×
Celebrity News

ကမ်းခြေမှာ မိုးမမြင် လေမမြင် အကြည်စိုက်နေခဲ့ကြတဲ့ Jaden Smith နဲ့ Sofia Richie

သူငယ်ချင်းလေးပါပဲ။

by JN Ja Seng Pan

September 8, 2020

တွဲနေပြီလို့ သတင်းထွက်တာ ဒီအချိန်ထဲမဟုတ်ပါဘူး။ အရင် ၈နှစ်ကျော်လောက်ကလည်း သူတို့နှစ်ယောက် တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါသေးတယ်။ ခုလည်း LA က ကမ်းခြေတစ်ခုမှာ ပျော်ပျော်မြူးမြူး တီတီတူး လုပ်နေတဲ့ပုံတွေ တက်အလာမှာတော့ လူစိတ်ဝင်စားမှု ပြန်လည် မြှင့်တက်လာပါတော့တယ်။

မီဒီယာတွေ ပြောချက်အရ သူတို့နှစ်ယောက်လုံးက ကမ်းခြေကအပြန် သူငယ်ချင်းဖြစ်တဲ့ Moises Arias တို့အတွဲနဲ့ Double Date လုပ်ဖို့ သွားခဲ့သေးတယ်လို့ ဆိုပါတယ်။ နှစ်ယောက်သား နေ့ကော ညပါ အမြဲ အတူရှိပုံရပါတယ်။

လတ်တလောမှာ Sofia က ရည်းစားဟောင်း Scott နဲ့ ပြတ်စဲထားတာလည်း ဖြစ်ပါတယ်။ Scott Disick ကလည်း အခြားသူတော့ မဟုတ်ပါဘူး..Khole Kardashian ရဲ့ ကလေးသုံးယောက်ရထားတဲ့ အဆက်ဟောင်းပါ။

ပန်းရောင် Bikini ကို အမိုက်စား Accessories တွေနဲ့ တွဲဖက်ဝတ်ဆင်ထားတာဖြစ်ပြီး Jaden ကလည်း ဆင်တူ Swin Trunk လေးကို ဝတ်ထားခဲ့တာပါ။ အခြားသူငယ်ချင်းတွေ ရှိနေပေမယ့်လည်း နှစ်ယောက်သား တပူးပူး တတွဲတွဲနဲ့ အကြည်စိုက်နေကြတယ်လို့ဆိုပါတယ်။

, ,
Celebrity News

သမီးလေးကိုကြိုဆိုလိုက်တဲ့ Gigi Hadid နဲ့ Zayn Malik 

သူတို့နှစ်ယောက်လုံးနဲ့တူတော့ တော်တော်ချောမှာပဲ

by May Shoon

September 24, 2020

  စူပါမော်ဒယ်မေမေ Gigi Hadid နဲ့ ဖေဖေ Zayn တို့ကတော့ ဒီ Wednesday ညကပဲ သူတို့ရဲ့ ရင်သွေးလေးကို ကြိုဆိုလိုက်ပါတယ်။ မော်ဒယ် Gigi Hadid (25နှစ်) နဲ့ Zayn Malik (27နှစ်) တို့နှစ်ယောက်က ၂၀၁၅ Victoria's Secret After-Party မှာစတွေ့ခဲ့ကြတာဖြစ်ပြီး ၂၀၁၅ November မှာ စတွဲခဲ့ကြတာပါ။ Gigi ကဒီ ၂၀၂၀ April သူမမွေးနေ့ တုန်းက Zayn နဲ့ကိုယ်ဝန်ရှိနေကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။

မနေ့ညကပဲ Zayn ကလည်းသူ့ရဲ့ Instagram နဲ့ Twitter မှာသမီးလေး ကျန်းကျန်းမာမာမွေးဖွားနိုင်ကြောင်းကို သူ့သမီးလက်ကလေးနဲ့ ချစ်စဖွယ်အသိပေးခဲ့ပါတယ်။ “ကျွန်တော်တို့သမီးလေး ကျန်းကျန်းမာမာနဲ့ ကောင်းမွန်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ အခုချိန်မှာကျွန်တော့်ရင်ထဲက ပျော်ရွှင်တဲ့ ခံစားချက်တွေကိုပြောပြဖို့တောင်တော်တော်ခက်ခဲပါတယ်။ ဒီလူသားပိစိလေးအပေါ်ချစ်တဲ့အချစ်တွေက ဘယ်လိုဖော်ပြရမှန်းတောင်မသိတော့ပါဘူး။ ဒီလိုချစ်စရာကောင်းတဲ့သမီးလေးနဲ့ အတူတူဖြတ်သန်းရမယ့်မိသားစုဘဝလေးအတွက် အရမ်း Greatful ဖြစ်မိတယ်” လို့လည်း Zayn ကပြောထားပါသေးတယ်။ ဘယ်လောက်ချစ်ဖို့ကောင်းလဲနော်။
အားလုံးကတော့ Zayn နဲ့ Gigi တို့ရဲ့ချစ်စရာကောင်းတဲ့သမီးလေးရဲ့ ပုံရိပ်လေးတွေကို စောင့်မျှော်နေပါတယ်။

, , ,

Celebrity News

Black Pink နဲ့အတူတူ PUBG ဆော့ခွင့်ရမယ့် အခွင့်အရေး

ဘယ်သူနဲ့တွဲကစားချင်လဲ

by Randy Win

September 22, 2020


              မကြာသေးမီက ထွက်ရှိထားတဲ့သတင်းတွေအရ လူကြိုက်များတဲ့ online multiplayer mobile game တစ်ခုဖြစ်တဲ့ PUBG နဲ့ နာမည်ကျော် ကိုရီးယား Girl Bandတစ်ခုဖြစ်တဲ့ Black Pink တို့ရဲ့ Collaboration အကြောင်းကို ကြားသိကြပြီးဖြစ်မှာပါ။ PUBG အနေနဲ့ သူ့ရဲ့ Official Instagram Account မှာ စက်တင်ဘာလ (၁၄) ရက်နေ့က Guess Who Is Coming ဆိုတဲ့ Caption နဲ့ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာခင် စက်တင်ဘာလ (၁၇) ရက်နေ့မှာပဲ PUBG က Black Pink နဲ့ Collaboration လုပ်မယ့်အကြောင်းကို PUBGxBLACKPINK ဆိုတဲ့ Hashtag နဲ့တကွ officially ကြေညာခဲ့ပါတယ်။

Teaser ပုံတွေအရ ဂိမ်းရဲ့ Environment ဟာ ပန်းရောင်ကဲတဲ့ ပတ်ဝန်းကျင်အနေအထားမျိုးဖြစ်ဖို့များပြီး Black Pink ရဲ့ နာမည်အတိုင်း ပန်းရောင်နဲ့ အမည်းရောင်ပါတဲ့ Skin တွေလည်းထွက်ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒီ collaboration event ကတော့ ၁၀ လပိုင်း ၂ ရက်နေ့ဖြစ်ပြီး ၁၁လပိုင်း ၂ရက်နေ့အထိ တစ်လတိတိကြာမြင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၉လပိုင်း ၂၀ ရက်နေ့ကနေစပြီး ၁၀ လပိုင်း ၈ ရက်နေ့ အတွင်းမှာ ဒီ Collaboration ကို Screenshot ရိုက်ပြီး #PUBGXBLACKPINK ဆိုတဲ့ Hash Tag နဲ့ Facebook , Twitter , Instagram တို့မှာ Share ပေးမယ်ဆိုရင်လည်း အဲဒီထဲက ကံထူးရှင်ငါးဦးကိုရွေးချယ်ပြီး Black Pink ရဲ့ မကြာခင်ထွက်ရှိလာမယ့် အသစ်စက်စက် Album “The Album” ကို သူတို့ရဲ့ လက်မှတ်နဲ့တကွ လက်ဆောင်ပေးသွားမယ်လို့သိရပါတယ်။

 

အထူးခြားဆုံးနဲ့ ရင်အခုန်ရဆုံးကတော့ Black Pink အဖွဲ့ဝင်တွေနဲ့အတူ PUBG ကို အတူတူဆော့ကစားနိုင်မယ့် အခွင့်အရေးကြီးပါပဲ။ PUBG Mobile ရဲ့ Facebook Page ကနေ “BLACKPINK တွေ PUBG MOBILE ထဲကို ရောက်ရှိလာပါပြီ။ Team Up လုပ်လိုက်ကြရအောင်” ဆိုတဲ့  Post တစ်ခုကို စက်တင်ဘာ (20) ရက်နေ့ကတင်ထားတာတွေ့ရမှာပါ။ အဲဒီမှာ Black Pink အဖွဲ့ဝင်လေးဦးစလုံးရဲ့ Player ID တွေကိုပါ Share ပေးထားပြီး ဘယ်သူမဆို Friend Request သွားပို့နိုင်ပါတယ်။ အဲဒီ request တွေထဲကမှ ကံအကောင်းဆုံး ကံထူးရှင်တွေကို random ရွေးချယ်ပြီး Black Pink အဖွဲ့ဝင်တွေနဲ့အတူ Erangel စစ်မြေပြင်မှာ ဝင်ရောက်ဆော့ကစားနိုင်မယ့် အခွင့်အရေးတစ်ခုပါ။ ကဲ ဒီထက် ရင်ခုန်စရာအခွင့်အရေးမျိုးထပ်လာဖို့မသေချာလို့ Black Pink ရဲ့ Fan လေးတွေအနေနဲ့ အခုတည်းက အပြေးအလွှားသွားအပ်ထားတာမမှားလောက်ပါဘူးလို့ အသိပေးလိုက်ပါရစေနော်။

, , , , ,

Celebrity News

ခင်ပွန်းဖြစ်သူ Offset နဲ့ ကွာရှင်းတော့မယ်ဆိုတဲ့ Cardi B

Cardi B ပရိသတ်တွေအတွက် စိတ်မကောင်းစရာသတင်းပါပဲ

by Randy Win

September 21, 2020

               Cardi B လို့ကြားလိုက်တာနဲ့ ဟောဟောဒိုင်းဒိုင်း ပွင့်လင်းစွာ ပြောဆိုတတ်ပြီး ပျော်ပျော်နေတတ်တဲ့ ကမ္ဘာကျော် အမေရိကန် Rapper မလေးကိုပြေးမြင်မိကြမှာပါ။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာရေးဘီးယန်းသူလေး Cardi ဟာ ခုလိုအောင်မြင်တဲ့ဘဝတစ်ခုကို အလွယ်တကူရောက်ရှိလာခဲ့တာတော့ မဟုတ်ပါဘူး။ Super Market မှာ Cashier အနေနဲ့ အလုပ်လုပ်ဖူးသလို Strip Club တွေမှာလည်း အကမယ်တစ်ဦးအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း သူမရဲ့ အိပ်မက်တွေဖြစ်လာဖို့အတွက် ကြိုးစားရုန်းကန်ခဲ့ရသူတစ်ဦးဆိုတာ အတော်များများသိပြီးဖြစ်မှာပါ။ ဒီလိုအခြေအနေအခက်အခဲတွေကြားကနေကြိုးစားရင်း Grammy Award နဲ့တကွ အမြင့်ဆုံးသောအောင်မြင်မှူတွေကို အရယူနိုင်ခဲ့တဲ့သူတစ်ဦးမို့လည်း ပရိသတ်အတော်များများရဲ့ လေးစားချစ်ခင်မှူတွေကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

              ၂၀၁၇ ခုနှစ် မှာ သူမရဲ့ချစ်သူ Offset နဲ့ ရွှေလက်တွဲခဲ့ပြီး အခုချိန်မှာ သမီးလေးတစ်ဦးလည်း ထွန်းကားခဲ့ပြီဖြစ်တဲ့ Cardi ကို သူမရဲ့ ပရိသတ်တွေကတော့ သာယာတဲ့ အိမ်ထောင်ရေးလေးနဲ့ အဆင်ပြေတဲ့မိသားစုဘဝလေးတစ်ခု ပိုင်ဆိုင်ထားပြီလို့ပဲ ထင်မှတ်ထားခဲ့ကြတာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ မိသားစုပြသနာလေးတွေနဲ့ အိမ်ထောင်ရေးအဆင်မပြေမှူသတင်းတစ်ပိုင်းတစ်စလေးတွေ ကြားလာရပြီးနောက်ပိုင်းမှာတော့ Cardi ဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Offset နဲ့ ကွာရှင်းခွင့်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ တရားရုံးမှာ ဦးတိုက်တောင်းဆိုခဲ့ပါတယ်။

              အဆိုပါလျှောက်ထားချက်အရ သူမနဲ့ ခင်ပွန်းသည်တို့ရဲ့ Relationship ဟာ လုံးဝပြန်လည်အဆင်ပြေဖို့ရာမဖြစ်နိုင်တော့ကြောင်းနဲ့ ပြန်လည်ပေါင်းသင်းဖို့လည်း လုံးဝအစီအစဉ်မရှိကြောင်းတွေကို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ အိမ်ထောင်သက်တမ်း သုံးနှစ်ရှိပြီဖြစ်တဲ့ Cardi တို့ အိမ်ထောင်ရေးမှာ ကတောက်ကဆဖြစ်မှူလေးတွေများလာသလို သူမအနေနဲ့ Offset နဲ့ပတ်သက်တဲ့ ဖောက်ပြန်မှူတွေ ၊ ကောလာဟာလတွေ ၊ အလိမ်အညာတွေကြောင့်ကွာရှင်းတာမဟုတ်ပဲ သူနဲ့ငြင်းခုန်ပြသနာဖြစ်နေရတာကို ပင်ပန်းလာလို့ ကွာရှင်းခွင့်တောင်းတာဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပါသေးတယ်။ ၂ နှစ်အရွယ် သမီးငယ်လေး Kulture ရဲ့ အုပ်ထိန်းခွင့်ကိုတော့ တရားရုံးကနေပဲ ဆက်လက်ပြီး တရားရင်ဆိုင်သွားမယ်လို့သိရပါတယ်။ စိတ်မကောင်းစရာအကောင်းဆုံးအချက်ကတော့ ဒီလို ကွာရှင်းပြတ်စဲမယ့် အဖြစ်အပျက်တွေဟာ Cardi တို့ရဲ့ သုံးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နားနီးတဲ့ ရက်ပိုင်းအတွင်းမှာပဲဖြစ်ပျက်သွားခဲ့တာပါ။

Photo Credit To The Rightful Owners

, , , ,

Celebrity News

ကြွေလွင့်သွားပြီဖြစ်တဲ့ Black Panther မင်းသား Chadwick Bosemen

စိတ်မကောင်းစရာ သတင်းပါ။

by JN Ja Seng Pan

August 29, 2020

Marvel Universe က လူကြိုက်များ အောင်မြင်တဲ့ရုပ်ရှင်တစ်ခုဖြစ်တဲ့ Black Panther မင်းသား Chadwick Bosemen က အသက် ၄၃နှစ်မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။

မိသားစုဝင်တွေက ဒီသတင်းကို ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပြီး သေဆုံးသွားပြီဖြစ်ကြောင်းကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ကတည်း Colon Cancer အဆင့်သုံးကို ရင်ဆိုင်ခံစားနေခဲ့ရတာဖြစ်ပြီး လေးနှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ ဆုံးပါးသွားတဲ့အချိန်မှာ အဆင့်လေးတောင်ရှိနေပြီမို့ တော်တော်လေး ခံစားခဲ့ရမှာပါ။

နေအိမ်မှာပဲ ဆုံးပါးခဲ့တာဖြစ်ပြီး မိသားစုဝင်တွေနဲ့ အတူရှိနေခဲ့တယ်လို့ဆိုပါတယ်။ လူမည်း Super Hero ကို အသက်သွင်းခဲ့တဲ့သူအဖြစ် နာမည်ကြီးခဲ့တာဖြစ်ပြီး Avenger ရုပ်ရှင်တွေရဲ့ တစ်စိတ်တစ်ပိုင်းမို့ Marvel ပရိတ်သတ်တွေအတွက်လည်း ကြေကွဲစရာကောင်းတဲ့ ဆုံးရှုံးမှုတစ်ခုလို့ ပြောရမှာပါ။ နေထိုင်မကောင်းတာကို တော်တော်လေး ပိန်လာကတည်းက ပရိတ်သတ်တွေသတိထားမိခဲ့တာဖြစ်ပြီး ဒီအချိန်မှာတော့ အားလုံးကို နှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါတော့ Chad ရေ။

Ref: TMZ

, , ,

Celebrity News

အချစ်ရေးကံခေတဲ့ Ariana Grande လတ်တလောတွဲနေတဲ့ ကောင်လေးက ဘယ်သူလဲ။

Taylor လက်သစ်လေးလိုပါပဲ။

by JN Ja Seng Pan

July 14, 2020

Social House က Milkey Foster နဲ့ သတင်းတွေထွက်ပြီးနောက်မှာတော့ Media တွေရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ ကောင်လေးအသစ်လို့ ပြောလို့ရပါတယ်။ အနုပညာရှင်မဟုတ်ပဲ အိမ်ခြံမြေ ပွဲစား ဖြစ်တဲ့ Dalton Gomez နဲ့ ဒီ quaraninte မှာ တော်တော်လေးနီးကပ်သွားကြတယ်လို့ ယူဆနိုင်ပါတယ်။ Ariana အနေနဲ့လည်း သူနဲ့ ပတ်သတ်ပြီး လေ့လာနေပြီး Fan တွေအနေနဲ့လည်း သူ့အကြောင်းကို ပိုသိရအောင် နည်းနည်းစပ်စုထားပါတယ်။

ဇွန်လ ၂၆ရက်နေ့မှာ ၂၇ ပြည့်သွားတဲ့ Ariana က မွေးနေ့ကို Midsommar Themed လေးနဲ့ ပြုလုပ်ခဲ့တာပါ။ သူမဘေးမှာ တစ်ချိန်လုံးရှိနေခဲ့တဲ့သူက Dalton ဖြစ်ပြီး မွေးနေ့တုန်းက ပုံတွေထဲမှာ သူ့ပုံတွေ ပလူပျံနေတာတွေ့ရမှာပါ။


Dalton ကလည်း သူ့ရဲ့ Instagram မှာ Ariana နဲ့ အတူရိုက်ထားတဲ့ ပုံလေးနဲ့ Birthday Wish လုပ်ထားတာဖြစ်ပါတယ်။ Ariana က Dalton နဲ့ ပုံတွေ မတင်သလောက် သူရဲ့ Insta မှာတော့ Ariana နဲ့ ပုံတွေကို ဖုံးကွယ်ထားတာမရှိပဲ ဆက်တိုက်ဆိုသလို Ro နေခဲ့တာပါ။



Justin Bieber နဲ့ အတူ Collaborate လုပ်ထားတဲ့ နာမည်ကြီး သီချင်း Stuck With You က ကောင်လေးက ဘယ်သူလဲဆိုပြီး ပရိတ်သတ်တွေ စိတ်ဝင်စားနေကြခဲ့တာ။ အခုတော့ အဖြေပေါ်ပါပြီ။ သူတို့နှစ်ယောက်ရဲ့ Relationship ကို ဒီ Video လေးထဲမှာ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။



သတင်းတစ်ခုအရ Ariana နဲ့ Dalton က ပေါင်းသင်းတဲ့အသိုင်းအဝိုင်းချင်း တူကြပါတယ်တဲ့။ Dalton က အရင်တုန်းက Dancer တစ်ယောက်လုပ်ဖူးသလို သိတဲ့သူငယ်ချင်းတော်တော်များများကလည်း Ariana နဲ့တူနေတာဖြစ်တဲ့အတွက် ဆုံဖြစ်သွားကြတယ်လို့ဆိုပါတယ်။



Covid 19 ကြောင့် Social Distancing လုပ်ရတဲ့ ကာလအတွင်းမှာ အိမ်တစ်အိမ်ထဲမှာပဲ အမြဲအတူရှိနေခဲ့ကြတာပါ။ Dalton က သန်းနဲ့ ချီတန်တဲ့ အိမ်တွေကိုရောင်းနေရတဲ့ Estate Agent တစ်ယောက်ဖြစ်ပြီး Client တွေကလည်း A List တွေကြီးပါ။ ဒီတစ်ယောက်နဲ့ သတင်းတွေသိပ်မကြားရသေးပေမယ့် ဘယ်လိုတွေလာဦးမလဲဆိုတာတော့ ကြည့်ရဦးမှာပါ။

, ,

Celebrity News

လတ်တလောလူကြိုက်များနေတဲ့ 365 Days ရုပ်ရှင်ထဲက Daddy Massimo

အဆင်မှ တကယ့်အဆင်။

by JN Ja Seng Pan

July 2, 2020

365 Days ကြည့်ပြီးသွားပြီလားလို့ မမေးတော့ဘူးနော်။ Netflix က ခုတစ်လောပေါက်နေတဲ့ 365 Days က ရင်ဖိုစရာအခန်းတွေများလို့ နာမည်ကြီးနေသလို ဒီဇာတ်ကားထဲက သရုပ်ဆောင်ပီပြင်တဲ့ မင်းသားကလည်း ကောင်မလေးတွေကြားမှာ ရေပန်းစားလို့နေပါတယ်။ အချစ်ခန်းတွေမှာ ကြမ်းတဲ့ Massimo နေရာက သရုပ်ဆောင်တဲ့ ဒီခပ်ချောချောမင်းသားက ဘယ်သူလဲဆိုတာ သိချင်နေကြမှာပါ။

သူ့နာမည်ရင်းကတော့ Michele Morrone ဖြစ်ပြီး အီတလီမင်းသားဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာ မွေးဖွားလို့ အသက် ၂၉နှစ်ရှိပြီဖြစ်ပါတယ်။ သရုပ်ဆောင်အပြင် သီချင်းတွေလည်းဆိုတဲ့ မင်းသားပါ။ Dark Room ဆိုတဲ့ Debut Album နဲ့ အတူ Feel it ဆိုတဲ့ Single သီချင်းတစ်ပုဒ်ကိုလည်း ဒီနှစ်ထဲမှာ ထွက်ရှိထားတာပါ။ 365 dni မှာ ဒီသီချင်းတွေ အသုံးပြုထားပါတယ်။ Rock သီချင်းတွေပဲကြိုက်တဲ့ ဘီးကြဲကြီးပါနော်။ သရုပ်ဆောင်မလုပ်ခင်တုန်းက Model အနေနဲ့လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။ ပြီးတော့ ပန်းချီဆွဲတာကိုလည်း ဝါသနာပါပါတယ်။ အရမ်းများ အံ့သြသွားသလား။ Abstract Art တွေကိုရေးစွဲပြီး တကယ့်ကို အနုပညာမြောက်တာတွေ့ရပါတယ်။ (တကယ်ပြောတာပါ)။ Multi Talent ဖြစ်တဲ့ ဒီမင်းသားကို ခုမှ သိရတာတကယ့်နောက်ကျတယ်နော်။

El Juicio နဲ့ Sirene စတဲ့ အီတလီ ဒရမာဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ထားပြီး 365 dni ကတော့ နိုင်ငံတကာက ပရိတ်သတ်တွေ သတိထားမိပြီး အောင်မြင်မှုကိုရရှိသွားစေတဲ့ ဇာတ်ကားလို့ ပြောရမှာပါ။

ကဲ ယူတို့တွေသဘောကျတဲ့ Massimo က ကလေးနှစ်ယောက်ဖေဖေပါတဲ့။ Marcudo Morrone နဲ့ Brado Morrone ဆိုတဲ့ ချစ်စရာသားနှစ်ယောက်ပိုင်ဆိုင်ထားတာပါ။ Fashion Designer ဖြစ်တဲ့ ဇနီးဟောင်း Rouba Saadeh နဲ့ အိမ်ထောင်သက်တမ်းလေးနှစ်မှာ ကွာရှင်းပြတ်စဲလိုက်တာဖြစ်ပါတယ်။

Media သတင်းတွေအရ လတ်တလော တွဲနေတဲ့ ကောင်မလေးမရှိသေးဘူးလို့ဆိုရမှာပါ။ ဒီဇာတ်ကားထဲမှာ အတူတွဲသရုပ်ဆောင်ထားတဲ့ မင်းသမီးနဲ့လည်း ယူတို့ထင်သလို ဇာတ်လမ်းတွေမရှိပါဘူးလို့ ဆိုပါတယ်။ အရမ်းခင်မင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေပါ။ ဇာတ်ကားအတွက် သတင်းစာရှင်းလင်းပွဲတစ်ခုမှ ာဖြေဆိုထားတာကတော့ “ဒီဇာတ်ကောင်နှစ်ခုက သိပ်ကိုနက်နဲတယ်၊ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် သဘောမကျနေရင်၊ အစေးမကပ်နေရင် တကယ်လိုထင်ရတဲ့ ဒီ Scene တွေက ဖြစ်လာမှာမဟုတ်ဘူး။ ကျွန်တော်တို့ အတင်းကို သူငယ်ချင်းတွေလုပ်လိုက်ကြတယ်၊ တကယ့်ပဲ သူငယ်ချင်းတွေဖြစ်သွားကြတယ်” လို့ဆိုပါတယ်။

အငြင်းပွားစရာ Scene တွေနဲ့ နာမည်သိပ်မကောင်းဘူးလို့ ပြောရမှာဖြစ်ပေမယ့် 365 Days ကတော့ နိုင်ငံတကာမှာ တဟုန်တိုးပေါက်သွားခဲ့တာပါ။ ပရိတ်သတ်တွေက နောက်ဆက်တွဲရုပ်ရှင် ထပ်ပြီးမြင်ရဖို့ မျှော်လင့်နေကြပြီး Michele Morrone ကိုယ်တိုင်ကလည်း ဒီဇာတ်ကားရဲ့ Sequel ကို မြင်ရဖို့ရှိမယ်လို့ ပြောထားပါတယ်။ Fan တွေအတွက်ကတော့ ကမ္ဘာတစ်ဝှမ်းအတိုင်းအတာအရ ပေါက်သွားတဲ့ Michele Morrone ရဲ့ အောင်မြင်မှုကြောင့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို မြင်တွေ့ရအုံးမှာဖြစ်ပြီး ဆက်ပြီးလည်း ရင်ခုန်ရအုံးမှာပါ။

, , , ,

MODA TV 


Celebrity News

သခင်ရဲ့အကောင်းဆုံးအချိန်တွေကို ဖန်တီးပေးခဲ့ပြီး ထွက်ခွာသွားပြီဖြစ်တဲ့ ကြောင်လေး Bob

အကောင်းဆုံးဘ၀တစ်ခုမှာ ရှိနေပါစေ Bob လေးရေ

by Randy Win

June 17, 2020

              A Street Cat Named Bob ဆိုတဲ့ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြပါလိမ့်မယ်။ တကယ်တော့ ဒါဟာ စာအုပ်အနေနဲ့လည်းအရမ်းကိုနာမည်ကြီးခဲ့ပြီး တကယ့်အပြင်ကအဖြစ်အပျက်တစ်ခုကို ရေးထားတာမို့ အားလုံးကစိတ်ဝင်စားခဲ့ကြတဲ့အပြင် အဓိကဇာတ်ကောင်လေးရဲ့ ထူးခြားတဲ့ဆွဲဆောင်မှုကြောင့်လည်း ပိုလို့လူကြိုက်များခဲ့တယ်လို့ဆိုရမှာပါ။ အဓိကဇာတ်ဆောင်ကတော့ အိမ်ခြေယာမဲ့ လူတစ်ယောက်နဲ့ ချစ်စရာအရမ်းကောင်းတဲ့ ကြောင်လေးတစ်ကောင်ပေါ့။ Jamie Bowen ကို အိမ်ယာမဲ့တစ်ယောက်အခြေအနေကနေ Best Seller စာရေးဆရာတစ်ယောက်ဖြစ်လာစေခဲ့တဲ့ အဓိကအကြောင်းရင်းကလည်း Bob ကြောင့်လို့ဆိုနိုင်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘ၀အကြောင်းရေးထားတဲ့A Street Cat Named Bob ဆိုတဲ့ စာအုပ်ဟာ အုပ်ရေပေါင်းရှစ်သန်းကျော် ထုတ်ဝေနိုင်ခဲ့တဲ့အထိရောင်းအားကောင်းခဲ့ပြီး ဘာသာစကားပေါင်း လေးဆယ်ကျော်နဲ့ပြန်လည်ထုတ်ဝေခဲ့ရတဲ့အပြင် ရုပ်ရှင်အနေနဲ့ပါ ရိုက်ကူးပုံဖော်နိုင်ခဲ့တဲ့အထိအောင်မြင်ခဲ့တာပါ။ အဲဒီဇာတ်ကားမှာဆိုရင် အဓိကဇာတ်ဆောင်ကြီး Bob ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာတွေ့ရမှာပါ။

 

              ခုတော့ အသက် (14)နှစ်အရွယ် Bob လေးဟာ ယခုလ ဇွန် (15) ရက်နေ့ မှာ သခင်ဖြစ်သူကို အကောင်းဆုံးအခြေအနေတစ်ခုမှာထားခဲ့ပြီး ဘ၀တစ်ခုကိုကူးပြောင်းသွားခဲ့ပါပြီ။အခက်အခဲတွေအများကြီးကို အတူတကွကျော်ဖြတ်ခဲ့ကြပြီး သစ္စာရှိရှိနဲ့ လူတစ်ယောက်ရဲ့ဘ၀ကို အမြင့်ဆုံးအခြေအနေရောက်တဲ့အထိ မခွဲအတူရှိနေပေးခဲ့တဲ့ ကြောင်လေး Bob ကိုတော့ သူ့ရဲ့သခင် Jamie သာမက အားလုံးရဲ့ရင်ထဲကနေ အမှတ်ရနေကြမှာ အသေအချာပါပဲ။

 

Photo Credit to the Rightful Owners

, , , ,

Celebrity News

LGBT အဖြစ် ပွင့်ပွင့်လင်းလင်း၀န်ခံထားကြတဲ့ ကမ္ဘာကျော်သရုပ်ဆောင်များ

ကိုယ်ချစ်ရတဲ့ ဆယ်လီတွေထဲမှာလည်း LGBT တွေအများကြီးရှိနေတယ်နော်

by Randy Win

June 16, 2020

                  ခေတ်ကာလရဲ့ ပြောင်းလဲလာမှူနဲ့ ပညာရေးအမြင်ကျယ်လာမှူအရ နိုင်ငံတကာမှာသာမက မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေမှာတောင် LGBT ဆိုတဲ့ လိင်တူ လိင်ကွဲချစ်ခြင်းမေတ္တာအပေါ် တန်းတူညီမျှလက်ခံပေးနိုင်မှူတွေဟာ တစ်စထက်တစ်စပိုလို့ တိုးလာနေပြီပဲဖြစ်ပါတယ်။ လူသားအချင်းချင်းကြားက အသားအရောင်၊လိင်စိတ်ခွဲခြားမှူထက် ချစ်ခြင်းမေတ္တာသာပဓာနရယ်လို့ သတ်မှတ်ထားကြတဲ့အချိန်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ်အများစုကလည်း လူသားတစ်ဦးနဲ့တစ်ဦးအပေါ် ခွဲခြားမှူတွေကိုတွန်းလှန်ရင်း သူတို့ကိုယ်တိုင်ရဲ့ လိင်စိတ်တိမ်းညွတ်မှူတွေကို ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့ကြတာတွေ့ရမှာပါ။ အဲဒီလို၀န်ခံခဲ့ကြတဲ့ ကမ္ဘာကျော်တွေအများကြီးထဲကမှ အများစုသိပြီးသားလည်းဖြစ်တဲ့ ပရိသတ်ချစ်အနုပညာရှင်အချို့ကိုရွေးထုတ်ပြီးဖော်ပြပေးလိုက်တာမို့ ကိုယ်ချစ်ရတဲ့အနုပညာရှင်တွေများပါနေမလားဆိုတာ ကြည့်လိုက်ရအောင်နော်။

ဒရူးဘယ်ရီမိုး ( Drew Barrymore )

Santa Clarita Diet , Charles Angels , E.T စတဲ့ နာမည်ကျော်ဇာတ်ကားတွေနဲ့ လူသိများတဲ့ ကမ္ဘာကျော်သရုပ် ဒရူးဘယ်ရီမိုးကတော့ သူမဟာ Bisexual တစ်ယောက်ဖြစ်ကြောင်းကို ၂၀၀၃ ခုနှစ်မှာ၀န်ခံခဲ့ပါတယ်။ အိမ်ထောင်သုံးခါကျပြီး သားသမီး နှစ်ဦး ထွန်းကားခဲ့ဖူးတဲ့သူမဟာ တကယ်တမ်းမှာတော့ အမျိုးသမီးချင်းချင်းလည်းစိတ်၀င်စားသူတစ်ဦးဖြစ်ပြီး တော်၀င်မင်းသမီးတစ်ဦးဖြစ်တဲ့ Kate Middleton ကိုသဘောကျနေတဲ့အကြောင်းကို ၀န်ခံခဲ့ဖူးတာဖြစ်ပါတယ်။

ကာရာ ဒယ်လာဗင်း ( Cara Delevingne )

Suicide Squad, Valerian , Paper Towns စတဲ့ ဇာတ်ကားတွေရဲ့ သရုပ်ဆောင်လည်းဖြစ် စူပါမော်ဒယ်လ်တစ်ဦးလည်းဖြစ်တဲ့ ကာရာ့ကိုတော့ တော်တော်များများသိကြပါလိမ့်မယ်။ ဒါ့အပြင်ကိုမှ သူမဟာ မိန်းကလေးချင်းစိတ်၀င်စားတဲ့သူတစ်ဦးဆိုတာကိုလည်း သူမရဲ့အမာခံပရိသတ်တွေကသိပြီးသားပါ။ ကာရာဟာ သူမရဲ့ လိင်တိမ်းညွတ်မှူနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျစရာတွေကြုံခဲ့ရတဲ့အကြောင်းကိုလည်း ပြောပြခဲ့ဖူးပါတယ်။ အထူးသဖြင့် သူမရဲ့ ရုပ်ရှင်ပရိုဂျူဆာတစ်ဦးက သူမရဲ့ Sexuality နဲ့ relationship တွေကိုလူသိခံမယ်ဆိုရင် ဟောလိဝုဒ်မှာ သူမအနာဂတ် ဆက်ပြီးတောက်ပလာဖို့မရှိဘူးလို့ပြောတာကိုခံခဲ့ရဖူးတဲ့အကြောင်းလည်း ရင်ဖွင့်ခဲ့ပါတယ်။

၀မ့်န်ဝေါ့သ် မေလာ (Wentworth Miller)

Prison Break မင်းသားချော Wentworth Miller ကတော့ သူဟာ ဂေးတစ်ယောက်ဖြစ်ကြောင်းကို 2013 ခုနှစ်က စတင်၀န်ခံခဲ့ပါတယ်။ Prison Break ဇာတ်လမ်းတွဲနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ Miller ဟာ ဇာတ်လမ်းတွဲအပြီး 2009 ခုနှစ်၀န်းကျင်မှာပဲ သူရဲ့ Sexuality နဲ့ပတ်သက်တဲ့ တိုက်ခိုက်မှူတွေကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာထိခိုက်မှူတွေရှိခဲ့ပြီး ‌နှစ်နဲ့ချီပြီး အနုပညာလောက ကနေရှောင်နေခဲ့ပါတယ်။ ဒါပေမယ့် 2013မှာတော့ သူဟာ Gay တစ်ယောက်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း၀န်ခံခဲ့ပြီး အနုပညာလောကထဲပြန်လည်၀င်ရောက်လာခဲ့ပါတယ်။

အင်ဂျလီနာဂျိုလီ (Angelina Jolie)

ပရိသတ်အချစ်တော် ရွှေမင်းသမီးကြီး ဂျိုလီကတော့ သူမဟာ Bisexual ဖြစ်ကြောင်း၀န်ခံထားခဲ့တာ တော်တော်ကြာပါပြီ။ မင်းသားချောဘရက်ပစ်ရဲ့ ဇနီးအဖြစ်အားလုံးသိထားခဲ့ကြတဲ့ ဂျိုလီဟာ LGBT ကိုထောက်ခံသူတစ်ဦးလည်းဖြစ်တဲ့အပြင် သူမတို့ရဲ့သမီးလေးဖြစ်တဲ့ John Jolie Pitt လေး ယောက်ျားတစ်ယောက်လို နေထိုင်လိုတာကိုလည်း ကောင်းကောင်းနားလည်လက်ခံပေးခဲ့ပါသေးတယ်။

မိုင်လေဆိုင်းရပ်စ် ( Miley Cyrus )

ပရိသတ်အခိုင်အမာရရှိထားတဲ့ Hannah Montana လေးကနေ တွဲလောင်းခို အဆိုတော်လေးတစ်ဖြစ်လဲ Miley ကတော့ သူမကိုယ်သူမ Pansexual အဖြစ်၀န်ခံထားပါတယ်။ Pansexual ဆိုတာကတော့ ကျားလို့လည်းမသတ်မှတ် မလို့လည်းမသတ်မှတ်ပဲ သူ့ကိုယ်သူ ဘယ်လိင်ကွဲထဲမှာမှမပါ၀င်ဘူးရယ်လို့သတ်မှတ်ထားတာလို့ဆိုရမှာပါ။ စိတ်ရှိတဲ့အတိုင်း နေဖို့စဉ်းစားထားပုံရတဲ့Miley ဟာ သူ့ရဲ့ ချစ်သူကောင်လေးကိုလည်း ယောက်ျားလေးဖြစ်ရတာသဘောကျရဲ့လားလို့ ခဏခဏမေးခဲ့ဖူးပါတယ်တဲ့။

ဆမ်စမစ် (Sam Smith)

အဆိုတော်ကြီး Sam Smith ကတော့ သူ့ကိုယ်သူ ဂေးတစ်ယောက်ဖြစ်ကြောင်းကို 2014 ခုနှစ်မှာ ပွင့်ပွင့်လင်းလင်း ၀န်ခံသွားခဲ့ပါတယ်။ 57 ကြိမ်မြောက် Grammy Award ဆုပေးပွဲကြီးမှာ Stay With Me သီချင်းနဲ့ Record of the Year ဆိုကိုရရှိသွားခဲ့တဲ့ Sam ဟာ ဒီသီချင်းကိုဖြစ်ပေါ်လာစေခဲ့တဲ့ သူ့ရဲ့ချစ်သူ မော်ဒယ်လ် သရုပ်ဆောင် Johnathan Ziezel ကို ကျေးဇူးတင်ကြောင်း စင်ပေါ်ကနေ လူသိရှင်ကြား ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အခုတော့လည်းပြတ်သွားကြပါပြီ ။

 

Photo Credit to the Rightful Owners

, , , ,