ရန်ကုန်မှာ Fashion Outlet တွေများစွာ ဖွင့်လှစ်ထားတဲ့ Penshoppe က ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း Port Autonomy မှာ ခမ်းနားတဲ့ Party ပွဲ တစ်ပွဲကို MODA Fashion Magazine ပူးပေါင်းပြီး ဖန်တီးပေးလိုက်ပြန်ပါပြီ။ ဒီပွဲကို တော့ နယ်ပယ်အသီးသီးမှ နာမည်ကျော် လူငယ်များ၊ Influencer များ၊ အနုပညာရှင်များ၊ Penshoppe ရဲ့ ပရိသတ်များစုံလင်စွာတက်ရောက်ခဲ့ကြသလို ဒီပွဲရဲ့ ထူးခြားချက်က သမားရိုးကျပွဲကြီးတွေလို မဟုတ်ပဲ အားလုံး ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွင် Chill လို့ရတဲ့ Atmosphere ကို ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ ဒီထက်အထူးခြားဆုံးကတော့ ပွဲကို တက်ရောက်လာကြတဲ့ လူငယ်တွေရဲ့ ဖက်ရှင်တွေပဲဖြစ်ပါတယ်။ အားလုံးဝတ်ဆင်လာကြတဲ့ ဖက်ရှင်တွေက အားလုံးမိုက်ပြီး ဂေါ်နေတာမို့ ဒီပွဲကနေလည်း လက်ရှိလူငယ်တွေကြားမှာ ခေတ်စားနေတဲ့ ဖက်ရှင် Trend နဲ့ ခေတ်ရေစီးကြောင်းကို လေ့လာနိုင်တာတော့ အမှန်ပဲနော်။
International လူငယ်တွေရဲ့ Party Vibe အတိုင်းဖန်တီးထားတဲ့ဒီပွဲမှာ Stranger Things နဲ့ StreetFashion တွေကို အဓိက Highlight လုပ်ထားပေမယ့် တခြားမတူညီတဲ့ Fashion Vibe တွေကို မြင်တွေ့ရမှာပါ။ ဒါပေမယ့်တူညီတာတစ်ခုကတော့ အားလုံးက မိမိကိုယ်ပိုင် စတိုင်ကိုယ်စီနဲ့ အထာကျနေတာပါပဲ။ Street Fashion ရဲ့ အဓိက ဇာတ်ကောင်တွေဖြစ်တဲ့ Oversized Jacket တွေ၊ Hoodie တွေ နဲ့ Basic T-Shirt တွေကို အထာကျကျ ဝတ်ဆင်ခဲ့ကြပါတယ်။ နောက်ပြီး Puffy ဖြစ်တဲ့ Bomber Jacket တွေနဲ့ Leather Jacket တွေကို အဝတ်များတာတွေ့ရသလို ကာလာအားဖြင့်ဆိုလည်း အရောင်ဖျော့ဖျော့တွေထက် Bold and Vibrant ဖြစ်တဲ့ အရောင်တောက်တောက်တွေ၊ Neon ကာလာတွေနဲ့ အနက်ရောင်တွေကို ပိုမိုရွေးချယ်လာကြပါတယ်။ တစ်နည်းအားဖြင့် ဒါကလည်းလာမယ့် 2020 ရဲ့ Upcoming Trend ကာလာတွေကို အရိပ်အမြွက်ပြနေသလိုပါပဲ။ ဖိနပ်ဆိုရင်လည်း Leather Boots၊ Chunky Sneaker နဲ့ White Sneaker တွေက စိုးမိုးထားပါတယ်။ နောက်ထပ် တွေ့ရအများဆုံးကတော့ Bold Stripes တွေပါ။ Htet Htet Htun၊ Kare၊ Thin Thae Bo နဲ့ Bella တို့ Stripe လေးနဲ့ Casual ဆန်ဆန်လေးမိုက်နေတာကို တွေ့ရပါတယ်။ ဒီပွဲမှာ Streetstyle တွေနဲ့ပဲ မိုက်နေကြတာတော့ မဟုတ်ဘူးနော်။ Myat Noe Chit၊ May Toe Khine၊ Nida Taylor နဲ့ Kate Lwin တို့ိလို့ မိန်းကလေးဆန်ဆန် Floral လေးတွေ၊ Ruffled Dress လေးတွေနဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးတွေလည်းရှိပါတယ်။ Accessory အားဖြင့်ဆိုလည်း Bennies လေးတွေနဲ့ Chain Necklace လေးတွေက Highlight ဖြစ်ခဲ့ပါတယ်။ ကဲဒီလောက်ဆို Penshoppe X MODA Influencer’s Party ကသွက်လက်တဲ့ ဖက်ရှင်ပုံရိပ်တွေကို ခံစားကြည့်လိုက်ပါဦးနော်။