×
Trends

2019 နွေရာသီမှာ ထွက်ရှိမယ့် အလှဆုံး အိတ်များ

အိတ်လှလှလေးတွေကို ချစ်တဲ့သူတွေနဲ့ ဖက်ရှင်ချစ်သူတွေကတော့ ဒီအိတ်တွေကို မဖြစ်မနေ သိကို သိထားရမှာနော်

by Min Chit Paing

October 31, 2018

Instagram နဲ့ Social Media ခေတ်မှာတော့ ဖက်ရှင်ချစ်သူတွေအတွက် တမူထူးခြားတဲ့ လက်ကိုင်အိတ်တွေဟာ ဆွဲဆောင်မှုရနိုင်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်လာပါတော့တယ်။ ၂၀၁၉ နွရောသီအတွက် အရမ်းကို မိုက်ပြီး လှပလွန်းတဲ့ လက်ကိုင်အိတ်လေးတွေကို မျှဝေပေးချင်ပါတယ်။

ဒီနှစ်မှာတော့ Karl Lagerfeld ဟာ Chanel အတွက် သူဖန်တီးခဲ့ ကမ်းခြေစတိုင် လျှောက်လမ်းနဲ့ လိုက်ဖက်လွန်းတဲ့ ရိုးရာအငွေ့အသက်တွေပါတဲ့ ကြိမ်ခြင်းစတိုင်အိတ်တစ်လုံးကို ၂၀၁၉ နွရောသီအတွက် တင်ဆက်ခဲ့တယ်။ LV ရဲ့ iconic အိတ်ဒီဇိုင်းတစ်ခုကလည်း တစ်မူထူးခြားတဲ့ အသွင်နဲ့ ပြသခဲ့တာကို တွေ့ရမှာပါ။ Burberry ကလည်း သူရဲ့ iconic pattern ကို အိတ်အသွင်ပြောင်းပြီး ဖန်းတီးခဲ့ပါတယ်။ Fendi , Christian Dior , Prada နဲ့ Balenciaga အပါဝင် ထိပ်တန်း အမှတ်တံဆိတ်တွေကလည်း ဆွဲမှုအတိပြီးတဲ့ အိတ်ဒီဇိုင်းတွေကို ဖန်တီးထားကြပါတယ်။ Gallery ထဲမှာတော့ အလှတကာ့ အလှဆုံး အိတ်တွေကို ရွေးချယ်ဖော်ပြပေးလိုက်တယ်နော်။

 

Trends

အနာဂတ်ကမ္ဘာထဲက ဖက်ရှင်အငွေ့အသက်တွေပါဝင်လာတဲ့ Fall 2020 London Fashion Week

Futuristic ဆန်ဆန်ဖက်ရှင်တွေကို Ready To Wear အနေနဲ့ ဖန်တီးလာတာဟာ ဖက်ရှင်ရေစီးကြောင်းအသစ်တစ်ခုရဲ့ အစလေလား

by Randy Win

February 25, 2020

               ဖက်ရှင်ချစ်သူတွေ အမြဲစိတ်ဝင်တစားစောင့်ကြည့်နေကြမြဲဖြစ်တဲ့ Fashion Week ပွဲကြီးတွေထဲကမှ London Fashion Week ကို ဖေဖော်ဝါရီလ ၁၄ရက်ကနေ ၁၈ရက်နေ့အထိ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကြီးမှာ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာတွေနဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်ပေါင်းများစွာပါဝင်ပြသခဲ့ကြပြီး ဒီနှစ်ရဲ့ Fall Season အတွက်ကို highlight လုပ် ဖန်တီးခဲ့ကြတာပါ။ အားလုံးရဲ့ မတူညီတဲ့ Taste တွေ ကွဲပြားတဲ့ဖန်တီးမှူတွေကြားမှာ ထူးထူးခြားခြား မြင်တွေ့ရတာကတော့ Central Saint Martins MA Fashion ရဲ့ Ready to Wear Collection ပဲဖြစ်ပါတယ်။

              Central Saint Martins ဆိုတာ London ရဲ့ အထင်ကရ အနုပညာတက္ကသိုလ်တစ်ခုဖြစ်တာနဲ့အညီ သူရဲ့ လက်အောက်ဖြစ်တဲ့ MA Fashion က လက်ရာမြောက်တဲ့ Ready to Wear Collection တွေကို London Fashion Week ရဲ့ Runway ထက်မှာ ထူးထူးခြားခြား တင်ဆက်ပြသသွားခဲ့ပါတယ်။ Straight Line လေးတွေပါတဲ့ Fabric Texture နဲ့ ဆန်းပြားတဲ့ အရောင်အတွဲအစပ်တွေကိုပေါင်းစပ်ပြီး Futuristic ဆန်ဆန် ဝတ်စုံတွေနဲ့ Puffy ဖြစ်တဲ့ ဒီဇိုင်းတွေကိုမှ Head Gear ခပ်ဆန်းဆန်းတွေ ၊လက်အိတ်တွေ ၊အရမ်းမိုက်တဲ့ ထပ်ချွန် Heelတွေ ၊ Men Shoe တွေနဲ့ ခေါင်းအစခြေအဆုံး အသေးစိတ်ဖန်တီးထားတာကိုမြင်တွေ့ရမှာပါ။

              အခုလို အနာဂတ်စိတ်ကူးယဉ်ရုပ်ရှင်ဇာတ်ကားတွေထဲက ဖက်ရှင်ဆန်ဆန်ပုံစံမျိုးတွေကို အမိုက်စားဖန်တီးတတ်တဲ့ MA Fashion ရဲ့ လက်ရာတွေနဲ့ London Fashion Weekရဲ့ အရှိန်အဝါတွေကြောင့် ဒီလို Futuristic ပုံစံ Inspired ယူထားတဲ့ဖက်ရှင်တွေဟာ Trend တစ်ခုအနေနဲ့ထပ်ပြီး ခေတ်စားလာဦးမလားဆိုတာကတော့ စောင့်ကြည့်ရမယ့်အရာတစ်ခုပါပဲ။

, , , ,

Trends

Emporio Armani ရဲ့ Fall Winter 2020 Collection Runway ပေါ်က ပုံရိပ်များ

ဒီနှစ် Armani ရဲ့ Fall / Winter trend ကတော့ ရဲရင့်မှူနဲ့တည်ငြိမ်မှူကို ပေါင်းစပ်ထားပုံပါ

by Randy Win

January 29, 2020

Giorgio Armani တို့ Armani Exchange တို့လိုပဲ Armani ရဲ့ label ခွဲတစ်ခုဖြစ်တဲ့ Emporio Armani ကလည်း ဒီနှစ်ရဲ့ Milan Fashion Week Men's Wear Show မှာ ပါဝင်ခဲ့ပါတယ်။ Color tone နည်းနည်းနဲ့ minimalist ဖြစ်တဲ့ဘက်ကို အမြဲအသားပေးတတ်တဲ့ EAက ဒီနှစ် Fall Winter အတွက်ကိုလည်း ရဲရင့်မှူနဲ့ တည်ငြိမ်မှူကိုဖော်ညွှန်းတဲ့ Red And Grey color tone နှစ်ခုကိုအဓိကပေါင်းစပ်ပြီး Futuristic ဖြစ်တဲ့ look ဘက်ကိုအားသာထားတာတွေ့ရပါတယ်။ 2020 Milan Fashion Week ရဲ့ Runway ပေါ်မှာ တစ်နှစ်ထက်တစ်နှစ် ဆွဲဆောင်အားပြင်းနေတဲ့ Emporio Armani က 2020 ရဲ့ တခြား Season တွေအတွက်ရော ဘယ်လိုထူးခြားတဲ့ trend အသစ်တွေကို ဖန်တီးလာဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

 

credit to original uploader

, , , , ,

Trends

COMFORT ဖြစ်ပြီး STYLISH ဖြစ်တဲ့ LOAFER SHOE လေးတွေ

သင့် Outfit လေးကိုပိုပြီးပြည့်စုံစေဖို့ Loafer လေးနဲ့တွဲဖက်ဝတ်ဆင်ကြရအောင်

by Yin Moe Shinn

August 16, 2019

သင့်ရဲ့ outfit ကိုခေတ်မှီပြီးအထာကျကျလေးဝတ်ချင်တယ်ဆိုရင်တော့ Trends ဖြစ်နေတဲ့ item လေးတစ်ခုလောက်တော့ပေါင်းထည့်စေလို ပါတယ်။2029 trends item တွေထဲက loafer shoe လေးကိုလူငယ်ဆန်ပြီး ခပ်မိုက်မိုက်လေးဖြစ်အောင်ဘယ်လိုဝတ်နေကြလည်းဆိုတာ sharing လုပ်ပေးချင်ပါတယ်။ Loafer shoe ဆိုတာကြိုးမပါတဲ့ slip-on shoe အမျိုးအစားဖြစ်ပြီးထိုးထည့်လိုက်ယုံဘဲမို့အလုပ်မရှုပ် heavy မဖြစ်တဲ့ ပေါ့ပေါ့ပါးပါး casual shoe လေးပါ။Classic suit တွေနဲ့လည်းတွဲဖက်ဝတ်ဆင်နိုင်ပါတဲ့ American culture shoe ကိုအခုဆိုရင်ပုံစံဒီဇိုင်းမျိုးစုံနဲ့ ကမ္ဘာကျော် Brand တွေကထုတ်လုပ်ရောင်းချလို့လာပါတယ်။ blazer coat ကို Loafer shoe ကိုသာသင်ဝတ်ဆင်ထားမယ်ဆိုရင်သေချာတာကတော့သင့်ရဲ့ဖက်ရှင်ကအဆင့်တန်းရှိရှိနဲ့မိုက်နေမှာအမှန်ပါ။ ရိုးရှင်းတဲ့ပုံစံကစလို့အမွှေးအမျှင်ဒီဇိုင်းအမိုက်စားတွေထိမြင်တွေ့နေရတဲ့ loafer shoe ကို skinny jeans ၊ boyfriend jeans ၊ short pant ၊ flare Pant စတာတွေနဲ့တွဲဖက်ဝတ်ဆင်နိုင်သလို style pant ၊ skirt ၊dress တွေနဲ့လည်းဝတ်ဆင်ကြတာတွေ့ရပါတယ်။ လုပ်ငန်းခွင်နဲ့လည်းအထူးသင့်တော်တဲ့ဖိနပ်ပုံစံလေးပါ။ ကျား ၊ မ အားလုံးအတွက်အဆင်ပြေလိုက်ဖက်တဲ့ဖိနပ်လေးမို့ဒီဖိနပ်လေးကသင့် outfit ကိုပိုကြည့်ကောင်းစေမှာပါ။

, , ,

MODA TV 


Trends

တကျော့ပြန်ဖန်တီးပုံဖော်ထားတဲ့ ၁၉၄၀ ဝန်းကျင်ကခမ်းနားတဲ့ jewelry style

ဒီနှစ်မဟုတ်ဘဲနောက်နှစ်ထဲထိရေပန်းစားလာနိုင်မယ် ႔အမိုက်စား Jewelry လေးတွေက...

by Yin Moe Shinn

July 25, 2019

2019 / 2020 Fall Winter Runway Show မှာတွေ ႔ မြင်ခဲ့ရတဲ့အမိုက်စား Jewelry တွေကအားလုံးရဲ ႔အမြင်ကိုဖမ်းစားနိုင်ခဲ့တဲ့အပြင် ၂၀၁၈ လောက်ကတည်းကခေတ်စားခဲ့တဲ့ Jewelry အကြီးကြီးတွေကအခုတိုင်ကျန်ရှိလို့နေပါတယ်။ ပုံမှန်ထက်ပိုကြီးနေတဲ့ လည်ဆွဲ နားကပ်စတာတွေကိုအရမ်းမိုက်တဲ့ဖက်ရှင်နဲ ႔ တွဲဝတ်ပြီးအားလုံးရဲ ႔အာရုံကိုရယူနိုင်ခဲ့တဲ့ Jewelry Trends လေးအကြောင်းဆက်ပြောပြချင်ပါတယ်။ လည်ဆွဲ နားကပ် လက်စွပ်လို ့ဆိုလိုက်တာနဲ ႔ပါးပါးမျှင်မျှင်လေးတွေသာဝတ်တတ်တဲ့အလေ့အထကိုမေ့ပစ်လိုက်ပါ။ Haters တွေဆီကနေသင့်အကြောင်းမကြားရစေလောက်အောင်ကြီးတဲ့နားကပ်မျိုးတွေကို ဒီနှစ်အတွက်သာမကလာမယ့်နှစ်အတွက်ပါရေပန်းစားနေဦးမယ်ဆိုတဲ့အရိပ်အမွတ်ကို ကမ္ဘာကျော် Brand ဖြစ်တဲ့ Dolce and Gabbana က Runway တစ်လျှောက်သက်သေပြလို ႔သွားပါတယ်။ မိုက်တယ်ဆိုတာထက်ပိုတဲ့ဒီဇိုင်းတွေနဲ ႔ခမ်းနားတဲ့ Jewelry တွေက၁၉၄၀ လောက်ကဒီဇိုင်းတွေကို inspired ယူထားတာဖြစ်ပြီး ခမ်းနားထည်ဝါတဲ့ကျောက်မျိုးစုံကိုသုံးပြီးဒီဇိုင်းဖန်တီးထားတာကဆိုရင်တကယ်ကိုတော်ဝင်ဆန်ပြီးခမ်းနားလွန်းပါတယ်။ ကြီးမားတဲ့လည်စွဲနဲ ႔နားကပ်ကိုဝတ်ဆင်ထားတဲ့အပြင်သူတို ႔ရဲ ႔ဆံပင်ကို headband ပန်းပွင့်အကြီးကြီးတွေကိုဦးခေါင်းမှာအလှဆင်ကြတာလည်းတွေ ႔ရပါတယ်။ ဒါကလည်း ၁၉၄၀ နောက်ပိုင်းအထင်ကရဖြစ်ခဲ့တဲ့ ဖက်ရှင်လေးတွေပါ။ ဒါကိုပြန်လည်ဖန်တီးပုံဖော်ထားတဲ့ 2019/2020 jewelry trends ကိုကြည့်လိုက်မယ်ဆိုရင်၂ဝရာစုအရှေ့ပိုင်းအမျိုးသမီးထုရဲ ႔ကြီးကျယ်ခမ်းနားတဲ့လက်ဝတ်လက်စားဝတ်ဆင်ပုံတွေကိုသိမြင်ခံစားနိုင်မယ်လို ႔ထင်ပါတယ်။ ဒီနှစ်သာမကနောက်နှစ်ထဲထိပါရေပန်းစားနေဦးမယ့် ခမ်းနားလှတဲ့ Jewelry Trends ကိုကြည့်ပြီးမိမိုက်နေတဲ့ပွဲတက်ဖက်ရှင်မျိုးဖန်တီးနိုင်ပါစေနော်။


Trends

PARIS FASHION WEEK မှာ HOT ဖြစ်ခဲ့တဲ့ အသေးဆုံး MICRO BAGS လေးများ

AirPods တို့ နားကပ်တို့တောင် ထည့်လို့ရပါ့မလား စဉ်းစားစရာပဲ

by May Shoon

March 1, 2019

သေးသေးလေးတွေပြန်ခေတ်စားလာပြီပဲပြောရမလား။ ပြီးခဲ့တဲ့ Fashion Week Season တွေတုန်းက Supreme ရဲ့ Mini Handbag တွေကို


သေးလှပြီထင်ခဲ့ရာကနေ ဒီ Micro Bag လေးတွေမြင်လိုက်မှပဲ ပိုစိတ်၀င်စားသွားတယ်။ နှုတ်ခမ်းနီတောင်မဆံ့တဲ့ ဒီ Micro Bag တွေကို


Paris Fashion Week 2019 Fall Runway မှာ Jacquemus က မိတ်ဆက်သွားတာပါ။ Jacquemus က


သူ့ရဲ့ Ultra-Mini Bag နဲ့ Fanny Pack တွေကြောင့် နာမည်ကြီးတဲ့ ပြင်သစ်ဖက်ရှင် Brand ကြီးတစ်ခုပါ။ Jacquemus က


အရင် Collection တွေထက် သေးငယ်တဲ့ Micro Bag လေးတွေကို 2019 Paris Fashion Week မှာစပြီး မိတ်ဆက် ခဲ့ပြီး


Fashion Week ရဲ့ ရေပန်းစားဆုံး Trend တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ဒီ Micro Bag တွေ က Envelope ပုံစံ လေးတွေဖြစ်ပြီး


Hot Pink၊ Red တို့လို Bold and Monchromatic ကာလာ အတွဲအစပ် အသားပေးဒီဇိုင်း တွေကိုပွဲထုတ်ခဲ့ပါတယ်။


“Mini Le Chiquito” လို့ အမည်ပေးထားတဲ့ ဒီအိတ်လေးတွေကို Next Season မှပဲ စတင် ၀ယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်း


Range တွေအနေနဲ့ကတော့ $345 နဲ့ $795 လောက်ရှိပါတယ်။ ဘာမှထည့်လို့မရတဲ့


ဒီ Micro Bag လေးတွေကို Fashion အတွက်ပဲဆို ဒီအိတ်တွေက Accessory လို့ပဲပြောရမလိုဖြစ်နေပါပြီ။


Trends

FRESH GRADUATE တို့ INSPIRE ယူသင့်တဲ့ CALVIN KLEIN ရဲ့ NEW YORK FASHION WEEK 2018 ရဲ့RUNWAY ဖက်ရှင်များ

ကိုယ််ရိုက်မယ့် Pre-Graduation Photoshoot ကို အများနဲ့မတူ ဆန်းသစ်နေဖို့ဆိုရင်...

by May Shoon

November 20, 2018

မကြာခင်မှာ ဘွဲ့ယူကြတော့မယ့် ညီလေး၊ ညီမလေးတွေအတွက်ကတော့ ဒီအချိန်မှာ Pre-Convocation Photo တွေရိုက်ဖို့ စီစဉ်နေကြပြီပေါ့။ Photoshoot တဲ့အခါမှာလည်း ဘယ်သူမဆို ကိုယ့်ရဲ့ ဓာတ်ပုံတွေကို သူများတွေထက်ပိုပြီး ဆန်းသစ်ပြီးလန်းနေဖို့ အားထုတ်ကြမှာပဲလေ။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျၤားလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Pre-Convo ဖက်ရှင်ကမိုက်နေဖို့ဆိုရင် ဖက်ရှင် စည်းမျဉ်းတစ်ချို့ကိုလည်းချိုးဖောက်သင့်ရင် ချိုးဖောက်ရပါလိမ့်မယ်။ ဒါပေမယ့် အမြင်လည်းအရမ်းမရိုင်းပဲ Photoshoot မှာလည်းအဆင်ပြေမယ့် ဖက်ရှင်တွေကို Calvin Klein က NewYorkFashionWeek Runway ပေါ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Runway Look တွေကိုလေ့လာကြည့်ရင် Graduation Outfit တွေကို ပြင်ဆင်တဲ့ အခါ  Oversized Blazer တွေနဲ့ Pealed Skirt တွေက Try ကြည့်ဖို့သင့်တော်တဲ့ အတွဲအစပ်တွေဆိုတာတော့ သက်သေပဲနော်။ မိမိကိုယ်ကို Fashionista တစ်ယောက်လို Pre-Convo Photo တွေကို အမိုက်စားတွေရိုက်လို့ရအောင် Calvin Klein ရဲ့ Runway Collection တွေကိုဖော်ပြပေးလိုက်ပါတယ်။ ကိုယ့် Idea လေးတွေနဲ့ပေါင်းစပ်ဖန်တီးလိုက်တော့နော်။



Loading More post