×
Tv & Movie

ဘယ်နှစ်ခါကြည့်ကြည့် ရိုးမသွားပဲ မျက်ရည်ထွက်အောင် ရယ်နေရမယ့် Running Man အပိုင်းတွေ

ဘယ်အပိုင်းအကြိုက်ဆုံးလဲ

by JN Ja Seng Pan

January 16, 2021

Running Man အစီအစဉ်ကြီး ဖြတ်သန်းလာတာ ၁၀နှစ်တောင်ကျော်ခဲ့ပြီနော်။ Gary ထွက်သွားပြီးနောက်ပိုင်း အဖွဲ့ဝင်အသစ်နှစ်ယောက်နဲ့ ဆက်လက်ရိုက်ကူးခဲ့ပေမယ့် အရင်က အငွေ့အသက်တွေ ပြန်မရတော့တောင်အမှန်ပါ။ ကိုးရီးယား Variety Show တွေထဲ နိုင်ငံတကာပရိတ်သတ်အားပေးမှုအများဆုံး အစီအစဉ်တစ်ခုအဖြစ် ရပ်တည်နေတာကလည်း နယ်နယ်ရရတော့ မဟုတ်ခဲ့ပါဘူး။ အဖွဲ့ဝင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ PD တွေရဲ့ Show အပေါ်ထားတဲ့ စေတနာမေတ္တာတွေကြောင့် ဒီအခြေအနေထိကို အသက်ဆက်နိုင်ခဲ့တာပါ။ Running Man မှာ အမှတ်ရဆုံးနဲ့ အရယ်ရဆုံးအပိုင်းတွေကို အလွမ်းပြေပြန်ကြည့်ချင်ကြမှာပါ။ ဒါကြောင့် Editor က Running Man ၁၀ နှစ်တစ်လျှောက် အကောင်းဆုံး၊ အပြောင်မြေက်ဆုံးအပိုင်းတွေထဲကမှ အရယ်ရဆုံး Episode အချို့ကို ပြန်လည် မျှဝေပေးချင်ပါတယ်။ Runner စစ်စစ်မှန်ရင် ဒီအပိုင်းတွေကို သိတာမို့ Editor ကိုယ်တိုင် အမာခံ Runner စစ်စစ်ကြီးက မေးပါမယ်..ဘယ်အပိုင်းအကြိုက်ဆုံးလဲ၊ ဘယ်အပိုင်းကို အမှတ်အရဆုံးပါလဲ?

Episode 125 (Christmas Speical Episode)

Guest တွေ ငယ်ဖို့၊ ချောဖို့မလိုတာကို ဒီအပိုင်းကြည့်ရင် သိနိုင်မှာပါ။ Super Junior ထဲက Shindong အပါအဝင် အဆိုတော် Gagman ခပ်၀၀လေးတွေ စုထားတဲ့ Ajushii Guest တွေနဲ့တင် အားသကုန်ရယ်နေရမယ့်အပိုင်းပါ။ Christmas Special အပိုင်းလေးမို့ အပျော်တွေလည်း ကူးစေပါတယ်။

Episode 213 (Female Villain)



ဒီအပိုင်းကြည့်မယ်ဆိုရင် သေးအရင်ကြိုပေါက်ထားဖို့ လိုပါမယ်။ Program အစကနေ အဆုံးအထိ အူနာအောင် ရယ်ရမှာမို့လိုပါ။ Guest အဖြစ် ပါဝင်ထားတဲ့ Villain ဇာတ်ရုပ်နဲ့ နာမည်ကြီးတဲ့ မင်းသမီးတွေကြောင့်လည်း ပိုပြီး ဟာသကိုဖြစ်နေရော။ ဘယ်အချိန်ပြန်ကြည့်ကြည့် မဟောင်းနိုင်တဲ့ အပိုင်းလေးပါ။

Episode 178 (Running Man Vs Production Team)



အရယ်ရဆုံးအပိုင်းထဲမှာ ပါသလို Running Man အပိုင်းတွေထဲမှာ အကြီးကြယ်၊ အခမ်းနားဆုံးဖြစ်ခဲ့တဲ့ အပိုင်းဆိုလည်း မမှားပါဘူး။ PD အသင်းနဲ့ Running Man တွေရဲ့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့ ချစ်စရာကောင်းတဲ့ Relationship က ကြည့်ရှုတဲ့သူကိုပါ ကြည်နူးမှုကိုခံစားရစေမှာပါ။ Member တစ်ယောက်ချင်းစီရဲ့ အပင်ပန်းခံမှုတွေ၊ Team Sprit တွေကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ရင်ထဲထိရတဲ့ အပိုင်းလေးတစ်ခုမို့ ကြည့်ဖြစ်အောင်ကြည့်ပါ။

Episode 216 (World Avatar)

Member တွေရဲ့ Custom ကြီးတွေကို ကြည့်ရင်းကို ရယ်သေပါ အထူးသဖြင့် မောင်ဂွမ်တို့ပေါ့။ အဲ့ဒီ ဝတ်စုံကြီး တကားကားနဲ့ ပေါက်ကရလျှောက်လုပ်တဲ့ Running Man Member တွေကို ကြည့်ရမှာဖြစ်သလို မျက်ရည်ပါထွက်ရမယ့် Game တစ်ခုလည်း ပါတာမို့ မကြည့်ရသေးတဲ့သူတွေကို မ Spoil တော့ဘူး။ ကြည့်ပြီးသားသူတွေလည်း အမောပြေပြန်ကြည့်လိုက်တော့နော်။

Episode 69 (Grassshopper Hunting)

Choi Min Soo ဆို Runner တွေနဲ့ စိမ်းမှာမဟုတ်ပါဘူး။ သူ့ရဲ့ Character နဲ့ သူ့ကို ကြောက်ရတဲ့ Member တွေကို လိုက်ပြီး နာမည်ကဒ်လိုက်ဖြုတ်တဲ့ Moment တွေက Viewer တွေအတွက် ငိုရခက်၊ ရယ်ရခက်နဲ့ Entertain ဖြစ်စေတာ ငြင်းလို့မရပါဘူး။ ဒီအပိုင်းလေးကလည်း Choi Min Soo ရဲ့ Comeback Revenge ပုံစံအပိုင်းလေးဖြစ်ပါတယ်။ Kim Joog Kook တောင်မကယ်နိုင်တဲ့ Member တွေရဲ့အဖြစ်ကို တဝါးဝါးတဟားဟားနဲ့ ကြည့်ရမှာပါ။

Episode 167 (The Legend of TroubleMakers)

နောက်ပိုင်း အပိုင်းသစ်တွေမှာ မြင်တွေ့ရမှာမဟုတ်တဲ့ Kwang So ရဲ့ ညီမလေး Kwang Ja လေးကို တဝကြီးမြင်တွေ့ရမှာပါ။ Opening ထဲကနေ ကျောင်းထဲက Fighter Ji Hyo ရဲ့ Moment တွေ၊ Kwang Ja ရဲ့ ချစ်စရာကောင်းပုံတွေအပြင် အရင် Running Man ပုံစံပီပီ Character လေးတွေနဲ့ Member တွေကို ကြည့်ရင်းနဲ့တင် ရယ်ရတာ တော်တော်လေးမောနေရမှာပါ။

Episode 244 (Dangerous Couple)

Show ကိုလာတိုင်း အမြဲ ပျော်ရွှင်မှုပေးတဲ့ Jessi ကို စစချင်း မြင်တွေ့ရမယ့် အပိုင်းလေးပါ။ ပါဝင်ထားတဲ့ Guest တွေကလည်း နာမည်ကြီး မင်းသမီးတွေ၊ Idol တွေ၊ Comedian တွေ ပါတဲ့အပိုင်းလို့ မပြောရဘူး.. တစ်ယောက်တစ်ပေါက်နဲ့မို့ ပွဲကျစေမှာပါ။ Jessi ရဲ့ ကိုးရီးယားစကား အရှု့ပ်တော်ပုံ အပိုင်း ၁ နဲ့ Jae Suk နဲ့ အူူတက်နေအောင်ရယ်ရမယ့် အပေးအယူအတွဲအဖက်ကြီးကိုလည်း ဒီအပိုင်းကနေစပြီး မြင်တွေ့ရမှာပါ။

Episode 520 (8 People 8 Colours Race)


ဒီဘက်နောက်ပိုင်း Game တွေ သိပ်မဆော့ပဲ စကားတွေပဲပိုပြောလာတဲ့အပိုင်းတွေထဲကမှ အရယ်ရဆုံး အပိုင်းဆို ဒီအပိုင်းကို အားလုံးရွေးကြမယ်လို့ ထင်ပါတယ်။ Rating တက်သွားတဲ့အပိုင်းလို့ပြောလို့ရသလို Runner တိုင်း သဘောကျရတဲ့အပိုင်းလေးဆိုလည်း မမှားပါဘူး။ Kwang So ရဲ့ ပြောင်မြောင်လှတဲ့ အဆိုစွမ်းရည်တွေကို မြင်တွေ့ရမှာပါ။ လူတွေအများကြီးရှိနေတဲ့နေရာမှာ မကြည့်မိအောင်တော့ ရှောင်ပါ။

, , ,
Tv & Movie

ခေါင်းဆောင်မင်းသားနှစ်ဦးရဲ့ Bromance တွေများများထည့်ပေးဖို့ တောင်းဆိုခံနေရတဲ့ True Beauty

ချောလည်းချောကြတာကိုး

by Randy Win

January 13, 2021

                လက်ရှိထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ tvN ရဲ့ True Beauty ဇာတ်လမ်းတွဲကတော့ ကြည့်ရှုနှုန်းလည်းများပြားလျက်ရှိသလို ပရိသတ်စိတ်၀င်စားမှုအမြင့်ဆုံး K Drama list ထဲမှာ ရောက်ရှိနေတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ Webtoon ကို ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တာနဲ့အညီ ချစ်စရာကောင်းတဲ့ ဇာတ်အိမ်ဖွဲ့စည်းပုံနဲ့ ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်တွေကြောင့်လည်း တစ်ပိုင်းထက်တစ်ပိုင်း ပိုပိုပြီးလူကြိုက်များနေပုံပါပဲ။

               ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်တွေအဖြစ် K-pop boy band တစ်ခုဖြစ်တဲ့ Astro ရဲ့ အဖွဲ့၀င် Cha Eun Woo က main lead actor အနေနဲ့ပါ၀င်ထားပြီး ဇာတ်ဆောင်မင်းသမီးအဖြစ် Mun Ga Yaung ၊ second lead အနေနဲ့ Hwang In Youp တို့ကအတွဲညီညီ ပါ၀င်သရုပ်ဆောင်ထားကြတာတွေ့ရမှာပါ။

             ကျောင်းမှာရုပ်ဆိုးလို့ဆိုပြီးအနှိမ်ခံရတဲ့ အင်ဂျူဂယောင်းဆိုတဲ့ကောင်မလေးတစ်ယောက် မိတ်ကပ်ကောင်းကောင်းလိမ်းခြယ်တတ်ပြီးတဲ့နောက်မှာ ကျောင်းရဲ့အလှဆုံးပေါ်ပြူလာစာရင်းထဲ၀င်သွားခဲ့ရတဲ့အကြောင်းကို လူငယ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းနဲ့ ရောယှက်ပြီးခပ်မြူးမြူးလေး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ခပ်ချောချောမင်းသားမင်းသမီးလေးတွေကို အသုံးပြုထားတာကြောင့် လူစိတ်၀င်စားမှုပိုမြင့်တက်ခဲ့ပါတယ်။ True Beauty ရဲ့ အမာခံပရိသတ်တွေကတော့ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကဆွဲဆောင်မှုအဖြစ် ချောမောတဲ့ male actor နှစ်ယောက်ကို ဦးတည်ထားကြပြီး ဇာတ်ကားထဲက မင်းသားမင်းသမီးစုံတွဲထက် မင်းသမီးကိုပြိုင်လုနေကြတဲ့ လူချောလေးနှစ်ယောက်ရဲ့ bromance တွေကို ပိုပြီးမြင်ချင်ကြပါတယ်ဆိုပြီးတော့လည်း Social Media ပေါ်မှာ တောင်းဆိုမှုတွေများခဲ့ကြတာ တွေ့ရပါတယ်။ ပရိသတ်တောင်းဆိုမှုများလာတာနဲ့အညီ ဇာတ်ကားစီစဥ်သူ‌တွေအနေနဲ့လည်း ခုနောက်ပိုင်းအခန်းတချို့မှာ မထင်မှတ်ထားတဲ့ bromance ဆန်ဆန် ဇာတ်၀င်ခန်းလေးတွေကို မသိမသာလေးထည့်သွင်းလာတာတွေ့ရမှာပါ။

              True Beauty ဇာတ်လမ်းတွဲ‌အနေနဲ့ လက်ရှိပြသနေဆဲ series တွေထဲမှာတော့ ကြည့်ရှုနှုန်းအများဆုံး K Drama စာရင်းထဲမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး တစ်ပတ်ထက်တစ်ပတ်ဇာတ်ရှိန်မြင့်လာတာနဲ့အညီ ပရိသတ်တွေရဲ့အလိုအတိုင်း ခေါင်းဆောင်မင်းသားနှစ်ဦးရဲ့ bromance လေးတွေကို ဆက်ပြီးတွေ့မြင်ရဦးမလားဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားရမယ့်အနေအထားပါပဲ။

Photo Credit to the Rightful Owners

, , , ,

Tv & Movie

ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားတဲ့ Romance ရုပ်ရှင် (၁၀) ကား

ချစ်သူနဲ့ အတူတူကြည့်ပြီး Ro ဖို့ အကောင်းဆုံးရုပ်ရှင်တွေနော်

by May Shoon

January 12, 2021

  အသစ်ထွက်တဲ့ ရုပ်ရှင်တွေအကုန်ကြည့်ပြီးကြပြီလား။ အက်ရှင်ကားတွေ၊ သည်းထိတ်ရင်ဖိုကားတွေ၊ စူပါဟီးရိုးတွေလည်း ကြည့်ရတာငြီးငွေ့နေပြီလား။ စိတ်အေးလက်အေး ချစ်သူလေးနဲ့ကြည့်ရင်း Chill လို့ကောင်းတဲ့ Romance ဇာတ်ကားကောင်းလေးတွေ ပြန်ကြည့်ကြည့်ကြရအောင်လား။ ဒီအချစ်ဇာတ်ကားလေးတွေက အသစ်စက်စက်ထွက်ထားတဲ့ ရုပ်ရှင်တွေမဟုတ်ပါဘူး။ ထွက်တာကြာပြီဆိုပေမယ့် ဘယ်အချိန်ပြန်ကြည့်ကြည့်မရိုးသွားသလို ကြည့်ပြီးတဲ့အခါမှာလည်း Feeling လေးတစ်ခုကျန်ခဲ့စေမယ့် ဇာတ်ကားတွေဆိုလည်းမမှားပါဘူး။ ဘယ်ကားတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။


Titanic (1997)


Before Sunrise (1995)


The Notebook (2004)


500 Days of Summer (2009)


The Fault in Our Stars (2014)


A Star Is Born (2018)


The Vow (2012)


Love, Rosie (2014)


Me Before You (2016)


La La Land (2016)

 

 

 

 

, , ,

Tv & Movie

တစ်ရေးနိုးရင်တောင် အိမ်သာထသွားဖို့ ခြောက်ခြားနေရမယ့် Thai Horror ကား (၆) ကား

ခုတင်ပေါ်ကနေ အောက်ကို ခြေထောက်မချရဲသလောက်ပဲ။

by JN Ja Seng Pan

January 9, 2021

သရဲကားကောင်းကောင်းရှာနေလား။ Netflix က အင်္ဂလိပ်ပေါသရဲကားတွေရှာကြည့်မနေနဲ့။ အမှန်အကန်ကြောက်ချင်၊ ခြောက်ခြားချင်တဲ့သူတွေအတွက် ထိုင်းသရဲကားလေးတွေရှိပါတယ်။ ထိုင်းသရဲကားလို့ ဆိုလိုက်တာနဲ့ ကြောက်စရာကောင်းတယ်ဆိုတာ အားလုံးအသိနော်။ ဘယ်လောက်တောင် ကြောက်ရသလဲဆို အိမ်သာတစ်ယောက်ထဲ မသွားရဲလောက်တဲ့အထိကို တစိမ့်စိမ့်နဲ့ ကျောချမ်းရမယ့်အဖြစ်ပါ။ သူငယ်ချင်းတွေနဲ့ကြည့်ပါ..တစ်ယောက်တည်းကြည့်မယ်ဆိုရင်တော့ တာဝန်မယူဘူးနော်။

Shutter (2004)
ကားတိုက်မှုဖြစ်ပြီးမှာတော့ Jane နဲ့ သူမရဲ့ ဓာတ်ပုံဆရာရည်းစား ဒီမကျွတ်မလွတ်ဖြစ်နေတဲ့ နာနာဘာဝရဲ့ ခြောက်လှန့်ခြင်းကို အကြီးအကြယ်ခံစားရတာပါ။ ဘာတွေ ဘယ်လို မှားခဲ့တာကို အခြေအနေတွေ ဒီထက်မဆိုးခင် ဖြေရှင်းရမှာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ တော်တော်လေးအောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို Audience Review တွေ ကောင်းတဲ့ ကားဆိုလည်းမမှားပါဘူး။ ကားဟောင်းလေးဖြစ်ပေမယ့် မတရားကြောက်စရာကောင်းတာမို့ Must Watch ပါ။ Editor ဆို ကြည့်ပြီး နောက်ရက်တွေအထိ စဉ်းစားတိုင်း ကြက်သီးထတုန်း။


The Unseeable (2006)
ကြောက်ရလား၊ မကြောက်ရလားဆို Trailer ကိုသာ အရင်ဝင်ကြည့်ကြည့်လိုက်တော့။ ကိုယ်ဝန်လွယ်ထားရတဲ့ အမျိုးသမီးတစ်ယောက်က ပျောက်သွားတဲ့ သူ့ယောင်္ကျားကို လိုက်ရှာရင်း Evil Spirit တွေအပြည့်ရှိတဲ့ အိမ်အိုကြီးထဲ ရောက်သွားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို အော်ရင်းဟစ်ရင်း ကြည့်ရှုရမှာပါ။


Nang Nak (1999)
ဟောင်းပေမယ့် ကောင်းနေစဲပါပဲ။ Mario ရဲ့ နာမည်ကြီး Comedy Horror ကား Pee Mak ရဲ့ မူရင်း Version ကားပါ။ Pee Mak ထက် အဆတစ်ရာမက ကြောက်စရာကောင်းလို့ တော်တော်များများ မကြည့်ရဲအောင်ပါပဲ။



Art of the devil 2 (2005)
Disturbing ဖြစ်တဲ့ အခန်းတွေ တော်တော်လေးပါလို့ ထမင်းစားနေတုန်းတို့၊ ဒီလို Scene တွေနဲ့ Allergy ဖြစ်တဲ့သူဆို Warning ပါလို့ ကြိုပြောထားချင်ပါတယ်။ အောက်လမ်းပညာနဲ့ ပြန်ပြီးကလဲ့စားခြေတဲ့ ဇာတ်လမ်းမို့ ကြောက်စရာကောင်းတာထက် အူထဲ အသည်းထဲကကို အော်ကလီဆန်နေစေမယ့် ကားပါ။


Laddaland (2010)
ကြောက်စရာကောင်းသလို Plot လေးလည်း တော်တော်လေးကောင်းတဲ့ကားပါ။ ငိုလိုက်၊ ကြောက်ရလိုက်နဲ့ ခံစားချက်အမျိူးမျိူးပေးမှာပါ။ ထူးထူးခြားခြား မြန်မာသရဲမလည်း ပါတာမို့ Editor ကတော့ ကြည့်ဖို့ကို Strongly Recommend ပါ။ တော်တော်လေးကို ခြောက်ခြားရလို့ တစ်ယောက်တည်းကြည့်မယ်ဆိုရင် လုံးဝနိုးပါနော်။


Phobia 2 (2009)
အခြား သရဲကားတွေနဲ့ မတူတာက Story ငါးမျိူးနဲ့ ဒါရိုက်တာ ငါးယောက်ရိုက်ထားတဲ့ ကားလေးပါ။ အကောင်းဆုံး Thair Horror ကားထဲမှာလည်း ပါသလို မထင်မှတ်ထားတဲ့ Plost Twist လေးတွေနဲ့ ခံစားရမှာမို့ အဖြစ်အပျက်မျိူးစုံနဲ့ အခြောက်ခံကြည့်ပါနော်။




 

 

, ,

Tv & Movie

2021 မှာ စောင့်ကြည့်သွားရမယ့် အမိုက်စား စူပါဟီးရိုး ရုပ်ရှင် (5) ကား

စောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းတွေ

by Randy Win

January 7, 2021

               2021ကတော့ စူပါဟီးရိုး fan တွေအတွက် ရင်ခုန် စိတ်လှုပ်ရှားရဦးမယ့်နှစ်တစ်နှစ်ဖြစ်လာဦးမယ့်‌သဘောပါ။ စူပါဟီးရိုးဇာတ်ကားတွေအများစုကလည်း ပရိသတ်ကိုအတော်လေးဆွဲဆောင်နိုင်ပြီး လူကြည့်များတဲ့ ဇာတ်ကားအမျိုးအစားအဖြစ် နှစ်တိုင်းနီးပါးနေရာယူထားခဲ့တာဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် Marvel နဲ့ DC ဇာတ်ကားတွေကလည်း မထွက်ခင်ကတည်းက ပရိသတ်တွေကြားမှာ အထူးရေပန်းစားနေခဲ့သလို သက်ဆိုင်ရာ ပရိသတ်အသီးသီးကလည်း ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဟီးရိုးဇာတ်ကားမျိုးတွေကို ကြည့်ရှုဖို့စောင့်စားနေကြတာကြောင့် 2021မှာလည်း စူပါဟီးရိုးရုပ်ရှင်တွေရဲ့ ကြည့်ရှူနှုန်းက ထိပ်ဆုံးမှာပဲ ဆက်ပြီး ရပ်တည်နေနိုင်ဦးမယ့်သဘောပါပဲ။


Black Widow

Marvel Studio ရဲ့ 2021 ခုနှစ်အတွက် ပထမဆုံးထွက်ရှိလာနိုင်တဲ့ စူပါဟီးရိုးဇာတ်ကားကတော့ Black Widow လို့သိရပါတယ်။ နာမည်ကျော်မင်းသမီး Scarlett Johansson ရဲ့ Solo ဟီးရိုးဇာတ်ကားတစ်ကားဖြစ်ပြီး အစက 2020 ‌May လမှာပြသသွားမှာဖြစ်ပေမယ့် ဆိုင်းငံ့မှုတွေများစွာနဲ့ 2021 May လအထိရောက်လာခဲ့ရတာပါ။

Venom: Let There Be Carnage

နောက်ထပ် ပရိသတ်ကို အကြိုက်တွေ့စေဦးမယ့် Super Hero ဇာတ်ကားတစ်ကားကတော့ Venom 2 လို့ခေါ်ရမယ် Venom: Let There Be Carnage ဇာတ်ကားပါ။ ဒီဇာတ်ကားမှာတော့ Venomအဖြစ် Tom Hardy ကပဲဆက်သရုပ်ဆောင်သွားမှာဖြစ်ပြီး စူပါဗီလိန်ကြီး Carnage အဖြစ်ကိုတော့ Woody Harrelson ကိုမြင်ရမှာဖြစ်ပါတယ်။ Carnage ကတော့ Venom's Son တစ်ဖြစ်လဲ Venom လိုမျိုး Alien Symbiote ကနေပဲ ဖြစ်ပေါ်လာတဲ့ ဗီလိန်ဖြစ်ပြီး Venom ပုံစံတူနှစ်ကောင်ရဲ့ အလန်းစား အကြိတ်အနယ်တိုက်ပွဲတွေကိုမြင်‌ရဖို့ရှိပါတယ်။ ဒီဇာတ်ကားထွက်ရှိလာဖို့ ကြေညာထားတဲ့ရက်ကတော့ June 25 ရက်နေ့ပါ။

Shang Chi

MCU ရဲ့ ဒုတိယမြောက် ထွက်ရှိလာဖို့လျာထားတဲ့ စူပါဟီးရိုးဇာတ်ကားကတော့ Shang-Chi and The Legend of the Ten Rings ပါ။ အာရှရဲ့ ပထမဆုံး Marvel စူပါဟီးရိုးဇာတ်ကောင် ဖြစ်လာမယ့် Shang Chi ကာရိုက်တာအတွက် နာမည်ကျော် အာရှသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Simi Liu က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ Cast တချို့ Confirm နေတုန်းမို့ ဇာတ်ကားအသေးစိတ်ကို သေချာမသိရသေးပေမယ့် July လ 9 ရက်နေ့မှာ ရုံတင်ပြသသွားနိုင်ဖို့ လျာထားတယ်လို့တော့ သိရပါတယ်။


The Suicide Squad



DC ပရိသတ်တွေအရမ်းသဘောကျပြီးစောင့်ကြည့်ရမယ့် နောက်ထပ်ဇာတ်ကားတစ်ကားသစ်တစ်ကားကတော့ The Suicide Squad ဖြစ်ပါတယ်။ Suicide Squad 2 အဖြစ်သတ်မှတ်ထားပြီး အရင် Suicide Squad ရဲ့ remakeလို့ဆိုရမယ့် ဒီဇာတ်ကားကို စူပါဟီးရိုးဇာတ်ကားတွေရိုက်ရာမှာ အရမ်းလက်ရာမြောက်တဲ့ ဒါရိုက်တာ James Gann က တာ၀န်ယူရိုက်ကူးသွားမှာဖြစ်ပြီး August လ 6 ရက်နေ့မှာ HBO Max ကနေပြသသွားမှာပါ။ Harley Quinn နေရာကိုတော့ သရုပ်ဆောင် Margot Robbie ပဲပါ၀င်သွားဖို့ရှိပြီး တခြားကာရိုက်တာတွေကိုလည်း အရင်ဇာတ်ကားကသရုပ်ဆောင်တွေနဲ့ပဲပြန်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ဇာတ်ကောင်အသစ်ပါ၀င်မှူအနေနဲ့တော့ ဒီဇာတ်ကားမှာ Idris Elbaကို Bloodsport အဖြစ်တွေ့မြင်ရမှာဖြစ်ပြီး John Cena ကိုတော့ Peacemaker ဆိုတဲ့ဇာတ်ကောင်နေရာက တွေ့မြင်သွားရမယ်လို့သိရပါတယ်။

Eternals

Marvel Studio ရဲ့ တတိယမြောက်ထွက်ရှိလာမယ့် စူပါဟီးရိုးဇာတ်ကားကတော့ အားလုံးစိတ်၀င်တစားစောင့်မျှော်နေကြတဲ့ Eternals ဆိုတဲ့ ဇာတ်ကားပါ။ စူပါဟီးရိုးတစ်အုပ်ကြီးနဲ့ ဖိုက်တင်ခန်းခပ်မိုက်မိုက်တွေကို အ၀ကြည့်ရှုရမယ့် Eternals မှာ Angelina Jolie ကစလို့ အိန္ဒိယမင်းသား Kumail Nanjianni နဲ့ ကိုရီးယားလက်သီးမင်းသားကြီး Don Lee တို့လိုအာရှသရုပ်ဆောင်တွေပါပါ၀င်တာမို့ တကယ့် အမိုက်စားစူပါဟီးရိုးဇာတ်ကားကြီးအဖြစ် စောင့်ကြည့်ရမှာ မလွဲမသွေပါပဲ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Chloe Zhaoကတာ၀န်ယူရိုက်ကူးပြီး November 5 ရက်နေ့လောက်မှာ ပြသသွားမယ်လို့သိရပါတယ်။

Photo Credit to the Rightful Owners

, , , ,

Tv & Movie

မြန်မာရိသတ်ကြားမှာ ရေပန်းစားနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲ (၅) ကား

ဘယ်နှကားကြည့်ပြီးကြပြီလဲ

by Randy Win

December 28, 2020

             ၂၀၂၀ နှစ်ကုန်ခါနီးမှာ Surprise တိုက်ချလိုက်သလို ဆက်တိုက်ထွက်လာတဲ့ ကိုရီးယားဇာတ်လမ်းတွဲကောင်းတွေကြောင့် Stay Home နေတဲ့သူတော်တော်များများလည်း ဘယ်ဇာတ်ကားကြည့်လို့ကြည့်ရမှန်းမသိ ဗျာများသွားခဲ့ရပါတယ်။ လက်ရှိ မြန်မာက K Series ပရိသတ်တွေခမျာလည်း တော်ကြာဒေါသထွက်လိုက် ၊တော်ကြာလန့်လိုက် ၊တော်ကြာရယ်လိုက်နဲ့တော်ကြာငိုလိုက်နဲ့ တော်တော်လေးကို စိတ်ခံစားမှူမျိုးစုံရခဲ့တဲ့ ကာလတစ်ခုလို့ဆိုရမှာပါ။ ဒီခံစားချက်ကိုတော့ အခုဖော်ပြထားတဲ့ ဇာတ်ကားတွေကို သုံးကားထက်မနည်းကြည့်ဖူးတဲ့သူတွေ ကောင်းကောင်းသိပါလိမ့်မယ်။ဒီဇာတ်ကားတွေက လက်ရှိ ကြည့်ရှူနှုန်းအများဆုံးဇာတ်ကားကောင်းတွေလည်းဖြစ်သလို ကိုရီးယားဇာတ်ကားပရိသတ်တွေအနေနဲ့လည်း တော်တော်လေးကို ကျေနပ်မှူတွေရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတွေပါ။ ဒီထဲမှာ လတ်တလော Hit ဖြစ်နေတဲ့ထဲက (၅)ခုသာ ရွေးပြထားတာမို့ နောက်ထပ်ကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲလေးတချို့တော့ကျန်ပါသေးတယ်။ Moda ရဲ့ စာဖတ်ပရိသတ်လေးတွေရော ဒီထဲက ဘယ်နှကားကြည့်ပြီး ဘယ်လိုတွေခံစားခဲ့ရပြီးပြီလဲ။


Mr.Queen


tvN ရဲ့ Ongoing ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Mr.Queen ကတော့ နန်းတွင်းနောက်ခံဇာတ်လမ်းကိုမှ မြင်နေကျပုံစံကနေကွဲထွက်ပြီး တော်တော်လေးဟာသမြောက်အောင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ရယ်ရလွန်းလို့ ကိုးရီးယားလူမျိုးတွေက သူတို့ရဲ့ သမိုင်းကိုသရော်ပါတယ်ဆိုပြီး ဝေဖန်မှူတွေများခဲ့ပြီး Production က တရားဝင်တောင်းပန်ခဲ့ရတဲ့အထိပါပဲ။ အိမ်ပြာတော်ရဲ့စာဖိုးမှူးတစ်ဦးဖြစ်တဲ့ Jang Bong Hwan ရဲ့ ဝိဉာဉ်က မတော်တဆမှူတစ်ခုကြောင့် ဂျိုဆွန်းခေတ်မိဖုရား Kim So Young ရဲ့ ခန္ဓာကိုယ်ထဲကိုရောက်သွားပြီး အလွဲလွဲအချော်ချော်တွေ ဖြစ်ကြရပုံကို ရိုက်ကူးထားတာမို့ စိတ်လက်ကြည်ကြည်သာသာနဲ့ ပေါ့ပေါ့ပါးပါးကြည့်ချင်သူတွေအတွက် အရမ်းသင့်တော်သလို လက်ရှိကြည့်ရှူနှုန်းလည်းအရမ်းကိုမြင့်နေတဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။


True Beauty


True Beauty ကတော့ မိန်းကလေးအများစုရဲ့ သည်းခြေကြိုက် အလှအပရူးသွပ်မှူကို အခြေခံပြီး ဆွဲဆောင်မှူရှိရှိဇာတ်အိမ်ဖွဲ့ထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးပါ။ လှပစွာပြင်ဆင်ခြယ်သတတ်မှူဟာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လောက်ထိပြောင်းလဲစေတယ်ဆိုတဲ့အချက်လေးနဲ့ကျောရိုးယူထားပြီး ပျင်းရိမသွားစေမယ့် ဇာတ်ဝင်ခန်းတချို့နဲ့ဖွဲ့စည်းထားတဲ့လူငယ်ကျောင်းသားကားလေးမို့ မိန်းကလေးတွေအနေနဲ့အရမ်းကိုသဘောကျစေမယ့် ဇာတ်ကားလေးလို့ဆိုနိုင်ပါတယ်။သူလည်း လက်ရှိမှာကြည့်ရှူနှူန်းတော်တော်လေးမြင့်တက်နေပါတယ်။


Penthouse (War In Life)


Penthouse လို့ပြောလိုက်တာနဲ့ အားလုံးနီးပါးမကြားဖူးတဲ့သူမရှိတဲ့အထိ အောင်မြင်မှူရရှိနေတဲ့ Ongoing ဇာတ်ကားလေးပါ။ မကြည့်ဖူးသေးဘူးဆိုရင်တောင် တစ်ဆင့်စကားနဲ့ကြားပြီး ဘယ်လောက်မချင့်မရဲဖြစ်စေတဲ့ဇာတ်ကားလည်းဆိုတာ သိကြပါလိမ့်မယ်။ အထပ် ၁၀၀ ရှိတဲ့ ဇိမ်ခံမိုးမျှော်တိုက်ပေါ်က ချမ်းသာမှူနဲ့ ရယူလိုမှူလောဘတွေကြားမှာ ဖြစ်တည်လာတဲ့ ပြသနာအရှုပ်အထွေးတွေနဲ့ ဇာတ်အိမ်ဖွဲစည်းထားပြီး ကြည့်ရသူတိုင်းကို ဒေါသထွက်ခြင်း ဝမ်းနည်းခြင်း မချင့်မရဲဖြစ်ခြင်းရသမျိုးစုံကို တချိန်တည်းပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုနှုန်းကတော့ အထူးမြင့်တက်နေဆဲပါပဲ။


Sweet Home


Webcomic ကို Live Action ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်ကားတစ်ပိုင်းချင်းစီအလိုက် ကုန်ကျစရိတ်အများဆုံးအသုံးပြုထားတဲ့ Netflix ရဲ့ Series တစ်ခုဖြစ်ပါတယ်။ တစ်ရက်တည်းနဲ့ ဇာတ်ကားအစအဆုံး (၁၀)ပိုင်းလုံး ထုတ်လွှင့်ခဲ့သလို ကြည့်ရှုနှုန်းကလည်း အခုထိ တစ်ရိပ်ရိပ်တက်နေတုန်းပါပဲ။ အကြောင်းတစ်ခုကြောင့် လူသားတွေကနေ သတ္တဝါကြီးတွေအဖြစ်ပြောင်းလဲသွားကြတဲ့အချိန်မှာ တိုက်ခန်းတွဲလေးတစ်ခုမှာနေထိုင်တဲ့ သူတစ်စု ဘယ်လိုကြိုးစားကျော်ဖြတ်ကြမလဲဆိုတာကို အသည်းတယားယားနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှူရမယ့် Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။


Uncanny Counter


So Moon ဆိုတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးဟာ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကြောင့် ထူးခြားတဲ့ စွမ်းအားတစ်မျိုးကိုပိုင်ဆိုင်သွားပြီး လူသားတွေကြားက မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဖမ်းဆီးပေးရတဲ့ Counter အဖွဲ့ဝင်တစ်ဦးဖြစ်သွားတဲ့အကြောင်းကို စိတ်ဝင်စားဖွယ်နဲ့ စိတ်ကြည်နူးလွမ်းမောဖွယ်တို့ပေါင်းစပ် ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ လက်ရှိ ဒီဇာတ်ကားရဲ့ ကြည့်ရှူနှုန်းကလည်း တော်တော်လေးမြင့်တက်နေသလို တစ်ပတ်ပြီးတစ်ပတ် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းအဆက်တွေကို စောင့်ကြည့်နေရတဲ့ OCN ရဲ့ Ongoing ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။

Photo Credit To The Rightful Owners

 

, , , , ,

Tv & Movie

လတ်တလော ကြည့်ရှုနှုန်းများနေတဲ့ Netflix က Horror Series "Sweet Home" Season 2 လာဖို့ရှိမလား

Season အသစ် လာမှလား

by JN Ja Seng Pan

December 21, 2020

ပုံမှန် ကိုးရီးယားကားတွေရဲ့ ထုံးစံ ချစ်ကြိုက်ကွဲညားထက် ပိုတဲ့ ဇာတ်လမ်း ဇာတ်ကွက် အသစ်အဆန်းတွေနဲ့ K Drama တွေက ပရိတ်သတ်ရင်ထဲ တစ်ကျော့ပြန်ဝင်ရောက်လာပြီ။ ဒီထဲကမှ Netflix Series တစ်ခုဖြစ်တဲ့ Sweet Home က အခြား International ကားတွေနဲ့ပါ ကွဲထွက်နေတာ တွေ့ရမှာပါ။ ပြောသာ ပြောနေရတာ အပိုင်းအကုန်ကြည့်ပြီးသွားတဲ့သူတွေတောင်ရှိလားမသိဘူး။ ကြည့်ပြီးသွားတဲ့သူတွေအတွက် Season 2 လာမလား၊ မလာဘူးလာဆိုတာက အသိချင်ဆုံးအရာလေးတစ်ခုဖြစ်နေမှာပါ။


Dec 18 ရက်နေ့မှာ Release လုပ်ခဲ့တဲ့ Sweet Home က Netflix ရဲ့ 2020 Series တွေထဲမှာ ပရိတ်သတ်စိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တဲ့ Series တစ်ခုဆိုလည်းမမှားပါဘူး။ ဒီ Horror Drama Series က နာမည်ကြီး Webtoon ကို အခြေခံပြီး ရိုက်ထားဖြစ်တာကြောင့် ဒီ Series ကို စောင့်နေကြတဲ့သူတွေ မနည်းမနောပါ။ ထင်ထားသလိုပဲ Season 1 အပြီးမှာတော့ Season အသစ်အတွက် Fan တွေက မျှော်လင့်နေကြပါတယ်။ ဒါ့အပြင် Ending ကလည်း Season 2 ထပ်လာဖို့အတွက် အရိတ်အမွတ်တွေပေးနေသလိုပါပဲ။

Original Webtoon မှာလည်း Season 2 ရှိပြီး အပိုင်း ၁၄၀ ရှိတာမို့ ပိုအသေးစိတ်ပြီး ဇာတ်လမ်းလည်း ပိုရှည်ပါတယ်။ ဒါ့အပြင် အခု ထွက်ရှိထားတဲ့ Season 1 မှာတောင် Webtoon ထဲမှာပါတဲ့ အကြောင်းအရာအကုန်လုံးကို မချပြသေးပါဘူး။ ဒါကြောင့် ဒီလိုသာပြီးသွားရင် Webtoon Fan တွေကတော့ မကျေမနပ်ဖြစ်မှာ ကျိန်းသေပါ။ Manhwa ထဲမှာ ပါတဲ့ အဓိက Character အကုန်မပါသေးတဲ့အပြင် ဒါရိုက်တာကိုယ်တိုင်ကလည်း Fan တွေအတွက်ကော စာရေးသူအတွက်ပါ စိတ်ကျေနပ်စေမယ့် ဖန်တီးမှုတွေလာမယ်လို့ Interview တစ်ခုမှာ ပြောထားပါတယ်။ ဒါကြောင့် Season 2 လာဖို့က ကျိန်းသေသလောက်ရှိပြီး နောက်နှစ် ၂၀၂၁ မှာ ထွက်ရှိလာဖို့ရှိတယ်လို့ ယူဆရမှာပါ။

Plot အနေနဲ့လည်း Director Eung Bok က ရှုထောင့်အမျိူးမျိူးနဲ့ မတူညီတဲ့ အကြောင်းအရာကို ပြသချင်ပေမယ့် Die Hard Fan အကြီးစားတွေက ဒီစိတ်ကူးအပေါ် မနှစ်သက်ကြသလို စိတ်ကျေနပ်မှုမရှိကြောင်း ပြသကြပါတယ်။ ဒီ ဇာတ်လမ်းကို ရေးသားတဲ့ စာရေးသူကိုယ်တိုင်ကတောင် ပြောင်းလဲမှုပြုလုပ်မှာကို ခွင့်မပြုဘူးလို့ဆိုပါတယ်။ ဒါကြောင့် အကြောင်းအရာက Season 1 ကို ဆက်မယ့် Season အသစ် တစ်ခုဖြစ်နိုင်သလို ထုတ်လုပ်သူတွေအနေနဲ့ Season 1 မှာ ပါထားတဲ့ Monster တွေကို ပြန်လည်အသုံးပြုနိုင်ခြေများပါတယ်။ ဒါ့အပြင် Series ထဲမှာ မဖော်ပြရသေးတဲ့ ပိုကြမ်းတဲ့ မကောင်းစိုးဝါး တွေကိုလည်း ထည့်သွင်းသွားမယ့်အလားအလာရှိပါတယ်။

, , ,

MODA TV 


Tv & Movie

မလွတ်တမ်းကြည့်သင့်တဲ့ ၂၀၂၀ ရဲ့အကောင်းဆုံး Netflix TV Series (၁၀) ကား

ဘယ်ကားတွေကြည့်ပြီးပြီလဲ

by May Shoon

December 20, 2020

 နှစ်တစ်နှစ်လည်း ကုန်တော့မယ်ဆိုတော့ Modian လေးတွေရောနှစ်သစ်အတွက် Plan အသစ်တွေချနေပြီလား။ ဒါမှမဟုတ်အိမ်မှာပဲ ရုပ်ရှင်တွေကြည့်ရင်းပျင်းနေပြီလား။ Movie တွေကြည့်ရတာများလာရင် Netflix TV Series တွေကိုကြည့်ကြည့်ရအောင်။ Netflix TV Series တွေထဲမှာ ၂၀၂၀ ရဲ့ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး TV Series ဆယ်ခုကိုရွေးချယ်ပေးလိုက်ပါတယ်။ ဒီ TV Series ဆယ်ကားက တစ်ခုနဲ့ တစ်ခု ပေးနိုင်တဲ့ ရသ Genre တွေလည်းအများကြီးကွဲပြားတော့ မတူညီတဲ့ Entertainment Taste ကိုရရှိနိုင်မှာပါ။ မိသားစုနဲ့ပဲကြည့်ကြည့်၊ ကိုယ်တစ်ယောက်တည်းပဲကြည့်ကြည့် အရမ်းကြည့်လို့ကောင်းတဲ့ ဇာတ်ကားတွေမို့ Recommend ပေးလိုက်တယ်နော်။

သင်ရော ဘယ်ကားတွေကြည့်ပြီးသွားပြီလဲ။


Peaky Blinders

Peaky Blinders
ဒီ Top-Ten Series ရဲ့ ပထမသရဖူဆောင်းခဲ့တာကတော့ Peaky Blinder ဖြစ်ပြီး စတင် Launch လုပ်ခဲ့တဲ့အချိန်ကစပြီးအခုထိ Season ငါးခုထွက်ရှိပြီးသွားပါပြီ။ ဒီ Crime Drama Series ကို BBC Production ကနေထုတ်လွှင့်ခဲ့ပြီး လက်ရှိလည်း Netflix ရဲ့ Top List မှာနေရာယူထားဆဲပါ။ World War One ပြီးကာလ England က Peaky Blinder Gang အကြောင်းပါ။ ဒီ TV Show ကိုပိုပြီး Special ဖြစ်စေတာက ပါဝင်တဲ့ Character တွေရဲ့သရုပ်ဆောင်ချက်တွေ၊ ပညာသားပါလွန်းတဲ့ဇာတ်ညွှန်း၊ High-Quality Production Values နဲ့ အရမ်းကြွမ်းကျင်တဲ့ Performance တွေကြောင့်လို့ ဆိုရမှာပါ။


Mind Hunter

Mind Hunter က ၂၀၁၇ တည်းကထွက်ရှိခဲ့တာဖြစ်ပြီး Second Season ကို ၂၀၁၉ October တုန်းထွက်ရှိခဲ့ပါတယ်။ Chrime-Drama-Psychological ဇာတ်လမ်းတွဲဖြစ်တဲ့ ဒီ Series မှာတော့ ၁၉၇၀ နဲ့ ၁၉၈၀ အစောပိုင်းက FBI Agent နှစ်ယောက်နဲ့ Psychologist တစ်ယောက်တို့က FBI ရဲ့ Behavioral Science Unit ကို Operate လုပ်ကြရတာဖြစ်ပြီး မြောက်များစွာသော ရာဇဝတ်သားတွေ၊ Serial Killer တွေကို Interview လုပ်ပြီး ဖြစ်လာတဲ့ Crime Cases တွေကို ရှာဖွေဖော်ထုတ်ကြရတာပါ။


Dark

ဒီ Top-Ten List ရဲ့တစ်ခုတည်းသော Foreign Language နဲ့ TV Series ဖြစ်သလို Admin ကိုယ်တိုင်ကြည့်ဖို့ Recommend ပေးချင်တဲ့ Series ပါ။ German Science-Fiction အမျိုးအစားဖြစ်ပေမယ့် Episode တစ်ခုပြီးတာနဲ့ တစ်ခုဆက်ကြည့်ချင်လောက်အောင် ဆွဲဆောင်နိုင်လွန်းတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းက Windam နယ်မြို့လေးမှာ ကလေးတစ်ယောက်ထူးဆန်းစွာပျောက်ဆုံးသွားတာကနေ စတင်ခဲ့ပါတယ်။ မေးခွန်းပေါင်းများစွာနဲ့ ပဟေဋ္ဌိဆန်တဲ့ Germany နိုင်ငံ Windam မြို့ငယ်လေးတစ်ခုက မိသားစုလေးစုရဲ့ နှစ်ပေါင်းများစွာ ဆက်စပ်နေမှုတွေ၊ ထူးဆန်းလွန်းတဲ့တိုက်ဆိုင်မှုတွေနဲ့ ရှုပ်ထွေးလာတဲ့ Time Travel ရဲ့လှည့်ဖျားမှုတွေကြားမှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ..။


Ozark

Ozark က Chrime-Drama-Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ အဓိကဇာတ်ကောင် Financial Advisor အဖြစ် Jason Bateman ကသရုပ်ဆောင်ထားပါတယ်။ သူရဲ့ ငွေရေးကြေးရေးအရှုပ်အရှင်းတွေက Mexican Drug Cartel တစ်ခုနဲ့ ပတ်သက်ဆက်နွယ်နေတာကြောင့် မိသားစုကိုပါခေါ်ပြီး Ozark of Missouri လို့ခေါ်တဲ့ Summer Resort Community တစ်ခုဆီပြောင်းရွေ့နေထိုင်ခဲ့တယ်။ ဒါပေမယ့်ဖြစ်ချင်တော့ အဲ့နေရာက သူနဲ့ပတ်သက်ဆက်နွယ်နေတဲ့ Local Criminal တွေရဲ့ခြေချရာနေရာဖြစ်နေခဲ့တယ်။ Season နှစ်ခုထွက်ရှိထားပြီး Third Season ကတော့ ၂၀၂၀ မတ်လတုန်းကထွက်ရှိထားပါတယ်။


The Last Kingdom

ရှေးဟောင်း Historical Drama ကောင်းကောင်းကိုမှကြည့်ချင်တဲ့သူတွေအတွက် The Last Kingdom ကတော့ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ စာရေးဆရာ Benard Cornwell ရဲ့ သမိုင်းနောက်ခံ စာအုပ် Series ကိုအခြေခံထားတာဖြစ်ပြီး ၉ ရာစုက England ရဲ့ တသီးတခြားစီတည်ရှိနေတဲ့ Kingdom ခုနစ်ခုကြားက စစ်ပွဲတွေ၊ မျိုးရိုးစဉ်ဆက်ဆက်ခံတာတွေ နဲ့ Viking တွေအကြောင်းကိုစုံစုံလင်လင် သိရှိနိုင်မယ့် TV Series ပါ။


The Witcher

နာမည်ကြီး Book Series “The Witcher” ကို Series အဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး Monster တွေ၊ Witch တွေပြည့်နှက်နေတဲ့ စိတ်ကူးယဉ် Medieval World တစ်ခုကိုခေါ်ဆောင်ပေးသွားမှာပါ။ ဒီ Fantasy-Drama Series ကို December 2019 ကစတင် Premiered ခဲ့တာဖြစ်ပြီး The Witcher Video Game ကလည်းအရမ်း Popular ဖြစ်ပါတယ်။ ပျမ်းမျှသာမန်လူတွေရဲ့သက်တမ်းထက်ပို Lifespan ရှည်တဲ့ Monster Hunter အဖြစ် မင်းသား Henry Cavill ကသရုပ်ဆောင်ထားပြီး စိတ်ဝင်စားစရာ Dark Side နဲ့ Action တွေကိုရှုစားရမှာပါ။


Stranger Things

Stranger Things လို့ပြောလိုက်ရင်တော့ အားလုံးမသိတဲ့သူမရှိလောက်ပါဘူးနော်။ ဒီ Series ကိုမကြည့်ရသေးဖူးဆိုရင်တောင် သရုပ်ဆောင်တွေနဲ့တော့ရင်းနှီးနေပြီးသားဖြစ်မှာပါ။ Science-Fiction-Horror ဇာတ်လမ်းတွဲဖြစ်ပြီး ကြည့်ပြီးသားသူတွေဆိုရင်တော့ ဒီကားဘယ်လောက်ဆွဲဆောင်နိုင်လဲသိမှာပါ။ ၁၉၈၀ တုန်းက Fiction Town တစ်ခုဖြစ်တဲ့ Indiana မှာဖြစ်ပျက်ခဲ့တဲ့ သဘာဝလွန် ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေနဲ့ ဆယ်ကျော်သက်လူငယ်တစ်သိုက်ရဲ့ Advanture တွေကိုတဝကြီးကြည့်ရှုရမှာပါ။ အခုချိန်ထိတော့ Season သုံးခုထွက်ရှိထားပြီး Season 4 ကိုတော့ မကြေညာရသေးပါဘူး။


The Crown

ဖြစ်ရပ်မှန် Historical Drama “The Crown” ကလည်း Netflix ကြည့်သူတွေကြားမှာ တော်တော်ရေပန်းစားခဲ့ပါတယ်။ ဗြိတိန်ရဲ့တော်ဝင်ဘုရင်မကြီး Queen Elizabeth ရဲ့၁၉၄၇ မှာ Prince Phillip ကိုလက်ထပ်ခဲ့တဲ့အချိန်ကစပြီး ယခုလက်ရှိချိန်အထိ ကြုံတွေ့ခဲ့ရတဲ့ ဘဝဇာတ်ကြောင်းအစုံကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ Season တစ်ခုနဲ့တစ်ခုကြားမှာTime Gap ရှိသလို Actor တွေကလည်း Season နှစ်ခုပြီးတိုင်းတစ်ခါပြောင်းနေတာမို့ Season 1 တည်းကကြည့်မှ ဇာတ်ရည်လည်မှာပါ။


Narcos: Mexico

Biographical Drama Series ဖြစ်တဲ့ Narco:Mexico ကအက်ရှင်နဲ့ ဒရာမာတွေပြည့်နှက်နေပြီး Season သုံးခုထွက်ရှိပြီးသားဖြစ်တဲ့ Original Narcos Series ရဲ့ Companion ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီ Narcos:Mexico ကတော့ ၁၉၈၀ ခုနှစ်လောက်က Mexico နိုင်ငံရဲ့ မူးယစ်ရာဇာတွေကြားကအရှုပ်တော်ပုံတွေ၊ အစိုးရနဲ့ မူးယစ်ဂုဏ်းတွေကြားက Drug War တွေအကြောင်းကို Performance အကြမ်းစားတွေနဲ့ ရိုက်ကူးထားပါတယ်။ အရင်တည်းက Narcos Series ကိုကြိုက်တဲ့သူဆိုရင်တော့ ဒီ Narcos: Mexico ကလည်းသင့်အကြိုက်ဖြစ်စေမှာပါ။


After Life

British Comedy-Drama ဇာတ်ကားဖြစ်တဲ့ After life ကတော့ ၂၀၁၉ တည်းကစတင် Premiered လုပ်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းကတော့ ဇနီးဖြစ်သူ ကွယ်လွန်သွားခဲ့ပြီးနောက်မှာကျန်ရစ်ခဲ့တဲ့ Tony အဖြစ် Ricky Gervais ကပါဝင်ထားပါတယ်။ ဇနီးသည်မရှိတော့တဲ့နောက်ပိုင်းမှာ သူ့ဘဝကိုဘယ်လိုပြန်လည်တည်ဆောက်ခဲ့လဲ။ ရှင်သန်ခြင်းနဲ့ ဘဝရဲ့အနှစ်သာရတွေကို ဖြည်းဖြည်းခြင်းမြင်တွေ့နိုင်တဲ့ Series လေးပါ။ စစကြည့်ချင်းမှာတော့ ဘာကိုဆိုလိုမှန်းမသိ တစ်မျိုးကြီးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် Season တစ်ခုပြီးသွားရင်တော့ သင်ဘာကြောင့်ကြည့်သင့်လဲဆိုတာသိလာမှာပါ။

 

, , ,

Tv & Movie

လက်တွေ့ဘဝက ဖြစ်ရပ်မှန်အကြောင်းတွေကို ရိုက်ကူးထားတဲ့ နာမည်ကြီး K Drama ရုပ်ရှင် (၆)ခု

ဘယ်ကားတွေကြည့်ပြီးသွားပြီလဲ?

by JN Ja Seng Pan

December 17, 2020

ဒီ Article ကို ဝင်ဖတ်လိုက်ပြီဆိုကတည်းက K Drama Fan ဆိုတာ ငြင်းလို့မရဘူးနော်။ Editor မပြောလည်း ဒီတစ်လောတောင် ကြည့်နေတဲ့ကားလေးတွေရှိတယ်ဟုတ်။ K Drama တော်တော်များများက တစ်ပိုင်းကြည့်လိုက်ပြီဆိုတာနဲ့ နောက်အပိုင်းတွေ ဆက်ကြည့်ချင်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်။ ကိုးရီးယားကား ကိုက်တဲ့ရောဂါကို ပိုဆိုးသွားစေမယ့် ရုပ်ရှင်လေးတွေ ပိတ်ရက်တွေကြည့်ရအောင် ညွှန်းချင်ပါတယ်။ ထူးထူးခြားခြား ဒီ Drama တွေက လက်တွေ့ဘဝမှာပါ ဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်လေးတွေရိုက်ကူးထားတာမို့ ပိုပြီး စိတ်ဝင်စားစရာကောင်းစေမှာပါ။ ကြည့်ဖူးပြီးသားကားလေးတွေရှိခဲ့ရင်လည်း Comment မှာ ပြောသွားခဲ့ဦးနော်။


Hymn of Death (2018)

ဒီကားလေးက ကိုးရီးယားမှာ နာမည်ကြီးတဲ့ In Praise of Death သီချင်းနဲ့ သီချင်းပိုင်ရှင် အမျိူးသမီးအဆိုတော် Yun Sim Deok ရဲ့ ဝမ်းနည်းစရာသေဆုံးမှု ဇာတ်ကြောင်းကို ပုံဖော်ထားတာပါ။ Spoil တယ်ဖြစ်မှာစိုးလို့ အများကြီး မပြောတော့ဘူး။ ဒီကားလေးကို ကြည့်မယ်ဆိုရင်တော့ တစ်ရှုးတစ်ဘူးတော့ဆောင်ထားဖို့ လိုမယ်နော်။


Fight for my way (2017)
ဒီ Drama Series ကတော့ အားလုံးရဲ့ အချစ်တော်မင်းသား Park Seo Joon နဲ့ မင်းသမီး Kim Ji Won တို့ကသရုပ်ဆောင်ထားတာပါ။ ရယ်လည်းရယ်ရသလို Entertaining လည်းဖြစ်လို့ ကြည့်ဖူးသူတိုင်း ကြိုက်ကြတဲ့ကားလေးပါ။ ကိုးရီးယားက နာမည်ကျော် Martial Art Fighter Choo Sung Hoon နဲ့ ဇနီးသည် Yano Shiho တို့အကြောင်းကို အခြေခံပြီးရိုက်ထားတာပါတဲ့။ Choo Sung Hoon ဆိုတာက The Return of Superman ထဲက Member ဟောင်းကလေးလေး Sarang ရဲ့ အဖေဆိုလည်း ဟုတ်ပါတယ်။ ကြမ်းတမ်းလှတဲ့ အားကစားသမားတစ်ယောက်ရဲ့ ဘဝနဲ့ အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတာပါ။



Hwarang: The Poet Warrior Youth (2016)
Silla Era လို့ခေါ်တဲ့ ဘုရင်တွေအုပ်ချူပ်တဲ့အချိန်ကာလကို ရိုက်ကူးထားတာပါ။ သမိုင်းရာဇဝင်တွေအရ Hwarang တပ်သားတွေက ထီးနန်းကို ဘယ်လို ကာကွယ်ကြလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

 

Reply 1988 (2015)
ဒီကားကို ခုထိမကြည့်ရသေးဘူးဆိုရင်တော့ အမြန်ဆုံးကြည့်ကြည့်ပါလို့ပြောချင်ပါတယ်။ တကယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတယ်ဆိုတာထက် ကိုးရီးယားရိုးရာကစားနည်း တစ်ခုဖြစ်တဲ့ Baduk မှာ ဆရာတစ်ဆူဖြစ်တဲ့ လက်တွေ့ဘဝက Baduk Player Lee Chang Ho ကို အခြေခံပြီး ဇာတ်ကောင်ယူထားတာဖြစ်ပါတယ်။ ၁၉၈၀ ပတ်ဝန်းကျင်က ကိုးရီးယား လူမျိူးတွေရဲ့ လူနေမှုဘဝကိုလည်း တွေ့ရမှာမို့ စိတ်ဝင်စားစရာကောင်းမှာပါ။

 

Signal (2016)
ထိတ်လန့်သည်းဖိုတွေကြည့်ချင်ရင်တော့ Signal လေးက Must Watch ပါ။ ဒီကားထဲက အမှုအခင်းတွေအားလုံးက ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ တကယ့်မှုခင်းအကြောင်းအရာတွေကို ရိုက်ကူးထားတာပါ။ ပြန်ပေးဆွဲတဲ့ကိစ္စတွေ၊ ကွင်းဆက်လူသတ်သမားအကြောင်းတွေကို စိတ်လှုပ်ရှားစရာ ကောင်းအောင် တစ်ပိုင်းပြီး တစ်ပိုင်းကြည့်ချင်နေအောင် ဆွဲဆောင်ပါလိမ့်မယ်။

 

The Empress Ki (2014)
သမိုင်းထဲမှာ တကယ့်ရှိခဲ့တဲ့ ဧကရီဘုရင်မ Ki ရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဘုရင်မနေရာအတွက် ကိုးရီးယားရဲ့ ထိပ်တန်းမင်းသမီး Ha Ji Won ကိုသုံးထားတာကြောင့် ရုပ်ရှင်က တော်တော်ကြီးကို ပြီးပြည့်စုံနေပါပြီ။ အခြေခံလူတန်းစားကနေ တိုင်းပြည်ရဲ့ ဘုရင်မနေရာကို ဘယ်လိုရောက်ရှိသွားလဲဆိုတာကို  ကြည့်ရှုရမှာပါ။

 

, , ,