ဖက်ရှင်ကို ချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်းက မြန်မာဝတ်စုံလေးတွေကို နှစ်သက်ကြပါတယ်။ ဝတ်ဆင်တဲ့ မြန်မာဝတ်စုံလေးတွေကနေလည်း မိန်းကလေးတွေရဲ့ Lifestyle၊ အလှတရားနဲ့ ကျက်သရေရှိမှုတွေကို ဖော်ပြနေတာမလား။ ဒါကြောင့်လည်း Teresa က အမျိုးသမီးလေးများရဲ့ ပင်ကိုယ်အလှတရားကို ပိုမို ပေါ်လွင်သွားအောင် ပံပိုးပေးဖို့ “Khinedee” ဆိုတဲ့ Clothing Brand လေးကို အားလုံးအတွက် မိတ်ဆက်ပေးလိုက်ပါပြီ။
Teresa ရဲ့ Khinedee Fashion Boutique ဖွင့်ပွဲလေးကိုတော့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့က၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီ Khinedee မှာ တော့ မြန်မာအမျိုးသမီးဝတ်စုံ Ready to Wear လေးတွေကို အရောင်အသွေး၊ အဆင်ဒီဇိုင်းမျိုးစုံ ရရှိနိုင်မှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ပွဲကိုတော့ ဖိတ်ကြားထားတဲ့ ဧည့်သည်များ၊ စာနယ်ဇင်းမီဒီယာများ၊ မော်ဒယ်များနှင့် Influencer များစုံစုံလင်လင် တက်ရောက်ခဲ့ကြပါတယ်။
Teresa ကိုယ်တိုင်ကလည်း မြန်မာဝတ်စုံလေးတွေနဲ့ အမြဲ စတိုင်ကျနေသူမို့ သူ့ရဲ့ Khinedee မြန်မာဝတ်စုံလေးတွေကလည်း ဝတ်ဆင်လိုက်တဲ့ အမျိုးသမီးလေးတိုင်းကို ရိုးရိုးယဉ်ယဉ်လေးနဲ့ စတိုင်ကျလှပစေမှာပါ။ “ Teresa ရဲ့ Khinedee Brand လေးကတော့ မြန်မာအမျိုးသမီးတွေအတွက် မြန်မာဝတ်စုံလေးတွေကို အချိန်အများကြီးပေးစရာမလိုတဲ့ Ready-to-Wear လေးတွေကို ဒီဘက်ခေတ် မော်ဒန်နဲ့လည်းကိုက်ညီမှုရှိသလို မြန်မာ ယဉ်ကျေးမှုအငွေ့အသက်လည်း ပျောက်မသွားမယ့် Traditional-Modern ဘက်သွားတဲ့ Brand လေးပါ။ ကောင်မလေးတွေအနေနဲ့လည်း အပြင်မှာ မုန့်သွားစား၊ကော်ဖီသွားသောက်တာတာမျိုးပဲဖြစ်ဖြစ်၊ Hang-Out လုပ်ရင်ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ခေတ်မီမီလေးလည်းဖြစ်သလို ရိုးရာလည်းမပျောက်သွားမယ့် စတိုင်လေးတွေကိုစဉ်းစားမိသွားတာပေါ့နော်။ အဲ့ဒါကြောင့်လည်း စလုပ်ကတည်းက Teresa အဲ့လိုင်းကိုပဲသွားမယ်ဆိုပြီး ဒီဇိုင်နာနဲ့တိုင်ပင်ပြီးလုပ်ခဲ့တာပါ။” လို့ Teresa ကဆိုပါတယ်။
မြန်မာ အမျိုးသမီးလေးများအတွက် တခြားဝတ်စုံတွေထက် မြန်မာဝတ်စုံလေးတွေကတော့ ကျက်သရေအရှိဆုံး နဲ့ Classic အဖြစ်ဆုံးဆိုတာ မိန်းကလေးတိုင်း မငြင်းနိုင်ပါဘူးနော်။ အယ်ဒီတာကိုယ်တိုင်လည်း မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုး ဝတ်ဆင်တာမို့ Khinedee ရဲ့ဒီဇိုင်းလေးတွေက မြန်မာမိန်းကလေးတိုင်း အကြိုက်တွေ့စေမယ့် Collection လေးတွေပါ။ ပေါ့ပေါ့ပါးပါး Ready-To-Wear ဆိုပေမယ့် ပိုးထည်လေးတွေ နဲ့ ရိုးရာချိတ်လေးတွေလည်းရှိတာမို့ ပွဲနေပွဲထိုင်အတွက်လဝတ်ဆင်လို့ရတော့ အရမ်းအဆင်ပြေတယ်လေ။ ရွေးချယ်စရာ ဒီဇိုင်းလေးတွေလည်း အများကြီးရှိတာမို့ မိန်းကလေးတွေ မြန်မာဝတ်စုံအတွက်ဆို ခေါင်းစားစရာမလိုတော့ဘူးပေါ့။
Khinedee ရဲ့ First Collection ထဲက Outfit လေးတွေကတော့ အခု Summer နဲ့ကိုက်ညီပြီး လူငယ်ဆန်ဆန် ဒီဇိုင်းလေးတွေအများကြီးပါဝင်ပါတယ်။ ပြီးတော့မိန်းကလေးတိုင်းရဲ့ သည်းသည်းလှုပ်အရောင်လေးတွေဖြစ်တဲ့ Pastel ကာလာ အရောင်နုနုလေးတွေကစလို့ Bold and Bright ဖြစ်တဲ့ ကာလာလေးတွေလည်း အများကြီးရှိတယ်နော်။ အဲ့ထဲကမှ အယ်ဒီတာအကြိုက်ဆုံး မြန်မာဝတ်စုံလေးတွေကို ဖော်ပြရင်း Recommand ပေးလိုက်ပါတယ်နော်။
ဒါလေးကတော့ အယ်ဒီတာ သဘောအကျဆုံးဖြစ်သလို Khinedee ရဲ့ Best Seller အဖြစ်ဆုံး Outfit လေးလို့လည်းဆိုပါတယ်။ Top အနက်ရောင်လေးကို Polka-Dot Lace နဲ့တွဲဖက်ထားပြီး လည်ပင်းကိုလည်း V-Neck ဖဲကြိုးလေးနဲ့ ဖန်တီးထားတာပါ။ လက်ကိုလည်း Polka-Dot See-Through လေးမို့ ဆွဲဆောင်မှုရှိစေမှာပါ။ ထဘီလေးကလည်း အစင်းလိုင်းလေးတွေနဲ့၊ နေကြာပန်းလေးတွေမို့ အမြင်ဆန်းစေပါတယ်။
ဒီ Look လေးကလည်း အရိုးဆုံးက အဆန်းဆုံးလို့ပြောရမှာပါ။ ပိုးပြောင်လေးကို အလယ်က Netting ပုံစံလေးလုပ်ထားပြီး လက်ပြတ် Halter Neck လေးမို့ ပခုံးသားနဲ့ လက်မောင်းအလှကိုလည်း ပေါ်လွင်စေပါတယ်။ နွေရာသီနဲ့လိုက်ဖက်သလို ပေါ့ပေါ့ပါးပါး Brunch Date မျိုးဆိုရင်လည်း အသင့်တော်ဆုံးဖြစ်စေမှာပါ။
ဒီ Outfit လေးရဲ့ထူးခြားချက်ကတော့ သူ့ရဲ့Collar လေးပဲဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ Collar လေးကြောင့်မိမိရဲ့ ရှိရင်းစွဲအလှကိုပါပိုပြီးထင်ပေါ်သွားစေပါတယ်။ သူ့ရဲ့ Collar လေးကို ထဘီချိတ်က အစလေးတွေနဲ့ ပြန်ပြီး ဒီဇိုင်းဖန်တီးထားတာမို့ အားလုံးကြားမှာပေါ်လွင်နေစေမှာပါ။ သူကတော့ မိုးပြာရောင်လေးနဲ့ အနက်ရောင်လေးနှစ်မျိုးရှိပါတယ်။
ဒီ Outfit လေးကတော့ ကျောင်းသူလေးများအတွက်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ Hangout ရင်ဖြစ်ဖြစ် အရမ်းသင့်တော်တဲ့ Look လေးနော်။ မိန်းကလေးတွေအရမ်းနှစ်သက်တဲ့ Candy ကာလာလေးတွေကို ချည်ထိုးပန်းပွင့်လေးတွေနဲ့တွဲဖက်လိုက်တဲ့အခါ အရမ်းချစ်စရာကောင်းပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ လှနေမှာအသေချာပါပဲ။