယ်ဆိုတဲ့ အမျိုးသမီးငယ်တချို့ကိုပြောချင်တာကတော့ Sugar Daddy တွေဟာ အမြဲတမ်း အချိုတွေချည်းပေးနေမှာမဟုတ်ဘူးဆိုတာပါပဲ။


အပြင်ဘဝ


Sugar Daddy တွေအများစုဟာ သူတို့ရဲ့ ပုံမှန် နေ့စဉ်ဘဝပုံစံခွက်ထဲက ခွဲထွက်တဲ့ Relationship မျိုးကို လူမသိသူမသိ ဖန်တီးလိုကြတဲ့သူတွေဖြစ်ပါတယ်။ အစပိုင်းမှာတော့ နှစ်ဦးသားကြည်နူးစရာကာလလေးတွေချည်းပဲ ကြုံကောင်းကြုံနိုင်ပေမယ့် သူတို့ရဲ့ ပုံမှန်နေ့စဉ်ဘဝတစ်ခုက နှစ်ယောက်သားကြားကို အကြောင်းကြောင်းကြောင့် ပြန်လည်ရောက်ရှိလာတဲ့အခါမှာ အပျော်ကနေအပျက်တွေဖြစ်ပြီး ကံမကောင်းရင် စိတ်ညစ် ၊စိတ်ရှုပ်စရာတွေနဲ့သာ ဇာတ်လမ်းအဆုံးသတ်သွားနိုင်ပါတယ်။

ပြသနာပေါင်းစုံ


သင့်မှာ Sugar Daddyတစ်ဦးရှိတယ်ဆိုပါစို့။ သူတို့တွေဟာ သူတို့ရဲ့ Personal Life မှာ ကြုံတွေခံစားရတဲ့ ပြသနာတွေကို သင့်ရှေ့မှာ ရင်ဖွင့်ပါလိမ့်မယ်။ ဥပမာ သူ့ရဲ့အိမ်ထောင်ရေးအဆင်မပြေမှူတွေကစလို့ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ညစ်စရာတွေအဆုံးပေါ့ ။ ဒီလို အခက်အခဲတွေကို ညည်းတွားလာပြီဆိုရင် သင့်အနေနဲ့ သူ့ကို နည်းလမ်းမျိုးစုံနဲ့ ဖြေသိမ့်ပေးဖို့ ကြိုးစားရတော့မှာပါ။ ကံမကောင်းရင် သူ့ကို ဖြေသိမ့်ပေးနိုင်တဲ့ နည်းလမ်းတွေကို စဉ်းစားရတာ ၊ သူကျေနပ်လောက်အောင် အကြိုက်ဆောင်နေရတာနဲ့တင် Stress ပိပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်ကျလာနိုင်ပါတယ်။

စိတ်ကျေနပ်မှူ


Sugar Daddy ဆိုကတည်းက ဘယ်နည်းနဲ့မှ သင့်ထက်ငယ်တဲ့သူ ၊ သင်နဲ့ရွယ်တူတစ်ယောက်ဖြစ်နိုင်မှာမဟုတ်ပါဘူး။ အနည်းဆုံးတော့ အသက် ၄၀ကျော် သက်လတ်ပိုင်းတွေပဲဖြစ်ဖို့များပါတယ်။ အဲဒီလို ၄၀ ဝန်းကျင် အရွယ်လောက်ကိုပိုင်ဆိုင်ရရင်ပဲ တော်တော်လေးကို ကံကောင်းနေပြီလို့မှတ်လိုက်ပါ။Sugar Daddy အများစုဟာ အိပ်ရာထက်ကကိစ္စတွေမှာ သင်မျှော်မှန်းထားသလို စိတ်တိုင်းကျ စွမ်းဆောင်ပေးနိုင်မယ့်သူမဖြစ်နိုင်သလို အသက်အရွယ်နဲ့ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း သင့်စိတ်တိုင်းကျမဖြစ်နိုင်ဘူးဆိုတာကို ကြိုတင်သိထားဖို့လိုပါတယ်။

အမြင်မတူ


အသက်အရွယ် ကွာခြားမှူကြောင့် မတူညီတဲ့အမြင်တွေကြားမှာ ညှိနှိုင်းရခက်တဲ့ ပြသနာမျိုးလေးတွေဖြစ်လာတတ်ပါတယ်။ မတူညီတဲ့ ကြီးပြင်းမှူ မတူညီတဲ့လူနေမှူဘဝတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက်အမြင်မတူတာတွေဖြစ်နိုင်သလို သူကကိုယ့်ထက်အသက်ကြီးနေတဲ့အတွက် သူသိထားတာတွေကိုသာ အမှန်လို့ယူဆတဲ့ အခြေအနေမျိုးတွေကိုလည်း ကြိုပြီးစဉ်းစားထားရပါမယ်။ စိတ်သဘောထားပြည့်ဝပြီး အဘက်ဘက်ကပြီးပြည့်စုံတဲ့ Sugar Daddy ဆိုတာ တစ်ရာမှာ တစ်ယောက်ပါပဲ။

ကတိပျက်ခြင်း


ငွေကြေးကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိ လိုလေသေးမရှိအောင် ထားနိုင်ပေမယ့် တော်တန်ရုံ ပေးထားတဲ့ ကတိတွေပျက်နိင်တာကိုလည်း ကြိုပြီးတွေးထားဖို့လိုပါတယ်။ သင့်ကို ဘယ်ကို ခရီးလိုက်ပို့မယ် ၊ ဘယ်ကိုရှော့ပင်သွားကြမယ် စသဖြင့် ကတိတွေပေးပြီး သတိမရချင်ယောင်ဆောင်သွားတာမျိုးတွေ ၊ ကတိပျက်တာမျိုးတွေကိုလည်းအများကြီးကြုံရနိုင်ပါတယ်။ တကယ်တော့ သင်ဟာ သူ့ရဲ့ ပြင်ပဘဝတစ်ခုက Relationship တစ်ခုသာဖြစ်လို့ သူ့ရဲ့နဂို Personal Life ထက်တော့ ပိုပြီးဦးစားပေးမှာမဟုတ်ဘူးဆိုတာ သင့်အနေနဲ့ ကောင်းကောင်းနားလည်ထားရမှာပါ။

 

Photo Credit To The Rightful Owners

 

, , , ,

Sex & Relationship

ရည်းစားဟောင်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖျက်သင့်လား?

ခံစားချက်က အရေးကြီးပါတယ်။

by JN Ja Seng Pan

September 8, 2020

နှစ်ယောက်သား လမ်းခွဲပြီးလိုက်တဲ့နောက်ဆုံးမှာ အတူတူဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရတွေကို သိမ်းထားမှာလား။ ဒါမှမဟုတ် ဖြတ်တောက်လိုက်မှာလား။ စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ အနည်းနဲ့အများတော့ ထိခိုက်တာမို့ ဘယ်လိုလုပ်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေမှာပါ။ သတိရတဲ့အချိန်တိုင်း ပြန်ကြည့်ဖို့ သိမ်းထားမလား။ အပြီးတိုင် မေ့ဖျောက်ပစ်လိုက်မလား။

ကျောင်းတုန်းကတည်းက ကြိုက်လာတဲ့အတွဲဆိုပါစို့။ အနာဂတ်ကို အတူတူ ဘယ်လိုမျိုးဖြတ်သန်းမယ်ဆိုတာကို စီစဉ်တိုင်ပင်ထားပြီးသားဆိုပေမယ့် အခြေအနေ၊ အချိန်အခါတစ်ခုခုကြောင့် ဝေးရတော့မယ်ဆိုမယ်ဆိုရင် အမှတ်တရအဖြစ်ရှိနေတဲ့ ဓာတ်ပုံတွေကို ဖျက်ရမယ်ဆိုတာက တော်တော်လေးကို ပြင်းထန်တဲ့ လုပ်ရပ်ဖြစ်စေမှာပါ။ ဓာတ်ပုံတွေဆိုတာကလည်း လူကို လွမ်းဆွတ်အောင်လုပ်နိုင်တဲ့ အရာတစ်ခုပဲ မဟုတ်ဘူးလား။

ဒါမှမဟုတ် အခြားမကောင်းတဲ့အကြောင်းအရာတစ်ခုကြောင့် လမ်းခွဲလိုက်ရတာဆိုရင်တော့ ဒီဓာတ်ပုံတွေကို ဆက်ပြီး သိမ်းထားရတာက အောဂလီဆန်စရာကောင်းမှာပါ။ ဒီလို ကိစ္စတွေက အကြောင်းအရာအမျိူးမျိူးရှိနေနိုင်လို့ သူနဲ့ ရိုက်ထားတဲ့ပုံတွေကော ဖျက်သင့်၊ မဖျက်သင့်ဆိုတာကို အဖြေရှာလိုက်ရအောင်နော်။

ကိုယ်က ထားခဲ့တဲ့သူဆိုရင်



အရာအားလုံးကို ရပ်တန့်ဖို့ ကိုယ်က ဆုံးဖြတ်တဲ့သူဖြစ်ပြီး နှစ်ယောက်ကြားထဲမှာလည်း အခြေအနေတွေက အေးဆေးပဲဆိုရင်တော့ ပုံတွေကို ဆက်ပြီး သိမ်းထားတာက ပြဿနာတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် Social Media မှာ ဒီတိုင်းကြီးထားတာက အဆင်ပြေမလားဆိုတာကိုတော့ နှစ်ခေါက်လောက်ပြန်စဉ်းစားသင့်ပါတယ်။ 


သိမ်းထားလို့ရတာမှန်ပေမယ့် Facebook Profile တို့၊ အဝတ်ဗီရိုမှာ ကပ်ထားတာ၊ မှန်တင်ခုံနား၊ စာကြည့်စားပွဲနား ထားတာတွေကိုတော့ ရှောင်သင့်တယ်လို့ Dating အကြံပေး Masini ကပြောထားပါတယ်။

ကိုယ့်ရည်းစားအသစ်က Insecure ဖြစ်တတ်ရင်



ကိုယ်က ရည်းစား အသစ်ရပြီးသွားတဲ့နောက်မှာ အရင်အချိန်က ရည်းစားဟောင်းနဲ့ ပုံကိုထားတာက သူကြိုက်ချင်မှ ကြိုက်မှာဖြစ်သလို၊ ကိုယ့်ကိုလည်း မကြည်ရင် မကြည်သလို ရစ်နေနိုင်ပါတယ်။ ရည်းစားဟောင်းနဲ့ ရိုက်ထားတဲ့ ပုံတွေက သူ့အတွက် စိတ်ကသိကအောင့်ဖြစ်စေရင် ဖျက်လိုက်တာက အကောင်းဆုံးပါ၊ အတိတ်ထက် အနာဂတ်တွေက ပိုအရေးမကြီးဘူးလား။ အဆိုးဆုံး ကိုယ်ကိုယ်တိုင်က ပုံတွေဖျက်ရတာမကြိုက်ဘူးဆိုရင်တောင်မှ သေချာဆွေးနွေးပြီး နားလည်အောင် ပြောပြသင့်ပါတယ်။

ကိုယ်က စမယ့်ဇာတ်လမ်းလား

ကိုယ့် Facebook Profile ထဲမှာတော့ ရည်းစားဟောင်းနဲ့ပုံထားထားပြီး အကွက်တွေ ရွေ့ချင်ရင်တော့ အရွေ့ခံရတဲ့သူကလည်း ကိုယ့်ကို စိတ်ထဲမှာ သိပ်ထားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကို ခုထိစိတ်မပြတ်သေးဘူးလို့ ထင်သွားနိုင်လို့ပါ။
ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ကလည်း အတည်မဟုတ်သေးဘူး၊ အီစီကလီအနေအထားဆိုရင်တော့ ဒီပုံလေးကပဲ အကူအညီအများကြီးရသွားစေမှာပါ။

တစ်ယောက်တည်းရှေ့ဆက်ရတာ ခက်ခဲတယ်

လမ်းခွဲပြီးတဲ့နောက် ကိုယ်က ရှှေ့ဆက်ဖို့ခက်ခဲနေတဲ့သူဆိုရင်တော့ ပုံတွေကို ဝေးနိုင်သမျှဝေးဝေးမှာ ထားချင်နေမှာပါ။ အသည်းကွဲနေတဲ့အချိန်မှာ ရည်းစားဟောင်းမပြောနဲ့။ သူနဲ့ ပတ်သတ်တဲ့အရာမှန်သမျှက ကိုယ့်အတွက် ကြေကွဲစရာကောင်းတဲ့အရာတွေပဲဖြစ်နေစေမှာပါ။ ပုံတွေကလည်း အတိတ်ကိုပြန်ပြီး တမ်းတစေနိုင်တာမို့ အသည်းကွဲတာကို ပိုဆိုးစေမှာပါ။ ပုံတွေကို ဖျက်ပစ်တာကို မလိုအပ်ပေမယ့် မမြင်နိုင်တဲ့နေရာမှာ သိမ်းထားတာက ကိုယ့်စိတ်ခံစားချက်ကို သက်သာစေမှာပါ။

အဓိကကတော့ ရှှေ့ဆက်ပြီး ဖြတ်သန်းရမယ့် လမ်းခရီးမှာ အဆင်ပြေချောမွေ့နေဖို့ လိုပါတယ်။ ဒီဓာတ်ပုံတွေ ထားတာက ခံစားချက်တွေကို ပိုဆိုးစေရင် ဒါမှမဟုတ် ရှေ့ဆက်ဖို့ ခက်ခဲနေရင် ဖျက်ပစ်လိုက်တာအကောင်းဆုံးဖြစ်စေမှာပါ။ တစ်ခါတစ်လေ အတိတ်ကို အတိတ်မှာပဲ ထားခဲ့တာက အကောင်းဆုံးပဲ မဟုတ်ဘူးလား။

 

 

, , ,

Sex & Relationship

ရာသီခွင်အလိုက် အချစ်နဲ့တွေ့ရင် ဖြစ်သွားတတ်တဲ့ အမူအကျင့်များ

ဒီလိုတွေဖြစ်နေပြီမလား?

by JN Ja Seng Pan

August 21, 2020

Astrologer တွေရဲ့ ပြောပြချက်အရ သင့်ရဲ့ ရာသီခွင်ကနေ သင့်ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိတာ၊ ဘာတွေကြိုက်တတ်တာစသဖြင့်ပေါ့။ ဆိုတော့ သင့်အကြောင်းကို ကောင်းကောင်းကြီးသိနိုင်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် အချစ်နဲ့ တွေ့ရင် ဘယ်လိုတွေအရှုးထလဲဆိုတာကိုလည်း ပြောပြနိုင်တာမို့ Aries ကနေ Pisces အထိ ဘယ်လိုအမူအကျင့်တွေပြောင်းလဲသွားလဲဆိုတာကို အခုပဲကြည့်လိုက်တော့နော်။


Aries (March 21 - April 19)

ဘယ်လောက်ချစ်ကြောင်း၊ ဘယ်လောက်ဂရုစိုက်ကြောင်းပြသလေ့ရှိပေမယ့် သူ့ရဲ့ အချစ်က အာဏာရှင်နည်းနည်းဆန်တတ်ပါတယ်။ ညိုနှိုင်းရခက်တတ်ပြီး သူ့အတွက်ပဲ သူစဉ်းစာတတ်တာမို့ ကိုယ့်ရဲ့ Partner ကိုလည်း နားလည်မှုပေးဖို့လိုပါမယ်။


Taurus (April 20 - May 20)

အချစ်ကြီးတတ်ကြတဲ့သူတွေမို့ ဘေးလူက တားနေရင်တောင် နားမထောင်ပဲ Toxic Relationship နဲ့ ဒုက္ခရောက်လေ့ရှိသူတွေပါ။ ရှိသမျှအကုန် ပုံပေးပြီး ချစ်တတ်လေ့ရှိတဲ့ ပေးဆပ်သူလေးပါ။ အစွဲအလမ်းကြီးပြီး Move on လုပ်ဖို့ ခက်တတ်ကြပါတယ်။


Gemini (May 21 - June 20)

Gemini တွေက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တာမို့ ဘေးမှာ လူတွေအများကြီးနဲ့ အမြဲတွေ့ရလေ့ရှိပါတယ်။ ဒါကြောင့် အချစ်ရေးမှာ အတည်လား၊ အပျော်လားဆိုပြီး အမြဲမေးခွန်းထုတ်ခံရသူပါ။

သူတို့အတွက် စိတ်ဝင်စားရာ အကောင်းဆုံးဆိုတဲ့ အရာကိုပဲ ရှာဖွေလေ့ရှိပါတယ်။ တစ်ယောက်တည်းကိုပဲ ကြိုက်ဖို့ဆိုတာ သူတို့အတွက် ခက်ခဲတဲ့ကိစ္စပါ။ ဒါပေမယ့် တကယ်ချစ်သွားပြီဆိုလည်း ထုတ်ဖော်ပြသဖို့ ဝန်မလေးတတ်ကြပါဘူး။ အဆက်အသွယ်ပြတ်ရတာမကြိုက်တဲ့သူတွေမို့ အမြဲစာပို့၊ ဖုန်းခေါ်၊ Video Chat လုပ်လေ့ရှိသူပါ။


Cancer (June 21 - July 22)

သူတို့ရဲ့ Partner တွေကို အမြဲသက်တောင့်သက်သာရှိစေပြီး အဆင်ပြေအောင် ပြုလုပ်ပေးတတ်သူပါ။ အေးဆေးနေတတ်သူမို့ ချစ်သူရည်စားနဲ့ဆိုလည်း အိမ်မှာပဲ အတူတူ အချိန်ဖြုန်းဖို့ ပြောလေ့ရှိပါတယ်။ အေးအေးလူလူအချစ်ရေးက တစ်ခါတစ်လေအဆင်ပြေပေမယ့် ရင်ခုန်ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကောင်းတွေကိုလည်း ဖန်တီးဖို့လိုပါတယ်။ မဟုတ်ရင် အေးတိအေးစက်တွေဖြစ်ကုန်မှ ခက်နေမှာလိမ့်မယ်နော်။

 


Leo (July 23 - August 22)

အချစ်ရေးမှာ သစ္စာရှိတဲ့သူတွေပါ။ ချစ်သူအတွက်ဆို အကောင်းဆုံးနဲ့ အကြီးဆုံးအချစ်နဲ့ ချစ်တတ်ကြပါတယ်။ အိပ်ရာပေါ်က ကိစ္စတွေမှာလည်း သိပ်ကို စွမ်းဆောင်နိုင်တဲ့သူတွေပါ။


Virgo (August 23 - September 22)

သဘာဝအရ ရှက်တတ်တဲ့သူတွေဖြစ်ပြီး သူတို့ချစ်မိသွားရင်လည်း အဲ့ဒီလူက သူ့အတွက် စိတ်ချလုံခြုံမှုကို ပေးတဲ့သူမျိူးဖြစ်တတ်ပါတယ်။ ပြဿနာက Partner အပေါ် မှီခိုမှုများသွားတတ်တာပါ။ အမြဲဘေးမှာရှိနေပေးပြီး အရှုးအမူးဖြစ်တတ်တဲ့သူတွေပါ။



Libra (September 23 - October 22)

အဆင်ပြေတဲ့အခြေအနေတွေကိုသာ လိုလားပြီး ရန်ဖြစ်စကားများရတာကို မလုပ်ချင်တဲ့သူတွေပါ။ ဒါကြောင့် မခံနိုင်တဲ့အဆုံး ပြတ်စဲဖို့ သူတို့ဘက်က ဖြေရှင်းချက်မပေးပဲ လမ်းခွဲလေ့ရှိပါတယ်။ အကောင်းဆုံးတွေကိုသာလိုချင်တဲ့သူမို့ Partner ကြောင့် သူတို့ကို သူတို့ နစ်မွန်းခံလေ့မရှိပါဘူး။


Scorpio (October 23 - November 21)

ဆွေးနွေးတိုင်ပင်လို့ အကောင်းဆုံးသူတွေပါ။ စိတ်ချင်းနီးစပ်မှုကို အသားပေးပြီး အချစ်ခံချင်ကြသူတွေပါ။ အချစ်ခံချင်ကြသူတွေမို့ မနာလိုစိတ်များပြီး အကြောင်းမဲ့ရစ်တာစတဲ့ ပြဿနာတွေကို ဖန်တီးလေ့ရှိသူပါ။


Sagittarius (November 22 - December 21)

သည်းသည်းလှုပ်မချစ်တတ်ပေမယ့် ရင်ခုန်အောင်လုပ်နိုင်တဲ့သူတွေပါ။ ချစ်သူကို အံ့သြသင့်စေမယ့် အရာကြီးကြီးတွေ မလုပ်ပေးပေမယ့် ချစ်သူကို အမြဲ စိတ်ချမ်းသာအောင် ထားတတ်ပါတယ်။


Capricorn (December 22 - January 19)

ဘာမဆိုဖြစ်စေရမယ်ဆိုတဲ့ Capricorn တွေက ချစ်သူကို ရှိရှိသမျှအမ်းတတ်သူတွေပါ။ အဓိကက သူတို့ရဲ့ ယုံကြည်မှုကို ရဖို့ပါပဲ။ အချစ်ရေးမှာ အေးတိအေးစက်နိုင်ပြီး တွက်ချက်တတ်တဲ့သူတွေလို့ နာမည်ကြီးပါတယ်။ ချစ်တယ်လို့ တဖွဖွမပြောတတ်ပေမယ့် လိုအပ်တဲ့အရာတွေကို ဖြည့်စည်းပေးတတ်တဲ့သူတွေပါ။


Aquarius (January 20 - February 18)

အချစ်ကို ထုတ်ဖော်ပြသတဲ့နေရာမှာ အူကြောင်ကြောင်နိုင်တဲ့သူတွေပါ။ အပြောအဆိုမတတ်လို့ Partner ကဂရုစိုက်မခံရတာ၊ အချစ်မခံရဘူးဆိုပြီး ခံစားရနိုင်ပါတယ်။ လှလှပပနဲ့ Dinner Date အစား အဆင်ပြေသလိုဝတ်ပြီး တစ်နေရာရာကို ခေါ်ရင်ခေါ်သွားတတ်တဲ့သူတွေပါ။ ပုံမှန် ချစ်မှုရေးရာပုံစံနဲ့ ကွဲပြားပြီး ချစ်တတ်ကြတဲ့သူတွေပါ။


Pisces (February 19 - March 20)

အညှာလွယ်ပြီး အသည်းခဏခဏကွဲတတ်တဲ့သူတွေပါ။ Romantic ဆန်တဲ့ အချစ်ရေးကို ရှာဖွေနေတတ်ပြီး အရာရာကို ခံစားချက်ထားတတ်ကြပါတယ်။ ပေါ့ပျက်ပျက် Partner နဲ့တွေ့ရတတ်တာမို့ သတိထားရမှာပါ။

,

MODA TV 


Sex & Relationship

တစ်စုံတစ်ယောက်က ကိုယ့်ကိုကြွေနေတယ်ဆိုတာ သိသာစေတဲ့အချက်များ

ဘယ်သူကိုယ့်ကို ကြိတ်Crush နေမလဲမသိချင်ဘူးလား

by Randy Win

July 28, 2020

              

               လူတစ်ယောက်က ကိုယ့်အပေါ်မှာ ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိနေတယ်ဆိုတာကို တခါတရံမှာ နည်းမျိုးစုံနဲ့သိသိသာသာဖော်ပြတတ်ပေမယ့် တခါတရံမှာတော့ တော်တော်လေးကိုဟန်ဆောင်မှူကောင်းကောင်းနဲ့ ဖုံးအုပ်ထားတတ်ကြတာကိုကြုံဖူးမှာပါ။ တချို့ကလည်းအရှက်အကြောက်ကြီးတာကြောင့်ဖြစ်နိုင်သလို တချို့ကလည်း စိုးရိမ်စိတ်များနေတာကြောင့် မဖော်ပြရဲကြတာဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကကိုယ့်ကို အမှန်တကယ်စိတ်ဝင်စားနေပြီဆိုရင် သူတို့ရဲ့ ဖုံးကွယ်ထားလို့မရတဲ့ အပြုအမူလေးတွေက သိသိသာသာ ပေါ်လွင်နေတတ်ပါတယ်။ အဲဒီအပြုအမူလေးတွေကို သတိထားကြည့်ပြီး ဖြစ်နိုင်ချေကိုချင့်ချိန်ကြည့်မယ်ဆိုရင်တော့ သူကိုယ့်အပေါ်တကယ်ကြွေနေတာ ဟုတ်မဟုတ်ကို ကောင်းကောင်းကြီးဖော်ထုတ်သိရှိနိုင်ပြီလို့ဆိုရမှာပါပဲ။

1.အကြည့်ချင်းဆုံ


သင့်ကိုမကြာခဏ ခိုးခိုးကြည့်နေတတ်ပြီး သင်ကရုတ်တရက်ပြန်ကြည့်မိလိုက်တဲ့အခါမျိုးမှာ ရှက်ပြီး အယောင်ယောင်အမှားမှားဖြစ်သွားတတ်ပါတယ်။ ဒါဟာ သင့်ကိုစိတ်ဝင်စားနေတယ်လို့ ကောင်းကောင်းကြီးယူဆနိုင်တဲ့အချက်များစွာထဲက အသိသာဆုံးအချက်တစ်ခုပါပဲ။ သင့်ကိုစိတ်ဝင်စားနေတဲ့အတွက်ကြောင့်သာ ခိုးကြည့်နေတာကိုလူမိသွားလို့ အယောင်ယောင်အမှားမှားနဲ့ရှက်ကိုးရှက်ကန်းဖြစ်သွားတာမျိုးဖြစ်နိုင်သလို သင့်ကိုစိတ်ဝင်စားနေတယ်ဆိုတာ တမင်တကာ ရိပ်မိစေချင်လို့ ရှက်ကိုးရှက်ကန်းဖြစ်ချင်ယောင်ဆောင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

2.မှတ်မိနေမယ်


လူတစ်ယောက်က သင်ဘာပြောပြော အသေးစိတ်လေးကအစ မှတ်မိနေတယ်ဆိုတာဟာ သင်ပြောသမျှစကားတိုင်းကို သေချာနားထောင်ထားလို့ပါ။တခါတလေမှာ ကိုယ်ပြောတာကို သေချာနားထောင်ဟန်မပြပေမယ့် ဘာရယ်မဟုတ်ပြောလိုက်တဲ့စကားလေးကအစ ဂရုတစိုက်အမှတ်ရနေတာမျိုးကြုံဖူးမှာပါ။ အထူးသဖြင့် ဒီဘက်ခေတ်လို နည်းပညာတိုးတက်တဲ့ခေတ်ကြီးမှာ အာရုံစိုက်စရာတွေအရမ်းများတာကြောင့် လူတစ်ယောက်ပြောစကားကို နားဝင်အောင်နားထောင်ဖို့ဆိုတာ တော်တော်လေးကိုရှားနေပါပြီ။ အဲဒီလိုအခြေအနေမှာ ကိုယ့်ပြောစကားတိုင်းကို အမှတ်ရနေမယ်ဆိုရင်တော့ သင့်ကိုအရေးတယူရှိတယ်ဆိုတာနဲ့ ပုံမှန်ထက်ပိုတန်ဖိုးထားတယ်ဆိုတာ အရမ်းကိုသိသိသာသာ ပေါ်လွင်နေပြီလို့ ယူဆလိုက်ပါ။

3.ပွင့်ပွင့်လင်းလင်း


သင်နဲ့ခင်မင်မှူတစ်ခုရရှိပြီးသွားတဲ့နောက်မှာ သူ့ရဲ့ဘဝအကြောင်းတွေ ၊အခက်အခဲတချို့နဲ့ ပြသနာတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုတိုင်ပင်လာပြီဆိုရင်လည်း သင့်အပေါ်မှာစိတ်ဝင်စားနေတယ်ဆိုတဲ့ Sign တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ သူနဲ့ပတ်သက်တဲ့ အကြောင်းကိစ္စတွေကိုမကြာခဏ ရင်ဖွင့်တိုင်ပင်တယ်ဆိုတာဟာ သူ့ဘဝအကြောင်းတစ်စိတ်တစ်ပိုင်း သင့်ကိုသိထားစေချင်တဲ့အတွက်ပါပဲ။သင့်ကို မျှဝေခံစားစေချင်တယ်၊ သူ့အကြောင်းတွေပိုသိစေချင်တယ်၊ သင်နဲ့သူနဲ့ကြားမှာ ပိုပြီးခိုင်မြဲတဲ့ ဆက်နွယ်မှူတစ်ခုကိုတည်ရှိနေစေချင်တယ် ဆိုတဲ့ချက်တွေကြောင့်သာ သူ့အကြောင်းတွေသင့်ကို အစစအရာရာ ရင်ဖွင့်တိုင်ပင်ခြင်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

4.သင်နှင့်အနီးတစ်ဝိုက်


နောက်ထပ်သိသာထင်ရှားတဲ့အချက်တစ်ခုကတော့ သင့်ရဲ့ အနီးတစ်ဝိုက်မှာ မကြာခဏပေါ်လာတတ်ခြင်းပါပဲ။ သင့်အနားရောက်နိုင်ဖို့နည်းလမ်းနဲ့အကြောင်းပြချက်တွေကို အချိန်နဲ့အမျှရှာဖွေနေမှာဖြစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ အနားတစ်ဝိုက်မှာ ပေါ်လာတတ်ပါတယ်။ အရင်ကတစ်ခါမှ မဆုံဖူးသူဆိုရင်တောင်မှ သင့်သူငယ်ချင်းအုပ်စုထဲမှာဝင်ရောပြီးပါလာတတ်တာမျိုး သင့်ဖုန်းနံပါတ် ၊သင့်ရဲ့ Social Media အကောင့်တွေကို ရအောင်ယူပြီး အချိန်နဲ့အမျှ နည်းမျိုးစုံနဲ့သင့်ကိုဆက်သွယ်နိုင်ဖို့ကြိုးစားနေတာမျိုးပါ။ မသိမသာအားဖြင့်ရော သိသိသာသာအားဖြင့်ရောပေါ့။

5.တူညီမှူ


နောက်ထပ်အသိသာဆုံးအချက်ကတော့ သင်နဲ့ အကြိုက်တွေလိုက်ပြီးတူနေတတ်တာပါပဲ။ သင်ကြိုက်တဲ့စားစရာဆို သူကြိုက်မယ် ၊ သင်သဘောကျတဲ့အရောင်တွေကို သူလိုက်ပြီးသဘောကျမယ်။ သင်စိတ်ဝင်စားတဲ့အရာမှန်သမျှ သူလည်း ကြိုက်ကြိုက်မကြိုက်ကြိုက် လိုက်ပြီးစိတ်ဝင်စားချင်နေပါလိမ့်မယ်။အဓိက ကတော့ သင့်နဲ့နီးစပ်ချင်တာလည်းဖြစ်နိုင်သလို သင်ဘာကြောင့် ဒီအရာကိုစိတ်ဝင်စားရတာလဲဆိုတာနဲ့ သင့်ရဲ့အကြောင်းတွေကိုပိုပြီး ဂဃနဏသိချင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ သင်ကဂိမ်းဆော့ရတာဝါသနာပါတဲ့သူဆိုရင် သူကိုယ်တိုင်ကဝါသနာမပါရင်တောင်မှ သင်နဲ့အတူ ဂိမ်းဆော့နိုင်ဖို့ မရမက ကြိုးစားပါလိမ့်မယ်။

 

Photo Credits to the Rightful Owners

, , , , ,

Sex & Relationship

Crush က ကိုယ့်ကို စိတ်မဝင်စားမှန်း တန်းသိနိုင်တဲ့ Text Message များ

သိဖို့ကောင်းတယ်။

by JN Ja Seng Pan

July 16, 2020

2020 ရောက်နေပါပြီ။ ပြောချင်တာကတော့ Relationship တစ်ခုက Text Message တစ်ခုနဲ့ စတင်နိုင်သလို အဆုံးလည်း သတ်နိုင်ပါတယ်။ Social Media က နေ့စဉ်ဘဝကို လွှမ်းမိုးလာတာနဲ့အမျှ ကောင်းတာ၊ ဆိုးတာဆိုတာကလည်း အမျိူးမျိုးရှိလာပါတယ်။ အကောင်းဘက်က တစ်ခုစဉ်းစားမယ်ဆိုရင်တော့ Crush နဲ့ အပြင်မှာ ကမောက်ကမနဲ့ စကားပြောစရာမလိုပဲ Virtual World ကနေ ဖြေးဖြေးချင်းစီ ချဉ်းကပ်နိုင်ပါပြီ။ ဘယ်အချိန်မှာ ဘာစကားပြောရမယ်ဆိုတာကအစ အချိန်ပိုယူနိုင်တာပေါ့။ မကောင်းတဲ့အရာတစ်ခုကို ပြောရမယ်ဆိုရင်တော့ ကိုယ်ကသာ ပြောနေတာ၊ လမ်းကြောင်းတွေခင်းနေတာ ဟိုဘက်က တကယ်စိတ်ဝင်စားလား၊ ပျင်းနေလို့ ပြန် Chat တာလားဆိုတာကို ဘယ်လိုမှမသိနိုင်ပါဘူး။

အချိန်မလွန်ခင်မှာ နောက်ပြန်ဆုတ်နိုင်ဖို့အတွက် သူပို့လာတဲ့ Text ပုံစံကိုကြည့်ပြီး ရှေ့တိုးသင့်၊ မတိုးသင့်ဆိုတာကို စဉ်းစားနိုင်ဖို့ (ကူညီတာပါ) အသုံးဝင်မယ့်အချက်လေးတွေပြောပြချင်ပါတယ်။ ဒီလိုမျိူး စာတွေတွေ့တာနဲ့ ပြန်ချေ ပလိုက်ပါတော့။ ကိုယ်ဘက်ကပဲ မြောင်းတွေဖောက်နေရတာ မမောဘူးလား။

ခပ်တိုတို Reply
ကဲယူနဲ့ စာလေးတစ်ကြောင်း၊ နှစ်ကြောင်းတောင်ရိုက်ဖို့ အားမထုတ်ချင်တာ ဘာတွေမျှော်လင့်အုံးမှာလဲ။ ကိုယ်ကသာ ထွေရာလေးပါးလျှောက်ပြောနေတာ သူ့ဆီက လက်မတို့ “k” တို့ ပြီးရင် “Haha” နဲ့ “Lol” တွေပဲပို့လာပြီဆိုတာနဲ့ ထပ်ပြီး အားမထုတ်ပါနဲ့တော့။

သူ့ဘက်ကစပြီး စာမပို့ဘူး။
စားပြီးပြီလားတို့၊ မိုးရွာနေတယ်တို့ ကိုယ်ကသာ သွားသွားပြောနေတာ။ သူ့ဘက်က ဘာလုပ်နေလဲဆိုတဲ့ စာတစ်စောင်တောင် ရောက်မလာရင်တော့ လုံးဝနိုးပါနော်။ ဒါက သူ့ဘက်က စိတ်မဝင်စားကြောင်းပြတာဖြစ်ပြီး ကိုယ်ထက် သူ့မှာ စိတ်ဝင်စားစရာပိုကောင်းတဲ့ကိစ္စတွေ ရှိနေနိုင်လို့ပါ။



ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်
ကိုယ်ကလည်း စိတ်ဝင်စားနေတဲ့သူတစ်ယောက်ဆီက “ရုပ်ရှင်သွားကြည့်မလား”တို့ “ကော်ဖီသောက်ရအောင်လေ”တို့ စတဲ့ Asking Out လုပ်တဲ့မေးခွန်းတွေက တကယ့်ကို အခွင့်အရေးကောင်းတစ်ခုပါ။ ဘယ်လောက်ပဲ ချေတဲ့သူဖြစ်နေစေအုံး။ “သွားကြမလား”တော့ ပြန်ပြောကြမှာပါ။ ဒီလိုမဟုတ်ဘူး..ကိုယ်ကစခေါ်လိုက်တိုင်း “မအားဘူး”၊ “အမေက အပြင်မထွက်ခိုင်းဘူး”၊ “သွားစရာရှိတယ်” တွေဆိုတာတွေက တကယ့်တော့ ကိုယ့်ကို ပါးပါးလေးပြန်ပုတ်ချနေတာပါတဲ့ရှင်။

ဖြေပဲဖြေတယ်။
လုံးဝကိုယ့်အပေါ် စိတ်မဝင်စားကြောင်းသိနိုင်တာက ကိုယ်မေးလိုက်တိုင်းတော့ ဖြေတယ်။ သူ့ဘက်က စကားပြန်မစလာတာပဲ။ “ယူကောတို့” ဘာတို့မလာပဲ။ “အင်း”နဲ့ ပြီးသွားရင်တော့ သူကိုယ်ကို အရေးမစိုက်တာသေချာနေပါပြီ။ ကိုယ်ကပဲ အားထုတ်နေရတာက စိတ်မကောင်းစွာပဲ ကိုယ်တစ်ယောက်တည်းကသာ တစ်ဖက်သတ် စိတ်ဝင်စားနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။



စာပြန်ပို့ဖို့ ကြာတယ်။
သူ့ဆီကနေ စာလေးတစ်ကြောင်း တွေ့ရဖို့ အချိန်တော်တော်လေးစောင့်လိုက်ရတယ်ဆိုရင်တော့ လည်ပင်းပဲရှည်သွားလိုက်မယ်။ ဘာမှဆက်ဖြစ်လာမှ မဟုတ်ပါဘူး။ အဲ့လိုမဟုတ်ဘူး ဖုန်းသိပ်မသုံးတဲ့သူ၊ အလုပ်များတဲ့သူဆိုရင်တောင်မှ သူ့ဆီကို Text တွေရောက်တဲ့အချိန်တိုင်းက အမြဲမအားနေမှာလည်းမဟုတ်ဘူးလေ။ Text တစ်စောင်ဖတ်ရဖို့ အမြဲစောင့်နေရတယ်ဆိုရင်တော့ အလိုလိုသိလိုက်တော့။

Seen ပဲဖြစ်တယ်
အသိသာဆုံးကတော့ ကိုယ်ပို့လိုက်တိုင်း Reply မလာပဲ Seen လေးပဲပြတာပါ။ ကိုယ်က စိတ်ဝင်စားစရာကောင်းတဲ့အကြောင်း ဒါမှမဟုတ် တစ်နေရာကို သွားမလားမေးတိုင်း Reaction မလာတဲ့အချိန်တွေပေါ့။ တော်တော်လေးကြာမှ ရောက်လာတဲ့ Text Message ကလည်း “ပို့ထားတာမတွေ့လိုက်လို့”တို့၊ “အိပ်ပျော်သွားတယ်တို့” ဆိုရင်တော့ သေချာပြီအရှုးလုပ်ခံနေရပါပြီ။ ဒီဇာတ်လမ်းကို မြန်မြန်အဆုံးသတ်သင့်နေပါပြီနော်။

 

, ,