×
Sex & Relationship

အမျိုးသမီးများအတွက် လိင်ဆက်ဆံခြင်း၏ ကောင်းကျိုးများ

ဒါမျိုးတွေက အမျိုးသမီးတွေအတွက်လည်း အကျိုးရှိစေသတဲ့လား

by Moethae Say

May 28, 2016

လိင်ဆက်ဆံတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးတော်တော်များများက ကိုယ့်အတွက်အကျိုးဖြစ်ထွန်းမှုတွေများပြားစေတယ်ဆိုတာကို သိမထားကြသေးပါဘူး။ လိင်ဆက်ဆံမှုဆိုတဲ့ ကိစ္စဟာ ရှုပ်ထွေးမှုတွေ ရှိသလောက် ကိုယ့်ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ အားသာချက်တွေရှိပါသေးတယ်။ ကောင်းမွန်မှန်ကန်တဲ့ လိင်ဆက်ဆံရေးဆိုတာလည်း အမျိုးသမီးများရဲ့ အရေးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့အတွက် မှန်ကန်တဲ့ လိင်ဆက်ဆံရေးကြောင့် ဘယ်လိုမျိုးကောင်းကျိုးတွေရရှိနိုင်တယ်ဆိုတာကို သိရှိစေဖို့အတွက် တင်ပြလိုက်ပါတယ်။

 

ရောဂါကာကွယ်မှုစနစ်ကို တိုးတက်စေခြင်း

လိင်ဆက်ဆံခြင်းဟာရောဂါကာကွယ်မှုကို တိုးတက်စေပြီး ဖျားနာမှုကို လျော့ကျစေနိုင်ပါတယ်။ ကောင်းမွန်တဲ့ အဆုံးသတ်စနစ်အထိရောက်ရှိစေဖို့အတွက် လိင်ဆက်ဆံမှုတွေပြုလုပ်ခြင်းဟာ ရောဂါပိုးတွေ၊ဗိုင်းရပ်(စ်)တွေ၊အခြား အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို တစ်ခါ သို့မဟုတ် နှစ်ခါလောက် လိင်ဆက်ဆံမှုပြုလုပ်တဲ့သူတွေဟာ လိင်ဆက်ဆံခြင်းလုံးဝမပြုလုပ်တဲ့သူတွေထက် ရောဂါကာကွယ်မှုစွမ်းရည်ပိုမိုမြှင့်တင်ပေးနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။ သင့်ရဲ့ ရောဂါကာကွယ်မှု စွမ်းရည်မြင့်တက်စေဖို့အတွက် အောက်ပါလေ့ကျင့်ခန်းတွေကို အထူးလိုက်နာကျင့်ကြံကြည့်လိုက်ပါဦး။

-ကောင်းမွန်တဲ့အစားအသောက်ကို မှန်ကန်စွာ စားသုံးခြင်း

-သွက်လက်စွာ နေထိုင်ခြင်း

-ကောင်းမွန်စွာ အိပ်စက်ခြင်း

-ကောင်းမွန်တဲ့ ကာကွယ်ဆေးထိုးခြင်း

-လိင်ဆက်ဆံစဉ် ကွန်ဒုံးကို အသုံးပြုခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။

 

လိင်ဆက်ဆံမှုစွမ်းရည်ကို တိုးမြှင့်ပေးနိုင်ခြင်း

လိင်ဆက်ဆံပြီး အသက်ရှည်ရှည်နေရတာကို အကြိုက်နှစ်သက်ဆုံးလား။လိင်ဆက်ဆံခြင်းဟာ သင့်ရဲ့လိင်ဆက်ဆံမှုစွမ်းရည်ကို အထူးမြှင့်တင်ပေးနိုင်ပြီး သက်လုံကောင်းစေမှာလည်း အသေအချာပဲဖြစ်ပါတယ်။ အမျိုးသမီးများအတွက် မအင်္ဂါရဲ့ စွမ်းရည်နဲ့ သွေးလှည့်ပတ်မှု၊မအင်္ဂါတင်းအားကိုလည်း အထူးမြှင့်တင်ပေးနိုင်ပြီး လိင်ခံစားနိုင်မှုကိုလည်း အထူးမြှင့်တင်ပေးစေနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

 

ဆီးသွားတဲ့ စနစ်ပိုမိုကောင်းမွန်စေခြင်း

တင်ပဆုံြွကက်သားကို ပိုမိုကောင်းမွန်စေပြီး ဆီးသွားခြင်းနှင့် ဆီးသွားစဉ် ထိန်းချုပ်စနစ်ကောင်းမွန်မှုကိုတော့ ၃၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေ ခံစားနေရပြီဖြစ်ပါတယ်။ ကောင်းမွန်တဲ့ လိင်ဆက်ဆံခြင်းက သင့်ရဲ့ တင်ပဆုံြွကက်သားကို အထူးသန်မာစေမှာ အသေအချာပါပဲ။ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုပြီးမြောက်ခြင်းဟာ ြွကက်သားတွေရဲ့ ဆန့်ကျုံ့ နိုင်စွမ်းကို အထူးကောင်းမွန်စေတာ အသေအချာပဲဖြစ်ပါတယ်။

 

သွေးဖိအားကို ကျဆင်းစေခြင်း

လိင်ဆက်ဆံခြင်းနှင့် သွေးဖိအားအကြား ဆက်သွယ်မှုကို သုတေသနပြုလေ့လာခြင်းအားဖြင့် တစ်ကိုယ်ရေ အာသာဖြေခြင်းမဟုတ်သော လိင်ဆက်ဆံရေးသည် သွေးဖိအားကို အမှန်တကယ်ကျဆင်းစေကြောင်းကို သိရှိခဲ့ရပါသည်။

 

 

လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်နေခြင်း

လိင်ဆက်ဆံခြင်းဟာ အရမ်းကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းအားဖြင့် တစ်မိနစ်လျှင် ငါးကီလိုကျဆင်းသွးပြီး ရုပ်မြင်သံကြားကြည့်ခြင်းထက် ၄ကီလို ပိုမိုကျဆင်းလျက်ရှိပါသည်။ ကြွက်သားအများစုကို အသုံးပြုရတဲ့ အတွက် နှလုံးခုန်နှုံးကိုလည်း အထူးကောင်းမွန်စေပါတယ်။ ကောင်းမွန်တဲ့ ပုံမှန်လိင်ဆက်ဆံမှုတစ်ခုကို ပြုလုပ်နေမယ်ဆိုရင်တော့ လေ့ကျင့်ခန်းအတွက် အချိန်ပေးစရာ မလိုတော့ပါဘူး။

 

နှလုံးရောဂါက ကာကွယ်ပေးတယ်

ကောင်းမွန်တဲ့ လိင်ဆက်ဆံခြင်းဟာ နှလုံးရောဂါကို ကာကွယ်ပေးတယ်။ အီစထရိုဂျင်နှင့် တက်စတိုစထရုန်းဟော်မုန်းကို မြှင့်တင်ပေးပြီး နှလုံးခုန်နှုန်းကိုလည်း အထူးကောင်းမွန်စေမှာ အသေအချာပဲဖြစ်ပါတယ်။ ဒီဟော်မုန်းဓါတ်များလျော့ကျလာပါက အရိုးပွရောဂါနှင့် နှလုံးရောဂါများကို ဖြစ်ပွားနိုင်စေပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ တစ်ပတ်လျှင် နှစ်ကြိမ်လိင်ဆက်ဆံခြင်းတဲ့အမျိုးသားများအနေဖြင့် နှလုံးရောဂါဖြင့် သေဆုံးမှုများကို ထက်ဝက်ခန့်လျော့ချပေးနိုင်မှာဖြစ်ပါတယ်။

 

နာကျင်မှုများကို လျော့ကျစေခြင်း

လိင်ဆက်ဆံခြင်းဟာ ဆေးပြီးတယ်ဆိုတာကိုရော သင့်အနေနဲ့ ယုံကြည်ပါရဲ့လား။ လိင်ဆက်ဆံခြင်းဟာ နင်ကျင်မှုကို လျော့ကျစေတဲ့ ဟော်မုန်းကို လျော့ချပေးတဲ့အတွက် နာကျင်မှုဒဏ်ရာများကို အထူးကျဆင်းစေပါတယ်။ လေ့လာတွေ့ရှိမှုအရ တစ်ကိုယ်ရေအာသာဖြေမှု ရှိတဲ့ အမျိုးသမီးများဟာ ခြေထောက်နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ လေးဘက်နာ၊ခေါင်းကိုက်ခြင်းစတဲ့ ဝေဒနာများကို ပျောက်ကင်းစေနိုင်ပါတယ်။

 

အိပ်ပျော်စေတယ်

လိင်ဆက်ဆံပြီးနောက်ပိုင်းမှာ လျင်မြန်စွာ အိပ်ပျော်စေခြင်းဟာ ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ လိင်ဆက်ဆံပြီးချိန်မှာ ပရိုလက်တင် ဟော်မုန်းများထွက်ရှိလာခဲ့တဲ့အတွက် ပိုမိုအနားယူနိုင်ပြီး အိပ်ပျော်ခြင်းကို အထူးအားပေးနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။

 

စိတ်ဖိစီးမှုကို လျော့ချပေးစေနိုင်ပါတယ်

ကိုယ့်ရဲ့အိမ်ထောင်ဘက်နဲ့ လိင်ဆက်ဆံခြင်းက စိတ်ဖိစီးမှုနဲ့ ပူပင်သောကတွေကို ဖြေလျော့ပေးနိုင်ပါတယ်။ လိင်ဆက်ဆံစဉ် တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ခြင်း၊ ပွေ့ ဖက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ သဘာဝဟော်မုန်းဓါတ်များကို ထွက်ရှိစေပြီး သင့်ရဲ့ ဦးနှောက်စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ လင်မယားချစ်သူအချင်းချင်းဆက်ဆံရေးကိုလည်း အထူးကောင်းမွန်စေပြီး တစ်ဦးနှင့်တစ်ဦးရင်းနှီးမှုပိုမိုစေကာ ပျော်ရွှင်မှုများကိုလည်း ပေးစွမ်းနိုင်စေမှာ အသေအချာပဲဖြစ်ပါတယ်။

 

 

 

 

.

                                                                                                                                                                                                                                                                                

Sex & Relationship

ကိုယ်ဝန်ဆောင်ချိန် လိင်ဆက်ဆံခြင်းက သန္ဓေသားကို ထိခိုက်စေနိုင်သလား။

အကြမ်းမျဉ်းအားဖြင့်တော့ မွေးဖွားခံနီးထိ လိင်ဆက်ဆံလို့ရပါတယ်။ ဒါပေမယ့်………………..

by Lin Lin

June 2, 2020

မေမေတို့အတွက် ကိုယ်ဝန်ဆောင်ချိန်ကို အကြမ်းမျဉ်းအားဖြင့် ၃ ပိုင်း ခွဲခြားထားတတ်ကြပါတယ်။ ပထမ ၃ လ ၊ ဒုတိယ ၃ လနဲ့ တတိယ ၃လ ဆိုပြီး ခွဲခြားထားပါတယ်။ ဆေးပညာအဆိုအရတော့ ရက်သတ္တပတ်နဲ့ တွက်ချက်တတ်ပါတယ်။ ဒီ အပိုင်း ၃ ပိုင်းကာလမှာ ကိုယ်ဝန်နုတဲ့ သန္ဓေသားစတည်ချိန်ဟာ မေမေတို့အတွက် အရေးကြီးဆုံးနဲ့ ဂရုစိုက်ရဆုံးကာလတွေလို့ ဆိုရပါမယ်။ ဒီကာလဟာ ကိုယ်ဝန်စရှိချိန်ကာလတွေမို့ ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်းနဲ့ ပျို့အန်ခြင်းတို့ကို အများဆုံးခံစားရတဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် လိင်ဆက်ဆံချင်စိတ်လည်း သိပ်မရှိနိုင်တာကြောင့် ဒီအချိန်တွေမှာ ဖေဖေတို့ကလည်း မေမေတို့ကို နားလည်ပေးပြီး အရင်ကထက်ပိုပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်နော်။ ဒီကာလကို လွန်မြောက်ခဲ့ပြီဆိုရင်တော့ မေမေတို့ဟာ အရင်ကလောက် နေထိုင်မကောင်းခြင်းကို မကြုံကြရတော့ဘဲ မေမေအဖြစ်ကို စတင်ဖို့အတွက် ပြင်ဆင်နေပါပြီ။


ကိုယ်ဝန်ဆောင်ချိန်လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး မေမေတို့ဟာ သန္ဓေသားလေးကို ထိခိုက်မှာကို စိုးရမ်တတ်ကြပါတယ်။ သန္ဓေသားလေးဟာ လုံခြုံတဲ့ သားအိမ်အတွင်းထဲမှာ ရှိနေတာမို့ သန္ဓေသားလေးကို ထိခိုက်မှာကိုတော့ စိုးရိမ်ဖို့မလိုအပ်ပေမယ့် ဖေဖေတို့အနေနဲ့ မေမေတို့ရဲ့ စိတ်ဆန္ဒကို မေးဖို့လိုပါတယ်နော်။ ကိုယ်ဝန်ဆောင်ချိန်ကာလဟာ မေမေတို့အတွက် လိင်ဆက်ဆံခြင်းဆန္ဒထက် Baby လေးအတွက်သာ အာရုံရှိတတ်ကြတာမို့ နှစ်ဦးသဘောတူမှသာလျှင် ဆက်ဆံဖို့အကြံပြုချင်ပါတယ်နော်။ တစ်ဖက်မှာလည်း မေမေတို့ရဲ့အတွေးတွေဟာ ကိုယ်ဝန်ရှိနေချိန်မှာ ဖေဖေတို့ အပြင်မှာဖောက်ပြန်မှာလည်း တွေးပူတတ်ကြပါတယ်။

ဒီလိုအချိန်မှာ လိင်ဆက်ဆံကြတဲ့အခါမှာလည်း မေမေတို့ သက်သောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတွေကို ရွေးချယ်ပြီး ဆက်ဆံဖို့ အကြံပေးပါရစေနော်။ ဖေဖေတို့အနေနဲ့လည်း မေမေတို့အတွက် ညင်သာစေမယ့် နည်းလမ်းလေးတွေကို လေ့လာထားဖို့လိုပါတယ်နော်။

ကိုယ်ဝန်ဆောင်မေမေတို့ လိင်ဆက်ဆံတဲ့အခါမှာ သက်သောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတချို့ကို ပြောပြပေးရမယ်ဆိုရင်တော့ မေမေတို့ရဲ့ ဗိုက်ကို ဖိမိစေမယ့် အနေအထားမျိုးကတော့ ဘယ်လိုမှအဆင်မပြေနိုင်တာကြောင့် ဘေးတိုက်အနေအထားနဲ့ ဆက်ဆံဖို့လိုပါတယ်။ ဒါ့အပြင် မေမေတို့က ကုတင်စွန်းမှာ ပက်လက်အနေအထားနေပြီး ဖေဖေတို့က မတ်တပ်ရပ်အနေအထားမျိုးနဲ့လည်း ဆက်ဆံနိုင်ပါတယ်။ ဆက်ဆံနေချိန်မှာ လိင်စိတ်အထွဋ်အထိပ်ကို ရောက်နိုင်တာကြောင့် မေမေတို့အနေနဲ့ ဖေဖေတို့ရဲ့ အပေါ်ကနေ ဆက်ဆံနိုင်ပါတယ်။ ဖေဖေတို့အနေနဲ့ ညင်သာပေးဖို့တော့ လိုပါတယ်နော်။


ချစ်တင်းမနှောခင်မှာ ဘယ်လိုအနေအထားမျိုးက မေမေတို့အတွက် သက်သောင့်သက်သာဖြစ်စေလဲဆိုတာကို အရင်ဆုံးဆွေးနွေးဖို့လိုပါတယ်နော်။ ချစ်တင်းနှောနေချိန်တွင်း မည်မျှပင်စိတ်အထွဋ်အထိပ်ရောက်ရှိစေကာမူ ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်တဲ့ စအိုထဲ ထည့်သွင်းတာကိုရော ရှောင်ရှားဖို့လိုပါတယ်နော်။ ဒီလိုလုပ်ခြင်းက မေမေတို့အတွက် အန္တရာယ်ဖြစ်စေနိုင်တာကြောင့်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံဖို့မသင့်တော်သူတွေကတော့ ကလေးပျက်ကျဖူးသူ၊ ကလေးအချင်းရှေ့ရောက်နေသူ၊ သွေးအားနည်းခြင်း၊ အမွှာကိုယ်ဝန်ဖြစ်ခြင်း၊ အဖြူဆင်းခြင်း အစရှိတဲ့ သူတွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံခြင်းကို ရှောင်ဖို့လိုပါတယ်နော်။

,

Sex & Relationship

သင့်ချစ်သူက ပေးတဲ့ အနမ်းရဲ့ အဓိပ္ပာယ်နဲ့ သင့်အပေါ်ထားရှိတဲ့ခံစားချက်

သင့် Partner က သင့်ကို ဘယ်လိုအနမ်းမျိုးနဲ့ ပြုစားထားလဲ။

by JN Ja Seng Pan

May 3, 2020

စိတ်ခံစားချက်အပြည့်နဲ့ လေးလေးနက်နက်နမ်းတဲ့ အနမ်းတွေကိုတော့ ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး။ နှစ်ယောက်ကြားထဲက Chemistry အပေါ်မူတည်ပြီး ဒီ အနမ်းတစ်ပွင့်က ကောင်းလား၊ မကောင်းလားဆိုတာကိုလည်း အလွယ်တကူဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအနမ်းတစ်ခုထဲကိုပဲ သိနေလို့အဆင်မပြေပါဘူး။ အနမ်း အမျိူးအစားက အမြာက်အမြားရှိသလိုပဲ အချိူ့အနမ်းတွေကလည်း ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့အရာတွေမို့လို ဒီအနမ်းတွေက ပြောတဲ့အဓိပ္ပာယ်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အနမ်းတွေမှာ ကွဲပြားတဲ့ အဓိပ္ပာယ်တွေနဲ့ သင်္ကေတတွေရှိနေတတ်ပါတယ်။ အနမ်းတွေပေါ်အခြေခံပြီး ကိုယ့်ရဲ့ Partner က ကိုယ့်အပေါ်ဘယ်လိုခံစားချက်ရှိလဲဆိုတာကို သိနိုင်ဖို့အတွက် အဖြေရှာကြည့်လိုက်ရအောင်။

Forehead Kiss
နဖူးပေါ်မှာ အနမ်းလေးပေးတာက စိတ်ပိုင်းဆိုင်ရာနီးစပ်မှုရှိနေတဲ့ အတွဲတွေမှာ မြင်တွေ့ရပါတယ်။ သင့်ကို ချစ်စရာကောင်းတဲ့သူလို့ မြင်ပြီး ကာကွယ်ပေးလိုစိတ်နဲ့ အမြဲ Support ပေးချင်နေတဲ့စိတ်ရှိနေတဲ့သူလို့ ချစ်မှုရေးရာအကြံပေး David Bennett က ပြောပါတယ်။ သင့်ရဲ့ Partner ဆီက Forehead Kiss တွေ အများကြီးရလေ့ရှိတယ်ဆိုရင်တော့ လက်ရှိအချစ်ရေးက အစစ်အမှန်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

Neck Kiss
လည်ပင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက Sensitive အဖြစ်ဆုံးနေရာထဲမှာ ပါဝင်ပြီး တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့ပျော့ကွက်တစ်ခုလည်းဖြစ်ပါတယ်။ အကယ်လို့ သင့် Partner က သင့်ရဲ့ လည်တိုင်ကို အနမ်းပေးနေပြီဆိုရင် သင့်ကို ဆွဲဆောင်ဖို့ အနုနည်းနဲ့ ကြိုးစားနေတာပါ။ လိင်စိတ်နိုးကြွလာအောင် လုပ်တယ်လို့လည်း ပြောလို့ရပါတယ်။ နောက်ထပ်အဆင့်အနေနဲ့ သင့်ရဲ့ အင်္ကျီကို ချွတ်ဖို့ ကြိုးစားရင် ကြိုးစားမှာပါ။

Cheek Kiss
ဥရောပနိုင်ငံတွေမှာ ကျင့်သုံးလေ့ရှိတဲ့ ယဉ်ကျေးမှုတစ်ခုလို့လည်း ပြောလို့ရပါတယ်။ သူငယ်ချင်းအချင်းချင်းကြားထဲမှာလည်း ဒီလိုအပြုအမူကို ပြုလုပ်လေ့ရှိကြပါတယ်။ Cheek Kiss ကို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်တော့ သင်နဲ့ရှိနေရတာကို ပျော်ရွှင်တဲ့အကြောင်း၊ ရင်းနှီးတဲ့ သံယောဇဉ်ကို ပြသတဲ့ ခံစားချက်ဖြစ်ပါတယ်။ ချစ်သူစုံတွဲတွေ စစတွဲချင်းမှာလည်း ရင်းနှီးဖို့ရယူဖို့ ဒီလိုမျိူး အနမ်းကိုပေးလေ့ရှိကြပါတယ်။



Stomach Kiss
ဗိုက်သားပေါ်မှာ အနမ်းပေးတာက သင်နဲ့ အတူရှိရတာက လွတ်လပ်ပေါ့ပါးပြီး နီးကပ်တဲ့ခံစားမှုကို ခံစားရလို့ဖြစ်ပါတယ်။ ဟုတ်တာပေါ့..တော်ရုံ နီးကပ်ရုံလောက်နဲ့ ဗိုက်ကိုတော့ ဘယ်သူက အနမ်းပေးမှာလဲနော်။ အထူးသဖြင့် Private Part နဲ့ နီးတဲ့ အဲ့ဒီနေရာကိုပေါ့။

Hand Kiss
လက်တွဲထားတဲ့အချိန်ပဲဖြစ်ဖြစ်၊ လက်ကလေးကို ကိုင်ပြီး အနမ်းပေးထားက ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ပြုလုပ်တတ်ကြပါတယ်။ ဒီအနမ်းရဲ့ သင်္ကေတကတော့ သဘောကျလေးစားမှု၊ ကြင်နာမှုနဲ့ အချစ်စိတ်တွေ ပြည့်လျှံနေတယ်လို့ ဆိုပါတယ်။ ထပ်ပြီးဖြည့်စွက်ရမယ်ဆိုရင်တော့ သင့် Partner ဆီက ယုံကြည်မှုကို အပြည့်အဝရထားလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။



All over your body
သင့်ရဲ့ Partner ကတော့ သင့်ကို အရှုးအမှုးကိုဖြစ်နေပါပြီ။ ခန္ဓာကိုယ်ကိုယ်အနှံ့ အနမ်းပေးတာက Sexually အရ လိုအင်ဆန္ဒရှိနေပြီး သင့်ကို အင်မတန်မှ ပိုင်ဆိုင်ချင်နေတဲ့သူတစ်ယောက်ပါ။ အခုထက်ပိုတဲ့ ရင်းနှီးမှုမျိူးကို တစ်ဆင့်ထပ်တိုးချင်တယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။

Deep & Passionate Kiss
Romantic Movie တွေထဲမှာ မြင်ရတဲ့ Sensual အနမ်းတွေကို သိမှာပါ။ နှစ်ယောက်ကြားက ပြင်းပြလေးနက်တဲ့ ခံစားချက်၊ ချစ်ခြင်းနဲ့ Strong Chemistry တွေကြောင့် ဖြစ်ပေါ်လာတဲ့ စွဲမက်စရာအနမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအနမ်းမျိူးခြွေခဲ့ရင်တော့ ဒါကကောင်းမွန်တဲ့ သင်္ကေတပါ။ သင့်ရဲ့ Partner က သင့်ကိုအရမ်းမြတ်နိုးတယ်ဆိုတာကို အဓိပ္ပာယ်ဖော်လို့ရပါတယ်။ လွယ်လွယ်နဲ့ ဟန်ဆောင်လို့မရတဲ့ အနမ်းမို့ သင့်ကို တကယ်တန်ဖိုးထားမှသာ ဖြစ်ပေါ်နိုင်တာမို့ လက်ရှိအခြေအနေ ကဘယ်လိုလဲဆိုတာခန့်မှန်းလို့ရမှာပါနော်။

, , ,

Sex & Relationship

Self-Isolation အချိန်မှာအချစ်တွေ မအေးစက်သွားအောင် ဘာတွေလိုအပ်မလဲ

ဝေးကွာခြင်းတွေကြားမှာ ချစ်ခြင်းတွေခိုင်မြဲစေဖို့…

by May Shoon

April 24, 2020


အခုချိန်လို Self-Isolation တွေ၊ City Lockdown တွေလုပ်နေရတဲ့အချိန်မှာ တစ်မြေစီဝေးနေတဲ့သူတွေမှ Long Disance Relationship မဟုတ်ပါဘူး။ တစ်မြို့ထဲမှာ နေကြတဲ့ ချစ်သူစုံတွဲတွေတောင်မြင်တွေ့ခွင်မရတော့တဲ့အချိန်မို့ LDRS တွေလိုပဲခံစားကြရမှာအမှန်ပါပဲ။ အရင်လို အပြင်လည်း ထွက်လို့မရသေးတဲ့အခိုက်အတန့်မို့ ချစ်သူတွေကြားမှာ လွမ်းဆွေးမှုတွေ နဲ့အတူ အနေဝေး လို့သွေးအေးမှုတွေ၊ အချစ်တွေအရင်ကလို နွေးထွေးမှုမရှိတော့တာတွေလည်းဖြစ်လာတတ်ပါတယ်။
တစ်ခါတစ်လေဖုန်းနဲ့စကားပြောရင်း အချေအတင်စကားများရတာမျိုးတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒါကြောင့် အခုလို Coronavirus ကြောင့် အိမ်မှာပဲနေရတဲ့အချိန်မှာ သင်နဲ့သင့်ချစ်သူအတွက် ခိုင်မြဲတဲ့ ဆက်ဆံရေးကိုတည်ဆောက် ဖို့အတွက်မဖြစ်မနေလုပ်ရမယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

ဂရုစိုက်ဖို့သတိပေးတာ
တခါတလေ ချစ်တယ်ဆိုတဲ့စကားထက်လေးနက်တဲ့ စကားလေးတွေရှိပါတယ်။ “အစားကောင်းကောင်းစားရဲ့လား။” “အိပ်ရေးဝအောင်အိပ်နော်။” “အားဆေးပုံမှန်သောက်နော်။” “လက်ဆေးပြီးပြီလား။” စတဲ့ ကိုယ့်ချစ်သူကို အသေးအဖွဲလေးတွေကအစ ဂရုတစိုက်ရှိပေးတာတွေက နေ့တိုင်းအရမ်းချစ်တယ်ဆိုတဲ့စကားထက် ပိုပြီးတော့ လေးနက်စေပါတယ်။ အဲ့လို တစ်ယောက်ရဲ့ လိုအပ်ချက်လေးတွေကို တစ်ယောက်က သတိတရနဲ့ အမြဲ Remind လုပ်ပေးတာလေးတွေ၊ စောင့်ရှောက်ပေးတာလေးတွေက သင်တို့နှစ်ယောက်လုံးရဲ့အချစ်ကို ပိုပြီးနွေးထွေးစေပါတယ်။

ရယ်စရာ ကောင်းတာလေးတွေ Share ပေးတာ
အခုလို Self-Quarantine လုပ်နေရတဲ့အချိန်တွေမှာ လူတိုင်းတော့အနည်းနဲ့အများပျင်းနေကြတာချည်းပါ။ သင့်ချစ်သူ Online ဖြစ်နေတဲ့အချိန် နှစ်ဦးလုံးနဲ့သက်ဆိုင်တဲ့ Relatable ဖြစ်တဲ့အကြောင်းအရာ Post လေးတွေ၊ ရယ်စရာကောင်းတဲ့ Video လေးတွေ၊ Meme တွေ Share ပေးတာ၊ ကြည့်စေချင်တဲ့ TV Series တွေအတူတူကြည့်တာလေးတွေကလည်း သင့်တို့နှစ်ယောက်ရဲ့ Relationship ကို အမြဲတမ်း အသက်ဝင်နေစေမှာပါ။ သူ့ရဲ့တစ်နေ့တာလေးကိုပြုံးပျော်စေတာကလည်း သင့်အတွက်ပီတိပဲမလား။

သင့်တစ်နေ့တာကို သူနဲ့ဖြတ်သန်းတာ
အရင်လို Hang Out လုပ်လို့မရလို့၊ နေ့လည်စာအတူတူမစားရလို့ စိတ်ညစ်နေမယ့်အစား Video Call ၊ Face Time လေးနဲ့ အလွမ်းဖြေလို့ရပါတယ်။ နေ့လည်စာ၊ ညစာစားနေချိန် ဖုန်းလေးဖွင့်၊ Laptop လေးဖွင့်ပြီးသင့်ချစ်သူနဲ့ Video Call/ Face Timing လုပ်တာကလည်း သင့်တို့နှစ်ယောက်အတွက်အတူတူ Hang Out လုပ်ရသလိုခံစားရစေမှာပါ။ အဲ့အပြင် အိပ်ခါနီးအချိန်လေးတွေ၊ သင် Kitchen ထဲမှာ ဘာတွေချက်နေလဲဆိုတာကိုလည်း Video Call နဲ့အမြဲဆက်သွယ်ပေးတာက သူနဲ့အတူတစ်နေ့တာကို ဖြတ်သန်းတာနဲ့အတူတူပဲပေါ့။

နှစ်သိမ့်စကားပြောပေးတာ၊ နားထောင်ပေးတာ
ဒီလို ကပ်ရောဂါ(Pandemic) ဖြစ်နေတဲ့အချိန်မှာ အားလုံးအနည်းနဲ့အများတော့ စိုးရိမ်ပူပန်ကြပါတယ်။ ဒီရောဂါကူးစက်မှုကြောင့်မဟုတ်ရင်တောင် နောက်ဆက်တွဲပါလာတဲ့ လူမှုရေး၊စီးပွားရေး၊ အလုပ်အကိုင်အခက်အခဲတွေကြောင့် Stress တွေရှိလာတတ်ပါတယ်။ သင့်ချစ်သူလည်း သူကြုံတွေ့ရတဲ့အခက်အခဲတွေ၊ Stress တွေ၊ အထီးကျန်မှုတွေ၊ စိတ်အားငယ်မှုတွေရှိလာလို့ ရင်ဖွင့်တဲ့အခါ စိတ်ရှည်ရှည်နားထောင်ပေးပြီး အားပေးနှစ်သိမ့်ပေးတာက အထိရောက်ဆုံး ဂရုစိုက်မှုပါပဲ။ သင့်ရဲ့ အားပေးစကားနဲ့ အနားမှာအမြဲရှိနေပေးတယ်ဆိုတဲ့စကားလေးတွေက သင်တို့ရဲ့ ချစ်ခြင်းမေတ္တာကို ပိုပြီးခိုင်မြဲစေပါတယ်။

Space ပေးတာ
အခုလို Self-Quarantine အချိန်မှာ Couple တွေအများဆုံး စကားများကြတာရဲ့ တရားခံက Trust Issue ပါ။ အခုလို တစ်နေရာစီနေနေရတဲ့အချိန်မှာ တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်သံသယတွေနဲ့စွပ်စွဲမယ့်အစား ချစ်သူကိုယုံကြည်ပေးပါ။ ချစ်တာလည်းချစ်သလို သူ့ရဲ့ကိုယ်ပိုင် Personal အချိန်၊ Personal Space ကိုလည်းလေးစားပါ။ ဒီလိုဆို နှစ်ဦးကြားကချစ်ခြင်းတွေကပိုမို ခိုင်မြဲပြီး ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ Relationship Life လေးတွေကို တည်ဆောက်နိုင်မှာအသေချာပါပဲ။

 

, , ,

Sex & Relationship

ကိုယ့်ရည်းစားကို စနှိုက်ကျော်လာတဲ့သူကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

သူတို့ဘယ်လောက်ကြာကြာခံနိုင်လဲဆိုတာ စောင့်ကြည့်နေလိုက်ပါ။

by Lin Lin

March 21, 2020

သုံးပွင့်ဆိုင်အချစ်ရေးဟာ အရမ်းကို စိတ်ရှုပ်ဖို့ကောင်းပါတယ်။ မိန်းကလေးတွေအတွက် ကိုယ့်ကောင်လေးကို စနိုက်ကြော်ခံရခြင်းမှာလည်း အလွန်ခံပြင်းစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ သင့်မှာ ယောကျားပီသတဲ့ ချစ်သူတစ်ဦးကို ပိုင်ဆိုင်ထားတဲ့အကြောင်း သိထားတဲ့ တခြား မိန်းကလေးတစ်ယောက်က သင့်ချစ်သူကောင်လေးကို စနိုက်ကြော်မယ့် အငွေ့အသက်တွေကို မြင်နေရပြီဆိုရင်တော့ သင့်ကောင်လေးကို ပြန်ဆွဲဆောင်ဖို့အတွက် နည်းလမ်းလေးတစ်ချို့ကို ပြောပြပေးမယ်နော်။

သူ့ရဲ့ အပြုအမူတွေကို သေချာသုံးသပ်ပါ။
သင့်ကောင်လေးနဲ့ သူမတို့ဟာ အီစီကလီအဆင့်လား။ ရိုးရိုးသားသားစကားပြောရုံလား။ သူစကားပြောနေတဲ့သူက အိမ်နီးနားချင်းလား။ သူငယ်ချင်းရဲ့ GirlFriend လား ဆိုတာကို သေချာဆန်းစစ်ပါ။ မသင့်လျော်တဲ့အပြုအမူအတွက် သင်ခွင့်မပြုဘူးဆိုတာကို သိအောင်ပြောပါ။ ဒီလိုပြောတဲ့အခါမှာလည်း အကြောင်းပြချက်မရှိ အပြစ်ပြောတဲ့ပုံစံမျိုးမဖြစ်ပါစေနှင့်။ ပါးနပ်မှုရှိပါစေ။

သူမကို ရပ်တန့်ဖို့အတွက် အေးအေးဆေးဆေးပြောပါ။
အခြေအနေနဲ့ အချိန်အခါကို မူတည်ပြီး သူမဟာ သင့်ကောင်လေးအပေါ်ကို အီစီကလီလုပ်နေတဲ့ လမ်းစကို မြင်နေပြီဆိုရင်တော့ သူမကို မသောင်းကျန်းဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ အေးအေးဆေးဆေးပြောပါ။ နားလည်မှုရှိသူဆိုရင်တော့ သူ့အလိုလိုနောက်ဆုတ်သွားပါလိမ့်မယ်။

သင့်ကောင်လေးကို ပြောပါ။
ဒီမိန်းကလေးဟာ သင့်ကောင်လေးအပေါ်ကို သာမာန်ထက်လွန်ကဲတဲ့အပြုအမူတွေ လုပ်နေတဲ့အကြောင်းကို သူသိအောင်ပြောပြပါ။ တဆက်တည်းမှာပဲ ဒီလို အပြုအမူမျိုးကို သင်လက်မခံနိုင်တဲ့အကြောင်းကို အေးအေးဆေးဆေးပြောပြပါ။

ယုံကြည်မှုရှိရှိနေပါ။
အကယ်၍ သင့်ကောင်လေးဟာ တစ်ခြားကောင်မလေးတစ်ယောက်ဆီကို သွားဖို့အတွက် ခြေလှမ်းပြင်နေတာကို သင်ရိပ်မိနေပြီဆိုရင်တော့ သူ့ကို ဖိအားမပေးဘဲ Confident ရှိရှိနေလိုက်ပါ။ သူတို့ဘယ်လောက်ကြာကြာခံနိုင်လဲဆိုတာ စောင့်ကြည့်နေလိုက်ပါ။ သင် Strong ဖြစ်စေဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

သူမကို မသောင်းကျန်းလိုက်ပါနဲ့။
စိတ်ခံစားချက်အရ မခံချင်စိတ်နဲ့ ဝင်ရောက်လာတဲ့ မိန်းကလေးကို ဒေါသထွက်ရန်လိုနေမှာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်ဟာ Confident ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ပြလိုက်ပါ။ နောက်ထပ် ဒီအဖြစ်အပျက်ကို Handle လုပ်ထားနိုင်ဖို့နည်းလမ်းတစ်ခုကတော့ သင်တို့ရဲ့ Relationship ကို လေးစားမှုရှိကြောင်း ပြသပါ။

သူမမျှော်လင့်တဲ့အတိုင်း ဘယ်တော့မှ ဖြစ်မလာဘူးဆိုတာကို ပြသလိုက်ပါ။
သင့်ကောင်လေးဟာ သင့်ကို ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေအကြောင်း ပြောပြခဲ့ရင် ခွင့်လွှတ်ပေးလိုက်ပါ။ ဒီကိစ္စကြောင့် သင်တို့ နှစ်ဦးအကြားမှာ အများကြီးပြောင်းလဲ သွားမှာမဟုတ်ဘူးဆိုတာ တတိယလူသိအောင် ပြသလိုက်ပါ။ လိမ္မာပါးနပ်ဖို့တော့ လိုပါလိမ့်မယ်နော်။

မိန်းကလေးတို့ရေ စနိုက်ကြော်ခံရတဲ့ ခံစားချက်ဟာ တော်တော်ကို ဆိုးဝါးတဲ့ အဖြစ်အပျက်ပါ။ ဒီလိုအခြေအနေမှာ အရေးကြီးဆုံးကတော့ ဒီအဖြစ်အပျက်ကို Handle လုပ်နိုင်ဖို့က အဓိကပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြပါစေနော်။

 

,

Sex & Relationship

Social Media မှာ Crush နဲ့ Conservation ကို ဘယ်လိုတည်ဆောက်ကြမလဲ

Hi! How are you ? လောက်နဲ့ မိမိအဖြစ်ကို ကျေနပ်နေကြပြီလား။

by Lin Lin

March 3, 2020

ဒီတစ်ခေါက်မှာတော့ ပျိုမေတို့ ကိုယ့်ရဲ့ Crush နဲ့ Conservation ကို ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးမယ်နော်။
Crush Account လေး မီးစိမ်းနေတာကို ထိုင်ကြည့်နေရုံနဲ့ ကျေနပ်နေကြသူတွေအများကြီးပါ။ Hi! How are you ? လောက်နဲ့ မိမိအဖြစ်ကို ကျေနပ်နေကြပြီလား။ တစ်နေ့ကို စကားတစ်ခွန်းလောက်ပြောရုံနဲ့ အခြေအနေကောင်းနေတာမဟုတ်ပါဘူးနော်။ စကားများများပြောပေးမှ ရင်းနှီးမှာဖြစ်တာကြောင့်လည်း အရင်ဆုံးရင်းနှီးမှုကို ရအောင်ယူတတ်ဖို့လိုပါတယ်။ ဒီလိုစကားတွေအများကြီး ပြောဖို့ကလည်း ပြောတဲ့စကားတွေက အဓိပ္ပါယ်ရှိပြီး ရှေ့ဆက်ပြောလို့ရမယ့် Conservation ကို တည်ဆောက်ပေးဖို့ လိုပါတယ်။

ကဲ ဘယ်လိုစကားတွေကြောင့် Crush ဘက်က စိတ်ဝင်တစား Reply တွေပြန်ရနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။

သင်က သူ့အကောင့်ကို အမြဲကြည့်နေတတ်တာ မှန်ပေမယ့်လည်း သူ့အကောင့်မီးစိမ်းလာတာနဲ့ တပြိုင်နက် ချက်ချင်းစကားသွားပြောဖို့မလိုပါဘူး။ စကားမပြောခင်မှာလည်း သူဘာကိုစိတ်ဝင်စားလဲဆိုတာကို သိအောင်အရင်လုပ်ထားပါ။ လူတစ်ယောက်ရဲ့ အကြိုက်တွေ စိတ်ဝင်စားမှုတွေက သူ့ရဲ့ Timeline မှာ အကြမ်းမျဉ်းတော့ သိနိုင်ပါလိမ့်မယ်။ Conservation တစ်ခုကိုတည်ဆောက်တဲ့အခါ ကိုယ့်ဘက်က လိမ္မာပါးနပ်ဖို့တော့ လိုပါတယ်နော်။
Conservation တစ်ခုစတင်တဲ့အခါမှာ စစချင်းပြောလိုက်တဲ့စကားမှာတင် စကားစပြတ်မသွားဖို့လိုပါတယ်နော်။ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် စကားလေးတွေနဲ့ စတင်ဖို့ကြိုးစားပါ။ “How are you ?” “What’s up” လို့ စတင်နှုတ်ဆက်မယ့်အစား သူစိတ်ဝင်စားနိုင်လောက်မယ့် ပေါ့ပေါ့ပါးပါးအကြောင်းအရာတစ်ခု ဒါမှမဟုတ် Update News တစ်ခုခုအကြောင်းကို ပြောရင်နဲ့ စတင်ပြီး ဆွေးနွေးတာက သင်တို့ရဲ့ Conservation ကို ရှည်ကြာစေမှာပါ။

သူစိတ်ဝင်စားတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ Campaing တွေ Workshop တွေရှိခဲ့ရင်လည်း အရင်ဆုံးအကြောင်းကြားပြီး သင်ကိုယ်တိုင်စိတ်ပါဝင်စားပြီး အတူတူသွားချင်တဲ့ အကြောင်းကို မသိမသာလေးတွေ ပြောပြပါ။
နေ့စဉ်ပုံမှန် Message လေးတွေပို့ပါ။ သူ့လုပ်ငန်းခွင်အကြောင်း၊ သူ့ပတ်ဝန်းကျင်အကြောင်းတွေ စိတ်ဝင်တစားနဲ့ တစ်နေ့ နည်းနည်းချင်းစီမေးသွားပါ။ သူ့ရဲ့ တစ်နေ့တာကြုံတွေ့ရတဲ့ အကြောင်းအရာတွေအတွက် ညအချိန်တွေမှာ ရင်ဖွင့်ပြောပြရသူတစ်ယောက်အဖြစ် ရောက်ရှိအောင် ဖန်တီးရယူပါ။ သင်နဲ့စကားပြောရတာဟာ သူ့အတွက် ပေါ့ပါးပြီး ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ဖြစ်လာအောင် ကြိုးစားကြည့်ပါ။

ကဲ ဒီတော့ အပေါ်က အချက်လေးတွေကို လုပ်ကြည့်ပြီးပြီဆိုရင်တော့ Crush ရဲ့ စိတ်ထဲ သင်ရှိ မရှိ သိရအောင် လိမ္မာပါးနပ်စွာနဲ့ သူ့ရဲ့ခံစားချက်တွေကို ဖွင့်ဟလာအောင် လုပ်ဖို့ကတော့ သင့်တာဝန်ဖြစ်သွားပြီနော်။
Crush လေးနဲ့ အဆင်ပြေကြပါစေနော်။

 

, ,

Sex & Relationship

Zodiac Sign တွေအလိုက် အသဲကွဲတာကို ဘယ်လိုဖြတ်ကျော်ကြမလဲ

ရာသီခွင်အလိုက် ဘယ်လိုအပန်းဖြေမှုတွေက ကိုယ့်အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသဲကွဲမှုတွေကို ကုစားပေးမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

by Lin Lin

October 30, 2019

 

Relationship တစ်ခုမှာ အကြောင်းအရာတစ်တခုခုကြောင့် လမ်းခွဲခဲ့တဲ့နောက်မှာတော့ စိတ်ဓာတ်ကျပြီး အသဲကွဲတတ်ကြပါတယ်။ ဒီလိုမျိုး အသဲကွဲနေမယ့်အစား မိမိတို့ ရာသီခွင်အလိုက် ဘယ်လိုအပန်းဖြေမှုတွေက ကိုယ့်အတွက် ပေါ့ပေါ့ပါးပါးနဲ့ အသဲကွဲမှုတွေကို ကုစားပေးမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

Aquarius
ဒီရာသီဖွားလေးတွေကတော့ ဘယ်တော့မှပြန်လှည့်မကြည့်တတ်တဲ့ လူတွေပါ။ လွတ်လွတ်လပ်လပ်နေတတ်တဲ့ သူတွေဖြစ်တာကြောင့် လွတ်လပ်မှုကိုပဲ အမြဲရှာဖွေနေတတ်သူတွေပါ။ ဒါကြောင့် ဒီရာသီဖွားလေးတွေ အသံကွဲတဲ့အခါမှာ ခရီးထွက်ပါ။ ခရီးထွက်ခြင်းဟာ သင်နဲ့သင့်တော်တဲ့ ကုစားနည်းပါပဲ။ သင်သွားချင်တဲ့နေရာကို တစ်ယောက်တည်းခရီးထွက်လိုက်ပါ။ Relationship ရှိခဲ့တဲ့အချိန်မှာ သင်ရှင်သန်ခဲ့တဲ့အချိန်တွေကို မေ့ပစ်နိုင်တဲ့အထိ ခရီးထွက်ပါ။ ခရီးထွက်ခြင်းက Aquarius တို့အတွက် အကောင်းဆုံးသော စိတ်အပန်းဖြေနည်းလေးပါ။

Pisces
တစ်ကိုယ်ကောင်းမဆန်ဘဲ အကောင်းဘက်ကပဲ မြင်တတ်တဲ့ ရာသီဖွားလေးတွေဖြစ်တာကြောင့် အသဲကွဲတယ်လို့ ပြောလိုက်တဲ့အခါ သူငယ်ချင်းတွေကတော့ သင့်ကို အံ့သြကြပါလိမ့်မယ်။ ခံစားနေရတဲ့ ခံစားချက်တွေကို ဖွင့်ထုတ်လိုက်ပြီး ကဗျာတွေအဖြစ်နဲ့ ပြောင်းလဲလိုက်ပါ။ ကဗျာတွေရေးပြီး Blog တစ်ခုကို စတင်လိုက်ပါ။

Aries
သင်နဲ့ ပြတ်စဲသွားကြတဲ့ Ex တွေအားလုံးက သင့်ကို အမြဲသတိတရရှိနေကြမှာပါ။ သင့်က သစ္စာတရားကို အလေးအနက်ထားတတ်တဲ့ ရာသီဖွားဖြစ်တာကြောင့် သင့်ရဲ့ သစ္စာစောင့်သိမှုနဲ့ ဒါကြောင့် သင့်ရဲ့ အသဲကွဲမှုတွေကြောင့် ပြိုလဲနေရတာတွေကို ၂၄ နာရီအတွင်းမေ့ပျောက်လိုက်ပါ။ တစ်စုံတစ်ယောက်နဲ့ blind date လိုက်ပါ။ ကဲ ဘာတွေကို စောင့်နေဖို့ လိုနေသေးလဲ။

Taurus
သင့်ဟာ ပြတ်သွားပြီးတဲ့ Ex နဲ့ သူငယ်ချင်းတွေအဖြစ်ဆက်ရှိနေနိုင်မယ့် သဘာဝရှိနေသူပါ။ Ex အတွက်လည်း သင်တို့ရဲ့ ချစ်ဇာတ်လမ်းပြီးဆုံးသွားတဲ့အချိန်မှာ သင့်ကို သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ခင်တွယ်နေစေမယ့် ဆွဲဆောင်မှုကို တစ်မျိုး သင့်မှာရှိနေပါတယ်။ အသဲကွဲတဲ့အခါမျိုးကြုံလာခဲ့ရင်တော့ စိတ်အပြောင်းအလဲဖြစ်အောင် သင့်အိပ်ခန်းရဲ့ ပရိဘောဂတွေကို လဲလှယ်တာပဲ ဖြစ်ဖြစ်၊ အခန်း Decoration ကို ပြောင်းလဲလိုက်တာပဲ ဖြစ်ဖြစ် သင့်စိတ်ကို အပြောင်းအလဲဖြစ်စေမှာပါ။

Gemini
ဒီရာသီဖွားလေးတွေရဲ့ ဆွဲဆောင်မှုက ပြတ်ပြတ်သားသားနဲ့ အရိုးရှင်းဆုံးနေတတ်ခြင်းပါပဲ။ သင်ကိုယ်တိုင်လဲ သိပြီးဖြစ်မှာပါနော်။ ဒီတော့ အသဲကွဲတယ်လို့ ခံစားနေရတဲ့အခါ သင့်ရဲ့ ခင်မင်ရဆုံးသူတွေနဲ့ စကားတွေပြောပါ။ ရင်ဖွင့်ပါ။ အေးချမ်းတဲ့ချစ်ခြင်းမေတ္တာတွေကို တွေ့ရှိလာတဲ့အခါ အသဲကွဲခြင်းကို သင်မေ့ပျောက်သွားပါလိမ့်မယ်။

Cancer
ဒီရာသီဖွားလေးတွေကတော့ သစ္စာရှိတဲ့နေရာမှာ ပြောစရာမလိုအောင် အသိအမှတ်ပြုခံထားရသူတွေပါ။ ဒါကို စမ်းသပ်ခံရတဲ့အခါ ယုံကြည်မှုကို ချိုးဖောက်ခံရတဲ့အခါ အဲ့ဒီအရာတွေနဲ့ အဝေးဆုံးကို ထွက်သွားတတ်သူဖြစ်တာကြောင့် အသဲကွဲတဲ့အခါ အများကြီးထပ်ပြီး မခံစားရလေအောင် အကြံပြုချင်တာလေးကတော့ Instagram , Facebook အစရှိတဲ့ Social Media ပေါ်မှာတင်ထားတဲ့ ပုံတွေကို အကုန်ဖျက်ပစ်လိုက်ပြီး Ex နဲ့ ပတ်သက်တဲ့ သူတွေအားလုံးကိုလည်း Block လိုက်ပါ။ ပြီးရင်တော့ အားလုံးအသစ်ကပြန်စပြီး သင့်ကိုယ်သင်အလှဆုံးနေထိုင်လိုက်ပါ။

Leo
သင်က အချစ်ရေးမှာ ရူးသွပ်တတ်သူတစ်ယောက်မဟုတ်ပါဘူး။ ဒါကြောင့် ပြီးဆုံးခဲ့တဲ့ အချစ်ဇာတ်လမ်းမှာကုန်ဆုံးခဲ့တဲ့အချိန်တွေအတွက် အချိန်တိုအတွင်း အကောင်းဆုံးပြန်တည်ဆောက်နိုင်တဲ့ လူမျိုးဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ သင့်ဘဝအတွက် ဇာတ်လမ်းတစ်ခုရတယ်လို့သဘောထားပြီး အရာရာအားလုံးကို မေ့ပစ်လိုက်ပါတော့နော်။ ဒီထက်လှပတဲ့ ဇာတ်လမ်းလေးတွေလည်း ရောက်ရှိလာဦးမှာပါ။

Virgo
Virgo လေးတွေက အဓိပ္ပါယ်ရှိတဲ့အရာတွေ အသစ်အဆန်းတွေကို အမြဲရှာဖွေနေတတ်သူတွေပါ။ စစချင်းမှာတော့ အသဲကွဲတဲ့ဒဏ်ကို သင် ၂ရက်လောက်အလူးအလဲခံစားရမှာပါ။ ဒါပေမယ့်မပူပါနဲ့ သင့်ရဲ့ သူငယ်ချင်းတွေ အရင်းနှီးဆုံးလူတွေနဲ့ တွေ့တဲ့အခါမှာတော့ ဒါဟာ သင့်အတွက်ဘာမှမဟုတ်တော့ပါဘူး။ သင့်လုပ်ရမယ့်အလုပ်တွေကို အစီအစဉ်အတိုင်းဆက်လုပ်နိုင်သွားမှာပါ။

Libra
Libra ရာသီဖွားတွေကတော့ ပြတ်သားတတ်သူတွေပါ။ အသဲကွဲရတဲ့ ခံစားချက်ကပို အကြာကြီး မခံစားတတ်တဲ့သူတွေလည်း ဖြစ်ပါတယ်။ စိတ်ထွက်ပေါက်အနေနဲ့ အားကစားတစ်ခုခုကို ပြင်းပြင်းထန်ထန်လုပ်ပါ။ သီချင်းနားထောင်ပါ။ ဂီတကို နစ်မျောရင်းနဲ့ သင့်စိတ်တွေလည်းနူးညံ့လာပါလိမ့်မယ်။

Scorpio
စိတ်မြန်လက်မြန်ရှိတတ်တဲ့ သဘာဝကြောင့် အသဲကွဲခြင်းကို အကြာကြီးမခံစားတတ်ကြသူတွေပါ။ သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေကို သင်တို့ရဲ့ ဇာတ်လမ်အကြောင်းကို အားရပါးရပြောပြပြီး ရင်ဖွင့်လိုက်ခြင်းက သင့်စိတ်သက်သာရာ ရစေမှာပါ။

Sagittarius
ပျော်ပျော်နေတတ်တာကြောင့် သင်နဲ့ လမ်းခွဲသွားတဲ့ EX တွေဟာ မိတ်ဆွေဆက်ဆံရေးအဖြစ် ပြန်လည်နေထိုင်နိုင်မှာပါ။ ဒီတော့ သင်ဟာ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ သင့် Ex ကို သိစေဖို့အတွက် အသဲကွဲမယ့်အစား အလှပဆုံးပြင်ဆင်နေထိုင်လိုက်ပါနော်။

Capricorn
ပင်ကိုယ်ဗီဇအရ ရိုးသားတဲ့သဘာဝရှိတဲ့ ရာသီဖွားလေးတွေပါ။ ဒါကြောင့်လည်း သင့်ရဲ့ EX ကြောင့် စိတ်ညစ်မှုတွေကို ကြုံခဲ့ရမှာပါ။ သင့်ရဲ့ Ex နဲ့ အစစအရာရာ ဆန့်ကျင်တဲ့ လူတစ်ယေက်နဲ့ Date လိုက်ပါ။

ကဲ ဒီတော့ မိမိတို့ရာသီခွင်အလိုက် အသဲကွဲရင် ဘယ်လိုလေးတွေ လုပ်ဆောင်သင့်တယ်ဆိုတာ အကြံပေးထားပြီဆိုတော့ အသဲကွဲလို့ဆိုပြီး အိမ်တွင်းပုန်းမနေနဲ့ အကြံပြုချက်လေးတွေကို လိုက်လုပ်ကြည့်ကြရအောင်နော်။

Editor : Lin Lin


MODA TV 


Sex & Relationship

ဂရိဝေါဟာရ သုံးလုံးနဲ့ ခွဲခြားဖော်ပြထားတဲ့ အချစ် သုံးမျိုး

ပထမဆုံးဖော်ပြထားတဲ့ အချစ်အမျိုးအစားကို ကာမရာဂနှိုးဆွပေးတဲ့အချစ်လို့ ဆိုကြတယ်

by Kyaw Ye Lynn

January 19, 2019

ရှေးခေတ် ဂရိတို့ရဲ့ဘာသာစကားမှာ အချစ်ကို စကားလုံး သုံးမျိုးနဲ့ ဖော်ပြထားပါတယ်။

အဲဒီစကားလုံး သုံးလုံးကိုပဲ အချစ် သုံးမျိုးလို့ ဆိုကြတယ်။

1. Eros Love

ဒီအချစ်အမျိုးအစားကို ကာမရာဂနှိုးဆွပေးတဲ့အချစ်လို့ သိထားကြပါတယ်။

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းအစ ပထမအဆင့်တွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။

အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့အချစ်ပါ။

လိင်စိတ်နဲ့လည်း ပတ်သက်ပါတယ်။

ယောက်ျားလေး တစ်ယောက်က " ကျွန်တော် သူ့ကို ချစ်မိနေပြီဗျာ " လို့ ဆိုပြီးတဲ့နောက်မှာ " သူက နတ်သမီးလေးတစ်ပါးလို လှတာကိုး " ဆိုတဲ့ နောက်ဆက်တွဲစကားလေးတွေ ပါလာတတ်ပါတယ်။

မိန်းကလေးတစ်ယောက်အနေနဲ့ ဆိုရင်လည်း " ကျွန်မ သူ့ကို ချစ်မိနေပြီရှင့် " ဆိုတဲ့ စကားနောက်မှာ " သူက ထက်မြက်တယ်၊ မိသားစု နောက်ခံလည်း ကောင်းတယ် " ဆိုတဲ့ နောက်ဆက်တွဲ " စကားလေးတွေ ပါလာတတ်ပါတယ်။

ဒီအချစ်အမျိုးအစားရဲ့ အားနည်းချက်က " သိသာ ထင်ရှားလွန်းခြင်း " ပါပဲ။ တခြားအချစ်အမျိုးအစားတွေ ကြားထဲမှာ ပေါ်လွင်လွန်းပါတယ်။

နောက်တစ်ခုကတော့ ကိုယ့်ကိုယ်ကျိုးအတွက် ဦးစားပေးလွန်းခြင်းပါပဲ။ ကိုယ်ချစ်တဲ့သူ ကောင်းဖို့ထက် ကိုယ်ကောင်းဖို့ကို ပိုရှေးရှုတယ်။

" မင်းကို ကိုယ်ချစ်တယ်၊ ဘာလို့လဲဆိုတော့ မင်းက ကိုယ့်ကိုပျော်ရွှင်စေတယ်၊ မင်းနဲ့အတူ ရှိနေရတာကို ကျေနပ်တယ် " ဆိုတဲ့ စကားတွေဟာ ဒီအချစ်ကို ကိုယ်စားပြုထားတဲ့စကားတွေပါ။

ဒီအချစ်က ကိုယ့်ကိုပျော်ရွှင်စေမှုဆိုတဲ့ ယူဆချက်ပေါ်မှာ လုံးလုံးလျားလျား တည်နေပါတယ်။ ကိုယ့်ကို ပျော်ရွှင်မှု မပေးနိုင်တော့တာနဲ့ ဒီအချစ်က ချက်ချင်း ပျက်ပြယ်သွားတတ်ပါတယ်။ တစ်ဖက်သားက တကယ် ချစ်မြတ်နိုးနေတယ်ဆိုရင်တောင် တစ်ဖက်လူရဲ့အချစ်ကို မယုံကြည်တော့ပါဘူး။ ဒီအချစ်က " ငါ " ဆိုတဲ့ အတ္တတစ်ခုတည်းပေါ်မှာပဲ လုံးဝ အခြေခံထားတာပါ။ " အချစ်စစ် အချစ်မှန် " ဆိုတာ ဒီအချစ်အမျိုးအစားထဲမှာ လုံးဝ မပါဝင်ပါဘူး။

အချစ်စစ်ရဲ့ သဘောသဘာဝက သူ့ဘက်ကိုယ့်ဘက် မျှအောင် တွေးပေးတတ်ရတယ်။ တစ်ယောက်အကြောင်းကို တစ်ယောက်က ကောင်းကောင်းသိပြီး ကောင်းတာတွေရော ဆိုးတာတွေပါ လက်ခံပေးနိုင်ရတယ်။

လေပြည်လေညင်းရဲ့ရနံ့ကို အတူရှူရှိုက်ပြီး မုန်တိုင်းကိုလည်း အတူအံတု နိုင်ရပါတယ်။ ဒီအချစ်က အချစ်စစ် အချစ်မှန်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းတွေရဲ့ စမ်းသပ်မှုကို မခံနိုင်တဲ့အတွက် ရေရှည်မခံတတ်ပါဘူး။

ဒီထက်မြင့်မားတဲ့ ချစ်ခြင်းမေတ္တာပုံသဏ္ဌာန် Philos Love အဆင့်ကို ရောက်ဖို့လည်း မလွယ်ပါဘူး။ ကူးပြောင်းနိုင်ခဲ့မယ်ဆိုရင်တော့ ရေရှည်တည်မြဲနိုင်ပါတယ်။ ဒီအချစ်ကြောင့် အောင်မြင်ပေါက်မြောက်သွားတဲ့သူဆိုတာ ရှားပါးလွန်းပါတယ်။ တချို့က ဒီအချစ်ကို " ဘဝပျက်ဖို့ လမ်းစ " လို့တောင် ဆိုပေရဲ့။

2. Philos Love

ဒီအချစ်အမျိုးအစားက လူနှစ်ဦးရဲ့ ခင်မင်မှုအပေါ်မှာ အခြေခံထားတာပါ။

ဒီအချစ် ဖြစ်ပေါ်မလာခင်မှာ ကြာရှည်တဲ့ခင်မင်မှုတွေ ဖြစ်တည်ရတယ်။

မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်ရှင်နဲ့ အလုပ်သမား စတဲ့ အမျိုးအစားတွေမှာ ဒီအချစ် ဖြစ်ပေါ်တတ်ပါတယ်။

မိသားစုဝင် အချင်းချင်း ချစ်မြတ်နိုးတာဟာလည်း ဒီအချစ်ထဲမှာ အကျုံးဝင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ခင်မင်တဲ့အချိန်တွေ ကြာမြင့်လာပြီး ဆိုးကွက်၊ ကောင်းကွက်တွေကို အတွင်းကျကျ သိလာမယ်။ အချိန်အများစုကို သူနဲ့အတူ ကုန်ဆုံးလာပြီး လေးနက်တဲ့ခံစားမှုတွေ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ်လာမယ်။ တစ်ယောက်အပေါ်တစ်ယောက် ပိုကြင်နာလာမယ်။ ပိုသည်းခံလာမယ်။ သူ ပေါ်မလာရင် လွမ်းတဲ့ ဝေဒနာလေးတွေ စတင်ခံစားလာရတော့မှ ချစ်နေမိပြီဆိုတာကို ကိုယ်တိုင် ရိပ်မိလာတတ်တာမျိုးပါ။

ဒီလို ခင်မင်မှု၊ နားလည်မှုတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာပြီးမှ ဖြစ်ပေါ်လာရတဲ့ အချစ်မျိုးဖြစ်တာကြောင့် ရေရှည်ခိုင်မြဲတတ်ပါတယ်။ နောက်ထပ်ကောင်းတဲ့ အချက်တစ်ခုကတော့ ဒီအချစ်က ရုပ်ပိုင်းဆိုင်ရာ တစ်ခုတည်းကိုပဲ အားပြုထားတာမဟုတ်လို့ စိတ်ပိုင်းဆိုင်ရာ နားလည်မှုတွေကို ပိုမိုရရှိနိုင်ပါတယ်။ ပြီးရင် Eros မှာလိုမျိုး ရယူဖို့ တစ်ခုတည်းကိုပဲ အသားပေးထားတာမျိုး မဟုတ်ပါဘူး။ ကိုယ်ကလည်း ယူမယ်။ သူ့ကိုလည်း ပေးမယ်ဆိုတဲ့ အပေးအယူမျှတတဲ့အချစ်မျိုးပါ။ အပြန်အလှန် ဆက်နွှယ်နေတဲ့သဘောကို ဆောင်ပါတယ်။

Eros အထက်မှာ Philos ရှိသလိုမျိုး Philos အထက်မှာလည်း နောက်တစ်ဆင့် ရှိပါသေးတယ်။ Agape လို့ ခေါ်တယ်။ အချစ်အမျိုးအစားထဲမှာ အဆင့်မြင့်ဆုံးအချစ်ပါ။

3.Agape Love

ဒီအချစ်က ချစ်ခြင်းမေတ္တာရဲ့ နောက်ဆုံးအဆင့်နဲ့ အမြင့်ဆုံး အဆင့်ပါ။

" ငါ " ဆိုတဲ့ ရှုထောင့်ဘက်ကနေ လုံးဝ မကြည့်ဘဲ တစ်ဖက်သားကိုသာ အလေးထားတဲ့ အချစ် အမျိုးအစားပါ။

အကြွင်းမဲ့အချစ်၊ အနှိုင်းမဲ့အချစ်လို့လည်း ခေါ်ပါတယ်။

တစ်ဖက်သားရဲ့ အပြောအဆို၊ အပြုအမူတွေက ကိုယ့်အပေါ် ဆိုးဆိုးဝါးဝါး ဖြစ်နေပေမယ့် သူ့အပေါ်ထားရှိတဲ့ မေတ္တာတရားကို လုံးဝ မထိခိုက်၊ မလျော့ပါးစေနိုင်ဘူး။ သူက ဘယ်လိုပဲ စော်ကားလာလာ သူ့အပေါ် မုန်းစိတ်ဖြစ်ပွားမလာဘဲ သူ့ကောင်းကျိုးကိုသာ လုပ်ဆောင်ပေးချင်တဲ့ အချစ်မျိုးပါ။ သားသမီးဆီက အကျိုးရလဒ် တစ်စုံတရာပြန်ရဖို့ကို မမျှော်လင့်ဘဲ ပြုစုပျိုးထောင်ပေးတဲ့ မိဘတွေရဲ့အချစ်ဟာလည်း ဒီအချစ်ထဲမှာ အကျုံးဝင်ပါတယ်။

ဒီအချစ် သုံးမျိုးကို အနှစ်ချုပ်အနေနဲ့ ဖော်ပြရမယ်ဆိုရင် Eros က Physical သဘောနဲ့ ဆက်နွှယ်ပါတယ်။

Philos က Mental သဘောနဲ့ ဆက်နွှယ်ပါတယ်။

Agape ကတော့ Spiritual သဘောနဲ့ ဆက်နွယ်ပါတယ်။


Sex & Relationship

ဘယ်လိုအချစ်မျိုးနဲ့ အချစ်ခံနေရတာလဲ

ချစ်ခြင်းမေတ္တာကို လေးမျိုး ခွဲပြထားတယ်။ နောက်ဆုံး ဖော်ပြထားတဲ့ အချစ်ကတော့ အကောင်းဆုံးပါပဲနော်။

by Kyaw Ye Lynn

January 11, 2019

အချစ်ဆိုတာ သတ္တဝါချင်း ထားရှိတဲ့ ခံစားမှုတစ်မျိုး၊ လူတစ်ဦးက တခြားလူတစ်ဦးအပေါ် ဒါမှမဟုတ် ပစ္စည်းတစ်ခုခုအပေါ် ထားရှိတဲ့ ခံစားမှုတစ်မျိုးပါ။

အချစ်စိတ်ကြောင့် အဲဒီခံစားမှု ထားရှိမိတဲ့သူအပေါ် ဒါမှမဟုတ် ပစ္စည်းအပေါ်ကို တခြားလူ၊ တခြားပစ္စည်းတွေထက် သာလွန်တဲ့ ဂရုစိုက်မှုတွေ ပေးတတ်ပါတယ်။

ဒီအချစ်ပေါ်ကို အခြေခံပြီး ယဉ်ကျေးမှုတွေ ပေါင်းစပ်ကုန်တတ်တယ်။

အချစ်အပေါ် ထားရှိတဲ့ ယူဆချက်၊ သဘောထားတွေဟာလည်း အချိန်တစ်ခုကို လိုက်ပြီး အကြီးအကျယ် ပြောင်းလဲတတ်ပါတယ်။

အချစ်ဟာ ယဉ်ကျေးမှုနဲ့ ဘာသာဗေဒ ကွဲပြားမှုတွေကို ကျော်လွန်တဲ့အထိ ကျယ်ပြန့်လာတဲ့အတွက် အချစ်ကို ' လူသားတိုင်း နားလည်နိုင်တဲ့ ဘာသာစကား ' လို့ ပြောစမှတ် ပြုထားပါတယ်။

ချစ်ခြင်းကို အမျိုးအစား လေးမျိုးခွဲပြီး ပြောရရင် -

၁။ လုံခြုံခိုင်မြဲတဲ့အချစ် (Security Love)

လူတိုင်း အသက်ရှင်နေထိုင်နိုင်ဖို့အတွက် ဒီအချစ်က လိုအပ်လှပါတယ်။

ဒီအချစ်မျိုးနဲ့ ချစ်ခံရတဲ့သူက ဂရုစိုက်မှုတွေရပြီး ပြုစုပျိုးထောင်ခံရတာမျိုး၊ မြေတောင်မြှောက်ပေးခံရတာမျိုးကို ရရှိတတ်ပါတယ်။

တချို့ပညာရှင်တွေက ဒီအချစ်ဟာ မိဘက သားသမီးအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာမျိုးလို့ ဆိုပါတယ်။

၂။ မိတ်ချစ်ဆွေချစ် (Friendship Love)

ဒီအချစ်က တစ်ယောက်နဲ့ တစ်ယောက် ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ချစ်ခင်ကြတဲ့၊ ကိုယ်စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်တဲ့ အချစ်မျိုးပါ။

လူတစ်ယောက်ရဲ့ ဒီလိုအချစ်ဟာ တခြားလူ အနည်းငယ်ပေါ်မှာပဲ ဖြစ်ပေါ်နိုင်ပါတယ်။ လူအများစုနဲ့ မိတ်ဖြစ်ဆွေဖြစ် အဆင့်ရောက်ဖို့ လွယ်ကူပေမယ့် မိတ်ချစ်ဆွေချစ် အဆင့်ကို ရောက်လာဖို့ကတော့ ခဲယဉ်းလွန်းပါတယ်။

နောက်တစ်ခုရှိသေးတာက ဒီအချစ်မျိုးဟာ ဆန့်ကျင်ဘက် လိင်ချင်းကြားထဲမှာ ဖြစ်ပေါ်ဖို့လည်း ခဲယဉ်းလွန်းပါတယ်။ ကောင်လေးက ကောင်မလေးကို ဒါမှမဟုတ် ကောင်မလေးက ကောင်လေးကို ခါတိုင်းထက်ပိုလွန်တဲ့ ဂရုစိုက်မှုတစ်ခုခု ပေးလိုက်တာနဲ့ ဒီအချစ်အမျိုးအစား ပုံသဏ္ဌာန်ပျက်ပြယ်သွားပြီး တခြားပုံသဏ်ဏ္႑ာန်အဆင့်ကို ကူးပြောင်းသွားတတ်ပါတယ်။

၃။ စိတ်ကူးယဉ်အချစ် (Romantic Love)

ဒီအချစ်က မျှော်လင့်ချက်တွေ တစ်လှေကြီးနဲ့ ချစ်မိသွားတဲ့ အချစ်မျိုးပါ။

လူ့ဘဝရဲ့ဆယ်ကျော်သက် ကာလတွေမှာ လူအများစု ကြုံတွေ့ကြရတဲ့အချစ်ဟာ ဒီအချစ်မျိုးပါပဲ။

အဲဒီအချိန်မှာ ကိုယ်ချစ်မိသွားမယ့်သူကို မြင်လိုက်တာနဲ့ ဒူးတွေ အရမ်းတုန်၊ ရင်တွေ ဗရမ်းဗတာခုန်ပြီး မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုတဲ့ အချစ်မျိုးပေါ့။

လူအများစုဟာ ကိုယ်လက်ထပ်မယ့်သူကို စိတ်ကူးထဲမှာ မျိုးစုံပုံဖော် တွက်ချက်ထားပေမယ့် တကယ့်တကယ် လက်ထပ်ဖြစ်တဲ့ အခါကျတော့ ကိုယ်မျှော်လင့်ထားတာနဲ့ တက်တက်စင် လွဲနေတာမျိုးတောင် ဖြစ်တတ်ကြပါတယ်။ ဒီအချစ်မှာလည်း အဲဒီလိုအဖြစ်မျိုး ဖြစ်တတ်ပါတယ်။

အကြောင်းက ရမ္မက်စိတ်တွေနဲ့ ရောပြွန်းနေတာမို့ ဆင်ခြင်ဉာဏ်ပါဝင်မှု ရာခိုင်နှုန်း နည်းပါးလွန်းနေတတ်တာကြောင့်ပါ။

၄။ အနှိုင်းမဲ့အချစ် (Unconditional Love)

ဒီအချစ်က ထာဝရ ခိုင်မြဲတည်တံ့တဲ့၊ ရိုးသားဖြူစင်တဲ့ အချစ်မျိုးပါ။

 

ဒီလိုအချစ်မျိုးက ပေါ်ပေါက်ဖို့၊ ရှာတွေ့ဖို့ ခဲယဉ်းလွန်းပါတယ်။ ပေါ်ပေါက်ဖြစ်ထွန်းလာပြီဆိုရင်လည်း ဘယ်အရာကမှ မဖျက်ဆီးနိုင်တော့ပါဘူး။

ကတောက်ကဆ ဖြစ်တာတွေ၊ အထင်လွဲတာတွေ၊ သဘောထား မတိုက်ဆိုင်တာတွေ အားလုံးက ဒီအချစ်အောက်မှာ ကျိုးကြေပျက်သုဉ်းကုန်ပါတယ်။

မိတ်ဆွေတို့ကော ဘယ်လိုအချစ်အမျိုးအစားနဲ့ တွေ့ကြုံနေကြရပြီလဲ။


Sex & Relationship

FRIEND ZONE ထဲက ဘယ်လိုရုန်းထွက်မလဲ

သူငယ်ချင်းမိန်းကလေးနဲ ့အဆင်ပြေသွားနိုင်တယ်နော်

by JN Ja Seng Pan

November 30, 2018

Friend zone ထဲမှာ တဝဲလည်လည်ဖြစ်နေတဲ့ အမျိုးသားတွေ အတွက် ဒီအချက်လေးတွေကို လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။

You are just way to nice to her.
သူပျော်ဖို့အတွက်ပဲကြည့်နေပြီး သူပျော်ရွှင်ဖို့အတွက်ဆို ဘာပဲလုပ်ရလုပ်ရ ကျေနပ်နေတတ်တယ်။ ဒီအချက်က သူအတွက် သိပ်ကိုကောင်းတဲ့ သူငယ်ချင်းအဆင့်ပဲရှိနေမှာပါ။ မိန်းကလေးတွေရဲ့ သဘာဝအရ ကြင်နာတတ်တဲ့ ချစ်သူမျိုးလိုချင်ကြပေမယ့် ဒီလိုပြောဆိုဆက်ဆံတာတွေက သူမအတွက် ဆွဲဆောင်မှုမရှိဘူးလို့ထင်တတ်ကြပါတယ်။


Level of Neediness
သူ့ကို အပြင်သွားဖို့ခဏခဏခေါ်တာ၊ Chat box ကနေ တစ်ချိန်လုံးစကားသွားပြောတာမျိုးက သူ့အတွက် စိတ်ဝင်စားဖို့မကောင်းတဲ့အပြင် Creepy Guy တစ်ယောက်လို့ မြင်လာနိုင်ပါတယ်။

Show Signs of Jealousy and Possessiveness
အခြားသူငယ်ချင်းတွေနဲ့Hang out လုပ်တဲ့အချိန်တွေ၊ အခြားကောင်လေးတွေနဲ့အတူရှိနေတဲ့အချိန်တွေမှာ သဝန်တိုမှုကို ပြတာက သူမ အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ သူငယ်ချင်းစာရင်းထဲ သွင်းခိုင်းလိုက်သလို ဖြစ်ပြီး ဆက်ဆံရေးကို ပိုပြီး ေဝးကွာစေပါတယ်။

You Respect her too much
သူ့အတွက် အမြဲတမ်းလိုလို yes ဖြစ်နေတတ်ပြီး သူမ လုပ်ချင်တာ လိုက်လုပ်တာ၊ သူမကို ဦးစားပေးလွန်းတာက သူမအတွက် ဆွဲဆောင်မှုလျော့ပြီး ရည်းစားတော်ဖို့ကို စဉ်းစားသွားစေပါတယ်။

Start Hangingout with other woman
အခြားမိန်းကလေးတွေနဲ့လျှောက်သွားဖို့မတုန့်ဆိုင်းပါနဲ့။ သူတို့အတွက် လိုအပ်တဲ့လူတစ်ယောက် အနားမှာ မရှိတော့တာကို ခံစားရစေပါတယ်။ အပေါင်းအသင်းများပြီး လူမှု့ဆက်ဆံရေးကောင်းတဲ့ ကောင်လေးမျိုးက သူ တို့အတွက် စိတ်ဝင်စရာကောင်းစေပါတယ်။

Making her Jealous
သင့်အတွက် သူမ မနာလိုဖြစ်မှုက သိပ်ကို အရေးကြီးပါတယ်။ ပုံမှန်ခေါ်နေကျ အချိန်မျိုးမှာ မလိုက်နိုင်ဘူးငြင်းတာမျိုး၊ အလုပ်က ကောင်မလေးနဲ့ ညစာသွားစားမလို့ဆိုပြီး ပြောပါ။ အားနာတာမျိုး၊ အတင်းတောင်းပန်တာမျိုး ကြောင်တောင်တောင် စကားမျိုး မပြောမိအောင် သတိထားသင့်ပြီး ပုံမှန်စကားပြောနေကျ အထာနဲ့ပြောဖို့လိုအပ်ပါမယ်။ “နောက်မှ သွားကြတာပေါ့” ဆိုပြီး အနည်းငယ် ချေတတ်ဖို့လိုပါမယ်။ ပြီးရင်တော့ သူမ ဘယ်လို Jealous ဝင်နေမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ။

Tell her about all the other girls who are chasing you
ကဲ ဒီနေရာမှာ တစ်ခုသတိထားရမှာက အရမ်းမပိုသွားဖို့ပါ။ ကောင်မလေးတချို့ သင့်ကို လိုက်ကြိုက်နေတာမျိုးရှိတယ်ပြောပြပြီး အကြံဉာဏ်တွေတောင်းကြည့်ပါ။ သူမအနေနဲ့သင်က ဆွဲဆောင်မှုရှိတယ်ဆိုတာ သတိထားမိသွားပြီး သင့်ကို စိတ်ဝင်စားမှုတိုးလာစေမှာပါ။

Start Flirting with her
သူမ အသားကို ထိတွေ့ကိုင်တွယ်တာမျိုး၊ စနောက်တာတွေနဲ့သူ့အနား ပွတ်တီးပွတ်တတ် ပြုလုပ်တာမျိုးက သူမကို ရင်ခုန်စေပါတယ်။ အနည်းငယ်ထိတွေ့ဖို့အတွက် ကြောက်မနေပဲ မိန်းကလေးတစ်ယောက်ကို ရင်ခုန်အောင်လုပ်ဖို့အကောင်းဆုံးနည်းလမ်းပါ။

ဒီလောက်ဆိုရင်တော့ Friendzone ထဲရောက်နေတဲ့ ချိဖတို့စတင်လှုပ်ရှားဖို့နည်းလမ်းကောင်းလေးတွေ ရလောက်ပါပြီနော်။ တုန့်ဆိုင်းမနေပဲ အမြန်ဆုံး လှုပ်ရှားဖို့ကို အကြံပေးချင်ပါတယ်။



Loading More post