×
Tv & Movie

မြန်မာနိုင်ငံမှာ တစ်ခါမှ မပြသဖူးတဲ့ Anime Movie ကို ရုံမှာ ကြည့်ရတော့မှာလား

အခုတည်းက စိတ်တွေခုန်တွေနေပါပြီ

by JN Ja Seng Pan

October 20, 2020

Anime Lover တွေအတွက် သတင်းကောင်းဖြစ်မှာ ကျိန်းသေပါတယ်။ ဒါကဘာလဲဆိုရင် Demon Slayer Muhan Train ကို မြန်မာနိုင်ငံမှာ ပြသမယ်လို့ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ Anime Movie ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ရုံမှာ ကြည့်ရတော့မှာပါ။

Demon Slayer ဆိုတာက Anime Lover တိုင်း အရူးအမူးကြိုက်ရတဲ့ Manag လည်းဟုတ်သလို အောင်မြင်တဲ့ Anime Series ဆိုလည်း မမှားပါဘူး။ လတ်တလော ပူပူနွေးနွေးထွက်ရှိထားတဲ့ Demon Slayer Mugen Train ရုပ်ရှင်ဟာဆိုရင်လည်း ဂျပန်နိုင်ငံမှာ အရင်ဆုံး ပွဲဦးထွက် ရုံတင်ပြသနေတာပါ။



အောက်တိုဘာ ၁၆ ရက်နေ့က ရုံတင်ခဲ့တာဖြစ်ပြီး ပြသတဲ့ သုံးရက်အတွင်း ဒေါ်လာ (၄၄) သန်း ရရှိခဲ့တာကြောင့် Global Box Office ရဲ့ အမြင့်ဆုံး နေရာမှာတောင် ရပ်တည်နေတာပါ။ ဂျပန်မှာ အမြင့်ဆုံး ရုံဝင်ငွေရရှိထားတဲ့ Frozen 2 ကိုလည်း ကျော်လွန်သွားပြီမို့ ပရိတ်သတ်အားပေးမှုက ကြောက်မခန်းလိလိပါပဲ။




ဒီဇာတ်ကားကို မြန်မာနိုင်ငံမှာလည်း ကြည့်ရတော့မှာဆိုတော့ Slayer Fan တွေအပျော်ကြီး ပျော်ရတော့မှာပါ။ လာမယ့် ဖေဖော်ဝါရီလ (၄) ရက်နေ့ ၂၀၂၁ (နောက်နှစ်ဆိုပေမယ့်..သိပ်မလိုတော့ပါဘူး) မှာ Mega Ace နဲ့ JCGV ရုံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။ ယာယီ သတ်မှတ်ထားတဲ့ ရက်တွေသာဖြစ်တာကြောင့် အပြောင်းအလဲတော့ရှိနိုင်ပါတယ်တဲ့။ အခြား ဘယ်ရုံတွေပြသမလဲဆိုတာကိုလည်း Update တွေထပ်ထွက်လာဦးမှာမို့ ကြည့်ရဖို့ကို အရမ်းတွေ ရင်ခုန်နေပါပြီနော်။


Ref: CBR, Demon Slayer Myanmar

, , , ,
Tv & Movie

Live Action အဖြစ် မြင်တွေ့ရတော့မယ့် ငယ်ဘဝအသည်းစွဲလေး Tom & Jerry

90s Kids တွေရဲ့ အလွမ်းပြေလေး

by Randy Win

November 18, 2020

            ကလေးဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို ပြီးပြည့်စုံစေခဲ့တဲ့ ကာတွန်းကားလေး Tom & Jerry ကိုတော့ ကာတွန်းကားနှစ်သက်သူတွေရော ကာတွန်းကားမနှစ်သက်သူတွေကအစ မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ အထူးသဖြင့် 90s kids တွေရဲ့ငယ်ဘ၀အမှတ်တရတွေထဲက အရေးအပါဆုံးဖြစ်ခဲ့တဲ့ အရာတစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ တခြားနာမည်ကြီး ဇာတ်ကောင်တွေကို Live-action အနေနဲ့ မြင်ခဲ့ရပေမယ့် Tom & Jerry ကိုတော့ ခုလို Live-action အနေနဲ့ ပိတ်ကားထက်မှာ မြင်တွေ့လာရလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်မိခဲ့တာအမှန်ပါ။ အခုတော့ Warner Bros ကနေပြီး 2021 ရဲ့ စိတ်၀င်စားစရာအကောင်းဆုံး စောင့်ကြည့်ရမယ့် ဇာတ်ကားတွေထဲကတစ်ကားအဖြစ် ဒီရာဇ၀င်အတွဲလေးကို အားလုံးရင်ခုန်ရအောင် ပွဲထုတ်လိုက်ပါပြီ။

         ကာတွန်းနဲ့လူပေါင်းစပ်ထားတဲ့ ပုံစံနဲ့ ထူးထူးခြားခြားလေးထွက်ရှိလာမယ့် Tom & Jerry ဇာတ်ကားကို 2021 ခုနှစ် March လ 5 ရက်နေ့မှာ တရား၀င်စတင်ပြသသွားမှာဖြစ်ပြီး Live-action Animated Hybrid movie အမျိုးအစားဖြစ်ပါတယ်။ 2009 ခုနှစ်ကတည်းက စတင်ရိုက်ကူးဖို့စီစဉ်ထားခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် 2019 မှသာ စတင် ရိုက်ကူးနိုင်ခဲ့တာမို့ ဆယ်နှစ်ကျော်လောက်နောက်ကျပြီးမှ ကြည့်ခွင့်ရတယ်လို့ဆိုရမှာပါပဲ။ ဒီ Tom & Jerry Live-action ဇာတ်ကားကို ဒါရိုက်တာအဖြစ် Tim Story ကတာ၀န်ယူရိုက်ကူးခဲ့တာဖြစ်ပြီး Tom နဲ့ Jerry လေးတို့နဲ့အတူ Kick-Ass မင်းသမီးချောလေး Chloe Moretz ကလည်း အဓိကပါ၀င်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

          Tom & Jerry Live-action ဇာတ်ကားရဲ့ official trailer ကိုတော့ ဒီနေ့ November 18 မှာ တရား၀င် မိတ်ဆက်ပြသသွားခဲ့ပြီဖြစ်ပါတယ်။Trailer အရ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ကာတွန်းဇာတ်လမ်းတိုတွေထဲကအတိုင်း မတည့်အတူနေ ဘော်ဒါနှစ်ဦးရဲ့ မြင်တွေ့နေကျ ဖိုက်တင်ခန်းတွေ ၊ ဇာတ်ကွက်ပုံစံတွေကို အများကြီးပြန်ထည့်ပေးထားတာမို့ Childhood အငွေ့အသက်တွေနဲ့ ငယ်ဘ၀ရသတွေကိုတော့ လုံး၀ပျက်စီးစေမှာမဟုတ်ဘူးလို့ ယူဆမိပါတယ်။ပရိသတ်အား အရမ်းများလွန်းတဲ့ Legendary စာရင်း၀င် ကာတွန်းကားတစ်ကားကိုပြန်ဖန်တီးရတာမို့လည်း ဖန်တီးသူတွေအနေနဲ့ အရမ်းတာ၀န်ကြီးတယ်လို့ဆိုရမှာပါပဲ။ ‌Tom & Jerry ရဲ့ ပရိသတ်တချို့တွေကတော့ ခုချိန်ထိ Fail မယ် မ Fail ဘူးဆိုပြီး ဝေဖန်မှူမျိုးစုံနဲ့ အမြင်အမျိုး‌မျိုး ကွဲပြားနေကြတာတွေ့ရပါတယ်။ Modian လေးတွေထဲက Tom နဲ့Jerryရဲ့ ပရိသတ်လေးတွေ‌အနေနဲ့ရော Trailer လေးကို ကြည့်ပြီး ဘယ်လိုမြင်လဲဆိုတာ ရင်ခုန်စွာ ဝေဖန်ခဲ့ကြပါဦးနော်။

Photo & Video Credit to the Rightful Owners

 

 

, , , , , , ,

Tv & Movie

အနာဂတ်ကိုကြိုမြင်တယ်လို့ နာမည်ကြီးနေတဲ့ The Simpsons ကာတွန်း

ကြောက်ဖို့ကောင်းလောက်အောင် တိုက်ဆိုင်တာပဲလား

by Randy Win

November 15, 2020

            လတ်တလော Social Media ပေါ်မှာတော့ အားလုံး သိပြီးသားဖြစ်တဲ့အတိုင်း နာမည်ကျော် The Simpsons ကာတွန်းဇာတ်ကားဟာ အနာဂါတ်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့ ကာတွန်းဇာတ်ကားတစ်ကားအဖြစ် တော်တော်လေးပြန်နှံ့နေတာတွေ့ရမှာပါ။ တချို့ကလည်း ဒီကာတွန်းဇာတ်ကားရဲ့ ဖန်တီးသူဟာ အချိန်ခရီးသွားတစ်ဦးဖြစ်တယ်လို့ ဆိုကြတဲ့သူတွေရှိပါတယ်။ ဒီလိုမျိုး သတင်းတွေ ထွက်လည်းထွက်ချင်စရာကောင်းလောက်အောင်The Simpsonsကာတွန်းဇာတ်ကားကိုယ်တိုင်ကလည်း ထူးခြားနေတယ်လို့ဆိုရမှာပါပဲ။ ဇာတ်ကားရဲ့ အပိုင်းတိုင်းလိုလိုက အနာဂါတ်အဖြစ်အပျက် တော်တော်များများနဲ့ တိုက်ဆိုင်နေတာကို အံ့သြဖွယ်ရာတွေ့ရသလို လွန်ခဲ့တဲ့ ၁၉နှစ်လောက်ကတည်းက ဒီဇာတ်ကားရဲ့ အပိုင်းတစ်ခုမှာပါဝင်ခဲ့တဲ့ Donald Trump တစ်ယောက် သမ္မတဖြစ်လာမယ်ဆိုတဲ့အကြောင်းကပါ မှန်နေခဲ့တာကတော့ တိုက်ဆိုင်မှူပဲလား အများပြောသလို အချိန်ခရီးသွားတစ်ယောက်ပါဝင်ဖန်တီးထားလို့ပဲလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ တချို့မယုံကြည်ကြသူတွေကတော့ ဒီဇာတ်ကားထဲကအတိုင်း လူတွေကလုပ်ယူနေကြတာပါလို့ ဆိုကြသူတွေရှိသလို အပြင်မှာတကယ်ဖြစ်ပြီးမှ ပြန်လည်လုပ်ကြံဖန်တီးထားတဲ့ ကြိုတင်ခန့်မှန်းမှူအတုတွေလည်း ရောနှော ပြန့်နှံ့နေတာကို တွေ့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကားရဲ့ အမှန်တကယ်ထွက်ရှိခဲ့တဲ့ အပိုင်းတော်တော်များများရဲ့ ကြိုတင်ဟောကိန်းတွေကတော့ အံ့သြစရာကောင်းလောက်အောင်ကို အပြင်လောကမှာ တိုက်ဆိုင်စွာဖြစ်ခဲ့တဲ့သာဓကတွေအများကြီးရှိတာတွေ့ရပါတယ်။ စာဖတ်သူတွေအနေနဲ့ရော The Simpsons ရဲ့ ကြိုတင်ဟောကိန်းတွေနဲ့ပတ်သက်ပြီး အမှန်တကယ် ယုံကြည်သင့်မသင့် ဘယ်လိုယူဆထားလဲဆိုတာအောက်က အချက်လေးတွေကိုဖတ်ပြီး တချက်လောက်ဝေဖန်ကြည့်ပါဦးနော်။

မျက်စေ့သုံးလုံးနဲ့ငါး


The Simpsons ရဲ့ 1990 ခုနှစ်ဝန်းကျင်ကထွက်ရှိခဲ့တဲ့ Episode 4 မှာ Bart က ဓာတ်ပေါင်းဖိုအနီး မြစ်ထဲကနေ ထူးထူးခြားခြား ငါးတစ်ကောင်ကိုဖမ်းမိခဲ့ပြီး အဲဒီငါးလေးမှာ မျက်လုံးသုံးလုံးပါတာကိုတွေ့ရပါတယ်။ Bart က အဲဒီငါးလေးကို Blinky လို့နာမည်ပေးခဲ့ပြီး သူတို့မြို့လေးမှာ သတင်းထူးအနေနဲ့ ကျော်ကြားခဲ့တဲ့အကြောင်းလေးပါ။ အပြင်မှာလည်း The Simpsons ထဲက ငါးလေးလိုပဲ မျက်လုံးသုံးလုံးပါတဲ့ ငါးလေးတစ်ကောင်ကို အာဂျင်တီးနားရဲ့ ရေကန်တစ်ခုအတွင်းကနေ ဖမ်းဆီးရရှိခဲ့ပါတယ်။ ပိုပြီးထူးခြားတဲ့အချက်ကတော့ အဲဒီရေကန်ဟာ အာဂျင်တီးနားက နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုရဲ့ စွန့်ပစ်ပစ္စည်းထုတ်လွှတ်ရာရေကန်ဖြစ်နေတာပါပဲ။

ကျားဖြူတိုက်ခိုက်မှူ


1993 ခုနှစ်ဝန်းကျင်မှာထွက်ရှိခဲ့တဲ့ $pringfield ဆိုတဲ့ ခေါင်းစဉ်နဲ့ Season 5,Episode 10 မှာတော့ Siegfried and Roy ညီနောင်နှစ်ဦး အကြောင်းကို ထည့်သွင်းဖော်ပြခဲ့ပြီး ကက်စီနိုပွဲတစ်ခုမှာ တင်ဆက်ဖျော်ဖြေနေစဉ်မှာပဲ လေ့ကျင့်ပြီးသား ယဉ်ပါးနေတဲ့ ကျားဖြူတစ်ကောင်က အမှတ်မထင် တိုက်ခိုက်ခဲ့တဲ့အကြောင်း ပါရှိခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အလားတူဖြစ်ရပ်မျိုး အမှန်တကယ်ဖြစ်ပွားခဲ့ပါတယ်။ Siegfried and Roy ညီနောင်နှစ်ဦးထဲက Roy Horn ဟာ လေ့ကျင့်ထားတဲ့ ကျားဖြူတစ်ကောင်နဲ့အတူ ဖျော်ဖြေတင်ဆက်နေစဉ်မှာပဲ အဲဒီကျားရဲ့ ရုတ်တရက်တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး အသက်မသေခဲ့ပေမယ့် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပါတယ်။

အိုင်ဒီယာခရက်ဒစ်


The Simpsonsဟာ ခုနောက်ပိုင်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတဲ့ Smartwatch တွေ ရဲ့ Idea ကို ချပြခဲ့လေသလားလို့ဆိုရလောက်အောင် 1995 ခုနှစ်လောက်ကတည်းက သူ့ရဲ့ ကာတွန်းထဲမှာ Smart Watch ကိုထည့်သွင်းအသုံးပြုခဲ့သလို စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ်မပေါ်သေးခင်ကာလကတည်းက Autocorrect စနစ်နဲ့ စာရိုက်တဲ့ပုံစံကို မိတ်ဆက်ပေးခဲ့ပါတယ်။

မိုးမျှော်တိုက်


Season 6, Episode 19 ( Lisa's Wedding ) မှာ သေချာရှာကြည့်မယ်ဆိုရင် ထင်မှတ်မထားတဲ့ အနာဂါတ်ရဲ့ပုံရိပ်တွေအများကြီးပါဝင်နေတယ်လို့ဆိုပါတယ်။ အဲဒီ Episode ထဲက Lisa ရဲ့ လန်ဒန်ခရီးစဉ်မှာ သေချာသတိထားကြည့်မယ်ဆိုရင် လန်ဒန်နာရီစဉ်ကြီးနောက်နား ခပ်ဝေးဝေးမှာရှိနေတဲ့ မိုးမျှော်တိုက်ကြီးတစ်ခုကိုတွေ့မိကြမှာပါ။ အဲဒီမိုးမျှော်တိုက်ကြီးဟာဆိုရင် ၂၀၀၉ ခုနှစ်မှာစတင်တည်ဆောက်ပြီး ၂၀၁၂ ခုနှစ်မှာ ပြီးစီးခဲ့တဲ့ The Shard ဆိုတဲ့ မိုးမျှော်တိုက်ကြီးနဲ့ တော်တော်လေးကို ဆင်နေပြီး တည်ရှိရာနေရာကလည်း တော်တော်လေးနီးနီးစပ်စပ်ကို တူနေတာတွေ့ရပါတယ်။

အီဘိုလာရောဂါ

Season 9, Episode 3 မှာတော့ Ebola ကပ်ရောဂါဆိုးကြီး ပျံ့နှံ့ကူးစက်တဲ့အကြောင်းပါဝင်ခဲ့ပြီး ၂၀၁၄ Ebola ကပ်ရောဂါ Outbreak မဖြစ်ခင် ၁၇ နှစ်လောက်ကြိုပြီး ထွက်ရှိခဲ့တဲ့ Episode တစ်ခုဖြစ်ပါတယ်။ Ebola ရောဂါကို စတင်ရှာဖွေတွေ့ရှိခဲ့တာက ၁၉၇၆ မှာဖြစ်ပေမယ့် ဒီလိုဆိုးရွားတဲ့ Outbreak ကြီးတစ်ခုအနေနဲ့ဖြစ်လာခဲ့မယ်လို့တော့ ဘယ်သူမှကြိုမတွေးမိခဲ့ကြပါဘူး။ Ebola Outbreak ကြောင့် ၁၉၉၅ ခုနှစ်မှာ Congo က လူ ၂၅၀ ကျော်နဲ့ Uganda က လူအယောက် ၂၀၀ ကျော် အသက်ဆုံးရှူံးခဲ့ရပါတယ်။

Disney ရဲ့အပိုင်


၁၉၉၈ ဝန်းကျင်မှာ ပြသခဲ့တဲ့ The Simpsons ရဲ့ Season 10 , Episode 5 ( When You Dish Upon The Air ) မှာတော့ Ron Howard နဲ့ Brian Grazer တို့ဟာ 20 Century Fox ကနေပြီး သူတို့ရဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ထုတ်လွှင့်ပြသခဲ့တဲ့အခန်းပါရှိပါတယ်။ အဲဒီအခန်းမှာဆိုရင် 20 Century Fox ရဲ့အောက်နားလေးမှာ A Division Of Walt Disney Co. ဆိုတဲ့စာသားနဲ့ Disney ရဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ တင်ဆက်ဖော်ပြထားတာကို မြင်တွေ့နိုင်ပါတယ်။ တိုက်ဆိုင်တာလို့ပဲပြောရမလား ။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၄ မှာတော့ Disney ဟာ @0 Century Fox ကို ခန့်မှန်းဈေး အမေရိကန်ဒေါ်လာ ၅၂.၄ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်တဲ့။


မဲမှားတဲ့စက်


၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Season 20 , Episode 4 “ The Simpsons” မှာတော့ ပြည်သူတွေက အိုဘားမားကို Vote ပေးကြတဲ့အခါ မဲပေးတဲ့စက်က မှားယွင်းစွာဖော်ပြပြီး မဲတွေကို ပြောင်းလဲပစ်ခဲ့တဲ့အကြောင်းပါရှိပါတယ်။အဲဒီ ဇာတ်ကားပြသအပြီး လေးနှစ်အကြာမှာတော့ Pennsylvania မှာ ရှိတဲ့ မဲပေးစက် တစ်ခုဟာ ဘားရက်အိုဘားမားကိုပေးသမျှမဲတွေကို သူ့ရဲ့ ပြိုင်ဘက် Mitt Romney ကိုသာဖော်ပြခဲ့တာကြောင့် ဖယ်ရှားလဲလှယ်ပစ်ခဲ့ရပါတယ်။

လေထဲကဂါဂါ


လေဒီဂါဂါရဲ့ နာမည်ကျော် Super Bowl halftime show ရဲ့ Stage Performance တစ်ခုမှာ Houston NRG ဇာတ်ရုံရဲ့ အမိုးပေါ်ကနေ တွဲလောင်းကျလာပြီး ဖျော်ဖြေခဲ့တာ တော်တော်များများမှတ်မိကြမှာပါ။ အဲဒီ စတိတ်ဖျော်ဖြေပွဲမတိုင်ခင် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက Simspsons က လေဒီဂါဂါ ကို လေထဲပျံနေတဲ့ ပုံမျိုးနဲ့ ဖျော်ဖြေခိုင်းပြီးပါပြီတဲ့လေ။ လေဒီဂါဂါကပဲ Simpsons ကိုကြည့်ပြီး Idea ရသွားလားတော့ မပြောတတ်ဘူး။

Photo Credit To The Rightful Owners

 

 

, , , ,

Tv & Movie

ဘူတန်နိုင်ငံမှာကျင်းပတဲ့ရုပ်ရှင်ဆုပေးပွဲမှာ ထူးချွန်ဆု(၄)ဆု ဆွတ်ခူးခဲ့တဲ့ နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီး

မြန်မာ့ရုပ်ရှင်လောကအတွက် ဂုဏ်ယူစရာသတင်းတစ်ပုဒ်ပါပဲ

by Randy Win

November 7, 2020

     မြန်မာရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဂုဏ်ယူရမယ့်သတင်းကောင်းတစ်ခုအနေနဲ့ ခုလတ်တလောမှာကြားသိရတဲ့သတင်းကတော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးတင်ဆက်လိုက်တဲ့ နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးဟာ ဘူတန်နိုင်ငံမှာကျင်းပခဲ့တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုမှာ အနုပညာပိုင်းဆိုင်ရာထူးချွန်ဆုကြီးလေးဆုကိုဆွတ်ခူးနိုင်ခဲ့တယ်ဆိုတာပါပဲ။ ဘူတန်နိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ ၁၆ ကြိမ်မြောက် Druk International Film Festival (DIFF) ပွဲတော်ဟာဆိုရင် အမေရိကန် ၊ပြင်သစ်၊ထိုင်ဝမ်၊ ဂျာမနီ၊အင်္ဂလန်၊ စပိန် စတဲ့ နိုင်ငံပေါင်း (၂၀)ကျော်က ရုပ်ရှင်ကားတွေပါဝင်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်ပြီး အကောင်းဆုံးရုပ်ရှင်ဖန်တီးမှူအနုပညာပိုင်းဆိုင်ရာဆုတွေကို တစ်နှစ်တစ်ကြိမ် ရွေးချယ်ပေးအပ်လေ့ရှိတဲ့ ပွဲကြီးတစ်ခုဖြစ်ပါတယ်။


     Druk International Film Festival (DIFF) ပွဲတော်ကနေပြီး နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ အကောင်းဆုံးရုပ်ရှင်ဆု ၊ အကောင်းဆုံးဒါရိုက်တာဆု ၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုဆိုတဲ့ ဆုတံဆိပ်(၄) ခုကိုရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လဝန်းကျင်မှာ ရုံတင်ပြသခဲ့ပြီး ပြည်တွင်းမှာလည်း အောင်မြင်မှူများစွာရရှိခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် ဒါရိုက်တာလူမင်းကိုယ်တိုင် ပါဝင်ရိုက်ကူးသရုပ်ဆောင်ခဲ့သလို ဇေရဲထက် ၊ ရွှေမှုန်ရတီ စတဲ့ နာမည်ကျော် အနုပညာရှင်များစွာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာတွေ့ရမှာပါ။

     နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် စက်တင်ဘာလ (၂၀ )ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ (၁၆) ကြိမ်မြောက် DIFF ရုပ်ရှင်ပွဲတော်မှာ အခြားကမ္ဘာ့နိုင်ငံအသီးသီးက ရုပ်ရှင်ဇာတ်ကားများနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဆု အမျိုးပေါင်းများစွာအနက်မှ Official Selection အဖြစ် ဦးစွာရွေးချယ်ခံခဲ့ရကာ Finalist စာရင်းကို စတင်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီFinalist စာရင်းကနေမှ ဆက်လက်ရွေးချယ်ခံခဲ့ရပြီး
Best Narrative Feature Film (Outstanding Achievement Award) - နို့ဘီလူး ,
Best Director (Outstanding Achievement Award) - ဒါရိုက်တာ အကယ်ဒမီလူမင်း ,
Best Director (Outstanding Achievement Award) - ဒါရိုက်တာ အကယ်ဒမီလူမင်း နဲ့
Best Supporting Actress ( Outstanding Achievement Award )- ရွှေမှုန်ရတီ ဆိုပြီး ထူးချွန်ဆု(၄)ဆုကို အသီးသီး ရရှိပိုင်ဆိုင်ခဲ့တာပါ။ ဒါ့အပြင် ၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် Golden Dragon Awards ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဆန်ကာတင်အနေနဲ့ ပါဝင်သွားခဲ့ပြီလို့သိရပါတယ်။


       “နိုင်ငံစုံ လူမျိုးပေါင်းစုံတို့ရှေ့မှာ မြန်မာရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားအဖြစ် ချပြတင်ဆက်ခွင့်ရခဲ့တဲ့အပြင် ထူးချွန်ဆုများပါရရှိခဲ့သောကြောင့် လွန်စွာကျေနပ်ပီတိဖြစ်ဖွယ်သတင်းကောင်းကို နို့ဘီလူးရုပ်ရှင်ဇာတ်ကားအဖွဲ့သားများနှင့် ချစ်စွာသောပရိသတ်ကြီးအား ကျေးဇူးတင်စွာဖြင့် အသိပေးအပ်ပါသည်” ဆိုပြီး နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးရဲ့ Facebook Page ကနေ အသိပေးပြောကြားခဲ့သလို မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားတစ်ကားအနေနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ဆုတံဆိပ်တွေ ရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့အပေါ်မှာလည်း ပရိသတ်တွေက ဂုဏ်ယူမဆုံးရှိနေကြတာတွေ့ရပါတယ်။

Photo & Video Credit To The Rightful Owners

 

, , , ,

Tv & Movie

နာမည်ကျော် Netflix စီးရီး Stranger Things ထဲက လူသိနည်းတဲ့ ထူးခြားချက်လေးတွေ

ကြည့်ပြီးရင်းထပ်ကြည့်ချင်အောင်ဆွဲဆောင်နိုင်တဲ့ကားလေး

by Randy Win

November 6, 2020

Duffer Brothers ရဲ့ဖန်တီးတင်ဆက်မှူတစ်ခုဖြစ်တဲ့ Stranger Things ဇာတ်လမ်းတွဲဟာ Netflix ရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွဲတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ခဲ့သလို ကြည့်ရတာဘယ်တော့မှမရိုးတဲ့ Science Fiction Horror ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ လက်ရှိ Season 3 ခု ထွက်ရှိထားပြီး သိပ်မကြာတော့တဲ့အချိန်မှာ Season 4 ကိုကြည့်ခွင့်ရတော့မယ်လို့လည်းသိရပါတယ်။ 1980 ဝန်းကျင်မှာပြုလုပ်ခဲ့တဲ့ လျှို့ဝှက်စမ်းသပ်မှူကြီးတစ်ခုကနေ တခြားကမ္ဘာလောကနဲ့ ဆက်စပ်မိသလိုဖြစ်သွားပြီး ဟော့ကင်းမြို့လေးက လူငယ်တစ်စုဆီမှာ ထူးထူးခြားခြားအဖြစ်အပျက်တွေ တွေ့ကြုံခံစားကြရတဲ့အကြောင်းတွေကို စိတ်ဝင်စားဖွယ်ဇာတ်လမ်းဆင်ရိုက်ကူးထားတာဖြစ်ပြီး ထိတ်လန့်စရာ ၊ကြည်နူးစရာ ၊စိတ်လှူပ်ရှားစရာ ၊ စိတ်ဝင်စားစရာရသမျိုးစုံကို တပြိုင်တည်းခံစားရစေမယ့် ဇာတ်ကားကောင်းလေးပါ။ Netflix ရဲ့ လူကြည့်အများဆုံး Viewership Record တွေပိုင်ဆိုင်ခဲ့သလို ဆုတံဆိပ်တွေနဲ့ဆန်ခါတင်စာရင်းများစွာဝင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ ဒီဇာတ်ကားလေးကို ကြိုက်နှစ်သက်ကြတဲ့ Stranger Things fan တွေအတွက် ဇာတ်ကားနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ ထူးခြားချက်လေးတချို့ကို ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

1 . ဖြစ်ရပ်မှန်

Stranger Things ဇာတ်ကားဟာ အပြင်မှာတကယ်ရှိခဲ့တဲ့ အချိန်ခရီးသွားစီမံကိန်းကြီးတစ်ခုကိုအခြေခံထားခဲ့တာပါ။ ဒီစီမံကိန်းဟာ အမေရိကန်အစိုးရရဲ့ အထူးလျှို့ဝှက်စီမံကိန်းတစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ Montauk Project လို့သိထားခဲ့ကြပါတယ်။ကလေးငယ်တချို့ဟာလည်း ဒီစီမံကိန်းရဲ့တစ်စိတ်တစ်ဒေသဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှူတွေအတွက် ပြန်ပေးဆွဲခံခဲ့ရတယ်လို့လည်းသိရပါတယ်။

2 . အကြိတ်အနယ်ယှဉ်ပြိုင်

အဓိကဇာတ်ကောင်လူငယ်လေးတွေနေရာအတွက် ယောက်ျားလေး ၉၀၆ ဦးနဲ့ မိန်းကလေး ၃၀၇ ဦး စုစုပေါင်း ၁၂၁၃ ဦးထဲကနေ ရှာဖွေရွေးချယ်ခဲ့တာဖြစ်ပြီး stand by me ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းအချို့ကို သရုပ်ဆောင်စေခဲ့တာပါ။ ဒီထဲက ထူးထူးခြားခြား Dustin ဇာတ်ကောင်နဲ့အကိုက်ညီဆုံးပုံစံဖြစ်နေတဲ့ Gaten Matarazzo ကတော့ ချက်ချင်းကိုအရွေးခံခဲ့ရပါတယ်။

3. ပရလောကလိုမျိုးလား

Demogorgon ကြီးတွေနေတဲ့ ပြောင်းပြန်ကမ္ဘာဟာ Silent Hill game ထဲကပတ်ဝန်းကျင်မျိုးခပ်ဆင်ဆင်ပြုလုပ်ထားတာပါ။

4. အီးတီရဲ့ လွှမ်းမိုးမှူ

Season 1 မှာ Eleven ဝတ်ခဲ့တဲ့ ပန်းရောင်ဂါဝန်နဲ့ ဆံပင်တုအဝါရောင်လေးက အီးတီ ဇာတ်ကားထဲက အီး‌တီလေးရဲ့ စတိုင်လ်ကို အမှတ်တရအနေနဲ့ ပြန်အသုံးပြုထားတာပါ။ ပြောရမယ်ဆိုရင်တော့ အီးတီ‌လေးလိုပဲ သဘာဝလွန် စွမ်းအားတချို့ကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ဆိုတာကို ဖော်ပြချင်တဲ့အတွက် Easter Egg တစ်ခုအနေနဲ့ ထည့်သွင်းထားတဲ့သဘောပါပဲ။

5. Stephen King ရဲ့ Fan

Duffer Brothers ဟာ စာရေးဆရာကြီး Stephen Kingရဲ့ ပရိသတ်တွေဖြစ်ကြတဲ့အလျောက် ဒီဇာတ်ကားရဲ့နာမည်ကိုလည်း Stephen Kingရဲ့ ထွက်ရှိပြီးသားဝတ္ထုတစ်ခုဖြစ်တဲ့ Needful Things ကို မှီပြီးပေးခဲ့တာဖြစ်ပါတယ်။ Stranger things ရဲ့ စာလုံး font ကလည်း 1980 ဝန်းကျင်ကထွက်ရှိခဲ့တဲ့ Dungeons and Dragon Player's ဆိုတဲ့စာအုပ်ရဲ့ font နဲ့အတူတူပါပဲ။

6. ငန်လိုက်မယ့်ဖြစ်ခြင်း

Eleven တစ်ယောက် ရေကန်ထဲမှာ ပေါလောပေါ်နေတဲ့ ဇာတ်ဝင်ခန်းအတွက် ဆားခါး ပေါင် 1200 လောက်ကို အသုံးပြုခဲ့ရပါတယ် ။

7. ကြောက်စရာစီမံကိန်း

Stranger Things Season 3 ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ သတင်းစာခေါင်းစည်းပိုင်းအနေနဲ့မြင်တွေ့ခဲ့ရတဲ့ MK Ultra project ဆိုတာဟာ အပြင်‌လောကမှာတကယ်ရှိခဲ့တဲ့ အလွန်ရက်စက်သောစိတ်ပိုင်းဆိုင်ရာထိန်းချုပ်စမ်းသပ်မှူ စီမံကိန်းတစ်ခုပါ။ စီအိုင်အေအနေနဲ့ ဒီပရောဂျက်ကို အမေရိကန်မှာ 1950 ကစတင်အကောင်အထည်ဖော်ခဲ့ပြီး 1973 ခုနှစ်မှာတော့ တရားဝင်အဆုံးသတ်ခဲ့ပါတယ်။

8. ကလေးရှက်သွားပြီ



10 နှစ် သမီးအရွယ်ကတည်းက စတင်သရုပ်ဆောင်ခဲ့ရတဲ့ အပျိုပေါက်လေး Millie အနေနဲ့ ဒီဇာတ်ကားရဲ့ Season 3 မှာတော့ ဇာတ်ဝင်ခန်းအတွက် သူ့ဘဝရဲ့ပထမဆုံး အနမ်းကိုခြွေခဲ့ရပါတယ်။ အဲလိုနမ်းပြီးတဲ့နောက်မှာ အနမ်းဆိုတာဒါကြီးလား စိတ်ပျက်ဖို့ကောင်းလိုက်တာ လို့လည်းပြောခဲ့ပါသေးတယ်။

9. ကားပုံစံတူ

ဟော့ကင်းမြို့က ရဲကားလေးဟာ ကမ္ဘာကျော်ငါးမန်းကားဖြစ်တဲ့ Jaws နဲ့ Jaws 2 တို့မှာပါတဲ့ ရဲကားရဲ့ဒီဇိုင်းနဲ့အတူတူပါပဲတဲ့

10. Fan တွေကိုမေ့မထားဘူး

Duffer Brothers အနေနဲ့ ဇာတ်ကားထဲမှာပါတဲ့ သတ္တဝါကြီးတွေကို မှတ်မိလွယ်တဲ့ပုံစံမျိုးဖြစ်ဖို့အားထုတ်ခဲ့တယ်လို့ဆိုပါတယ်။ Twitter ပေါ်မှာ ပရိသတ်တချို့ fan art အနေနဲ့ရေးဆွဲထားတဲ့ ဒီဇိုင်းတွေကိုအများကြီး အခြေခံထားတဲ့အပြင် ဒီကားကိုကြည့်ဖူးတဲ့ 12 နှစ်အရွယ်ကလေးတစ်ယောက်ကအစ လိုက်ပြီးပုံတူဆွဲနိုင်စေမယ့် ပုံမျိုးဖြစ်အောင်ဖန်တီးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

11. Zombie တွေနဲ့တိုးရင်ဒုက္ခ

Stranger Things Chapter 2 ရဲ့ The Weirdo on Maple Street ‌ဆိုတဲ့အခန်း မှာပါဝင်ခဲ့တဲ့ နေရာဟာ Walking Dead ထဲမှာပါဝင်ခဲ့တဲ့နေရာနဲ့အတူတူပါပဲ။

12. Stephen King ရဲ့Fan စစ်စစ်ကြီးတွေ

Season 1 ရဲ့ နောက်ဆုံးခန်းမှာ Demogorgon သတ္တဝါကြီးကို လောက်လေးဂွနဲ့ သတ်ဖို့ကြိုးစားတဲ့ ဇာတ်ဝင်ခန်းမျိုးက Stephen King ရဲ့ ဇာတ်လမ်းတွေမှာပါတတ်တဲ့ အထာမျိုးပြုလုပ်ထားတာပါ။

13. နည်းလမ်းဆင်တူ

Will တစ်ယောက် Upside-down ကမ္ဘာကနေ သူ့မိခင်ကိုဆက်သွယ်ဖို့ကြိုးစားတဲ့အခန်းမှာ အသုံးပြုခဲ့တဲ့နည်းလမ်းဟာ Poltergeist ဇာတ်ကားမှာ Carol Anne က သူ့မိခင်ကို တီဗွီဖန်သားပြင်ကတဆင့်ဆက်သွယ်ဖို့ကြိုးစားတဲ့ နည်းလမ်းမျိုးပါပဲ။

14. အထာကျတာပေါ့

Episode 3 မှာ Millie တစ်ယောက် သူ့အစွမ်းကိုသုံးပြီး လူဆိုးတစ်ယောက်ရဲ့လည်ပင်းရိုးကိုချိုးလိုက်တဲ့အချိန်မှာ လုပ်လိုက်တဲ့ပုံစံက Millie ကိုယ်တိုင်စဉ်းစားထားတဲ့ စတိုင်လ်ပါတဲ့။

15. ကတုံးမလေးအစွမ်း

Eleven ရဲ့အကြိုက်ဆုံးမုန့်တစ်ခုအဖြစ် ဇာတ်ကားထဲမှာပါဝင်ခဲ့တဲ့ Eggo ဝေဖာမုန့်တွေကို ထုတ်လုပ်တဲ့ Kellogg ကုမ္ပဏီရဲ့ Stock ဈေးကွက်ဟာ ဇာတ်ကားထွက်ပြီး 4 ရက်အတွင်းမှာပဲ အမြင့်ဆုံးကိုထိုးတက်ခဲ့ပါတယ်။

Photo Credit to the Rightful Owners

, , , ,

Tv & Movie

လာမယ့် ရွေးကောက်ပွဲ (Election) မတိုင်ခင် ကြည့်သင့်တဲ့ Netflix Movie ခြောက်ခု

ပညာသားပါတယ်နော်။

by JN Ja Seng Pan

November 6, 2020

လာမယ့် ၈ရက်နေ့မှာ မဲပေးဖို့ အဆင်သင့်ပဲလား..နိုင်ငံသားတစ်ယောက်ပီသဖို့အတွက်ဆိုရင် ကိုယ့်နိုင်ငံကောင်းစားဖို့ မဲထည့်ကို ထည့်သင့်တယ်လို့ Editor ကတော့ ယူဆပါတယ်။ US မှာလည်း Election Period ဆိုတော့ ရွေးကောက်ပွဲ၊ မဲပေးဖို့တွေက ဒီတစ်လောမှာ အပြောအများဆုံး Topic တစ်ခုဖြစ်နေမှာပါ။ ဆိုတော့ မဲမပေးခင် ကိုယ့်ရဲ့ နိုင်ငံရေးအမြင်တွေကို ပိုပြီးကျယ်ပြန့်ဖို့၊ နိုင်ငံကြီးတွေမှာ ဒီလိုကိစ္စတွေကို ဘယ်လိုမျိူး ကိုင်တွယ်နေလဲဆိုတာ သိထားသင့်တာမို့ Netflix မှာ ကြည့်လို့ရမယ့် Politics Drama ကားကောင်းတွေကို ညွှန်းချင်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေအတွက် ဒီရုပ်ရှင်တွေကနေ သင်ယူစရာတွေ အများကြီးရမှာပါ။


Knock Down the House

2018 ရွေးကောက်ပွဲအတွက် State အသီးသီးက အမျိူးသမီးလေးယောက် ပါဝင်ယှဉ်ပြိုင်ကြတာကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားက Festival Favorite Award နဲ့ U.S Documentary Audience Award ကို 2019 Sundance Flim Fesitval မှာ ရရှိထားပါတယ်။

 

Mitt



သမ္မတဖြစ်ဖို့အတွက် မဲစွယ်စုရုံးရေးတွေလုပ်ရတာ၊ ပေးဆပ်ရတာတွေက ဘယ်လိုတောင်မှ ပင်ပန်းပြီး စိတ်ဖိစီးရလဲဆိုတာကို Mitt မှာတွေ့ရမှာပါ။


Dear White People

လူငယ်တွေ အထူးသဖြင့် တက္ကုသိုလ်ကျောင်းသူ၊ ကျောင်းသားတွေကြည့်သင့်တဲ့ Series ပါ။ ခွဲခြားဆက်ဆံမှုတွေနဲ့ တန်းတူအခွင့်အရေးတွေအကြောင်းကို ကွက်ကွက်ကွင်းကွင်းပြထားလို့ ကိုယ့်ပတ်ဝန်းကျင်မှာကော ဘယ်လိုတွေဖြစ်နေလဲဆိုတာကို သုံးသပ်မိမှာပါ။


The Edge of Democracy

ဘရာဇီးက ဒီမိုကရေစီစနစ်နဲ့ ပတ်သတ်ပြီး ဘယ်လဲ၊ ဘယ်လိုလဲဆိုတာကို လေ့လာသင်ယူရမှာပါ။ 2020 Academy Awards မှာ Best Documentary Feature အဖြစ် စာရင်းဝင်ခဲ့တဲ့ကားပါ။


Get me Roger Stone


ဒီရုပ်ရှင်ကို ဖန်တီးခဲ့ကြတဲ့သူတွေက Poltical Strategist တစ်ယောက်ဖြစ်တဲ့ Roger Stone နောက်ကို ၂၀၁၁ လောက်ကတည်းက လိုက်ပြီး ရိုက်ကူးနေခဲ့တာပါ။ Roger Stone ဆိုတာကလည်း အခြားသူမဟုတ်ပါဘူး.. Donald Trump ရဲ့ 2019 Presidential Campaign မှာ နိုင်ငံရေး အရှုပ်အထွေးတွေနဲ့ ပါဝင်ပတ်သတ်နေခဲ့တဲ့သူတစ်ယောက်ပါ။



Reversing Roe

အမျိူးသမီးတွေ Must Watch ပါ။ အမေရိကားလို နိုင်ငံမျိူးမှာတောင် အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ဘယ်လောက်ထိ ရယူတိုက်ခိုက်ခဲ့ရလဲဆိုတာကို အံ့သြဖွယ်တွေ့ရမှာဖြစ်ပြီး ဗဟုသုတလည်း တော်တော်လေးရစေပါတယ်။

, , ,

Tv & Movie

ကမ္ဘာကျော်ကာတွန်းကားတွေကပေးတဲ့ တွေးစရာလေးတွေ

ယူတတ်ရင် သင်ခန်းစာကောင်းလေးတွေချည်းပါပဲ

by Randy Win

November 4, 2020

             လူတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်အပန်းဖြေစရာဖျော်ဖြေမှူတစ်ခုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ၊သီချင်းတွေ ၊ဂိမ်းတွေဟာ အမြဲတမ်းနီးပါးလိုအပ်နေတဲ့ အရာတွေဖြစ်သလိုပဲ ဒီလိုအရာတွေကနေ ဘဝနဲ့ပတ်သက်တဲ့သင်ခန်းစားကောင်းတွေကိုလည်း ထည့်သွင်းဖော်ပြပေးနိုင်ပါသေးတယ်။ အထူးသဖြင့် နာမည်ကျော် ကာတွန်းဇာတ်လမ်းအများစုဟာ တချို့ထင်နေကြသလို ကလေးတွေအတွက်ပဲ ကလေးကြိုက်ဖန်တီးထားတာမဟုတ်ပဲ လူသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားတစ်ခုနီးပါး နည်းပညာကောင်းကောင်းတွေနဲ့ ကြိုးစားတင်ဆက်ထားရုံမက လူကြီးလူငယ်တွေအတွက် ဘဝနဲ့ပတ်သက်တဲ့ သင်ခန်းစာကောင်းတွေကိုလည်း ဖော်ပြပေးသွားနိုင်တာတွေ့ရပါလိမ့်မယ်။ဒါကြောင့်မို့ တစ်နေ့တာရဲ့ စိတ်အပန်းပြေမှူအတွက် ဖျော်ဖြေရေးကဏ္ဍအနေနဲ့ ကြည့်ဖြစ်နေကြတဲ့ ဇာတ်ကားလေးတွေကနေ ဘယ်လိုသင်ခန်းစာတွေယူနိုင်လည်းဆိုတာ သိရှိစေဖို့အတွက် ကာတွန်းကားတွေကပေးနိုင်တဲ့ Message ကောင်းလေးတချို့ကို ရွေးချယ်ပြီးစုစည်းဖော်ပြပေးလိုက်ပါတယ်နော်။

Finding Nemo


ဒီဇာတ်ကားကတော့ ချစ်စရာ Clownfish လေးတစ်ကောင်ရဲ့ စွန့်စားခန်းကိုရိုက်ကူးပုံဖော်ထားတဲ့ဇာတ်လမ်းလေးပါ။ ပုံစံခွက်ထဲကရုန်းထွက်ပြီး အချုပ်အနှောင် ကင်းကင်းနဲ့ ကျယ်ပြန့်တဲ့ကမ္ဘာကြီးရဲ့နေရာသစ်တွေကို စွန့်စားရှာဖွေစူးစမ်းချင်တဲ့ လူငယ်တစ်ယောက်ရဲ့စိတ်မျိုးနဲ့ ငါးကလေး နီမိုဟာ မတော်တဆ ငါးဖမ်းပိုက်ကွန်မှာမိပြီးဒုက္ခလှလှတွေ့ခဲ့ရပါတယ်။ ဒီအချိန်မှာသူရဲ့ ဖခင်ဖြစ်သူက သားသမီးအတွက် စွန့်စွန့်စားစားနဲ့ အခက်အခဲတွေကြားကနေ မရရအောင်လိုက်လံကယ်တင်ခဲ့ပုံကိုဇာတ်လမ်းဆင်ထားပြီး မိသားစုသံယောဇဉ်နဲ့ မိဘမေတ္တာကို အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်လို့ဆိုရမှာပါပဲ။ ဒါတင်မကသေးပဲ ကလေးတွေကို ဘယ်လိုအားနည်းချက်တွေ စိန်ခေါ်မှူတွေရှိနေပါစေ စိတ်ဓာတ်ကျအားငယ်ခြင်းမရှိပဲ ရဲရဲကျော်ဖြတ်နိုင်ဖို့လည်း သင်ခန်းစာလေးတွေပေးသွားပါသေးတယ်။

Up


မိုးပျံပူဖောင်းတွေအများကြီးနဲ့အိမ်ကလေးကိုလေမှာပျံစေခဲ့တဲ့ ဒီဇာတ်ကားလေးကိုလည်း မကြည့်ဖူးသူတော်တော်ရှားပါလိမ့်မယ်။ ကမ္ဘာကြီးဟာ မတည်မြဲခြင်းတွေနဲ့အမြဲရှေ့ဆက်နေတဲ့အချိန်မှာ ကိုယ်ချစ်ရသူတွေကို ဆုံးရှူံးရခြင်းဆိုတဲ့ လောကနိယာမကလည်း တစ်နေ့မဟုတ်တစ်နေ့ မလွဲမသွေကြုံတွေ့လာရမယ့်အချက်တစ်ခုပါပဲ။ဒါပေမဲ့ ဘယ်တော့မှပြောင်းလဲသွားခြင်းမရှိတဲ့အရာတစ်ခုကတော့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့သံယောဇဉ်ပါပဲ။ Up ဇာတ်ကားလေးထဲမှာ ဒီအချက်ကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်ပါတယ်။မိသားစုအပေါ်မှာဖြစ်ဖြစ် ဘဝလက်တွဲဖော်အပေါ်မှာဖြစ်ဖြစ် ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတစ်ယောက်ကို အတူတကွရှိနေချိန်မှာချစ်ကြောင်းဖော်ပြဖို့ ဘယ်တော့မှ နောက်တွန့်တုံ့ဆိုင်းတာမျိုးမဖြစ်ပါစေနဲ့ဆိုတဲ့အချက်ကို ဒီဇာတ်ကားလေးက ကောင်းကောင်းသက်သေပြသွားခဲ့ပါတယ်။

Kung Fu Panda


ဒီဇာတ်ကားကတော့ တရုတ်ရိုးရာကွန်ဖူးပညာကိုအခြေခံထားပြီး အရမ်းကိုကြည့်ကောင်းတဲ့ ကာတွန်းကားလေးပါ။ ချစ်စရာကောင်းပြီးအစားကြီးတဲ့ ပန်ဒါလေးရဲ့ ကွန်ဖူးပညာနဲ့ပတ်သက်တဲ့ ကြိုးစားမှူတွေနဲ့ ဇာတ်လမ်းဆင်ဖန်တီးထားပြီး ဒီဇာတ်ကားလေးကပေးသွားတဲ့ အကောင်းဆုံးသင်ခန်းစာတစ်ခုကတော့ ဘယ်သူမဆို ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိဖို့နဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အသွေးတွေအပေါ်ဘယ်တော့မှ လျှော့မတွက်မိဖို့နဲ့ ယုံမှားသံသယဖြစ်တာမျိုးမရှိကြဖို့ပါပဲ။

Wall-E


ခေတ်ပေါ်နည်းပညာနဲ့ ခေတ်ဟောင်းနည်းပညာတွေကြားက ချစ်စဖွယ် စက်ရုပ်လေးနှစ်ရုပ်ရဲ့ချစ်ခြင်းမေတ္တာနဲ့တိုးတက်လာတဲ့ကမ္ဘာကြီးရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဆုတ်ယုတ်ပျက်စီးမှူတွေကို အချက်ကျကျ Message ကောင်းကောင်းပေးသွားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါ။ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ကမ္ဘာကြီးဟာ လူသားတွေရဲ့ Pollution ဒဏ်တွေကို သိမ်းကြုံးခံစားရပြီး နောက်ဆုံးမှာ ကမ္ဘာကြီးဟာ အမှိုက်ပုံကြီးတစ်ခုအနေနဲ့သာကျန်ခဲ့တယ်ဆိုတဲ့ သင်ခန်းစာနဲ့ ဇာတ်လမ်းကိုစတင်ထားပြီး သဘာဝတရားဟာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အရမ်းကိုလိုအပ်လာတဲ့အရာတစ်ခုဖြစ်ကြောင်းကို စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်များနဲ့ အကောင်းဆုံးဖော်ပြသွားနိုင်ခဲ့ပါတယ်။

Megamind


ဒီဇာတ်ကားကိုကြည့်ရင်း ငယ်ငယ်ကကျေးညီနောင်ပုံပြင်ကိုသွားပြီးအမှတ်ရစေပါတယ်။ဗီလိန်တိုင်းလည်း လူဆိုးမဖြစ်နိုင်သလို စူပါဟီးရိုးတိုင်းလည်း လူကောင်းဖြစ်မလာနိုင်ပါဘူးဆိုတဲ့အချက်ကို ဒီဇာတ်ကားလေးကကောင်းကောင်းပုံဖော်သွားခဲ့ပါတယ်။ ငယ်စဉ်က ဘယ်သူက ဘာဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပဲလာလာ မွေးဖွားကြီးပြင်းရာနေရာနဲ့ ပတ်ဝန်းကျင်ရဲ့ ပျိုးထောင်မှူအပေါ်မှာမူတည်ပြီး လူတစ်ယောက်ရဲ့ အတွင်းစိတ်ထားဟာ အကောင်းနဲ့အဆိုးသိသိသာသာ ကွဲပြားခြားနားသွားနိုင်ကြောင်းပြသသွားတဲ့ကားလေးမို့ အရမ်းသဘောကျမိတဲ့ဇာတ်ကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။

Mulan


မူလန်ကတော့ အားလုံးသိပြီးသား နာမည်ကျော် Disney ဇာတ်ကားလေးပါ။ ကာတွန်းကားအနေနဲ့လည်း အရမ်းအောင်မြင်ခဲ့သလို Live Action အနေနဲ့ထွက်ရှိလာတဲ့အခါမှာလည်း လူကြိုက်များခဲ့ပါတယ်။ ကာတွန်းနဲ့ Live Action မှာ ဇာတ်အိမ်ကွဲပြားတယ်ဆိုပေမယ့် ပေးချင်တဲ့ အဓိက Message ကတော့ အတူတူပါပဲ။ Be Yourself ဆိုတဲ့ ကိုယ့်ဖြစ်တည်မှူအပေါ်မှာ ကိုယ်သာလွှမ်းမိုးပါစေဆိုတဲ့အချက်ပါပဲ။ ပတ်ဝန်းကျင်နဲ့ ဓလေ့ထုံးတမ်းသတ်မှတ်ချက်တွေ ၊ ဆွေမျိုးအသိုင်းအဝိုင်းရဲ့ဆန္ဒတွေအပေါ်မှာ ကြိုးစားရှင်သန်ပေးရတာထက် ကိုယ်ကိုယ်တိုင်စိတ်အားထက်သန်တဲ့ အရာတစ်ခုပေါ်မှာ ကြိုးစားခြင်းနဲ့ ကိုယ်ရဲ့ဖြစ်တည်မှူအပေါ်မှာလက်ခံနိုင်ခြင်းက ပိုအောင်မြင်နိုင်တယ်ဆိုတဲ့အချက်နဲ့ ဒီလိုအရာတွေအတွက် ဘယ်သူ့ကိုမှ ရှက်ရွံ့နေစရာ ပုန်းကွယ်နေစရာမလိုဘူးဆိုတဲ့ ဘဝသင်ခန်းစာကောင်းတွေကို ပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit To The Rightful Owners

, , , ,

MODA TV 


Tv & Movie

Fujoshi မှန်ရင် မဖြစ်မနေကြည့်သင့်တဲ့ Thai BL Series ခြောက်ခု

Fan Meeting တွေ မြန်မာပြည်မှာတောင် လုပ်သွားသေးတယ်

by JN Ja Seng Pan

November 3, 2020

K Drama တွေနဲ့ ရင်းနှီးပြီးသားဖြစ်ပေမယ့် အခုနောက်ပိုင်း အာရှမှာ ရေပန်းစားလာတဲ့ ယောင်္ကျားလေးအချစ်ဇာတ်လမ်းလေးတွေကောကြည့်ပြီးပြီလား။ အတိုကောက်အနေနဲ့ BL လို့ခေါ်ကြပြီး Male- Male Relationship လေးကို အသည်းယားအောင် ရိုက်ပြလေ့ရှိပါတယ်။ BL ဇာတ်ကားတွေထဲမှာဆို ထိုင်းကားလေးတွေကမှ ကြည့်ရတာ ပိုရင်ခုန်စရာကောင်းသလိုပဲနော်။ ပရိတ်သတ် အားပေးမှုများတဲ့အပြင် ပေါက်နေတဲ့ Thai BL Series တွေကို ဖော်ပြလိုက်ရပါတယ်။ Fujoshi လေးတွေ တစ်ယောက်ထဲ ကြိတ်ကြည့်ပြီး ရင်မှာ ခံစားတွေဖြစ်ရင် တာဝန်မယူဘူးနော်..


My Gear and your gown (2020)


Oxygen (2020)


A Chance To Love Season 2 (2020)


2gether (2020)


Tharntype (2019)


Theory of Love (2019)

, , ,

Tv & Movie

TV ရှေ့ကနေ နိုင်ငံတကာကို ခရီးထွက်နိုင်မယ့် Netflix Movie (၇) ကား

မအားသေးဘူး..အိမ်ထဲကနေ ကမ္ဘာပတ်နေတယ်

by JN Ja Seng Pan

October 30, 2020

Facebook မှာ ရင်နာစရာကောင်းတဲ့ ခရီးသွား Memory တွေပြန်ပြန်တက်လာတယ်။ ခရီးတွေ အရမ်းသွားချင်နေပြီ မရတော့ဘူး ဆိုပေမယ့် Covid ကျေးဇူးကြောင့် ဘာမှဆက်ဖြစ်လာမှာ မဟုတ်ပါဘူး (မျက်ရည်နှစ်စက်)။ အိမ်မှာလည်း ကြည့်စရာ နံရံတွေလည်း ကုန်ပြီဆိုတော့ အာရုံတွေ လန်းဆန်းသွားရအောင် တစ်နည်းအားဖြင့် အပြင်ထွက်စရာမလိုပဲ ခရီးမသွားကြည့်ချင်ဘူးလား။


Netflix Account လည်းရှိနေပြီဆိုရင်တော့ ဒီ Idea ကို အခုပဲ အကောင်အထည်ဖော်လိုက်ရအောင်။ ကြည့်နေရင်းနဲ့ ကိုယ်ပါ နိုင်ငံတကာကို ရောက်နေသလို စီးမျောခံစားလို့ရမယ့် ရုပ်ရှင်ကားလေးတွေကို ရှာဖွေထားပါတယ်။ အိမ်ကနေ တစ်ယောက်တည်း ပျော်ပျော်ပါးပါး ကမ္ဘာပတ်ဖို့ Ready ပဲလား…


Ibiza (2018)
Ibiza ဆိုတဲ့အတိုင်း မူးရှုးခုန်ပေါက် သောင်းကျန်းရတဲ့ နေ့ရက်တွေကို လွမ်းနေတဲ့သူတွေ Must Watch ပါ။ အလုပ်တွေပိပြီး မွန်းကျပ်နေတဲ့ Harper တစ်ယောက် အလုပ်အတွက် စပိန်ကို ခရီးထွက်ရင်း လွတ်လပ်ပေါ့ပါးမှုကို ဘယ်လိုပြန်ခံစားရရှိမလဲဆိုတာ ကြည့်ရှုရမှာပါ။

 

Wine Country (2019)
မတွေ့တာကြာပြီဖြစ်တဲ့ အန်တီကြီးတစ်သိုက် မွေးနေ့မှာ ပြန်ဆုံတွေ့ကြတဲ့အခါ ဘယ်လိုအလွဲတွေဖြစ်မလဲဆိုတာ ဟာသနှောပြီး ကြည့်ရမှာပါ။ ပိတ်ရက် ဝိုင်ခြံကို အလည်သွားနေတဲ့ Mood ကို အပြည့်အဝခံစားရမှာပါ။


Murder Mystery (2019)
New York က စုံတွဲလင်မယား အီတလီကို မင်္ဂလာနှစ်ပတ်လည်အတွက် အလည်သွားကြတဲ့ ဇာတ်လမ်းလေးပါ။ အီတလီတခွင် ပြဲပြဲစင်ပဲမို့ အီတလီ အလှ၊ အီတလီ ဘဝကို အပြည့်အဝခံစားရမှာပါ။


Falling Inn Love (2019)
Emily in Paris ကို ကြိုက်ပြီး New Zealand ကိုသွားချင်နေတဲ့သူတွေ ဒီကားလေးကို Try ကြည့်ပါ။ အေးချမ်းတဲ့ New Zealand ရဲ့ အလှကို ကောင်းကောင်းကြီး ရိုက်ပြထားတာပဲတင် ရုပ်ရှင်ကြည့်ရတာ တော်တော်လေးတန်နေပါပြီ။


The Laundromat (2019)
အာမခံ Company တစ်ခုရဲ့ လူတွေမသိသေးတဲ့ လျိူ့ဝှက်ချက်ကို အမျိူးသမီးတစ်ယောက်က လိုက်ဖော်ထုတ်တဲ့ ဇာတ်လမ်းပါ။ China, Las Vegas, Pananma စတဲ့ ကမ္ဘာတစ်ဝှမ်းမှာ ရိုက်ကူးထားတာကြောင့် အကြိုက်တွေ့မှာပါ။


Love Wedding Repeat (2020)
Romantic Comedy ကားလေးပါ။ ဒီတစ်လော မင်္ဂလာပွဲတွေလည်း မတက်ရဘူးဆိုတော့ အီတလီက ဒီမင်္ဂလာဆောင်လေးကို အပြေးအလွှားလေး တက်လိုက်ကြတာပေါ့။


Okja (2017)
ကိုးရီးယားနဲ့ အမေရိကန် ပေါင်းပြီး ရိုက်ကူးထားတဲ့ Adventure ကားကောင်းလေးပါ။ ဒီရုပ်ရှင်ထဲက တောင်တန်းတွေ၊ တောအုပ်တွေနဲ့ ရေကန်တွေစတဲ့ Scenery တွေက တောထဲ Hiking လုပ်နေရတဲ့ ခံစားချက်ကို ဖြစ်စေမှာပါ။

, , ,

Tv & Movie

ခံစားမှုရသသစ်ကိုပေးမယ့် လိင်တူ Romance ရုပ်ရှင် (၉) ကား

ကိုယ်တွေဆိုကြည့်နေရင်းနဲ့မျက်ရည်တောင်ကျတယ်

by May Shoon

October 28, 2020

သီတင်းကျွတ်ပိတ်ရက်တွေအိမ်မှာ ကြည့်ရတဲ့ရုပ်ရှင်တွေလည်းကုန်နေပြီလား။ ဒါဆိုရင် စိတ်လည်းအပြောင်းအလဲလေးဖြစ်သွားအောင် Romance ရုပ်ရှင်ဇာတ်ကားတွေထဲကမှ လိင်တူအချစ်ရုပ်ရှင်ဇာတ်ကားတွေ၊ LGBT ရုပ်ရှင်လေးတွေကိုခံစားကြည့်ကြည့်လိုက်ပါ။ ခက်ခဲကြမ်းတမ်းတဲ့အချစ်တွေက ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကိုဒီဇာတ်ကားတွေထဲမှာတွေ့မြင်နိုင်ပါတယ်။ တကယ်တော့ချစ်ခြင်းမေတ္တာမှာ ကျားမတွေ၊အဖြူအမည်းတွေ၊ အသက်အရွယ်တွေ၊ အဆင့်အတန်းတွေစတဲ့ကန့်သတ်ချက်တွေဘာဆိုဘာမှမရှိပါဘူး။ အချစ်ကိုပဲခံစားတတ်ဖို့လိုတာပါ။
အတူတူကြည့်ချင်တဲ့ သူငယ်ချင်းတွေ နဲ့ချစ်သူ ရှိရင်လည်း Mention ခေါ်လိုက်နော်။


Call Me by Your Name (2017)
Call Me by Your Name ကတော့ Gay ရုပ်ရှင်ချစ်သူတွေနဲ့သိပ်မစိမ်းတဲ့ ဇာတ်ကားပါ။ ၁၉၈၃ ခုနှစ်ရဲ့နွေရာသီတစ်ခုမှာ Elio Perlman ကမိသားစုနဲ့အတူ Lombardy,Italy ကိုခရီးထွက်လာကြတယ်။ အဲ့အချိန်မှာ Eilo ကသူ့အဖေဆီမှာ Intern လာလုပ်တဲ့ Oliver နဲ့ဆုံတွေခဲ့တယ်၊ ရင်းနှီးမှုတွေရဲ့နောက်မှာဖော်ပြရခက်တဲ့ခံစားချက်တွေပါလာတဲ့အခါ...။


Moonlight (2016)
Golden Globe Award for Best Motion Picture၊ Academy Award for Best Picture နဲ့ Best Supporting Actor စတဲ့ဆုတွေအများကြီးရရှိခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားမှာ လူ့ဘဝရဲ့သဘောတရားတွေကို Highlight လုပ်ထားတာဖြစ်ပါတယ်။ Main Character ရဲ့ ကလေးဘဝ၊ဆယ်ကျော်သက်ဘဝ၊ လူငယ်ဘဝ၊လူကြီးဘဝတစ်လျှောက်မှာ Sexual နဲ့ ဖြစ်တည်မှုအတွက်ရင်ဆိုင်ကြုံတွေ့ရတဲ့လောကဇာတ်ခုံတွေပါ။


Circus of Books (2019)
Documentary ရုပ်ရှင်ဖြစ်ပြီး LGBT အသိုင်းအဝိုင်းကိုလက်မခံခင်အချိန် United States က Pornography နဲ့ Gay Porn ပစ္စည်းတွေကိုရောင်းချတဲ့ ဆိုင်တစ်ဆိုင်ရဲ့စုံတွဲတစ်တွဲရဲ့ Life နဲ့ Gay ဖြစ်သူသားတစ်ယောကိုပျိုးထောင်တဲ့အကြောင်းကိုသဘာဝကျကျရိုက်ကူးထားတာပါ။


Love, Simons (2018)
လူငယ်တွေတော်တော်များများနှစ်သက်တဲ့ American Romantic Comedy ရုပ်ရှင်လေးပါ။ ကျောင်းသားလေး Simon ကသူ့ရဲ့ လိင်တူနှစ်သက်တဲ့ Sexual Orientation ကိုမိဘတွေမကြိုက်မှာစိုးတာကြောင့် ဖုံးကွယ်ထားပေမယ့် မထင်မှတ်ထားတဲ့ ပေးစာတွေကိုလက်ခံပြီးနောက်မှာလူတွေကိုကူညီရင်း သူ့ရဲ့သရုပ်မှန်ကိုဖော်ပြဖို့သတ္တိတွေရှိလာခဲ့ပါတော့တယ်။


God's Own Country (2017)
ဒါရိုက်တာ Francis Lee ရဲ့ ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ရိုက်ကူးထားတဲ့ Masterpiece တစ်ခုပါ။ မင်းသား Josh O'Connor နဲ့ Alec Secareanu ကအဓိကသရုပ်ဆောင်ထားပါတယ်။ ရွေ့ပြောင်းလုပ်သားတစ်ဦးနဲ့ချစ်မိသွားရာကဘဝတစ်ခုလုံးပါပြောင်းလဲသွားတဲ့ သိုးကျောင်းသားလေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။

 

Blue is the Warmest Color (2014)
ဝေဖန်သူတွေတော်တော်များများတောင်ချီးကျူးကြတဲ့အပြင် Palme d'Or Awards လည်းရရှိထားတဲ့ ပြင်သစ်ရုပ်ရှင်ပါ။ Lesbian Bar တစ်ခုမှာတွေဆုံခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးနှစ်ယောက်ကြားက ဖြစ်ပေါ်လာတဲ့ Emotional နဲ့ Sexual ရောယှက်နေတဲ့ချစ်ခြင်းမေတ္တာအကြောင်းကို ရသတစ်မျိုးနဲ့မြင်တွေ့ရမှာပါ။


Carol (2015)
2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ Romantic Drama Film ဖြစ်ပြီး မင်းသမီးကြီး Cate Blenchette နဲ့ Rooney Mara တို့ကသရုပ်ဆောင်ထားတာပါ။ ၁၉၅၀ က NewYork မြို့ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး လူမှုရေးရှုပ်ထွေးမှုတွေကြားကနေ အချစ်ကိုရှာတွေခဲ့တဲ့ Photographer အမျိုးသမီးတစ်ဦးနဲ့ ကွာရှင်းထားတဲ့ အိမ်ထောင်သည်အမျိုးသမီးတို့နှစ်ယောက်အကြောင်းပါ။


The Secret Love (2020)
Netflix Original Movie တစ်ကားဖြစ်ပြီး All-American Girls Professional Baseball League ချန်ပီယံ ကစားသမား Terry Donahue နဲ့ Partner ဖြစ်သူ Pat Henschel တို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကိုရိုက်ကူးထားတာပါ။ တင်းကျပ်တဲ့မိသားစုတွေမသိအောင် နှစ်ပေါင်းခုနစ်ဆယ်နီးပါး သူတို့ရဲ့ Relationship ကိုလျှို့ဝှက်ထားခဲ့ကြပါတယ်။


Tell it to the Bees (2018)
အချစ်ဆိုတာအချိန်တစ်ခုလွန်ပြီးမှလည်းပြန်ပေါ်လာတတ်တယ်ဆိုတာကို British Drama “Tell it to the Bees” မှာတွေ့မြင်နိုင်ပါတယ်။ ဖခင်ရဲ့ကျန်းမာရေးအခြေအနေကြောင့် Scotland ကိုပြန်လာတဲ့ Dr.Jean Markham ဟာ သားတစ်ယောက်ရှိတဲ့ မိခင်တစ်ဦးနဲ့တွေ့ဆုံရင်းနှီးပြီးသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ။

 

, , , ,