×
Brands

ချစ်စရာကောင်းတဲ့ Ready-to-Wear မြန်မာဝတ်စုံတွေကို ဘယ်မှာ ဝယ်ယူကြမလဲ

နန်းဆန်တာလေးက ဘယ်အချိန်ဖြစ်ဖြစ်ပို ကြည့်လို့ကောင်းပါတယ်

by May Shoon

June 29, 2020

မမတို့၊ ညီမလေးတို့ရေ..မိုးရာသီရောက်နေပေမယ့် မကြာခင်မှာ ကျောင်းတွေ၊ တက္ကသိုလ်တွေပြန်ဖွင့်တော့မယ်။ နောက်ပိုင်း ဝါကျွတ်ပြီဆိုရင် အလှူ၊ မင်္ဂလာဆောင်တွေနဲ့ ပွဲလမ်းသဘင်တွေကလာတော့မယ်နော်။ တက္ကသိုလ်တွေလည်း ပြန်ဖွင့်တော့မှာဆိုတော့ အခုချိန်မှ အစဝယ်ဦး၊ အပ်ချုပ်ဆိုင်သွားဦး ဆိုရင် အချိန်လည်း ကုန်တယ်၊ စောင့်ရတာလည်း ကျောင်းတက်ချိန်အမှီဝတ်ရဖို့ သိပ်မသေချာဘူး။ အဲ့ဒါကြောင့်လည်း ပျိုမေတွေရော၊ မမတွေ၊ အန်တီတွေရော အသင့်ချုပ်ပြီးသား Ready-to-Wear (Ready-Made) Brand မြန်မာဝတ်စုံလေးတွေကို ပိုပြီး ရွေးချယ်လာကြတာပေါ့။ Sizing က Fix လုပ်ထားတယ်ဆိုပေမယ့် Small ကနေ XL လောက်အထိလာတော့ ပိုအဆင်ပြေတယ်လေ။ မြန်မာဝတ်စုံလေးတွေကတော့ မြန်မာမိန်းကလေးတိုင်းရဲ့ Closet မှာ မရှိမဖြစ်လိုအပ်သလို ကိုယ်နဲ့ Fit ဖြစ်တဲ့ မြန်မာဝတ်စုံကို ရွေးချယ်ဝတ်ဆင်ဖို့ကလည်း အရေးကြီးပါတယ်။
ဒါကြောင့် Editor ကိုယ်တိုင်သဘောကျသလို ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းတဲ့ မြန်မာဝတ်စုံ Ready-to-Wear Brand လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဒီ Brand တွေက သူတို့ရဲ့ Official Store တွေမှာဝယ်ယူလို့ရသလို Official Facebook Page ကနေလည်း မှာယူနိုင်ပါတယ်။
အခုတည်း ကရှာဝယ်ထားမှ အပြင်သွားတဲ့အခါ၊ ကျောင်းတက်တဲ့အခါ အဆင်သင့်ဖြစ်မှာနော်။


SHAYi
မြန်မာဝတ်စုံကို ကြိုက်နှစ်သက်တဲ့ မိန်းကလေးတိုင်း SHAYi ကို မသိတဲ့သူမရှိသလောက်ပဲနော်။ Designer Sann Bawk Rar ရဲ့ အမြဲ လတ်ဆတ်ပြီး Unique ဖြစ်လွန်း၊ လှလွန်းတဲ့ ဒီဇိုင်းလေးတွေက Collection အသစ်ထွက်တိုင်း မဝယ်ရမနေနိုင်အောင်ပါပဲ။

https://www.facebook.com/SHAYIonlinestore/


Khinedee
MC/Influencer လေး Teresa ရဲ့ Khinedee ကလည်း Founder လေးလိုပဲ ချစ်စရာကောင်းတဲ့ မြန်မာဝတ်စုံလေးတွေနဲ့ မိန်းကလေးတွေအသည်းနှလုံးကို ဆွဲဆောင်နိုင်ပါတယ်။ ထသွားထလာကနေပွဲတက်ဝတ်စုံတွေအထိ ဒီဇိုင်းစုံ ရရှိနိုင်တယ်နော်။

https://www.facebook.com/khinedeemyanmar/


Noon Couture
ရိုးရိုးယဉ်ယဉ် မြန်မာဝတ်စုံလေးတွေနဲ့ ရှမ်းရိုးရာဝတ်စုံလေးတွေကို ကာလာစုံ Colleciton အလိုက်ရရှိနိုင်တာမို့ မိန်းကလေးတွေတော်တော်များများ အကြိုက်တွေ့တဲ့ Brand လေးပါ။ Editor ဆိုရင် Noon ရဲ့ Cotton ပိတ်ဖောက်ဇာ Top လေးတွေကို အရမ်းကြိုက်တယ်။

https://www.facebook.com/nc.nooncoutureofficial/

 

Clothes Garden
တက္ကသိုလ်ကျောင်းသူလေးတွေအကြိုက်တွေ့မယ့် မြန်မာဝတ်စုံ လေးတွေ Clothes Garden မှာရှိပါတယ်။ Clothes Garden ဒီဇိုင်းလေးတွေကလည်း အပွင့်လေးတွေကစလို့ ပြောင်ဝမ်းဆက်လေးတွေအထိ ရွေးချယ်စရာများပါတယ်။

https://www.facebook.com/ClothesGarden2016/

 

MOMICHE
ပေါ့ပေါ့ပါးပါး နဲ့ မြန်မာဆန်ဆန် Ready-to-Wear တွေကို ရှာနေရင်တော့ MOMICHE မှာရှိပါတယ်။ ပွဲတက်လို့ရတဲ့ ဝတ်စုံဒီဇိုင်းလေးတွေရှိသလို Casual ဝတ်လို့ရတဲ့ Cotton ဝမ်းဆက် ဒီဇိုင်းလေးတွေကလည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

https://www.facebook.com/momicheladieswear/

 

AKK Silk & Cotton
AKK မှာတော့ ပွဲထိုင်ချိတ်တွေ၊ ပိုးသားအစ တွေကစလို့ အသင့်ချုပ်ပြီးသားမြန်မာဝတ်စုံလေးတွေကို အရောင်အသွေးစုံလင်အောင် ရရှိနိုင်ပါတယ်။ ကျောင်းသူလေးတွေကစလို့ အသက်အလတ်ပိုင်း မမတွေအထိအကြိုက်တွေ့စေမှာပါ။ 

https://www.facebook.com/AKK-Silk-Cotton-1121379911300494/

, , , ,
Brands

Christmas မှာ Self-Treat အတွက်ရော လက်ဆောင်ပေးဖို့ပါသင့်တော်တဲ့ Commune Wear ရဲ့ Secret Santa Collaboration အစီအစဉ်

Singapore Brand တွေနဲ့ပါ Collab လုပ်ထားတဲ့ Gift တွေမို့ လက်မလွတ်သင့်ဘူးနော်

by May Shoon

December 12, 2020

နှစ်တိုင်းနှစ်တိုင်း ဒီအချိန်ရောက်ပြီဆိုရင် Christmas လက်ဆောင်ပေးဖို့ စဉ်းစားနေကြပြီမလား။ အခုလို Christmas ကာလမှာတစ်ဦးကိုတစ်ဦး နွေးထွေးမှုတွေ၊ ချစ်ခြင်းမေတ္တာတွေကိုဖော်ပြချင်ရင်ပဲဖြစ်ဖြစ်၊ အမှတ်တရဖြစ်စေဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုတစ်နှစ်တာလုံး ကြိုးစားထားတာတွေအတွက် Self-Treat လုပ်ချင်ရင်ပဲဖြစ်ဖြစ် Christmas Gift Box လေးတွေက မရှိမဖြစ်လိုအပ်တဲ့ Holiday ပစ္စည်းလေးတွေလို့ပြောလို့ရပါတယ်။ အဲ့လို ပေးကြတဲ့အခါ Present လေးတွေက ဈေးနည်းတာများတာထက် Specially Prepared ဖြစ်ဖို့လည်းအရေးကြီးတယ်နော်။ Sweet December လေးမှာ Commune Wear ကလည်း အားလုံးအတွက် “Christmas Secret Santa” ဆို Christmas Surprise အစီအစဉ် လေးတစ်ခုရှိတယ်နော်။


ကဲဒါဆိုရင် Secret Santa ဆိုတာဘာလဲ?

Secret Santa ဆိုတာကိုယ်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေအားလုံးပါဝင်နိုင်တဲ့ Holiday Theme Game လေးတစ်ခုဖြစ်ပြီး Elfster Online Application ကနေတစ်ဆင့်ကိုယ့် Email နဲ့ ပို့ချင်တဲ့သူဆီကို Gift လေးတွေစီစဉ်ပြီး Send ပေးတဲ့ပုံစံမျိုးပါ။ ဒီလို ကစားနည်းလေးကို Based လုပ်ပြီး Commune Wear ကနေ ပိုပြိး လွယ်ကူပြီး Special ဖြစ်စေမယ့် အစီအစဉ်လေးကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ပိုပြီး Surprise ဖြစ်သွားစေတာက ဒီ Christmas Secret Santa မှာ Collaboration အနေနဲ့ Favourite Local နဲ့ Singapore Brand တွေကလည်း အများကြီးပါဝင်အားဖြည့်ထားပါတယ်။
ပါဝင်တဲ့ Brand တွေကတော့ Nam Su၊ Shwe Sa Bwe၊ Yangon Bakehouse၊ Burman Barbershop၊
The Scent Studio၊ Burma with Love၊ Tomahawk Myanmar၊ The Paper Bunny၊ M&M Scarf၊ AATE၊ Re:earth စတဲ့ Brand တွေအများကြီး Collab ထားတယ်နော်။


အိုကေ.. ဒါဆို ဘယ်လို Christmas Gift Box လေးတွေရောင်းချပေးမှာလဲ?
အထက်မှာပြထားတဲ့ Brand ထဲက Lifestyle Item တွေ၊ Fashion Accessory လေးတွေ၊ Luxury ပစ္စည်းလေးတွေကို ကိုယ်တိုင် ရွေးချယ်ပြီး Organize လုပ်လို့ရတဲ့ Gift Box Set လေး ၂၄ ခု ကိုစီစဉ်ထားပါတယ်။ ဒီလို Christmas Gift Box လေးတွေကို Price Range အားဖြင့် 30,000 mmk ကနေ 10,0000 mmk အထိ ကိုယ်တိုင် Customize လုပ်ပြီး မှာယူနိုင်တယ်။ မှာယူတဲ့ Gift Box လေးတွေကိုလည်း Cookies လေးတွေ၊ Special Letter လေးတွေလည်းပါဦးမှာမို့ အမိုက်စား Holiday Chance လေးကိုလက်မလွတ်စေနဲ့နော်။


 မှာယူလို့ရတဲ့ Item Sample Set လေးတွေကိုလည်းဖော်ပြပေးထားတယ်နော်။ ဒီ Gift Box Set လေးတွေကို ဒီဇင်ဘာ ၉ ရက်နေ့ကနေ ဒီဇင်ဘာ ၁၆ ရက်နေ့ထိ https://mm.communewear.com  မှတစ်ဆင့်ဝယ်ယူနိုင်ပြီ ဖြစ်ပြီး Order ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တံခါးဝအရောက်ကို Elves လေးတွေက ပို့ပေးဦးမှာနော်။
အားလုံးပဲပျော်စရာ Christmas မှာ Santa ရဲ့ လျှို့ဝှက်သေတ္တာလေးကိုဖွင့်ဖို့ အဆင်သင့်ဖြစ်ပြီလား။

 

 

, , , , , ,

Brands

Christmas မှာချစ်သူကို ဘယ်လို Luxury Gift တွေလက်ဆောင်ပေးမလဲ

ဒီပစ္စည်းတွေကတော့ မပါမဖြစ်ပဲနော်

by May Shoon

December 1, 2020

 ဘာလိုလိုနဲ့ Sweet December တောင်ရောက်လာပြီနော်။ Christmas ကာလက ကိုယ်ချစ်ရတဲ့သူတွေ၊ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတဲ့အချိန်ပါ။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေကို အမှတ်တရရှိစေဖို့ အပြန်အလှန် လက်ဆောင်လေးတွေပေးကြတာကလည်း ကြည်နူးဖို့ကောင်းတဲ့ အလေ့အထလေးပါ။ ကိုယ့်ရဲ့ချစ်သူကောင်မလေးကိုလည်း Christmas Gift ကိုအကောင်းဆုံးတွေပဲပေးချင်ကြတာ ကောင်လေးတွေရဲ့ ဆန္ဒပဲမလား။ ဒီတော့ Christmas Gift အတွက်စဉ်းစားရတာ ခေါင်းမရှုပ်ရအောင် အမိုက်စား Luxury Gift Idea လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။ အခုချိန်တည်းက ဝယ်ထားမှ တော်လောက်ဖြစ်မှာနော်။


Diptyque
Limited-Edition Baies Candle $78

 

Jo Malone London
Midnight Musk & Amber Colonge $144

 


Dior
Dior Book Tote $3,500

 


GUCCI
Bow-Embellished Patent Leather Pumps $1,790

 


Hermès Timepieces
Cape Cod 18-Karat Gold, Alligator, Mother-Of-Pearl Diamond Watch $7,375

 


MARCHESA
Organza-Appliquéd Velvet Trimmed Tulle Midi Dress $6,995

 


Christian Louboutin Beauty
Silky Satin Lip Color - Very Gil $90

 


STUART WEITZMAN
The Amenila Shine Sandal $525

 


BALMAIN
Fringed Tweeted Blazer $2,750

 


Tiffany & Co.
Double Link Pedant $8,500

 


CHOPARD

Happy Hearts 18-Karat White Gold, Diamond and Opal Earrings $29,200

, , , ,

Brands

ထင်မထားတဲ့ဈေးနှုန်း ထူးခြားတဲ့စွမ်းဆောင်ရည်တွေနဲ့ ထပ်မံမိတ်ဆက်လာတဲ့ Vivo V20 SE

V20 Series တွေကတော့ အမြဲတမ်းမိမိုက်

by Randy Win

November 30, 2020

      မကြာသေးခင်ကမှ မိတ်ဆက်ပြသခဲ့တဲ့ Vivo V20 ရဲ့ ပိုပြီးဈေးသက်သာတဲ့နောက်ထပ်ဗားရှင်းတစ်ခုလို့ဆိုရမယ့် Vivo V20 SE ကို ဒီနေ့ နိုဝင်ဘာလ 30ရက်နေ့မှာ အွန်လိုင်း Launch အနေနဲ့ မိတ်ဆက်ပြသခဲ့ပါတယ်။

     ထူးခြားပြီး စိတ်ဝင်စားစရာကောင်းတဲ့ Features တွေ ကြောင့် Vivo V20 မှာကတည်းက လူကြိုက်များအောင်မြင်ခဲ့တဲ့ V series အနေနဲ့ အခုထပ်မံမိတ်ဆက်လိုက်တဲ့ ဈေးပိုသက်သာတဲ့ V 20 Se မှာလည်း အောင်မြင်မှူတွေထပ်ပြီး ရရှိလာဦးမယ့်သဘောမှာရှိပါတယ်။

Vivo V series တွေရဲ့ထုံးစံအတိုင်း ပေါ့ပါးမှူနဲ့ပါးလွှာမှူကိုအသားပေးထားတဲ့အပြင် ကျစ်လျစ်ပြီး ကိုင်ရအဆင်ပြေအောင်ရည်ရွယ်ထုတ်လုပ်ထားတာတွေ့ရပါတယ်။ ဘေးဘောင်တွေကလည်း လက်ထဲမှာ သက်တောင့်သက်သာရှိစေမယ့် 3D Curve ဆိုတဲ့ ဘေးခုံးဒီဇိုင်းမျိုးဖြစ်ပြီး အလေးချိန်အားဖြင့်လည်း 171 ဂရမ်သာလေးတယ်လို့ဆိုပါတယ်။ အရောင်အားဖြင့် Gravity Black နဲ့ Oxygen Blue ဆိုတဲ့ အရောင်နှစ်မျိုးနဲ့ထွက်ရှိလာပြီး Vivo ကစတင်ဖန်တီးမွေးဖွားလိုက်တဲ့ In-display Finger Print (မျက်နှာပြင်အောက်လက်ဗွေစနစ်) ကိုပဲအသုံးပြုထားတာတွေ့ရမှာပါ။
Selfie ဝါသနာအိုးတွေအတွက်အရမ်းအဆင်ပြေစေမယ့် 32 MP front ကင်မရာကိုမှ အလင်းနည်းတဲ့နေရာမှာ အဆင်ပြေပြေရိုက်ကူးနိုင်တဲ့ Super Night Selfie စနစ်နဲ့ ထပ်မံအားဖြည့်ထားပါသေးတယ်။ဒါ့အပြင် V20 တုန်းကလိုပဲ အမှောင်ထဲမှာ Selfie ဆွဲနိုင်မယ့် Aura Screen Light ပါဝင်သလို Face Beauty ,Pose Master ,Bokeh စတဲ့ ဓာတ်ပုံရိုက်ကူးမှူနဲ့ပတ်သက်တဲ့အလှအပဆိုင်ရာ Function တွေလည်းပါဝင်ဦးမှာပါ။Selfie အတွက်တင်မဟုတ်ပဲ Main ကင်မရာပိုင်းမှာဆိုရင်လည်း ကင်မရာသုံးလုံးရဲ့ ထောက်ပံ့မှူနဲ့အတူ 4K Resolution နဲ့ရိုက်ကူးနိုင်မှာဖြစ်ပြီး Blogger,Vlogger တွေ ၊Youtuber တွေ အဆင်ပြေစေမယ့် Ultra Stable Video လို စနစ်မျိုးတွေပါထည့်သွင်းပေးထားတာတွေ့ရပါတယ်။ အားသွင်းမှုအပိုင်းမှာဆိုရင်လည်း 33W Flash Charge ပါလို့ တစ်နာရီအတွင်း အားအပြည့်ပြန်သွင်းနိုင်တာမျိုးအပြင် 4100 mah battery ပါဝင်လို့ အချိန်တော်တော်ကြာ အားကြာရှည်ခံမယ့်သဘောပါ။ ဂိမ်းသမားတွေစိတ်ကျေနပ်မှူရစေမယ့် Ultra Game Mode ကိုလည်း ထည့်သွင်းပေးထားသလို Multi Turbo စနစ်ကြောင့် App တွေRun ရာမှာ တော်တော်လေးသွက်လက်မြန်ဆန်စေမယ်လို့ဆိုပါတယ်။ screen size အနေနဲ့ 6.44 inches ဖြစ်လို့ အရမ်းမကြီးမသေး အနေတော် size လို့ဆိုနိုင်ပြီး 8 GB RAM 128 GB ROM ပါဝင်မယ့် Vivo V20 SE လေးရဲ့ဈေးနှုန်းကတော့ 379,800 ကျပ်ပဲ ကျသင့်မှာပါတဲ့။ သူ့ရဲ့ ထူးခြားတဲ့အရည်အသွေးတွေနဲ့ယှဉ်ရင်တော့ ဒီဈေးနှုန်းက များတယ်လည်းမဆိုသာ နည်းတယ်လည်းမဆိုသာတဲ့ အနေအထားလို့ဆိုရမလားပါပဲ။


Vivo V 20 SE ဟာ V 20 ထက်စာရင်တော့ ဈေးနှူန်းအားဖြင့်ပိုသက်သာတဲ့ပေမယ့် သူ့ရဲ့ Feature နဲ့ စွမ်းဆောင်ရည်တွေကတော့ ထူးထူးခြားခြားလျော့နည်းသွားတာမျိုးမတွေ့ရပဲ ပေးရတဲ့ဈေးထက်တန်အောင်ကို စွမ်းဆောင်ရည် အများကြီး ထည့်သွင်းပေးထားတာတွေ့ရပါတယ်။ သူ့ရဲ့ဈေးနှုန်းဝန်းကျင်ဖုန်းတွေထဲမှာဆိုရင်လည်း တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ဖုန်းတစ်လုံးထဲမှာပါတယ်လို့ဆိုရမှာဖြစ်ပြီး Vivo user တွေအတွက်တော့ အရမ်းကို စိတ်ကျေနပ်စေမယ့် ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။ Vivo V20 SE အနေနဲ့ Vivo ရဲ့ အရောင်းကောင်တာတွေမှာ ဒီဇင်ဘာလ 1 ရက်နေ့ကစပြီး 4 ရက်နေ့အထိ Pre-order တွေစတင်လက်ခံနေပြီဖြစ်ပြီး ဒီဇင်ဘာလ 5 ရက်နေ့မှာတော့ စတင်ရောင်းချသွားမယ်လို့သိရပါတယ်။

Photo Credit to the Rightful Owners

, , , , ,

Brands

Sportwear လောကကို ထပ်ပြီးလှုပ်ခတ်စေဦးမယ့် G Dragon နဲ့ Nike တို့ရဲ့ ပေါင်းစပ်မှူ

ဒေစီပန်းလေးကတော့ လန်းပြီးရင်းလန်းနေတော့တာပါပဲ

by Randy Win

November 8, 2020

               မကြာသေးခင် လအနည်းငယ်တုန်းကပဲ G Dragon အနေနဲ့ သူရဲ့ ဒုတိယမြောက်ထွက်ရှိလာမယ့် Air Force 1 Collaboration ဖိနပ်အသစ်အကြောင်းကို အသိပေးကြေညာခဲ့ပါတယ်။ မနှစ်ကCollab အနေနဲ့ထွက်ရှိခဲ့တဲ့ Nike Air Force 1 အမည်းရောင်ဖိနပ်ဟာလည်း Streetwear ချစ်သူလူငယ်တွေနဲ့ G Dragon ရဲ့ပရိသတ်တွေကြားမှာ အရမ်းကိုအောင်မြင်ခဲ့တာ အားလုံးအသိပါ။ ဒီတစ်ခေါက်မှာတော့ အဲဒီဖိနပ်ရဲ့ အဖြူရောင် Version လို့ ဆိုရမယ့် Para-Noise 2.0 နဲ့ ပရိသတ်တွေရဲ့ ရင်ခုန်သံတွေကို ထပ်ပြီး နှိုးဆွလိုက်ပြန်ပါပြီ။


         အရင်ကထွက်ရှိထားခဲ့တဲ့ Rumors တွေအတိုင်းပဲ G-Dragon's PEACEMINUSONE x Nike Air Force 1 “Para-Noise 2.0” collaboration ကို Nike က တရားဝင် မိတ်ဆက်ခဲ့တာဖြစ်ပြီး Sportwear လောကရဲ့ထိပ်သီး အမှတ်တံဆိပ်တစ်ခုနဲ့ တောင်ကိုရီးယားရဲ့ထိပ်တန်းအဆိုတော်တစ်ဦးတို့ ပေါင်းစပ်မှူဟာ ဘယ်တုန်းကမှ လျှော့တွက်လို့မရခဲ့ဘူးဆိုတာကို သက်သေပြနေသလိုပါပဲ။ Para-Noise 2.0 ရဲ့ စိတ်လှုပ်ရှားမှူအပေးစွမ်းနိုင်ဆုံးအပိုင်းကတော့ Layer နှစ်ခုပါတာဖြစ်ပြီး အပေါ်က Layer ကို ခွာလိုက်တဲ့အခါကျမှ မြင်တွေ့ရမယ့် G Dragon ရဲ့ ဖုံးကွယ်ထားတဲ့ Artwork ပါ။ “ ဝတ်ဆင်သူတစ်ဦးချင်းစီဟာ ဖြတ်သန်းရုန်းကန်ခဲ့ရတဲ့ ဘဝအခြေအနေတွေမတူညီကြသလိုပဲ ကိုယ့်ရဲ့ခရီးလမ်းကြောင်းတစ်ခုချင်းစီအတွက် မတူညီတဲ့အနုပညာတွေကို ခံစားရစေမှာဖြစ်တယ်” လို့လည်း Nike ဘက်က ပြောကြားခဲ့ပါတယ်။

 


            “နေ့ရက်တိုင်းမှာ အရာရာဟာ မတည်မြဲကြပေမယ့် ကိုယ်ဘာလဲဆိုတာကိုပြသဖို့နဲ့ ကိုယ့်ကမ္ဘာကို ကိုယ်တိုင်ဖန်တီးကြဖို့တော့ ဘယ်တော့မှအားမလျှော့ကြပါနဲ့ ။ ဒီခြေလှမ်းတွေကို စုစည်းချိတ်ဆက်ပြီး ကျွန်တော်တို့အားလုံးရဲ့ ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခုကို ရှာဖွေဖန်တီးနိုင်ကြလိမ့်မယ်။ အဲဒီ ကိုယ်ပိုင်ဖန်တီးထားတဲ့ ကမ္ဘာကြီးမှာ ကိုယ်ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုအကောင်းဆုံး လွတ်လပ်စွာ ဖော်ထုတ်ပြသလိုက်ကြပါ” လို့ G Dragon ကဆိုခဲ့ပါတယ်။


ထွက်ရှိလာမယ့် G Dragon X Air Force 1 ဖိနပ်နဲ့ပတ်သက်ပြီး ဘယ်မှာရောင်းချသွားမယ်ဆိုတာ အတိအလင်းကြေညာတာမျိုးမရှိသေးပေမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့ကျရင်တော့ တရားဝင်ထုတ်လုပ်ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

Photo Credit To The Rightful Owners

, , , , ,

Brands

Shop.com 11:11 Sales မှာလက်မလွတ်သင့်တဲ့ Editor's Choice Fashion Clothing နဲ့ Accessory များ

Buy now or Cry Later ပဲနော်

by May Shoon

November 4, 2020

 Shopper တွေ၊ Fashion Junkie လေးတွေ ၁၁ လပိုင်း ၁၁ရက်နေ့ မှာပြုလုပ်သွားမယ့် Shop.com က 11:11 Sales ဈေးအရောင်းပွဲကြီးအတွက် အဆင်သင့်ဖြစ်နေကြပြီလား။ 11:11 ကတစ်ကမ္ဘာလုံးမှာ Sales တွေကို ၅၀% ကနေ ၉၀% အထိ Discount တွေနဲ့ရောင်းချပေးနေတဲ့ အချိန်မို့ ၊ပစ္စည်းတွေကို အတန်ဆုံးဈေးတွေနဲ့ရရှိနိုင်တဲ့အချိန်မို့ မဖြစ်မနေဝယ်ထားသင့်တဲ့အချိန်ပဲနော်။
မြန်မာနိုင်ငံရဲ့ Top E-Commerce တစ်ခုဖြစ်တဲ့ Shop.com မှာလည်း လူအသုံးကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ အလှကုန်နဲ့ဖက်ရှင်အဝတ်အထည်၊ Accessories တွေကို အသက်သာဆုံးဈေးတွေနဲ့ အထူးအစီအစဉ်တွေလည်းရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ အယ်ဒီတာက ဖက်ရှင်အဝတ်အစားနဲ့ Accessories တွေကို မှဝယ်ချင်သူတွေအတွက် လက်မလွတ်သင့်တဲ့ ဖက်ရှင်၊ Accessory Brand တွေထဲက အမိုက်ဆုံးနဲ့ Fancy အဖြစ်ဆုံး Product တစ်ချို့ကိုရွေးချယ်ပေးလိုက်ပါတယ်။ မကြာခင်လည်း Christmas Holiday ရောက်တော့မှာဆိုတော့ လှလှပပနဲ့ ဖက်ရှင်ကျဖို့ဆို အခုတည်းကမှာထားမှဖြစ်မယ်နော်။


FABRIX: Women's Fashionable Scarf
Ks 25,000
ကိုယ်တိုင်ပဲ ဆင်မြန်းလို့ရသလို၊ ချစ်ခင်ရသူတွေအတွက်လက်ဆောင်ပေးဖို့လည်း ဒီပိုးပျော့သား Silk Crepe Satin Scarf လေးတွေက အရမ်းသင့်တော်ပါတယ်။ Silk Scarf Accessory လေးတွေက အခုလို Bandana Top တွေ၊ Headscarf တွေပြန်ခတ်စားလာတဲ့အချိန်မှာ တစ်ထည်လောက်တော့ရှိထားသင့်တယ်နော်။ ဒီ Fabrix မှာဆိုရင်တော့ Long-Scarf၊ Square-Scarf လေးတွေကိုစုံလင်အောင်ရနိုင်ပြီး သူ့ရဲ့ Printed လုပ်ထားတာတွေကလည်း မြန့်မာရိုးရာ Culture တွေနဲ့ပြည့်နှက်နေတဲ့ Design တွေမို့သဘောကျကြမှာပါ။

Shop now at https://www.shop.com.mm/products/fabrix-womens-fashionable-scarf-myanmars-toys-design-1-i103280493-s1027885951.html?spm=a2a0e.8553159.0.0.3dc26641CYWRbA&mp=3

 

Q&Q Ladies Watch
Ks 32,000
ရှင်းသန့်ပြီး Smart ကျတဲ့ Watch လေးတစ်လုံးကလည်း မိန်းကလေးတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ Accessory လေးပါ။ အထူးသဖြင့်ရွှေရောင်၊ ပန်းရောင်နဲ့ Rose Gold ကာလာလေးတွေက မိန်းကလေးတွေအများဆုံးရွေးချယ်သင့်တဲ့ကာလာတွေပါ။
ဒီ Q&Q Watch လေးကို နိုဝင်ဘာ ၁ရက်နေ့ကနေ ၁၀ရက်နေ့အတွင်း Code “SAWWAL4K” နဲ့ဝယ်ရင် 28,000 Ks နဲ့ရရှိမှာနော်။

Shop now at https://www.shop.com.mm/products/qq-ladies-watch-ca06j-i104660380-s1030090366.html?spm=a2a0e.8553159.0.0.689b4305cxWsK5&mp=3

 

D&C Myanmar Women Leather Handbags
Ks 46,000
အရည်အသွေးကောင်းပြီး Sophisticated ဖြစ်တဲ့ Leather Clutch က Holiday Season အတွက် အလိုက်ဖက်ဆုံးလက်ကိုင်အိတ်လေးဖြစ်စေမှာသေချာပါတယ်။ Leather ကိုမှ အတွန့်ပုံစံလေး Rutched လုပ်ထားတဲ့ Leather Clutch လေးကတော့ D&C Myanmar မှာရရှိနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ Minimal ဆန်တဲ့ Design လေးမို့ဘယ်နေရာအချိန်အခါမဆို လိုက်ဖက်နေမှာပါ။ Black နဲ့ Apricot ဆိုပြီးနှစ်ရောင်ရှိပါတယ်။

Shop now at https://www.shop.com.mm/products/dc-myanmar-women-leather-handbags-i105216969-s1031304030.html?spm=a2a0e.8553159.0.0.281011ef5OCG6E&mp=3

 

D&C Myanmar Women Leather Shoes
Ks 49,000
အခုနောက်ပိုင်း Jelly Strappy Sandal လို Transparent ကြိုးအကြည်နဲ့ Heels လေးတွေလည်းခေတ်စားလာတာမို့ ဒီ D&C Heels လေးက အရမ်းအသုံးတည့်မှာပါ။ အကြည်ရောင်လေးမို့ ဘယ်လို Outfit နဲ့ဝတ်ဝတ်လည်းမလိုက်မှာမစိုးရိမ်ရဘူးနော်။

Shop now at https://www.shop.com.mm/products/dc-myanmar-women-leather-shoes-i104088296-s1028918752.html?

 

Penshoppe Polo Dress
Ks 59,000
အခုက Holiday Season ရောက်ပြီဆိုတော့ ချစ်စရာကောင်းပြီး Playful ဖြစ်တဲ့ Playsuit လေးက သင့်ရဲ့ ဖက်ရှင်ကို ပိုပြီးပြည့်စုံစေမှာပါ။ Polo-Neck Collar လေးနဲ့ အရောင်စုံ Painted Print လေးမို့ လူငယ်ဆန်ဆန်နဲ့တကယ်အထာကျပါတယ်။ ဘောင်းဘီအတို Playsuit လေးက ဝတ်တဲ့အခါမှာလည်းသက်တောင့်သက်သာရှိစေမှာပါ။

Shop now at https://www.shop.com.mm/products/penshoppe-polo-dressm-i103494314-s1028114284.html?spm=a2a0e.8553159.0.0.5dbd3f6bY8XIsB&mp=3

 

MDS Myanmar Bathilda Lace Dress
Ks 49,000
MDS လို့ပြောလိုက်ရင် မိန်းကလေးတိုင်းရဲ့အသည်းစွဲ Clothing Brand ဆိုတာအားလုံးသိမှာပါနော်။
Christmas မှာချစ်သူနဲ့ Date ဖို့ဖြစ်ဖြစ်၊ အိမ်မှာပဲ Gathering လုပ်လုပ် Elegant လည်းဖြစ်၊ ဆွဲဆောင်မှုလည်းရှိတဲ့ MDS Bathilda Lace Dress လေးက အသင့်တော်ဆုံးဖြစ်မှာပါ။ Short Sleeve Midi ဂါဝန်လေးကို နက်ပြာရောင် Lace လေးနဲ့ပေါင်းစပ်ထားတာပါ။

Shop now at https://www.shop.com.mm/products/mds-myanmar-bathilda-lace-dress-i104508739-s1029696383.html?spm=a2a0e.seller.list.3.394f1b6cpNOx7I&mp=1

 

MDS Myanmar Oxley Tweed Blazer
Ks 66,000
ဆောင်းရာသီကိုရောက်လာပြီဆိုတော့ အအေးဒဏ်ကိုကာကွယ်ပေးတဲ့ အမိုက်စား Blazer လေးတစ်ထည်တော့ရှိထားသင့်တယ်နော်။ Premium ဖြစ်တဲ့ Design နဲ့ ဒီ Blazer ကိုတော့ Tweed Fabric နဲ့ပြုလုပ်ထားတာပါ။ MDS Oxley Tweed Blazer ကတော့ Cutting လည်းကျပြီး Fashionable ဖြစ်စေမှာတော့အမှန်ပဲ။

Shop now at https://www.shop.com.mm/products/mds-myanmar-oxley-tweed-blazer-i104032459-s1028830131.html?spm=a2a0e.seller.list.22.18c9693b52o53K&mp=1

 

Yangoods Lai Ram Boston Bag
Ks 79,900
Yangoods Bag ဆိုရင် မကြိုက်တဲ့သူမရှိသလောက်ပဲနော်။ Yangoods Collection တွေအများကြီးရှိတဲ့ထဲမှ ရိုးရိုးရှင်းရှင်းနဲ့ Classic ဖြစ်တဲ့ Lai Ram Collection ကတော့ ဘယ်တော့မှ ရိုးသွားမှာမဟုတ်ပါဘူး။ အညိုရောင် Leather လေးနဲ့ ကျက်သရေရှိတဲ့ Lai Ram Boston Bag ကတော့ ပစ္စည်းတွေအများကြီးထည့်လို့ရသလို Unique ဖြစ်တဲ့ Design ကြောင့် Wish-List ထဲမှာတော့ Top ပဲနော်။

Shop now at https://www.shop.com.mm/products/lai-ram-boston-bag-i105202347-s1031236100.html?spm=a2a0e.8553159.0.0.2cce773dwM8Qtb&mp=3

 

ESPRIT Women Dress
Ks 109,900
Christmas and New Year လည်းရောက်ခါနီးပြီမို့ Christmas Tree အရောင် Midi Dress လေးက ချစ်စရာကောင်းသလို အမြင်အေးတဲ့ကာလာလေးမို့ လူတိုင်းနဲ့လိုက်ဖက်နေမှာပါ။ ရင်ဘတ်မှာ Bow-Tie လေးပါသလို လက်ကလည်း Strappy ကြိုးလေးပါပြီး ကျောဘက်ကို Cross လုပ်ထားတဲ့ Design လေးပါ။

Shop now at https://www.shop.com.mm/products/esprit-dress-i103264074-s1027863107.html?spm=a2a0e.8553159.0.0.7c2373feLb4NMS&mp=3

, , , , , ,

Brands

ဈေးနှုန်းချိုချိုနဲ့ ရလဒ်ကောင်းကောင်းပေးစွမ်းနိုင်မယ့် Local ရေမွှေး Brand လေးတွေ

ငွေအများကြီးမသုံးပဲ ရနံ့ကောင်းကောင်းလေး ပိုင်ဆိုင်ချင်သူတွေအတွက်

by Randy Win

October 30, 2020

             လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံရာမှာ အရေးအကြီးဆုံး ကြားခံနယ်တစ်ခုအနေနဲ့တည်ရှိနေတဲ့အရာဟာ ကိုယ်သင်းနံ့ပဲဖြစ်ပါတယ်။ လူမှူဆက်ဆံရေးနယ်ပယ်မှာရော ၊ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်မှာပါ ရနံ့တစ်ခုရဲ့ အရေးပါမှူတွေက ဘယ်လိုမှ ဘေးဖယ်ထားလို့မရတဲ့အထဲမှာပါဝင်နေတယ်ဆိုတာ အားလုံးလက်ခံထားပြီးဖြစ်မှာပါ။ ကိုယ့်ကြောင့်တစ်ဘက်သားကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သလို ကိုယ့်ကြောင့်ပဲ တစ်ဘက်သားကို စိတ်ချမ်းသာစေနိုင်ပါတယ်။ ကိုယ့်ရဲ့ဆွဲဆောင်မှူကိုလည်း အဆုံးစွန်ထိမြင့်တက်စေနိုင်သလို ကိုယ့်အပေါ် ယုံကြည်ကိုးစားမှုမရှိသလောက် လျော့နည်းစေတာမျိုးအထိလည်းဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ရနံ့တစ်ခုရဲ့အရေးပါပုံကဘယ်လောက်ထိ တာသွားတယ်ဆိုတာ သိနိုင်ပြီး ရနံ့နဲ့ပတ်သက်ရင်လည်း ကောင်းမွန်အောင်စွမ်းဆောင်နိုင်မယ့် နည်းလမ်းတွေက အမျိုးမျိုးရှိကြပါတယ်။ဒီထဲမှာမှ အများစု အလွယ်ကူဆုံး ရွေးချယ်လေ့ရှိကြတဲ့ ကိုယ်နံ့ထိန်းချုပ်ခြင်း နည်းလမ်းကတော့ ရေမွှေးဆွတ်ဖြန်းခြင်းပါပဲ။ ဈေးကွက်ထဲမှာ သိန်းချီပေးရတဲ့ ကမ္ဘာကျော်ရေမွှေးတွေကစလို့ ဈေးနှုန်းသက်သာတဲ့ရေမွှေးအမှတ်တံဆိပ်တွေအထိ ရွေးချယ်စရာ အမျိုးမျိုး အရည်အသွေးအမျိုးမျိုးနဲ့ရှိကြတာတွေ့ရပြီး ဒီလို ရေမွှေးအမျိုးအစားများစွာရှိတဲ့အထဲကမှ ပြည်တွင်းထုတ် Local Brand ရေမွှေးတချို့ဟာလည်း လျှော့တွက်လို့လုံးဝမရတဲ့ စွမ်းဆောင်မှု အရည်အသွေးတွေနဲ့ ဈေးကွက်ထဲမှာနေရာယူလာကြတာကိုတွေ့ရပါတယ်။ပြည်တွင်းထုတ်ကုန်တစ်ခုဆိုပေမယ့် အရည်အသွေးနဲ့ ထုတ်ပိုးမှူပိုင်းမှာ နိုင်ငံတကာစံချိန်မီတဲ့ ကြိုးစားထားမှူတွေကိုတွေ့ရပြီး အဲဒီလို ပြည်တွင်းထုတ် အရည်အသွေးမြင့်ကုန် ပစ္စည်းလေးတွေကိုမှ သဘောကျလို့အားပေးချင်ပါတယ်ဆိုတဲ့သူတွေအတွက် ဈေးနှုန်းချိုချိုနဲ့ ရလဒ်ကောင်းတွေကိုပေးစွမ်းနိုင်မယ့် Local ထုတ် Perfume အမှတ်တံဆိပ် တချို့ကို စုစည်းဖော်ပြပေးလိုက်ပါရစေ။

 

Bella

Bella ကတော့ အားလုံးသိပြီးသား နာမည်ကျော် Local အလှကုန်အမှတ်တံဆိပ်တစ်ခုပါ။ အလှအပနဲ့ပတ်သက်ရင်ထိပ်တန်းစာရင်းဝင် Korea နိုင်ငံမှာ ထုတ်လုပ်တဲ့ Product တွေဖြစ်တာမို့လည်း အရည်အသွေးပိုင်းမှာ တော်တော်လေးစိတ်ချရတာတွေ့ရပါတယ် ။Cosmetics နဲ့ Skincare တွေကစလို့ အလှအပနဲ့ပတ်သက်ရင် ရွေးချယ်စရာစုံစုံလင်လင်ထွက်ရှိတတ်တဲ့ Bella ကနေပြီး တန်ဖိုးသင့် အိတ်ဆောင် Perfume လေးတွေကိုလည်းဝယ်ယူရရှိနိုင်ပါသေးတယ်။ Beautiful ,Burma, Fearless,Love,Rose နဲ့ Floral ဆိုပြီး မတူညီတဲ့ ရနံ့ (၆) မျိုးနဲ့ထွက်ရှိထားပြီး ဈေးနှုန်းပိုင်းချိုသာသလောက် အရည်အသွေးပိုင်းနဲ့ ထုပ်ပိုးမှူအပိုင်းမှာတော့ လုံးဝလျော့မနေတာတွေ့ရမှာပါ ။ ရနံ့ထွက်အားနဲ့ ကြာရှည်ခံမှူမှာလည်း သုံးစွဲသူတော်တော်များများရဲ့ feedback ကောင်းတွေကိုရရှိထားပြီးဈေးနှုန်းအားဖြင့်ကတော့ အိတ်ဆောင် 10ml တစ်ပုလင်းကို သုံးထောင်ကျော်ဝန်းကျင်သာကျသင့်ပါတယ်။

Myst Perfume

Myst ကတော့  ကမ္ဘာကျော် Branded ရေမွှေး တွေရဲ့ရနံ့နဲ့ 95% နီးပါး ထပ်တူကျအောင်ထုတ်လုပ်ထားတဲ့ inspired perfume အမျိုးအစားဖြစ်ပြီး ဈေးနှုန်းချိုချို အရည်အသွေးကောင်းကောင်းကို အသုံးပြုလိုကြသူတွေအတွက် အသင့်တော်ဆုံးပါပဲ။ သိန်းချီပေးဝယ်ရတဲ့ နာမည်ကြီးရေမွှေးတွေရဲ့ အနံ့တွေအတိုင်း ရွေးစရာများစွာရှိတဲ့အပြင် ရေမွှေးအဆီ 95% အထိအသုံးပြုထားတဲ့အတွက် အချိန်အတော်ကြာတဲ့အထိ အနံ့စွဲမြဲနေနိုင်တာက သူ့ရဲ့အားသာချက်လို့ဆိုရမှာပါ။ 5ml နဲ့ 30ml ပုလင်းဆိုဒ်နှစ်မျိုးရှိပြီး ဈေးနှုန်းအနေနဲ့ကတော့ 5ml ပုလင်းကို ၅၀၀၀ ကျပ်နဲ့ 30ml တစ်ပုလင်းကို တစ်သောင်းကျော် နှစ်သောင်းပတ်ဝန်းကျင်သာရှိပါတယ်။

Mood

Mood perfume လေးတွေကတော့ ပုပ္ပါးတောင်ဒေသမှာ ရေမွှေးကျွမ်းကျင်သူများကိုယ်တိုင် နှစ်ရှည်လများစမ်းသပ်ထုတ်လုပ်ထားတဲ့ Local-made branded perfume အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ယခုချိန်မှာတော့ online သီးသန့်သာဝယ်ယူနိုင်သေးပြီး ယောက်ျားလေးတွေအတွက် Confident ,Bravery နဲ့ မိန်းကလေးများအတွက် Innocent နဲ့ Peace of mind ဆိုပြီး စုစုပေါင်းရနံ့ (၄)မျိုးရွေးချယ်ဝယ်ယူနိုင်မှာပါ။ အချိန်ပေးပြီးသေချာဖန်တီးထားတဲ့ ပြည်တွင်းဖြစ် Perfume အမှတ်တံဆိပ်တစ်ခုဖြစ်သလို ရနံ့ကြာရှည်ခံနိုင်မှူမှာလည်း အနည်းဆုံး (၄)နာရီကနေ အများဆုံး (၁၂)နာရီအထိရှိပြီး review ကောင်းများစွာရရှိထားတဲ့ ဒီရေမွှေးလေးရဲ့ဈေးနှုန်းကတော့ 10 ml ကို နှစ်သောင်းကျပ်ဝန်းကျင်ပါတဲ့။

SCENT

Scent ဟာဆိုရင်လည်း ကမ္ဘာကျော်ရေမွှေးတွေရဲ့အနံ့အတိုင်း 90% နီးပါးထပ်တူကျအောင်ပြုလုပ်ထားတဲ့ inspired perfume အမျိုးအစားတစ်ခုပဲဖြစ်ပါတယ် ။ ပြင်သစ်နိုင်ငံက ရေမွှေးအဆီတွေကို အသုံးပြုထားတာမို့ အရည်အသွေးပိုင်းစိတ်ချရသလို ကမ္ဘာကျော်အမှတ်တံဆိပ်တချို့ရဲ့ရနံ့တွေကိုမှ ရွေးချယ်စရာအမျိုးအစားကလည်း စုံလင်လှပါတယ်။ ဈေးနှုန်းသက်သာလို့ဆိုပြီး အထင်လုံးဝသေးလို့မရလောက်အောင် ရနံ့ထွက်တိကျကောင်းမွန်ပြီး အဝတ်အစားပေါ်မှာအနည်းဆုံး၆နာရီလောက်ထိ စွဲမြဲတာကိုလည်းတွေ့ရပါတယ်။ 30 ml ပုလင်းလေးတွေနဲ့ထွက်ရှိထားတဲ့ Scent Perfume လေးတွေရဲ့ ဈေးနှုန်းကတော့ တစ်သောင်းခွဲဝန်းကျင်ပါ။ 

Flawless Myanmar

Flawless Myanmar ကတော့ 2015 ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ Local Cosmetics Brand တစ်ခုဖြစ်ပြီး ရွေးချယ်စရာ Skincare နဲ့ Bodycare ပစ္စည်းလေးတွေအမျိုးအစားစုံလင်လှပါတယ်။ သဘာဝပစ္စည်းစစ်စစ်တွေကိုသာ အသုံးပြုထုတ်လုပ်ထားတာမို့ အသားအရည်ထိခိုက်မှူနည်းပြီး အရည်အသွေးစိတ်ချရတာကြောင့်လည်း လူကြိုက်များတဲ့ ပြည်တွင်းထုတ်ကုန်တစ်ခုအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ Flawless Myanmar ကနေပြီး သုံးစွဲသူတွေရဲ့လိုအပ်ချက်အရ တန်ဖိုးသင့်ရေမွှေးလေးတွေကိုလည်း ထုတ်လုပ်ပေးထားပါသေးတယ်။ တတိုင်းမွှေး၊ စကားဝါပန်း၊ စံပယ်ပန်းနဲ့ ချယ်ရီပန်းရနံ့ ဆိုပြီး သဘာဝပန်းပွင့်တွေရဲ့ ရနံ့တွေနဲ့ ရေမွှေးအမျိုးအစား (၄) မျိုးထုတ်လုပ်ထားပါတယ်။ မြန်မာဆန်ဆန်ပုံလေးတွေပါတဲ့ Packaging နဲ့ Flawless Myanmar ရဲ့ရေမွှေးလေးတွေကတော့ 50ml ကိုမှ နှစ်သောင်းနီးပါးသာကျသင့်မှာပါ။

 


Photo Credit to the Rightful Owners

, , , , , , ,

MODA TV 


Brands

အယ်ဒီတာအကြိုက်ဆုံး မြန်မာလူငယ်တွေထုတ်တဲ့ Hoodie နဲ့ Sweatshirt ဒီဇိုင်းများ

ဆောင်းတွင်းမှာအထာကျဖို့အတွက် Hoodie ကမရှိမဖြစ်နော်

by May Shoon

October 29, 2020

  အခုချိန်က မိုးကုန်ပြီးဆောင်တွင်းကာလလည်းရောက်လာပြီဆိုတော့ အားလုံးရဲ့ Closet ထဲမှာ Sweater တွေ၊ Hoodie တွေ၊ Sweatshirt တွေကတော့ မဖြစ်မနေရှိထားသင့်တဲ့ အဝတ်အစားတွေပါ။ ဆယ်ကျော်သက်နဲ့လူငယ်တွေအတွက်တင်မကပဲ လူလတ်ပိုင်းတွေအတွက်ပါ Hoodie နဲ့ Sweatshirt တွေက ဘယ်အချိန်ဝတ်ဝတ် ရိုးရိုးရှင်းရှင်းနဲ့အထာကျနေစေမှာပါ။
Sweatshirt တွေနဲ့ဆို ပေါ့ပေါ့ပါးပါး Casual Style လည်းဝတ်လို့ရတယ်။ သက်တောင့်သက်သာနဲ့ Comfy and Cozy ပုံစံလည်းရတယ်။ ဒါမှမဟုတ်လည်း Sporty ဆန်ဆန် Streetstyle မျိုးဝတ်ချင်ရင်လည်းအလိုက်ဖက်ဆုံးဖြစ်စေမယ့် Fashion Pieces တစ်ခုပါ။ Editor ကိုယ်တိုင်လည်း Hoodie နဲ့ Sweatshirt တွေကိုအရမ်းကြိုက်တယ်။ Hoodie လေးနဲ့ဆို ဘာမှအထူးတလည်ကြီးပြင်ဆင်နေစရာမလိုပဲ Sneaker လေးတစ်ရံနဲ့တွဲဖက်လိုက်ရုံနဲ့ ဖက်ရှင်ကျစေလို့လေ။
အခုပိုကောင်းတာက Quality ကောင်းကောင်းနဲ့ လူငယ်အကြိုက် Trendy ဒီဇိုင်း Hoodie တွေကို နိုင်ငံခြားကနေမှာယူနေစရာမလိုတော့ပါဘူး။ ဒီလိုအရည်အသွေးတွေအားလုံးနဲ့ပြည့်စုံတဲ့ Hoodie တွေကိုရရှိနိုင်တဲ့ လူငယ် Founder တွေရဲ့ Local Streetwear Brand တွေလည်းအများကြီးရှိနေပါပြီ။
အဲ့ထဲကမှ Editor ကိုယ်တိုင် အကြိုက်ဆုံး Hoodie နဲ့ Sweatshirt တွေကိုရွေးချယ်ပေးလိုက်ပါတယ်။ Hoodie အတွက်ဆိုရင်တော့ဒီ ဒီဇိုင်းတွေကအားလုံးနဲ့လည်းသင့်တော်သလို ကြိုက်နှစ်သက်ကြမယ်လို့ယုံကြည်ပါတယ်။


Not Copyrighted
လူငယ်တွေအတွက်အမိုက်စား Street Fashion တွေနဲ့ Unique ဖြစ်တဲ့ Collection ကိုမှဝတ်ချင်တယ်ဆိုရင်တော့ Not Copyrighted ကို 100% Recommend ပေးပါတယ်။ အထူးသဖြင့် Not Copyrighted Hoodie နဲ့ Cropped Sweatshirt ကတော့ Editor's Favorite လို့ပြောလို့ရပါတယ်။ သူက Hoodie ဆိုရင် CPRD ဆိုတဲ့ Letter Graphic ကိုပဲခပ်သေးသေးထည့်ထားတနဲ့ Cropped Sweatshirt ခရမ်းရောင်လေးဆိုရင်လည်း Not Copyrighted Logo လေးကိုပဲထည့်ထားတာက Unique ဖြစ်ပါတယ်။

Shop now at https://www.facebook.com/notcopyrighted


Madnest
ထူးခြားတဲ့ Graphic Print တွေနဲ့ အထာကျတဲ့ ဒီဇိုင်းတွေကိုလတိုင်းအသစ်အသစ်မိတ်ဆက်ပေးနေတဲ့ Madnest ကတော့ Hoodie ကြိုက်တဲ့သူတွေ မဖြစ်မနေရှိထားသင့်တဲ့ Brand ပါ။ Madnest Hoodie လေးတွေကပေါ့ပေါ့ပါးပါးနဲ့ဝတ်ရတာလည်းတကယ် Comfort ဖြစ်တယ်။ Printed လုပ်ထားတဲ့ Graphic တွေပုံတွေကလည်း Founder နဲ့ Madnest Team ရဲ့ Imagination တွေကိုပြန်ပြီးပုံဖော်ထားတာမို့ တမူထူးခြားတဲ့ Feeling ကိုပေးမှာသေချာပါတယ်။ “အေးဆေးပဲ” Print ကတော့သူတို့ရဲ့ Signature Design ပါ။

Shop now at https://www.facebook.com/madnestclothing


Cerious
ရှင်းရှင်းသန့်သန့်လေးနဲ့ Style ကျကျ Hoodie တွေကတော့ Curious မှာရှိပါတယ်။ Oversized Hoodie တွေဖြစ်ပြီး Black Color နဲ့ White Color နှစ်ရောင်ရရှိနိုင်ပါတယ်။ Black and White monochromatic ကာလာလေးတွေမို့ Ripped Jeans လေးနဲ့ဝတ်ဝတ်၊ Sweatpants လေးနဲ့ဝတ်ဝတ်၊ Denim Shorts လေးနဲ့ဝတ်ဝတ် Always in Style ပဲနော်။ ရင်ဘတ်မှာလည်း “အလွန်အကြူး” ဆိုတဲ့ Graphic လေးပါတာက Hoodie ကိုပိုပြီး Unique ဖြစ်သွားစေတယ်။

Shop now at https://www.facebook.com/Cerious-106063474085833


Stable Edge
Independent and street culture အငွေ့အသက်တွေအပြည်အဝပါဝင်တဲ့ Stable Edge ကအထူးသဖြင့်ယောင်္ကျားလေးတွေအထူးနှစ်သက်ကြမှာပါ။ Youth Culture နဲ့ Streetwear ကိုပေါင်းစပ်ထားတဲ့ Track Jacket၊ Track Pants၊ Tees နဲ့ Cap တို့အပြင် Sweatshirt တွေကလည်း ဝတ်လိုက်ရင်တကယ်အထာကျပါတယ်။ Sweatshirt Collection ထဲက “Common Sense is Dead” ဆိုတဲ့ Slogan နဲ့ Sweatshirt ဆို Minimalist Vibe နဲ့ဖက်ရှင်ကျစေမှာပါ။

Shop now at https://www.facebook.com/stableedgebycnk


LLTT Clothing
LLTT Clothing မှာတော့ Sweatshirt လေးတွေထက် Editor ပိုကြိုက်တာက Two-Toned Jacket လေးတွေပါ။ Two-Toned ကာလာလေးကိုမှာကျောဘက်မှာ City Graphic Print လေးနဲ့ပေါင်းစပ်ထားတာမို့ ခပ်မိုက်မိုက် Streestyle ဝတ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဒီတစ်ခုတည်းမဟုတ်ဘူးနော် LLTD Home Sweatshirt လေးကလည်းစထွက်တဲ့အချိန်တည်းက အခုချိန်ထိ Best Seller ဖြစ်နေတဲ့ Sweatshirt ပါ။ အရောင်တွေလည်းရွေးချယ်စရာအများကြီးရှိပါတယ်။

Shop now at https://www.facebook.com/llttclothing

 

Vervesv
Hypebeast ဆန်ဆန် Streetwear တွေကိုနှစ်သက်သူဆိုရင်တော့ Vervesv ကိုမေ့ထားလို့မဖြစ်ပါဘူး။ သူ့ဆီမှာလည်း Style ကျစေမယ့် Hoodie Design တွေအများကြီးရှိပါတယ်။ အဲ့ထဲမှာမှ Recommend ပေးချင်တာကတော့ လူငယ်ဆန်ပြီး Happy Vibe ကိုပေးနိုင်တဲ့ Yellow Oversized Hoodie လေးတွေပါ။သူ့ရဲ့ Back မှာလည်း Emoji Inspired Graphic လေးပါပါတယ်။ Sweatshirt ထဲမှာဆိုရင်တော့ ထွက်တာနဲ့ Sold Out ဖြစ်တဲ့ အနက်ရောင် ICONIC Sweatshirt လေးတော်တော်မိုက်ပါတယ်။

Shop now at https://www.facebook.com/vrvsv

Photo Credit to original uploaders.

, , , , ,

Brands

အွန်လိုင်းEvent ကတဆင့် မိတ်ဆက်ပြသလိုက်တဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း Vivo V20 Series

Specification တွေရဲ့ လန်ထွက်နေမှူကြီး

by Randy Win

October 28, 2020

              Smart Phone ချစ်သူတွေကြားမှာ ရေပန်းစားအောင်မြင်လျက်ရှိတဲ့ Vivo ရဲ့ နောက်ဆုံးထွက် ထုတ်ကုန်သစ် Vivo V20 Series ရဲ့ Online Launch Event ကို ၂၀၂၀ အောက်တိုဘာလ (၂၈)ရက်နေ့ ညနေ့ (၅)နာရီအချိန်မှာ Facebook live ကတဆင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားခဲ့ပါတယ်။ ဒီမိတ်ဆက်ပွဲမှာတော့ အစီအစဉ်တင်ဆက်သူအဖြစ်Teresa Khine ကဆောင်ရွက်ပေးခဲ့ပြီး Vivo  ရဲ့ Brand Ambassador တစ်ဦးဖြစ်တဲ့ Beauty Blogger နေခြည်ဦး နဲ့အတူ တေးသံရှင် ဝိုင်းစုခိုင်သိန်း၊ ဟန်နေတာ၊ အုပ်စိုးခန့် ၊ မေလသံစဉ်နဲ့ သရုပ်ဆောင် နန်းစန္ဒာလှထွန်းတို့ကလည်း သူတို့ရဲ့ Vivo V20 Series သုံးစွဲမှူ အတွေ့အကြုံတွေကို ပရိသတ်များထံ ဝေမျှပေးခဲ့ပါတယ်။ဒါတင်မကသေးပဲ နည်းပညာပိုင်းဆိုင်ရာ Blogger နှစ်ဦးဖြစ်တဲ့ TBH Labs က ကိုအောင်ချမ်းမြေ့နဲ့ MMPR က ကိုအောင်ကျော်သူတို့ကလည်း Vivo နဲ့ပတ်သက်တဲ့ အားသာချက် အားနည်းချက်တွေကို အသေးစိတ် Review လုပ်ပေးခဲ့ပါသေးတယ်။


            Vivo V Series အများစုဟာဆိုရင် Vivo ရဲ့ အခြားစီးရီးများထက် ပိုပြီး ပါးလွှာခိုင်ခံ့ခြင်းနဲ့ စွမ်းဆောင်ရည်မြင့်မားခြင်းတွေကြောင့် လူကြိုက်များတဲ့ ရွေးချယ်မှူတစ်ခုဖြစ်လျက်ရှိတယ်ဆိုတာ အားလုံးလက်ခံထားပြီးဖြစ်ပါတယ်။ Vivo V9 ကစလို့ စတင်ပါဝင်လာခဲ့တဲ့ AI Face Beauty ဟာဆိုရင်လည်း လူငယ်ပရိသတ်တွေရဲ့ အသည်းစွဲတစ်ခုဖြစ်ခဲ့တဲ့ အလှအပဆိုင်ရာ Feature တစ်ခုပါ ။ Vivo V 20 မှာဆိုရင်တော့ ဒီလို လုပ်ဆောင်နိုင်စွမ်းတွေထက် များစွာပိုတဲ့ အားသာချက်တွေတော်တော်များများပါဝင်လာတာကိုတွေ့ရပါတယ်။ 7.38 mm ထိ ပါးလွှာပြီး 171g သာရှိတဲ့ ဖုန်းအလေးချိန်အတွင်းမှာ Snapdragon 720G CPU နဲ့ 4000 mah Battery တို့ထည့်သွင်းထားသလို ဖုန်းရဲ့ Design ပိုင်းမှာဆိုရင်လည်း Sunset Melody နဲ့ Midnight Jazz အရောင်နှစ်မျိုးနဲ့ ထွက်ရှိလာပြီး AG Matte Glass ကိုအသုံးပြုထားတာကြောင့် လက်ဗွေရာလုံးဝမထင်နိုင်ဘူးလို့ဆိုပါတယ်။

            ကင်မရာပိုင်းအနေနဲ့ပြောရမယ်ဆိုရင် 44 MP Eye Autofocus Selfie Camera ပါဝင်လာတာကြောင့် ဘယ်လောက်ပုံကြီးချဲ့ချဲ့ ကွာလတီလျော့ကျမသွားတဲ့ Selfie ဓာတ်ပုံအရည်အသွေးကိုပိုင်ဆိုင်နိုင်မှာဖြစ်သလို ရှေ့နောက်ရွေ့လျားနိုင်တဲ့ Camera ကြောင့် အနီးဆုံး 15 cm အကွာကနေ အဆုံးမဲ့အကွာအဝေးအထိ Focus ပြတ်သားအောင် စွမ်းဆောင်ပေးနိုင်ဦးမယ်လို့ဆိုပါတယ်။ ဒါတင်မက လက်မငြိမ်ပဲရိုက်မိတဲ့ Video တွေကို တည်ငြိမ်အောင်လုပ်ဆောင်ပေးနိုင်တဲ့ Steadiface Function ပါဝင်လာသလို Selfie Video တွေကိုလည်း Slo-mo နဲ့ ရိုက်ကူးနိုင်မယ်လို့သိရပါတယ်။ Rare Camera မှာဆိုရင်လည်း 64 MP Main Camera နဲ့ 8 MP , 2MP ဆိုတဲ့ ကင်မရာသုံးလုံးပါဝင်တာတွေ့ရပြီး Super Night Mode နဲ့ Super Wide Function တွေကို တပြိုင်နက်တည်းအသုံးပြုလို့ရသလို Rare Camera နဲ့ Selfie Camera ကိုတစ်ပြိုင်နက်တည်းအသုံးပြုပြီး ရှေ့နဲ့နောက်မြင်ကွင်းကို တစ်ချိန်တည်းမှာရိုက်ကူးလို့ရတဲ့ စွမ်းဆောင်ချက်မျိုးကိုလည်း လုပ်ဆောင်နိုင်သေးတယ်လို့ဆိုပါတယ်။Tripod Night Mode Function ,Motion Auto Focus , Object Autofocus ဆိုတဲ့စနစ်တွေအပြင် ဗီဒီယိုကိုရိုက်ပြီးမှ ကြိုက်သလို အကြီးချဲ့နိုင်တဲ့ Smart Zoom Function တွေလည်း ပါဝင်ဦးမှာပါ။ ဒါ့အပြင် Gamer တွေအတွက် စိတ်ကြိုက်တွေ့စေမယ့် Game Turbo စနစ် နဲ့ ဖုန်းအပူဒဏ်မြင့်မားနှုန်းကို လျှော့ချပေးနိုင်မယ့် Vapor Chamber Liquid Cooling System တို့ကိုလည်းထည့်သွင်းထားသေးတယ်လို့ဆိုပါတယ်။

 

             

            ခုလို စွမ်းဆောင်ရည်မြင့်မားပြီး ပါးလွှာလှပစမတ်ကျတဲ့ Vivo V20 Series ရဲ့ ဈေးနှုန်းကတော့ 499,800 ကျပ်သာ ကျသင့်မှာဖြစ်ပြီး Ram 8G , Rom 128G နဲ့ ထွက်ရှိလာမယ်လို့သိရပါတယ်။ 2020 အောက်တိုဘာ (29) ရက်နေ့မှာစတင် Preorder မှာယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာ (5) ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာပါ။ သိပ်မကြာခင်မှာလည်း Vivo V20 ရဲ့ နောက်ထပ်စီးရီးတစ်ခု ဖြစ်တဲ့ V 20 SE ကို မိတ်ဆက်ပေးသွားဦးမယ်လို့သိရပါတယ်။ Vivo ချစ်သူတွေအတွက်တော့ V20 Series ဟာ ဈေးနှုန်းအရရော Quality ပိုင်းမှာပါ စိတ်ကျေနပ်မှူကို အထူးပေးစွမ်းနိုင်မယ့် တန်ဖိုးသင့် အရည်အသွေးမြင့် Smart Phone တစ်လုံးဖြစ်လာဦးမှာ အမှန်ပါပဲ။

 

Photo & Video Credit To The Rightful Owners

, , , , ,

Brands

ဈေးနှုန်းသင့်ပြီး Luxury ဆန်ဆန် Scented Candle တွေရရှိနိုင်တဲ့ Local Brand များ

အပြင်မထွက်နဲ့ဦးနော် အိမ်မှာပဲ Candle လေးထွန်းပြီးအေးဆေးအနားယူ

by May Shoon

October 24, 2020

 အခုလို COVID-19 ရဲ့ Second Wave ကြောင့်အိမ်မှာပဲ Stay-Home နေကြရတဲ့အချိန်မှာ ကိုယ့်ရဲ့ Wellbeing အပြင် စိတ်ကိုလည်း Stress နဲ့ Anxiety နည်းဖို့ ဂရုစိုက်နေထိုင်သင့်တယ်နော်။ အိမ်မှာပဲနေရတာကြာတဲ့အခါ စိတ်တွေလေးလံထိုင်းမှိုင်းမနေအောင် ကိုယ့်ရဲ့အခန်းလေးတွေကို Scented Soy Candles လေးတွေထွန်းပြီး Boost လုပ်ကြည့်လိုက်ပါ။ Scented Candles လေးတွေရဲ့ ရနံ့လေးတွေက နေ့ခင်းဘက်မှာ လန်းဆန်းပျော်ရွှင်စေသလို၊ ညအိပ်ခါနီး Skin Care လုပ်ပြီးထွန်းအိပ်ရင်လည်း စိတ်ဖိစီးမှုတွေကိုပြေလျော့ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။
Scented Candles လေးတွေက Organic Ingredients တွေ၊ သဘာဝပန်းပေါင်းစုံပန်းဝတ်ဆံတွေနဲ့ သဘာဝဖယောင်းတို့နဲ့ ပြုလုပ်ထားတာမို့ အရမ်းကြီးမစူးပဲ ရနံ့သင်းသင်းလေးက အခန်းရဲ့လေထုကိုလည်း သန့်စင်ပြီး မွှေးပျံ့စေမှာပါ။
ဒါကြောင့် သင့်အခန်းလေးကို Luxury ဆန်ဆန်လေးဖြစ်စေဖို့ ကူညီပေးမယ့် Local Scented Candle Brand လေးတွေကိုရွေးချယ်ပေးလိုက်တယ်နော်။ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်တဲ့ Products လေးတွေမို့ အကြိုက်တွေ့စေမှာပါ။


The Scent Studio
Influencer Nay Chi Oo ကိုယ်တိုင် Recommend ပေးထားတဲ့ Scented Candles လေးတွေပါ။ Glass Bottle Type လေးတွေလည်းအမျိုးအစားအများကြီးရှိသလို Collection လေးတွေလည်းအများကြီးခွဲထားပါတယ်။ မြန်မာမြို့အမည်လေးတွေနဲ့ Collection ကတော့ Unique ဖြစ်ပြီးလူကြိုက်များပါတယ်။

Shop now at https://www.facebook.com/thescentstudiomm


KOKO Soy Candles
ချစ်စရာကောင်းတဲ့ Aromatic Scented Candles လေးတွေဖြစ်ပြီး ရနံ့အမျိုးအစားတွေကလည်းအများကြီးရရှိနိုင်ပါတယ်။ Recycle ဖြစ်တဲ့ ဖန်ဗူးလေးတွေကိုအသုံးပြုထားပြီး Reed Diffuser လေးတွေလည်းရရှိနိုင်ပါသေးတယ်။

Shop now at https://www.facebook.com/kokosoycandles


BodyBody Myanmar
Delicate ဖြစ်တဲ့ High-Quality Skin Care တွေရရှိနိုင်တဲ့ BodyBody Myanmar က စွဲမက်ဖွယ်ရနံ့လေးတွေနဲ့ Scented Candles လေးတွေလည်းဝယ်ယူနိုင်ပါတယ်။ ရနံ့အမျိုးအစား ၇ မျိုးရှိပြီး ချိုချိုအီအီ Woody Rose အနံ့လေးတွေအပြင် Fresh ဖြစ်တဲ့ Green Tea နဲ့ Fresh Linen ရနံ့တွေလည်းရှိပါတယ်။ တစ်ဗူးဆို ၄၅ နာရီလောက်အထွန်းခံတာမို့ အရမ်းတန်ပါတယ်။

Shop now at https://www.facebook.com/bodybodymm


May Soy Wax Candles
May Soy Wax Candles ရဲ့ Scent Concept လေးတွေက Aesthetic ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ရနံ့လေးတွေတစ်ခုချင်းစီက Planet လေး 7 ခုကိုကိုယ်စားပြုပြီးထုတ်လုပ်ထားတာပါ။ Air-con ခန်းထဲမှာဆိုလည်း အနံ့ပြယ်တာမျိုးမရှိသလို 15-18 နာရီလောက်ထိအထွန်းခံပါတယ်။

Shop now at https://www.facebook.com/maysoywaxcandles2020

 

THOH Scents
Pleasant ဖြစ်တဲ့ Scent လေးတွေနဲ့ THOH Brand ကလည်း Organic ရနံ့လေးတွေနဲ့ ချစ်စရာကောင်းတဲ့ Container လေးတွေနဲ့မို့ ထူးခြားတဲ့ Vibe လေးကိုပေးစွမ်းနိုင်မှာပါ။

Shop now at https://www.facebook.com/thoh.official

, , ,