×
Fashion News

UNDER CONSTRUCTION

ပြောင်းလဲမှုတွေက ခတ်မှီသော ဖက်ရှင်အမြင်ကို ပုံဖော်ပေးနိုင်မှာပါ...

by JN Ja Seng Pan

February 2, 2017

ပြောင်းလဲလာသော အမြင်အသစ်တွေနဲ့ သင့်ရဲ့ ဖြတ်သန်းမှုတွေကို အသစ်တစ်ဖန် မြင်ကြည့်လိုက်ပါ။ လက်တွေ့မှာ အကောင်းဆုံးဖြစ်တည်မှုတွေအတွက် ဖန်တီးနေသော အဆောက်အဦးအသစ်တွေနဲ့ အတူ သင့်ရဲ့ ဖက်ရှင်အသစ်တွေကို စတိုင်ကျအောင် ပုံဖော်ကြည့်မယ်ဆိုရင်...

MODEL: PAING PHYOE THU/ PHOTOGRAPHER: HLAING BANYAR(25 MINUTES)/HAIR & MAKE UP: MAY OO MAUNG(TAW WIN THU)

OUTFITS: BYSI/ LOCATION: SHWE MOE KAUNG CONSTRUCTION/ FASHION EDITOR: AUNG LAY

Fashion News

မိန်းကလေးတိုင်းက ဘယ်လို Body ပဲရှိရှိ လှပအောင်ဝတ်နိုင်တယ်ဆိုတာပြသလိုက်တဲ့ #StyleNotSize

ဝနေလို့ဆိုပြီးလည်း အဝတ်အစားလှလှလေးတွေကို မဝတ်စရာအကြောင်းမရှိဘူးနော်

by May Shoon

June 3, 2020

အခုခေတ်မှာ Entertainment တွေ၊ Social Media ရဲ့ Pressure တွေကြောင့် မိန်းကလေးတွေရဲ့ အလှတရားဆိုတဲ့ စံသတ်မှတ်ချက်တွေက အရမ်းများလာကြတယ်။ Body Sizing အတွက် Limitation တွေဖြစ်လာပြီး အဲ့ဒါတွေက မိန်းကလေးတွေအတွက် မလိုအပ်တဲ့ Pressure တွေဖြစ်လာစေတယ်။
မိမိရဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် Insecurity တွေဖြစ်ပြီး ကိုယ်ဝတ်ချင်တဲ့ အဝတ်အစားကိုတောင်မှ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို မခံနိုင်လို့ မဝတ်ဆင်ကြတော့အထိ ဖြစ်လာခဲ့ပါတယ်။
မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကြောင့် အဝတ်အစားနဲ့ ပတ်သက်ပြီး လုံးဝ Insecurity ဖြစ်စရာမလိုဘူးဆိုတာကို
သူငယ်ချင်းနှစ်ယောက်က သက်သေပြလိုက်ပါတယ်။ သူတို့နှစ်ယောက်ကတော့ Denise Mercedes နဲ့  Maria Castellanos ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် ပါ။ Denise က Plus Size Model နဲ့ Fashion Blogger တစ်ယောက်ဖြစ်ပြီး ဒီလို StyleNotSize Series Photo နဲ့ Video တွေကိုစလုပ်ဖို့ Idea ရခဲ့တဲ့သူပါ။

ပိန်တယ်ဝတယ်ဆိုတာကြောင့် အဝတ်အစား ဝတ်ဆင်တဲ့အခါ သင့်ရဲ့အလှတရားကို ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာ ကိုပြသလိုက်ပါတယ်။ ဘယ်လိုပြသထားလဲဆိုတာ Denise နဲ့ Maria တို့နှစ်ယောက်က တူညီတဲ့ Outfit လေးတွေကို ဆင်တူဝတ်ပြထားတဲ့ Photo နဲ့ Video လေးတွေကို မိတ်ဆက်လိုက်တာပါ။
ပိုပြီး အံ့အားသင့်စရာကောင်းတာက Body Size ချင်းမတူတဲ့ နှစ်ယောက်က တူညီတဲ့ အဝတ်အစားတွေဝတ်တဲ့အခါ Chubby ဖြစ်တဲ့ Denise ကတောင် ပိန်သွယ်တဲ့ Maria ထက်တောင်ပိုပြီး လှနေလို့ပါ။ Chubby ဖြစ်တဲ့ မိန်းကလေးတွေ မဝတ်ရဘူးလို သတ်မှတ်ထားကြတဲ့ Crop Top တွေ၊ Slip Dress တွေ၊ Bodycon Dress တွေ၊ Skinny Jeans တွေကို သူတို့နှစ်ယောက် အထာကျကျဝတ်ဆင်ပြသွားတာက မိန်းကလေးတွေကို Motivation ဖြစ်စေပါတယ်။

သူတို့ဝတ်ပြထားတဲ့ Outfit လေးတွေကလည်း အရမ်း Trendy ဖြစ်သလို မိန်းကလေးတိုင်းအတွက်လည်း Body Positivity စိတ်လေးတွေထားနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ ဝတဲ့မိန်းကလေးတွေက အဝတ်အစားဝတ်ရင် ပိုဆွဲဆောင်မှုရှိတယ်ဆိုတာ မယုံသေးဘူးဆိုရင် ကိုယ်တိုင်ပဲ အောက်ကပုံလေးတွေကို ကြည့်လိုက်တော့နော်။
ပြီးတော့ Denise နဲ့ Maria တို့နှစ်ယောက်စလုံးကလည်း အမိုက်စား Fashion Blogger တွေမို့ သူတို့ရဲ့ Instagram ကိုလည်း Follow လုပ်ထားဖို့ မမေ့နဲ့နော်။

Photo source : Instagram 

, , , ,

Fashion News

အိမ်မှာနေသူတိုင်း Try ကြည့်သင့်တဲ့ Pillow Challenge

ဘာအဝတ်အစားဖို့မှမကုန်ပဲ သင့်ကို Fashionista ဖြစ်စေမယ့် Challenge နော်

by May Shoon

April 25, 2020

COVID-19 ရဲ့ ရိုက်ခတ်မှုကြောင့် နိုင်ငံအနှံအပြားရဲ့ မြို့ပြကြီးတွေလည်း အကုန်တိတ်ဆိတ်ငြိမ်သက်ကုန်တယ်။ လမ်းမကြီးတွေလည်းရှင်းလင်းပြီး လူတွေအကုန်လုံးလည်း အိမ်ထဲမှာပဲ Stuck ဖြစ်ကုန်ကြတယ်။ အဲ့ဒါကြောင့်ပဲ Lifestyle တွေကလည်း Digital ဘက်ကိုပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြတယ်။ အဝတ်အစားဝတ်ဆင်မှုတွေကလည်း အရင်က Jeans တွေ၊ Suit တွေနေရာမှာအိမ်မှာဝတ်လို့အဆင်ပြေတဲ့ ပေါ့ပေါ့ပါးပါး Jogger တွေ၊ Leggings တွေ နဲ့ Hoodies တွေကို အစားထိုးလာကြတယ်။ ဒီလိုနဲ့ပဲ ဘာပိုက်ဆံမှမကုန်ကျပဲနဲ့ အိမ်မှာရှိပြီးသား Home Décor ပစ္စည်းတစ်ခုဖြစ်တဲ့ ခေါင်အုံး(Pillow) တစ်လုံးရှိတာနဲ့ ပါဝင်လို့ရတဲ့ Challenge တစ်ခုပေါ်လာပါတယ်။ အဲ့ဒါကတော့ Pillow Challenge ပါ။
Swedish Instagram Fashion Influencer နှစ်ယောက်ဖြစ်တဲ့ @myforteisfashion နဲ့ @stylebynelli တို့ကသူမတို့ နေအိမ်မှာ Pillow ကို ခါးပတ်နဲ့တွဲချည်ပြီး Dress လိုဝတ်ဆင်ထားတဲ့ Post လေးကို #PillowChallenge #StayAtHome ဆိုပြီး Challenge စခေါ်ခဲ့တာပါ။ အဲ့နောက်မှာတော့ Fashion Influencer တွေ၊ Blogger တွေနဲ့ နာမည်ကျော် Celebrity တွေဖြစ်တဲ့ Halle Berry၊ Anne Hathaway တို့ပါ ဒီ Challenge ကိုပါဝင်လာကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မင်းသမီး Patricia တို့ Warso Moe Oo တို့အပြင်တခြားမော်ဒယ်လေးတွေလည်း ဒီ Challenge မှာပါဝင်လာတာကိုတွေ့ရပါတယ်။ Blogger တွေ၊ Influencer တွေရဲ့အမိုက်စား Pillow Challenge Post လေးတွေထဲက အမိုက်ဆုံး Challenge Post တွေကိုလည်း ရွေးချယ်ပေးလိုက်ပါတယ်။
Innovative လည်းဖြစ်သလို ပျော်စရာကောင်းတဲ့ ဒီ Pillow Challenge လေးကို အတူတူပါဝင်ဖို့ Challenge ခေါ်ချင်တဲ့ သူငယ်ချင်းတွေကိုလည်း Share or Mention လုပ်လိုက်ပါဦးနော်။
သင့်ရဲ့အမိုက်စား Pillow Challenge ပုံလေးအောက်မှာ #PillowChallenge #StayAtHome ဆိုပြီး Hashtag လေးနဲ့တင်ဖို့လည်းမမေ့နဲ့နော်။

, , ,

Fashion News

Covid -19 ကြောင့် ဖက်ရှင်လောကရဲ့ အကြီးကျယ်ဆုံးပွဲကြီး Met Gala ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်း

‌ဖက်ရှင်လောကအတွက်တော့ စိတ်မကောင်းစရာသတင်းဆိုးတစ်ခုပါ

by Randy Win

April 9, 2020

               ဖက်ရှင်လောကမှာရော 2020ရဲ့ Fashion Calendar မှာပါ အကြီးကျယ်အခမ်းအနားဆုံး ပွဲကြီးတစ်ခုဖြစ်တဲ့ Met Gala ကိုမသိတဲ့သူတော်တော်ရှားပါတယ်။ ကမ္ဘာကျော် Celebrity တွေရဲ့ ဆန်းပြားခမ်းနားတဲ့ ၀တ်စုံတွေနဲ့ ထူးခြားတဲ့ပွဲတက်စတိုင်လ်တွေကြောင့် ကျော်ကြားလာတဲ့ ဒီပွဲကြီးကို တစ်နှစ်ထက်တစ်နှစ် စောင့်ကြည့်နေကြတဲ့ပရိသတ်တွေလည်းမနည်းပါဘူး။ ဒါပေမဲ့ ဒီနှစ် 2020 မေလ 4 ရက်နေ့မှာပြုလုပ်မယ့် Met Gala ပွဲကြီးကိုတော့ ကျင်းပဖြစ်တော့မှာမဟုတ်ပဲ စိတ်မကောင်းစွာနဲ့ပဲ အချိန်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပြီလို့သိရပါတယ်။

               Covid-19 ရောဂါကြောင့် လူစုလူဝေးတွေကိုတတ်နိုင်သမျှ နည်း‌ပါးအောင်ကြိုးစားနေကြရချိန်မှာ ဒီလိုလုပ်ရပ်ဟာ မှန်ကန်တယ်လို့ဆိုရပေမယ့် 2005 ခုနှစ်ကစလို့ နှစ်စဉ်နှစ်တိုင်း အချိန်မပြတ်ကျင်းပခဲ့တဲ့ ပွဲကြီးတစ်ခုကို အခုလို အချိန်ပြောင်းရွှေ့ကျင်းပရမယ်ဆိုတဲ့သတင်းဟာ ၀မ်းနည်းစရာလည်းကောင်းသလို ဖက်ရှင်ချစ်သူတွေအတွက်လည်းစောင့်ရကျိုးမနပ်သလိုခံစားခဲ့ရပါတယ်။ ဒီနှစ်အတွက် Theme ကိုတော့ "About Time:Fashion And Duration"လို့ အမည်ပေးထားပြီး The Metropolitan Museum of Art က ဒီပွဲကြီး ရွှေ့ဆိုင်းသွားတဲ့ အကြောင်းကို မတ်လ 16 ရက်နေ့က တရား၀င်ကြေညာခဲ့ပါတယ်။

Photo Credit To The Rightful Owners

, , , ,

Fashion News

Covid 19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပမယ့် Fashion Week တွေ အားလုံး ရပ်ဆိုင်းထား

Fashion Brand တွေ ဒီအခက်အခဲကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

by JN Ja Seng Pan

April 6, 2020

Covid19 ကြောင့် ဘယ်အချိန်ထိ အသွားအလာမလုပ်ရပဲ နေရမှန်းလဲ ကြိုတင်မသိရသေးတာကြောင့် Summer Fashion တွေပြသသွားမယ့် Paris Fashion Week, London Fashion Week နဲ့ Milan Fashion Week တွေ အားလုံးက နောက်ဆုတ်တဲ့ဟာဆုတ်၊ မလုပ်ဖြစ်တာတွေနဲ့ Fashion Week တွေအားလုံးကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

Haute Couture အဖွဲ့အစည်း ရဲ့ ဘုတ်အဖွဲ့ဒါရိုက်တာတွေက ဇွန်လ ၂၃ရက်နေ့ကနေ ကနေ ၂၈ရက်နေ့ထိပြုလုပ်ကျင်းပမယ့် Paris Men Fashion Week န့ July 5 ရက်နေ့ကနေ 9ရက်နေ့ထိ ပြုလုပ်မယ့် Haute Couture Week တွေအားလုံးကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဇွန် ၁၉ ကနေ ၂၃ ရက်နေ့ထိ မီလန်မှာ ကျင်းပမယ့် Men Fashion Week ကလည်း ခေတ္တရွေ့ဆိုင်းထားပြီး စက်တက်ဘာမှာ ပြုလုပ်မယ့် Womenswear Week နဲ့ အတူကျင်းပမယ်လို့ သိရပါတယ်။



အီတလီ အဖွဲ့အစည်းက မူလစီစဉ်ထားတဲ့အတိုင်း Buying Season မှာ ဝယ်ယူလို့ရနိုင်အောင် Fashion Week အတွင်း Digital ကနေ ပြသသွားဖို့ Runway Show ကို Set လုပ်နေတယ်လို့ ပြောထားပါတယ်။ ဇွန်လမှာ စတင်မယ့် Innovative ရောင်းချမှုပုံစံ Campaign အတွက် Collection အသစ်တွေ Ready ဖြစ်လို့ လူတိုင်းကတော့ အစွမ်းကုန်ကြိုးစားနေကြမှာပါ။ မီလန်က Showroom ပေါင်း ၈၀၀လောက်က ဒီအခန်းကမှာ ပါဝင်သွားမှာပါ။

ဆက်ပြီးတော့ British Fashion Council ကလည်း ဇွန်လ၊ လန်ဒန်မှာ ကျင်းပမယ့် Men Fashion Show ကလည်း လုပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ကြေငြာထားပါတယ်။ New York က Fashion Designers Council of America ကလည်း 2021 အတွက် ပြုလုပ်မယ့် Resort 2021 ကိုလည်း Cancel လုပ်လိုက်ပြီဖြစ်ပါတယ်။ လတ်တလောမှာ လုပ်ဖို့ရည်ရွယ်ထားတဲ့ Mercedes Benz Fashion Week ကိုလည်းဖျက်သိမ်းလိုက်တာဖြစ်ပြီး ဧပြီလနဲ့ မေလထဲမှာ Live stream နဲ့ ပြုလုပ်သွားဖို့ရှိပါတယ်။



Fashion လောကအတွက်ကော Fashion Brand တွေအတွက်ပါ Fashion Week တွေ Cancel လုပ်တာက အနည်းနဲ့ အများထိခိုက်မှုတွေတော့ရှိတာအမှန်ပါ။ Collection အသစ်တွေရောင်းချဖို့အတွက်ကိုလည်း နည်းလမ်းအသစ်တွေလိုအပ်သလို Retailer သမားတွေကို ဘယ်လိုပြန်ချဉ်းကပ်မလဲဆိုတာတွေက အခက်တွေ့စရာပါ။ Designer တွေအနေနဲ့လည်း Collection တွေ Live Stream လွှင့်ပြီး Customer ဝယ်ယူနိုင်အောင် ပြုလုပ်နေတာမျိုးတွေရှိပါတယ်။ ဘာလိုပဲဖြစ်ဖြစ် Fashion Week တွေကို ကျင်းပဖို့အတွက်ကတော့ လတ်တလောမှာ ခက်ခဲပြီး အဆင်ပြေဦးမှာမဟုတ်ပါဘူး။ Fashion Brand တွေ ဘယ်လို Strategy တွေနဲ့ 2020 ကိုဖြတ်သန်းမလဲဆိုတာကိုတော့ စိုးရိမ်စဖွယ်စောင့်ကြည့်ရမှာပါ။

, , , , ,

Fashion News

Yangoods နဲ့အတူ လက်ဆေးပြီး ဆုလက်ဆောင်တွေရရှိမယ့် “Yangoods Safe Hands Challenge”

ကျန်းမာရေးအတွက်လည်းကောင်းသလို အထူးအစီအစဉ်လည်းပါဝင်တာမို့ ပါဝင်လိုက်ကြရအောင်

by May Shoon

March 31, 2020

အခုလို COVID ကပ်ဆိုးကြီးကျရောက်နေတဲ့အချိန်မှာ MODA ပရိသတ်တို့နဲ့ Insider တို့လည်း လူထူထပ်တဲ့ နေရာတွေရှောင်ကျဉ်၊ အိမ်မှာပဲနေ၊ ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်ပြီး စနစ်တကျကာကွယ်ဖို့ ထပ်ဆောင်းသတိပေးလိုက်ရပါတယ်နော်။
“Yangoods” က ၂၀၂၀ မတ်လ ၂၉ ရက်နေ့ကစပြီး Yangoods Insiders များအပါအဝင် အားလုံးအတူတကွ ပါဝင်လို့ရမယ့် ကျန်းမာရေး အသိပညာပေး Challenge တစ်ခုကို Yangoods Facebook Page ကနေစတင် လိုက်ပါပြီ။
ဒီ Challenge လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခုလို COVID-19 ကြောင့်သတိနဲ့နေထိုင်တဲ့အချိန်မှာ အားလုံးအတူတူ ကျန်းမာရေးကိုအထူးဂရုပြုနေထိုင်ရန်၊ လက်ကို မကြာခဏဆေးပေးကြရန် နဲ့ လက်ဆေးတဲ့အခါလက်မှာရှိတဲ့ ရောဂါပိုးတွေစင်ကြယ်အောင် အနည်းဆုံး ကြာချိန်စက္ကန့် ၂၀ ကြာအောင် ဆေးကြောရန်အတွက် အသိပညာပေးသည့် Challenge လည်းဖြစ်ပါတယ်။


သင်္ကြန်နှစ်ကူးကာလလည်း နီးကပ်လာတာနဲ့အလျောက် အဲ့လို လက်ဆေးချိန် စက္ကန့် ၂၀ ကြာအောင်ရေတွက်ဖို့ “ရှာပုံတော်မင်းသားကြီး” သီချင်းကို အသုံးပြုထားပါတယ်။
ဒီ Challenge မှာပါဝင်ကြသူများအနေဖြင့် “ရှာပုံတော်မင်းသားကြီး” သီချင်းကို သီဆိုရင်း စက္ကန့် ၂၀ ကြာအောင် လက်ဆေးသည့် Video တစ်ခုရိုက်ကူးပြီး မိမိတို့ကိုယ်ပိုင် Facebook Account တွင် #SafeHandsChallenge #Yangoods နှင့်တွဲပြီး Public ဖြင့်တင်ပေးရမှာဖြစ်ပါတယ်။ ၎င်း Challenge တွင်ပါဝင်သူများက မိမိတို့မိတ်ဆွေ၊ သူငယ်ချင်းထဲကသုံးဦးကိုလည်း ဆက်ပြီး Nominate လုပ်ပေးရမှာဖြစ်ပါတယ်။ ပါဝင်သူများထဲမှ သုံးဦးကိုရွေးချယ်ပြီး သင်္ကြန်လက်ဆောင်အဖြစ် Online Exclusive Gift Card 5000 ကျပ်တန် ဆုလက်ဆောင်ကိုလည်း ပြန်လည်းပေးအပ်သွားမှာဖြစ်ပါတယ်။
Challenge တွင်ပါဝင်ဖို့ ဧပြီလ ၇ ရက်နေ့ထိ ပေးထားပြီး ၂၀၂၀ ခုနှစ်ဧပြီလ ၈ ရက်နေ့တွင် Challenge မှာပါဝင်ထားသူများထဲမှ လက်ဆောင်ရမည့်သုံးဦးကို Yangoods ကရွေးချယ်ကြေငြာပေးသွားမှာဖြစ်ပါတယ်။ သတ်မှတ်ရက်နောက်ပိုင်းတွင်လည်း Challenge ကို ရပ်မသွားပဲ ဆက်လက်ပါဝင်ခြင်းဖြင့် ကျန်းမာရေး အသိပညာပေးများကို ဆက်လက်လုပ်ဆောင်သွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ကဲ Insider တို့လည်း ဒီ Safe Hands Challenge မှာလက်မလွတ်တမ်း ပါဝင်လိုက်ရအောင်။
Reference အနေနဲ့ “ရှာပုံတော်မင်းသားကြီး” သီချင်းဖြင့်လက်ဆေးထားတဲ့ Video လေးကိုလည်း ထည့်သွင်းထားတာမို့ ကြည့်လိုက်ပါဦးနော်။

, , ,

Fashion News

Prada ရဲ့ Co-Creative Director ဖြစ်လာတဲ့ Raf Simons

Luxury Fashion လောကကို ဘယ်လို အသစ်အဆန်းတွေသယ်ဆောင်လာဦးမှာလဲ

by May Shoon

February 28, 2020

နာမည်ကျော် Fashion Brand ကြီး Prada ကသူ့ရဲ့ အရမ်း Iconic ဖြစ်တဲ့ Fashion တွေ တီထွင်ဖန်တီးမှုတွေကို နယ်ပယ်ချယ်ထွင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ Founder Mario Parada ရဲ့မြေးဖြစ်သူ Miuccia Prada ကလက်ရှိမှာ Creative Director အဖြစ်တာဝန်ယူနေပြီး အခု Raf Simons ကို Co-Creative Director အဖြစ်ပူးပေါင်းလုပ်ကိုင်ဖို့ အတည်ပြုလိုက်ပြီလို့ဆိုပါတယ်။ Miucca က Prada မှာ Creative Director/ Head Designer အဖြစ် ဆောင်ရွက်လာတာနှစ်ပေါင်း ၄၀ လောက်ရှိသလို Prada ရဲ့ Subsidiary Brand ဖြစ်တဲ့ “Miu Miu” ရဲ့ Founder လည်းဖြစ်ပါတယ်။ အားလုံးသိပြီးသား Raf Simon ကလည်း သူ့ရဲ့ Creative Director Career ကို နာမည်ကျော် Fashion Brand ကြီးတွေဖြစ်တဲ့ Jil Sander ၊ Christian Dior နဲ့ Calvin Klein မှာလည်း အများကြီးလုပ်ကိုင်ဖူးတာမို့ Prada ကလည်း Simon အပေါ်မှာ အပြည့်အဝယုံကြည်မှုအပြည့်အဝရှိပါတယ်။ Prada Family က Simon ကို 2005 မှာ Jil Sander ကို Run စေခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ Creativity တွေက သူတို့အတွက်အရမ်း Impress ဖြစ်စေတယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း Miuccia နဲ့ Simon တို့ရဲ့ Business Partnership ပူးပေါင်းမှုက အရမ်း ဆန်းသစ် ထူးခြားပြီး ဖက်ရှင် Industry ကြီးကို အသစ်အဆန်းတွေအများကြီး သယ်ဆောင်လာဦးမယ်ဆိုတာတော့သေချာပါတယ်။ မကြာခင်မှာ Prada ကဘယ်လို Collection တွေကို ချပြဦးမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

, ,

MODA TV 


Fashion News

ညှို့ဓာတ်ပြင်းအလှတရားတို့ အားပြိုင်နေကြတဲ့ ၂၀၂၀ အော်စကာညနေခင်း

တစ်နှစ်ထက်တစ်နှစ် ကျက်သရေရှိရှိနဲ့လှပဆန်းသစ်လာတဲ့ အော်စကာပွဲတက်ဝတ်စုံတွေကတော့ ရင်သပ်ရှူမောစရာပါပဲ

by Randy Win

February 10, 2020

                ဖက်ရှင်ချစ်သူတွေရော ရုပ်ရှင်ချစ်ပရိသတ်တွေပါ အမြဲစိတ်ဝင်တစားစောင့်ကြည့်ကြရတဲ့ အော်စကာဆုပေးပွဲကြီးကို ယခုနှစ်မှာလည်း (၉၂) ကြိမ်မြောက်အနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ရဲ့ Dolby ပြဇာတ်ရုံကြီးမှာ ထပ်မံကျင်းပပြုလုပ်ခဲ့ပါတယ်။ အော်စကာစာရင်းဝင် Nominees တွေကတော့ ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးလို့ဆိုရမယ့် အော်စကာရွှေစင်ရုပ်တုကို ရင်ခုန်မျှော်လင့်ရင်း အလှပဆုံး အချေမိုးဆုံးတွေဝတ်ဆင်ပြီး ပွဲကိုတက်ရောက်လာခဲ့ကြပါတယ်။ အော်စကာဆုပေးပွဲဟာ ကမ္ဘာတစ်ဝန်းလုံးမှာ စောင့်အကြည့်ခံရဆုံး Red Carpets ပွဲတစ်ခုဖြစ်တဲ့အပြင် အမိုက်ဆုံး အလန်းဆုံးဆိုတဲ့ ဖက်ရှင်တွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းထဲ ရင်သပ်ရှုမောဖွယ် တွေ့မြင်ရတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
                ယခင်နှစ်ဆုပေးပွဲတွေမှာလည်း မင်းသမီး Halle Berry အတွက် Elie Saab ရဲ့ လှပတဲ့ ကြက်သွေးရောင်ဂါဝန်၊ ဂျနီဖာလောရန့်ဇ်ရဲ့ Christian Dior ဂါဝန် တွေဟာ အရမ်းကို ထင်ရှားပြီး လူသိများခဲ့တဲ့ အော်စကာပွဲတက်ဝတ်စုံတွေဖြစ်ခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးထူးခြားကျက်သရေရှိတဲ့ ဝတ်စုံတွေနဲ့ လှပမှူတွေအားပြိုင်နေတဲ့ ပွဲကြီးမှာ ဒီနှစ်လည်း Celebrity တွေကဘယ်လိုများ အပြိုင်အဆိုင် အထူးခြားဆုံးတွေဝတ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဖက်ရှင်နဲ့ ရုပ်ရှင်လောကရဲ့ ပေါင်းစပ်မှူတစ်ခုလို့ဆိုရမယ့် ၂၀၂၀ အော်စကာဆုပေးပွဲကြီး ရဲ့ Red Carpet ညနေခင်းမှာ သူ့ထက်ငါ အပြိုင်လှပကျော့ရှင်းနေတဲ့ Celebrity တချို့ရဲ့ ပွဲတက်ဖက်ရှင်တွေကို အားလုံးကြည့်ရှူခံစားနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။

, , , ,

Fashion News

သင့်ကို အထက်တန်းလွှာက ပုံစံဖြစ်သွားစေမယ့် ဝတ်စားဆင်ယင်မှုများ

ပျိုမေတို့အတွက် အဝတ်အစားဝတ်တဲ့အခါ အရွေးမမှားစေဖို့က အလွန်အရေးကြီးတဲ့အချက်ပါ။

by Lin Lin

February 5, 2020

ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေဖို့အတွက် ထသွားထလာပုံစံမျိုး ဝတ်ထားရင်တောင်မှ ဈေးကြီးတဲ့ပုံစံမျိုးဖြစ်စေမယ့် ဖက်ရှင်တွေကို ဖော်ပြပေးသွားပါမယ်။ပျိုမေတို့အတွက် အဝတ်အစားဝတ်တဲ့အခါ အရွေးမမှားစေဖို့က အလွန်အရေးကြီးတဲ့အချက်ပါ။ သွားမယ့်နေရာနဲ့ ကိုယ်ဝတ်မယ့်အဝတ်အစား လိုက်ဖက်မှုရှိနေမှသာ ကိုယ်တိုင်လည်း ယုံကြည်မှုရှိပြီး စမတ်ဖြစ်နေမှာပါ။

Black Dress





အနက်ရောင်ဝတ်ဆင်မှုကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ စတိုင်လ်တစ်ခုပါ။ အနက်ရောင်ဝတ်စုံဟာ ပေါ့ပါးပြီး သင့်ခန္ဓာကိုယ်အချိုးအစားကိုလည်း ပေါ်လွင်စေမယ့် စတိုင်လ်မျိုးပါ။ သင်နဲ့ လိုက်ဖက်တဲ့ Branded အနက်ရောင်ဝတ်စုံတစ်စုံကို ဝတ်ဆင်လိုက်တဲ့အခါ သင်ဟာ ပွဲတက်တဲ့အခါ ပွဲလယ်တင့်နေစေမှာကတော့ အသေအချာပါပဲနော်။

 

Camel Coat


သင့်ကို စတိုင်လ်ကျစေမယ့် နောက်ထပ်ဖက်ရှင်တစ်မျိုးကတော့ Camel Coat တွေပဲ ဖြစ်ပါတယ်။ Camel Coat တွေကို ဝတ်ဆင်လိုက်တဲ့အခါမှာတော့ ဈေးကြီးတယ်လို့ ခံစားရစေမှာပါ။ ပဲရစ်မြို့ရဲ့ လမ်းမတွေပေါ်မှာတော့ ဒီလိုဖက်ရှင်မျိုးကို အမြဲလိုလိုမြင်တွေ့နိုင်မှာပါ။


White Dress

ဘယ်တော့မှမရိုးပဲ အမြဲ Classic ဖြစ်စေတဲ့ ဖက်ရှင်ကတော့ အဖြူရောင်ဖက်ရှင်ပဲ ဖြစ်ပါတယ်။ အဖြူရောင်ဖက်ရှင်တွေဟာ သန့်ရှင်းပြီးတော့ ဈေးကြီးတဲ့ဖက်ရှင်မျိုးဖြစ်စေတဲ့ ပုံစံတွေထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ဟာ Classic ဖြစ်စေတဲ့ ဖက်ရှင်ကို ရွေးချယ်တော့မယ်ဆိုရင်တော့ အဖြူရောင်တွေကို မေ့မထားသင့်ပါဘူးနော်။

 

,

Fashion News

Prada ရဲ့ Campaign အသစ်မှာ Face Model အဖြစ်မြင်တွေ့ရမယ့် Frank Ocean

American Artist က ဒိတ်ဒိတ်ကျဲ Italian Fashion House ရဲ့ မော်ဒယ်ဖြစ်လာတော့မှာလား

by May Shoon

January 10, 2020


2016 ခုနှစ်က Calvin Klein Ad တစ်ခုရိုက်ကူးပြီးနောက်ပိုင်းတည်းက Photoshoot တွေနဲ့ Interview တွေမှာ သိပ်မတွေ့ရတဲ့ Frank Ocean တစ်ယောက် 2020 မှာတော့ နာမည်ကြီး Fashion Campaingn ရဲ့ Face Model အဖြစ် ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။ Ocean က နာမည်ကျော် Italian Fashion House “Prada” ရဲ့ 2020 Spring/Summer Menswear Campaign မှာ New Face Model အဖြစ်ပါဝင်ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ Ocean ရဲ့ New Campaign Video ကိုလည်း Prada ရဲ့ Official Instagram Page မှာကြည့်ရှုနိုင်ပါတယ်။

(https://www.instagram.com/p/B7GWd7qDc5f/ )


Frank Ocean ကဒီ Campaign ရဲ့ မော်ဒယ်မဖြစ်ခင်တည်းက သူက Prada Fan တစ်ယောက်ဆိုတာကို အားလုံးသတိထားမိလောက်မှာပါ။ 2019 Met Gala နဲ့ Vogue Magazine မှာရိုက်ကူးခဲ့တဲ့အချိန်တုန်းကလည်း Prada Jacket တွေကို ဝတ်ဆင်ခဲ့သလို W Magazine ရဲ့ Editorial Shoot မှာလည်း Prada ဝတ်စုံတွေကို နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်ခဲ့တာပါ။ ပြီးတော့ Shanghai မှာပြုလုပ်ခဲ့တဲ့ Prada ရဲ့ Spring 2020 menswear show ကိုလည်းတက်ရောက်ခဲ့ပါတယ်။
နှစ်သစ်မှာ Fashion Campaign တွေမှာပါဝင်လာပြီဆိုတော့ နောက်ပိုင်းFrank Ocean လည်း Kanye West, Travis Scott တို့်လိုဖက်ရှင် Collaboration ခြေလှမ်းသစ်တွေ ရှိလာမလားတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

 

, , ,


Loading More post