×
Street Style

THE BEST STREET STYLES FROM NEW YORK FASHION WEEK SPRING/SUMMER 2019

Mainstream Fashion တွေတောင် စောင့်ကြည့်အတုယူရတဲ့အထိ လွှမ်းမိုးမှုကြီးလာတဲ့ Street Fashion တွေ . . .

by Min Chit Paing

October 20, 2018

Street Fashion ဆိုတာ Fashion Studio တွေ၊ Fashion House တွေကနေ ထွက်ပေါ်လာတဲ့ ဖက်ရှင်တစ်ခုမဟုတ်ခဲ့ပါ။ လမ်းပေါ်ကလူငယ်တွေရဲ့ ဖက်ရှင်စတိုင်တွေကနေ တစ်ဆင့်လာခဲ့တာဖြစ်ပါတယ်။ Street Fashion ဟာ မြို့ပြဆန်တဲ့ လူငယ်ယဉ်ကျေးမှုတွေနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ လူငယ်တွေရဲ့ မတူညီတဲ့ ဝါသနာတွေ၊ စိတ်အားထက်သန်ရာတွေကနေ ဆင်းသက်လာတယ်လို့ဆိုရမှာပေါ့။ Hip Hop Group တွေ၊ Punk Group တွေ၊ စကိတ်တို့ စက်ဘီးတို့ နဲ့ စတန့်ပြတတ်ကြတဲ့ Street Stunt သမားတွေ၊ ဂီတကို ရူးသွပ်ကြတဲ့ လူငယ်တွေရဲ့ ခံယူချက်၊ အတွေးအမြင်တွေကနေ တစ်ဆင့် တမူထူးခြားတဲ့ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုတွေကနေ တစ်ဆင့် Street Style တွေဟာ တီဗီဖန်သားပြင်ပေါ်တွေ၊ ကြီးကျယ်ခမ်းနားတဲ့ စင်မြင့်ပေါ်တွေကို ရောက်လာခဲ့ကြပါတယ်။ အဲဒီကနေ ရူးသွပ်မှုတွေဟာ တူရာတူရာဆီ ကူးစက်ပျံနှံသွားခဲ့ပါတယ်။ ဖက်ရှင်မဂ္ဂဇင်းတွေ၊ သတင်းစာတွေကလည်း စတိုင်ကျတဲ့ ဝတ်စားပုံတွေနဲ့ တမူထူးခြားပြီး မြို့ပြဆန်တဲ့ ဖက်ရှင်တွေကို လည်း Street Fashion ဆိုပြီး ဖော်ပြလာရာကနေ သူတို့ရဲ့လွှမ်းမိုးမှုဟာ ကြီးမားလာခဲ့ပါတယ်။ Mainstream fashion တွေတောင် တစ်ခါတလေ Street Fashion တွေရဲ့ Trend တွေကို စောင့်ကြည့် အတုယူပြီး Collection တွေကို ဖန်တီးကြပါတယ်။

 

ပါရီ ၊ မီလန် ၊ လန်ဒန် နဲ့ ကိုပင်ဟ‌ဂေင် တို့ရဲ့ ဖက်ရှင်ပွဲတော်တွေက Street Style တွေကို သဘောကျနှစ်ခြိုက်ရသလို နယူးယောက် ဖက်ရှင်ပွဲတော်က ထွက်ပေါ်လာတဲ့ Street Style တွေရဲ့ အမိုက်စားဖက်ရှင်တွေကိုလည်း တွေ့မြင်ခံစားရဦးမှာ အသေချာပဲလေ။ နယူးယောက် မြို့တော်ကြီးမှာတော့ သူရဲ့ နယူးယောက်ဟန်ဆိုတဲ့ ကိုယ်ပိုင်အသွင်ပြင်ကို ပေါ်လွင်စေနိုင်တဲ့ အရာတွေများကြီးရှိပါတယ်။ အရှိန်ဝါကြီးမားခြင်း၊ ခံစားချက်တွေပြင်းထန်ခြင်း၊ လွတ်လပ်လွင့်မျောရခြင်း၊ တမူထူးခြားတဲ့ ဝတ်ပုံစားပုံတွေ ရှိခြင်း တွေဟာ အဲဒီမြို့တော်ကြီးရဲ့ အသွင်ပြင်တွေပဲလေ။ ကမ်ဘာကြီးရဲ့ နေရာအသီးသီးက လာကြတဲ့ မတူညီတဲ့ များစွာသောလူတွေဟာ အဲဒီ မြို့တော်ကြီးမှာ စုဆုံနေကြပြီး သူတို့ရဲ့ ဘဝကို ပုံဖော်နေကြပါတယ်။ အဲဒီလို ပုံဖော်နေရင်း သူတို့ရဲ့ စိတ်ကူးအိမ်မက်ထဲက ဖန်သားနန်းတော်တွေရှိရာ အရပ်ကို လျှောက်လမ်းနေကြပါတယ်။ နယူးယောက်ကတော့ သင်အပါအဝင် အဲဒီလို လူတွေများကြီးကို လက်ယပ်ခေါ်ကြိုဆိုနေတာ အသေချာပဲလေ။ အိပ်မက်ကိုယ်စီ ဆုပ်ကိုင်ထားကြတဲ့ လူတွေရဲ့ ခြေလှမ်းတွေဟာ လမ်းမပေါ်တွေမှာ ရောက်ရှိလာကြပြီး သူတို့ရဲ့ ဖက်ရှင်ကျလှတဲ့ စတိုင်တွေဟာ New York Street Fashion တစ်ခုကို ပုံဖော်နေကြတယ်လေ။

 

အဖေ့ရဲ့ အငွေ့သက်တချို့ စွဲကပ်နေတဲ့ လွန်ခဲ့သော ၇နှစ်ပတ်ဝန်းကျင်လောက်က အစိမ်းရောင် ပိုလိုရှပ်တစ်ထည်ဟာလည်း နယူးယောက် လမ်းမထက်ကို Street Fashion တစ်ခုအနေနဲ့ ရောက်ရှိလာတာကို တွေ့ရမှာပါ။ ကောင်းဘွိုင် ဦးထုပ်တွေ၊ ဖောက်ထွင်းမြင်ရတဲ့ ပါးလျလျ ဝတ်စုံတွေ၊ ခပ်နွေးနွေးရာသီဥတုကို ဂရုမစိုက်ဘဲ အကွက်အဆင် တွေနဲ့ပုံဖော်ထားတဲ့ ဂျင်ကင်ထူထူတွေ တွေကို လည်းတွေ့မှာ ဖြစ်သလို မိုက်ရူးရဲဆန်မှုတွေ၊ ပျော်ရွှင်ကျေနပ်မှုတွေ၊ စိတ်အားထက်သန်မှုတွေ၊ လူသားဆန်မှုတွေကိုလည်း သူတို့ရဲ့ ဖက်ရှင်စတိုင်ကနေ တစ်ဆင့်မြင်တွေ့ရမှာပါ။ ဒါတွေအားလုံးဟာ နယူးယောက်ဖက်ရှင်ပွဲတော်ကို သူနည်းသူဟန်နဲ့ ပုံဖော်နေခဲ့ကြတယ်လို့ ဆိုရမှာပေါ့။

 

နယူးယောက်ဖက်ရှင်ပွဲတော်ဟာ ဆောင်းဦးမှာ ဝယ်ဝတ်ရမယ့် ဝတ်စုံတွေအတွက် ကြိုတင်မြင်တွေ့နိုင်မယ့် အခွင့်ရေးတစ်ခုဖြစ်ပေမယ့်လည်း မြို့တော်ကတော့ နွေ ရာသီဆိုတဲ့ ခံစားမှုတစ်ခုကို ပေးနေတုန်းပါပဲ။ ဘာပဲပြောပြောလေ Tom Ford ကစလို့ Jeremy Scott အဆုံး ရှိုးပွဲတွေရဲ့ အပြင်ဘက်မှာတော့ အမိုက်စား ဖက်ရှင်တွေက ရှိနေပါတယ်။ အပူဒဏ်ကိုမမှု၊ ဖက်ရှင်ကျနေတာကိုလည်း တွေ့ရမှာပါ။ တချို့မိန်းကလေးတွေကတော့ slip dresses တွေဝတ်ပြီး စတိုင်ကျနေကြတယ်။ တချို့ကတော့ မီနီဂျင်းစကတ်လေးတွေ နဲ့ တချို့ကတော့ ချည်သားရှပ်လေးတွေကို စတိုင်ကျကျ ဝတ်ထားကြတယ်။ ပြီးတော့ ကိုယ်တွေမထင်မှတ်ထားတဲ့ တွဲစပ်မှုတွေကိုလည်း ဖက်ရှင်တစ်ခု အနေနဲ့ မြင်ရပြီး သဘောကျနှစ်ခြိုက်နေရမှာ အမှန်ပါပဲ။

၂၀၁၈ ဆောင်းဦးမှာ ခေတ်စားမယ့် အပိုင်းအစတွေနဲ့ နွရောသီအရောင်တွေကို ပေါင်းစပ်ပြီး စတိုင်ထုတ်ထားကိုလည်း အဲဒီလိုဝတ်ရင်လည်း ရပါလားဆိုတဲ့ အတွေးမျိုးရသွားလောက်တဲ့အထိ တွေ့မြင်ရမှာပါ။ ကတ္တီပါ၊ ပိုး၊ animal prints တွေကိုလည်း ကမ်ဘာအနှံက ရိုးရာအငွေ့အသက်တွေနဲ့ ပေါင်းစပ်ပြီး maximalist စတိုင်တစ်ခုကို ဖန်တီးထားတာကို သတိပြုမှာဖြစ်ပါတယ်။ ခပ်နွေးနွေးရာသီဥတုမှာ ဆောင်းတွင်းဝတ်စုံတွေကို အချိုးကျကျတွဲဖက်ဝတ်ဆင်ထားတာတွေက သိပ်မအေးတဲ့ ဆောင်းရာသီကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံက လူတွေအတွက် အကောင်းဆုံးသော အတုယူစရာတွေပဲလေ။

Street Style

Covid-19 ကိုကြံ့ကြံ့ခံပြီး ဖက်ရှင်ရူးသွပ်မှုကို ဖော်ကျူးခဲ့ကြတဲ့ Face Mask Fashion များ

Corona Virus ကြောင့် Global Fashion Industry ကိုဘယ်လိုတွေသက်ရောက်လာမှာလဲ

by May Shoon

March 12, 2020

ယခုလက်ရှိများ ကူးစက်ပျံ့ပွားမှု မြင့်မားနေတဲ့ Coronavirus (Covid-19) ကြောင့် အစဉ်အလာမပြတ်ကျင်းပနေကျဖြစ်တဲ့ ကမ္ဘာတစ်ဝှမ်းက Fashion Week တွေအပေါ်မှာလည်း အနည်းနဲ့အများသက်ရောက်မှုတွေ ရှိလာပါတယ်။ Coronavirus အရင်ဆုံးကူးစက်ခံရတဲ့ အီတလီနိုင်ငံအတွက်တော့ တုန်လှုပ်စရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ Schedule အတိုင်း Milan Fashion Week၊ Paris Fashion Week နဲ့ London Fashion Week တွေကို ကျင်းပခဲ့ပေမယ့် ယခင်ထက်တော့ လာရောက်သူတွေနည်းပါးခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားချက်အနေနဲ့ Fashion Week ကိုတက်ရောက်လာသူများကလည်း သူတို့ရဲ့ ဖက်ရှင်ကိုလည်း မထိခိုက်စေသလို၊ Virus ကိုလည်းကာကွယ်ရာရောက်တဲ့ Face Mask တွေနဲ့ တက်ရောက်ခဲ့ကြတာပါ။ Fashion Week ကျင်းပနေစဉ်တစ်လျှောက်မှာလည်း Coronavirus Awareness Knowledge တွေကိုလည်း မျှဝေပေးခဲ့ပါတယ်။ High-Fashion Brand တော်တော်များများကတော့ Fashion Week တွေမှာတင်ဆက်ခဲ့ပေမယ့် Moncler နဲ့ Michael Kors တို့ကတော့ သူတို့ရဲ့ Runway Show တွေကို Cancel လုပ်ခဲ့ပါတယ်။
ဒါပေမယ့် သေချာတာကတော့ Face Mask တွေက တော့ ဖက်ရှင် Industry ထဲမှာ Trend ဖြစ်လာမယ့် Accessory တစ်ခုဖြစ်လာတာပါပဲ။ Paris မှာဆိုရင်လည်း Off-White ရဲ့ Non-Medical Cotton Jersey Face Mask တွေက Sold Out ဖြစ်သွားပြီလို့ဆိုပါတယ်။ ဒါဆိုရင် Paris Fashion Week နဲ့ Milan Fashion Week ရဲ့ Face Mask တွေတပ်ဆင်ထားကြတဲ့ Street Fashion တွေက ဘယ်လို အထာကျနေမလဲဆိုတာ ကြည့်လိုက်ရအောင်။

Credit to original uploaders

 

, , ,

Street Style

New York လမ်းမထက်က အထာကျလွန်းတဲ့ Fashion Week ပွဲတက် Street Style များ

NWFW ကိုတက်ရောက်လာကြသူတွေရဲ့ Fashion တွေကလည်း Runway ပေါ်ကထက် လျော့မနေခဲ့ပါဘူး

by Randy Win

February 11, 2020

               Men's Show၊ Couture Collections နဲ့ Pre-fall Show ရက်သတ္တပတ်ကြီး ပြီးဆုံးသွားတဲ့အခါမှာတော့ New York Fashion Week ရဲ့ အချိန် ထပ်မံကျရောက်လို့လာပြန်ပါပြီ။ ဖေဖော်ဝါရီ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့ထိကျင်းပပြုလုပ်မယ့် New York Fashion Week ပွဲကြီးရဲ့ ကြီးကျယ်ခမ်းနားမှူနဲ့အပြိုင် ပွဲကိုတက်ရောက်လာကြသူတွေရဲ့ ဖက်ရှင်တွေကလည်း အရမ်းကိုမိုက်နေကြတာပါ။ NYFW ကိုတက်ရောက်လာကြတဲ့ ဖက်ရှင်ချစ်သူတွေရဲ့ စတိုင်လ်ကျလှတဲ့ ခါးပတ်ကြီးကြီးတွေ ၊လက်ဖောင်းဖောင်းကားကားတွေ နဲ့ Denim ဝမ်းဆက်တွေကလည်း ဒီရာသီအတွက် အလန်းဆုံးဖက်ရှင် Trend တစ်ခုကို ဖော်ညွှန်းပြသနေသလိုပါပဲ။
              နယူးယောက်မြို့ရဲ့ လမ်းမထက်မှာ အသီးသီးသော Fashionista တို့ရဲ့ ပခုံးကျအင်္ကျီဖက်ရှင်၊ ခေါင်းစည်းပုဝါဖက်ရှင်နဲ့ ဆွဲကြိုးအထပ်ထပ်တွေဖက်ရှင်တွေအပြင် Baby Blue ၊ Mint ၊ အဝါရောင်နဲ့ ပန်းရောင်တောက်တောက်လို အရောင်ရွေးချယ်မှူတွေက အများအပြား နေရာယူထားပါတယ်။ သင်ကိုယ်တိုင်လည်း ၂၀၂၀ မှာ ဖက်ရှင်အကျဆုံးဖြစ်အောင် ဘယ်လို အရောင် ၊ ဘယ်လိုအတွဲအစပ်လေးတွေ ဝတ်ဆင်ရမလဲဆိုတာ ရွေးရခက်နေတယ်ဆိုရင်တော့ New York Fashion Week ရဲ့ Spring / Summer 2020 ပွဲကိုတက်ရောက်လာကြသူတွေရဲ့ Street-Style တွေကိုကြည့်ပြီး ကောင်းကောင်း Inspired လုပ်နိုင်မှာ အသေအချာပါပဲ။

, , , ,

Street Style

Milan Fall 2020 Menswear Shows က အပြတ်ထိမိနေတဲ့ Street-Style ဖက်ရှင်များ

Milan Fashion Week ရဲ့ ပွဲတက် Fashion တွေကတော့ ဘယ်တော့မှလျော့မနေခဲ့ဘူးနော်

by Randy Win

January 29, 2020

အကြီးကျယ်ဆုံး Fashion Week တွေထဲကတစ်ခုဖြစ်တဲ့ Milan Fashion Week - Fall 2020 Menswear Show ကို ယခုနှစ် ဇန်နဝါရီလထဲမှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။ Prada ,Ermenegildo Zegna လိုထိပ်တန်း နာမည်ကြီး Brand တွေသာမက A-Cold-Wall by Samuel Ross လို ပထမဆုံးအနေနဲ့ပါဝင်လာတဲ့Brand အသစ်တချို့ကိုပါ တွေ့ရပါတယ်။ ဒါ့အပြင် Gucci ကလည်း Show Schedules ထဲမှာ ပြန်လည်ပါဝင်လာပြီ်ဆိုတော့ ဒီနှစ်ရဲ့ ဖက်ရှင်ရက်သတ္တပတ်ပွဲကြီးကတော့ အရမ်းကို ခမ်းနားနေမယ်ဆိုတာမြေကြီးလက်ခတ်မလွဲပါပဲ။ ဒီလိုခမ်းနားကြီးကျယ်တဲ့ Fashion Week ကို တက်ရောက်လာကြသူတွေကလည်း ဖက်ရှင်ကိုချစ်တဲ့ ဖက်ရှင်လောကသားတွေပဲမို့ နည်းနည်းမှမလျော့တဲ့ Fashion အလန်းစားတွေနဲ့ သူထက်ငါအပြိုင်ကြဲနေသလားလို့ ထင်ရလောက်အောင်ကို မိမိုက်နေကြတာကိုတွေ့ရမှာပါ။ဒီလိုအရမ်းလန်းနေကြတဲ့ Fashionista တွေထဲကမှ အထာအရမ်းကျတဲ့ Street Style တချို့ကို လေ့လာလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

credit to original uploader

, ,

MODA TV 


Street Style

အလန်းစား Casual Street Fashion များနဲ့ Penshoppe X MODA Influencer Party မှဖက်ရှင်ပုံရိပ်များ

သင်ရောဘယ်သူ့ရဲ့ Street Fashion ကို အကြိုက်ဆုံးဖြစ်မလဲ

by May Shoon

January 9, 2020

ရန်ကုန်မှာ Fashion Outlet တွေများစွာ ဖွင့်လှစ်ထားတဲ့ Penshoppe က ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း Port Autonomy မှာ ခမ်းနားတဲ့ Party ပွဲ တစ်ပွဲကို MODA Fashion Magazine ပူးပေါင်းပြီး ဖန်တီးပေးလိုက်ပြန်ပါပြီ။ ဒီပွဲကို တော့ နယ်ပယ်အသီးသီးမှ နာမည်ကျော် လူငယ်များ၊ Influencer များ၊ အနုပညာရှင်များ၊ Penshoppe ရဲ့ ပရိသတ်များစုံလင်စွာတက်ရောက်ခဲ့ကြသလို ဒီပွဲရဲ့ ထူးခြားချက်က သမားရိုးကျပွဲကြီးတွေလို မဟုတ်ပဲ အားလုံး ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွင် Chill လို့ရတဲ့ Atmosphere ကို ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ ဒီထက်အထူးခြားဆုံးကတော့ ပွဲကို တက်ရောက်လာကြတဲ့ လူငယ်တွေရဲ့ ဖက်ရှင်တွေပဲဖြစ်ပါတယ်။ အားလုံးဝတ်ဆင်လာကြတဲ့ ဖက်ရှင်တွေက အားလုံးမိုက်ပြီး ဂေါ်နေတာမို့ ဒီပွဲကနေလည်း လက်ရှိလူငယ်တွေကြားမှာ ခေတ်စားနေတဲ့ ဖက်ရှင် Trend နဲ့ ခေတ်ရေစီးကြောင်းကို လေ့လာနိုင်တာတော့ အမှန်ပဲနော်။

International လူငယ်တွေရဲ့ Party Vibe အတိုင်းဖန်တီးထားတဲ့ဒီပွဲမှာ Stranger Things နဲ့ StreetFashion တွေကို အဓိက Highlight လုပ်ထားပေမယ့် တခြားမတူညီတဲ့ Fashion Vibe တွေကို မြင်တွေ့ရမှာပါ။ ဒါပေမယ့်တူညီတာတစ်ခုကတော့ အားလုံးက မိမိကိုယ်ပိုင် စတိုင်ကိုယ်စီနဲ့ အထာကျနေတာပါပဲ။ Street Fashion ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ Oversized Jacket တွေ၊ Hoodie တွေ နဲ့ Basic T-Shirt တွေကို အထာကျကျ ဝတ်ဆင်ခဲ့ကြပါတယ်။ နောက်ပြီး Puffy ဖြစ်တဲ့ Bomber Jacket တွေနဲ့ Leather Jacket တွေကို အဝတ်များတာတွေ့ရသလို ကာလာအားဖြင့်ဆိုလည်း အရောင်ဖျော့ဖျော့တွေထက် Bold and Vibrant ဖြစ်တဲ့ အရောင်တောက်တောက်တွေ၊ Neon ကာလာတွေနဲ့ အနက်ရောင်တွေကို ပိုမိုရွေးချယ်လာကြပါတယ်။ တစ်နည်းအားဖြင့် ဒါကလည်းလာမယ့် 2020 ရဲ့ Upcoming Trend ကာလာတွေကို အရိပ်အမြွက်ပြနေသလိုပါပဲ။ ဖိနပ်ဆိုရင်လည်း Leather Boots၊ Chunky Sneaker နဲ့ White Sneaker တွေက စိုးမိုးထားပါတယ်။ နောက်ထပ် တွေ့ရအများဆုံးကတော့ Bold Stripes တွေပါ။ Htet Htet Htun၊ Kare၊ Thin Thae Bo နဲ့ Bella တို့ Stripe လေးနဲ့ Casual ဆန်ဆန်လေးမိုက်နေတာကို တွေ့ရပါတယ်။ ဒီပွဲမှာ Streetstyle တွေနဲ့ပဲ မိုက်နေကြတာတော့ မဟုတ်ဘူးနော်။ Myat Noe Chit၊ May Toe Khine၊ Nida Taylor နဲ့ Kate Lwin တို့ိလို့ မိန်းကလေးဆန်ဆန် Floral လေးတွေ၊ Ruffled Dress လေးတွေနဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးတွေလည်းရှိပါတယ်။ Accessory အားဖြင့်ဆိုလည်း Bennies လေးတွေနဲ့ Chain Necklace လေးတွေက Highlight ဖြစ်ခဲ့ပါတယ်။ ကဲဒီလောက်ဆို Penshoppe X MODA Influencer’s Party ကသွက်လက်တဲ့ ဖက်ရှင်ပုံရိပ်တွေကို ခံစားကြည့်လိုက်ပါဦးနော်။

, , , , ,

Street Style

သိမ်းထားတဲ့ sweater လေးတွေထုတ်ဝတ်ကြရအောင်...

အခုလိုရာသီမှာနွေးလည်းနွေး အထာလည်းကျစေမယ့် Sweater နဲ့ Outfit လှလှလေးတွေရဖို ႔ ...

by Yin Moe Shinn

August 1, 2019

အခုလိုမိုးအဆက်မပြတ်ရွာနေတဲ့နေ ႔ တွေမှာရာသီဥတုကလည်းအေး ၊ ရာသီတုပ်ကွေးတွေလည်းဖြစ်နေကြတဲ့အတွက်အအေးမမိဖို ႔ အထူးသတိထားသင့်ပါတယ်။ ရာသီဥတုကအေးနေပေမယ့်လည်း လုပ်ငန်းခွင်ကိုမဖြစ်မနေသွားနေရတဲ့ပျိုမေလေးတွေ နောက်ပြီးအပြင်ကို Hangout လုပ်မယ့်ကောင်မလေးတွေအတွက် ဖက်ရှင်လည်းကျပြီးရာသီဥတုနဲ ႔ လည်းကိုက်ညီစေဖို ႔ ပြောပြချင်တာက ၂၀၁၉ ရဲ ႔ Street style တွေထဲက Sweater fashionလေးဘဲဖြစ်ပါတယ်။ တကယ်တမ်းဆိုအပူပိုင်းများတဲ့အတွက်တော်ယုံထူထူပိန်းပိန်းတွေဝတ်ရတာအဆင်မပြေလှပါဘူး။ ခရီးသွားရင်သာထုတ်ဝတ်တတ်ကြတဲ့ sweater fashion ကအခုလဆိုရင်ရာသီဥတုနဲ ႔ ကိုက်ညီတဲ့ တဲ့အပြင် sweaterမထူမပါးလေးတွေကို ဖက်ရှင်ကျကျဝတ်ဆင်ဖို့အချိန်ကောင်းရောက်လို ႔ နေပါပြီ။ sweater ကိုဘောင်းဘီ ၊ စကတ်စသဖြင့် တွဲဖက်ဝတ်ဆင်လေ့ရှိကြပြီး ဒီနှစ်ထဲမှာတော့ဘောင်းဘီထက်စာရင် စကတ်လေးတွေနဲ ႔ ပိုတွဲဖက်ဝတ်ဆင်လာတာကို ၂၀၁၉ ရဲ ႔ street fashion မှာတွေ ႔မြင်ရမှာပါ။ ကဲသင့်အဝတ်ဗီဒိုထဲက sweater လေးတွေထုတ်ပြီးဘယ်လို အတွဲအစပ်လေးနဲ ႔ဝတ်မလည်းဆိုတာကြည့်ပြီးရင်တော့ နွေးလည်းနွေး အထာကျလည်းကျတဲ့ဖက်ရှင်သင်ရမှာအသေအချာပါ။


Street Style

HAILEY RHODE BIEBER ရဲ့ STREET STYLE လေးတွေက

မမြင်စေချင်တဲ့လူတွေဆီက hide လုပ်နိုင်တဲ့ hoodie တွေကိုအမြဲဝတ်လေ့ရှိတဲ့ Hailey Balwin

by Yin Moe Shinn

July 25, 2019

ကမ္ဘာကျော်အဆိုတော် Justin Bieber ရဲ ႔လက်တွဲဖော်တစ်ဦးဖြစ်တဲ့ Runway model Hailey Balwin ကသူမနာမည်ကို Hailey Rhode Bieber အဖြစ်တရားဝင်ပြောင်းခဲ့သူပါ။ သူမက ကမ္ဘာကျော်အဆို တော် Justin Bieber ရဲ ႔မန်နေဂျာမလေးအဖြစ်လုပ်ကိုင်ခဲ့တဲ ႔  Justin Bieber ရဲ ႔ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာလူသတိထားခံရတဲ့သူမတို ႔ အတွဲရဲ ႔အချစ်ရေးရှုပ်ထွေးမှုတွေကလည်းစိတ်ဝင်စားစရာပါ။ အဲ့တာကြောင့်တခါတရံ စိတ်အနှောင့်အယှက်ဖြစ်စေပြီး သူမမမြင်စေချင်တဲ့သူတွေဆီက hide လုပ်ဖို ႔ အတွက်အမြဲတမ်းလိုလို hoodie တွေကိုဝတ်လေ့ရှိတယ်လို ႔သူမကဆိုပါတယ်။ ဒါပေမယ့် hoodie တွေကသူမရဲ ႔အကြိုက်ဆုံးဖက်ရှင်ပါ။ သူမဖက်ရှင်ကိုကြည့်လိုက်ရင်များသောအားဖြင့် ဘောင်းဘီကို အလေးထားဝတ်တာတွေ ႔ရပြီး ဘောင်းဘီနဲ ႔ sweatshirt , hoodie စတာတွေနဲ ႔တွဲဝတ်လေ့ရှိတာတွေ ႔ ရပါတယ်။ မိန်းကလေးသိပ်မဆန်တဲ့စတိုင်ကို များသောအားဖြင့်ဝတ်တတ်တဲ့သူမရဲ ႔ အသည်းစွဲ ဖိနပ်ကတော့ sneaker အဖြူပါ ညစ်ပေပြီးပျက်စီးတဲ့အခါ လဲဝတ်ဖို ႔ပုံစံတူကို ၂ရံ ဝယ်ထားပြီးအမြဲလိုလို စီးတတ်တယ်လို ႔လည်းပြောထားပါတယ်။ နောက်ထပ်ဝတ်လေ့ရှိတဲ့Thigh-highs ဖိနပ်တွေကိုလည်း long coat တွေ long hoodie တွေနဲ ႔သာတွဲလေ့ရှိတာကိုတွေ ႔ရပါတယ်။ Photo shoot နဲ ႔Runway တွေ မှာသာဝတ်လေ့ရှိပြီးပုံမှန်ဆို သိပ်ဝတ်လေ့မရှိသူပါ။ နောက်ပြီးသူမဗီဒိုထဲမှာအများစုနေရာယူနေတတ်တာကတော့ crop top အက်ၤီႌတွေပါ။ ဘယ်လို ဘဲ hoodie ကိုတွေ ့ပါစေသူမကိုယ်တိုင်အတိုဖြတ်ပြီး crop top အနေနဲ ႔ဝတ်လေ့ရှိသူလို ႔ ဆိုထားပါတယ်။ အဲ့တာကပိုမိုက်ပြီး ဗိုက်သားကိုပေါ်လွင်စေတဲ့အပြင် 90s fashion ဆန်တာကြောင့်လို ႔Footwear News မှာသူမဖက်ရှင်နဲ ႔ပတ်သတ်ပြီးအခုလိုပြောထားပါတယ်။ အမြဲလိုလို လွတ်လပ်ပေါ့ပါးတဲ ႔ဖက်ရှင်တွေကိုသူမစိတ်ကြိုက်ဝတ်လေ့ရှိပြီး အထာကျနေတဲ ႔သူမရဲ ႔ဒီနှစ်ထဲဘယ်လိုလေးတွေဝတ်လဲဆိုတာသိဖို ႔ဝေမျှပေးလိုက်ပါတယ်နော်။



Loading More post