×
Style Note

မိန်းကလေးတွေရဲ့ Hot Pick ဖြစ်လာပြန်တဲ့ Scrunchie Trend

အမိုက်စား Scrunchie လေးတွေပါရနိုင်တဲ့ Local Brand တွေလည်းပါတယ်နော်

by May Shoon

July 9, 2020

2020 ရဲ့ အမိုက်စား Trend တစ်ခုကို အမှီလိုက်ဖို့ ဆို Scrunchie လေးတွေက မပါမဖြစ်ထိပ်ဆုံးကပါနေမှာနော်။ 80's / 90's မိန်းကလေးတိုင်းရဲ့ ဆံနွယ်လေးတွေမှာ၊ လက်ကောက်ဝတ်လေးတွေမှာ အမြဲရှိနေတဲ့၊ It-Girl လေးတွေ အမြဲဝတ်ဆင်နေကြတဲ့ Scrunchie တွေက အခုချိန်မှာတော့ Celebrity တွေ၊ Streetstyle Star တွေ၊ Influencer တွေရဲ့ မရှိမဖြစ် Accessories တစ်ခုအဖြစ်ပါနေရာယူလာပါပြီ။ Fashion statement တစ်ခုလိုတောင်ဖြစ်လာတာမို့ သင်ကိုယ်တိုင်ကလည်း Aesthetic Vibe တွေ၊ VSCO Girl Look တွေကို ကြိုက်နှစ်သက်သူဆိုရင်တော့ ခေါင်းစည်းကြိုး Scrunchie လေးတွေကမရှိမဖြစ်လိုအပ်တယ်နော်။
ပြီးတော့ ဆံပင်ရှည်တဲ့သူတွေမှ မဟုတ်ပါဘူး။ ဆံပင်တိုတဲ့သူတွေလည်း Scrunchies လေးတွေကို စည်းလို့ရပါတယ်။ တကယ်လို့ Scrunchies လေးတွေနဲ့ Style ထုတ်တော့မယ်ဆိုရင် Styling လုပ်လို့ရတဲ့ Tips လေးတွေကို ဖော်ပြပေးလိုက်တယ်နော်။
ဒီမှာလည်း အရမ်းချစ်စရာကောင်းတဲ့ Scrunchies လေးတွေကို ရွေးချယ်ဝယ်ယူလို့ရတဲ့ Local Scrunchie Brand လေးတွေကိုလည်း စုစည်းပေးလိုက်ပါတယ်။
ကဲ Scrunchies လေးတွေနဲ့ အထာကျကျ Style ထုတ်ကြည့်ရအောင်


ဆံပင်ကို အရမ်းတင်းတင်းမြင့်မြင့် Ponytail တွေစည်းရတာ ခေါင်းကိုက်တတ်သူဆိုရင်တော့ အခုလိုအနောက်ကို ဒီလို Loose ပုံစံလေးပဲချည်ထားတာက ရိုးရိုးလေးနဲ့ အထာကျပါတယ်။ Plain Outfit လေးတွေ Minimalist ဆန်ဆန် အတွဲအစပ်လေးတွေဖြစ်တဲ့ Jeans တို့ White Shirt၊ Black Top လေးတွေနဲ့ဆိုပိုပြီး လိုက်ဖက်ပါတယ်။


Ponytail ကတော့ မိန်းကလေးတိုင်း စည်းတဲ့သူတိုင်းကို ဆွဲဆောင်မှုရှိတဲ့ Look ကိုပေးနိုင်ပါတယ်။ High Ponytail လေးစည်းတာမို့ Bold ဖြစ်တဲ့ Scrunchie လေးတွေဆိုပိုမိုက်ပါတယ်။


Scrunchie ကို တစ်ဝက်လေးစုချည်ထားတာကလည်း 90's Vibe ဆန်ဆန် IT Girl လေးလို မိမိုက်နေစေပါတယ်။ ဒီလိုဆံပင်လေးတွေဆိုရင်တော့ Crop Top လေးတွေ၊ Mini Skirt လေးတွေနဲ့တွဲဝတ်ကြည့်နော်။


ဆံပင်ကို စည်းတာထက် အကုန်အပြာင်သိမ်းရတာကြိုက်တယ်ဆိုတဲ့ ညီမလေးတွေအတွက် အခုလို Knot Hairstyle လေးတွေက ပိုပြီးလိုက်ဖက်မှုရှိမှာပါ။ အမြင့်လည်းထုံးလို့ရသလို ခပ်နိမ့်နိမ့် Loose ပုံစံလေးထုံးထားရင်လည်း Formal ဆန်ပေမယ့် ချစ်စရာကောင်းပါတယ်။


အားလုံးကြားမှာ Trend ဖြစ်နေတဲ့ Jumbo Scrunchie တွေကလည်း သင့်ရဲ့ ဖက်ရှင်ကို နဂိုထက်ပိုပြီး ထင်ပေါ်သွားအောင် Highlight လုပ်ပေးနိုင်ပါတယ်။ Outfit ကအရမ်းပဲရိုးနေပါစေဦးတော့၊ အဲ့ Jumbo Scrunchie တွေနဲ့ဆို အထာကျပြီးသားပဲ။

 


Four Degree Studios by Ydn Naing Win
Scrunchie ကိုမှ Fashionable ဖြစ်သလို အထာလည်းကျစေတာကတော့ ခပ်ကြီးကြီး Jumbo Scrunchie တွေပါ။ အဲ့လို ဖက်ရှင်ကျကျ Scrunchie တွေကို ဒီဇိုင်နာ Ydn Naing Win ဆီမှာမှာယူလို့ရပါတယ်။ Plain Color တွေရောင်စုံရှိသလို Size ကိုလည်း ကိုယ်နှစ်သက်ရာ Small၊ Medium နဲ့ Large ဆိုပြီးရှိပါတယ်။

Shop now at https://www.facebook.com/ydn.naingwin


Lara's Bands
Aesthetic ဆန်ဆန် Print လေးတွေ၊ Pattern လေးတွေနဲ့ ချစ်စရာကောင်းတဲ့ Scrunchie လေးတွေကို Lara’s Bands မှာ စုံလင်စွာဝယ်ယူနိုင်ပါတယ်။ Collection အသစ်တွေကလည်း အမြဲထွက်နေတာဆိုတော့ TikTok Girls လေးတွေလည်း အကြိုက်ပေါ့။

Shop now at https://www.facebook.com/myatlaratun/

 

HANA Scrunchies
HANA Scrunchies မှာတော့ မိန်းကလေးတိုင်းသဘောကျမယ့် Scrunchie ဒီဇိုင်းလေးတွေအများကြီးရှိတဲ့အပြင် Ribbon Clip လေးတွေလည်းရှိတာမို့ အရမ်းအဆင်ပြေပါတယ်။ အဲ့အပြင် ခေတ်စားနေတဲ့ Organza အသားနဲ့ Scrunchie တွေလည်းရှိပါတယ်။

Shop now at https://www.facebook.com/Scrunchieslover/

 

Alchemy Clothing
Trending ဖြစ်တဲ့ Outfit တွေ၊ Cute Vintage Dress လေးတွေကို ချုပ်လုပ်ပေးတဲ့ Alchemy Clothing မှာလည်း အမိုက်စား Print စုံ Color စုံ Scrunchie လေးတွေကို ဝယ်ယူနိုင်ပါတယ်။

Shop now at https://www.facebook.com/avantikaoutfits/

, , , ,
Style Note

Staycation သွားတဲ့အခါ အမိုက်ဆုံးဖြစ်နေဖို့ ဘယ်လို Outfit တွေဝတ်ရမလဲ

ဓာတ်ပုံရိုက်တဲ့အခါမိမိုက်နေဖို့ကအရေးကြီးတယ်

by May Shoon

January 14, 2021

  အခုလိုအချိန်တွေ Covid-19 သာမရှိရင် ခရီးတွေထွက်လိုက်၊ အပြင်တွေသွားလိုက်နဲ့ ဖလန်းဖလန်းလုပ်လို့ရမှာနော်။ အခုတော့ Covid Cases တွေကဆက်ရှိနေဆဲမို့ အနားယူအပန်းဖြေချင်တဲ့ ကိုကိုမမတို့အတွက် သူငယ်ခင်းတွေ၊ မိသားစုတွေနဲ့အတူတူ ကိုယ့်မြို့ထဲမှာပဲရှိတဲ့ နာမည်ကြီး Hotel တွေမှာ Staycation သွားနေကြတာကလည်း Trend တစ်ခုလိုဖြစ်လာပါတယ်။ အခုလို Vacation တွေမသွားရတဲ့အခါ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်တွေကစလို့ အသက်အလတ်ပိုင်း အရွယ်တွေအထိ သူငယ်ချင်းတွေနဲ့ Hotel Staycation တွေသွားတာက စိတ်အပန်းပြေသလို ပျော်စရာလည်းကောင်းပါတယ်။ ဒါပေမယ့် ကျန်းမာရေး Procedure တွေကို စနစ်တကျလိုက်နာပြီး ကျပ်ကျပ်မတ်မတ် စိစစ်တဲ့ Hotel ဖြစ်ဖို့တော့လိုတာပေါ့။
မိန်းကလေးတွေအတွက်ကလည်း Staycation သွားပြီဆိုရင် မလုပ်ဖြစ် အရာတွေထဲမှာ ဓာတ်ပုံရိုက်တာက ထိပ်ဆုံးကပါတာပေါ့။ အမိုက်စားရှုခင်းနဲ့ View တွေ၊ ချစ်စရာကောင်းတဲ့ အခန်းအပြင်အဆင်တွေနဲ့ Poolside တွေက ဓာတ်ပုံမရိုက်လို့ဘယ်ဖြစ်မလဲ။ ဒါပေမယ့် ကင်မရာနဲ့ပဲရိုက်ရိုက်၊ ဖုန်းနဲ့ပဲရိုက်ရိုက် ကိုယ့်ရဲ့ Staycation Outfit ကလည်း ဖက်ရှင်ကျနေဖို့အရေးကြီးတယ်လေ။ ဒါမှလည်း ဓာတ်ပုံတွေရိုက်တဲ့အခါ ကိုယ်ကအားလုံးထက်ပေါ်လွင်ပြီးလှနေမှာပေါ့။ ဒီတော့ ခပ်ပွပွ စပန့်သား Pyjamas တွေဝတ်မယ့်အစား ဒီ အဝတ်အစားလေးတွေကသင့်ကို အမိုက်ဆုံးဖြစ်နေစေမှာနော်။


Bath Robe
Bath Robe ဆိုလို့အထင်မသေးလိုက်နဲ့နော်။ Instagrammic ဆန်ဆန် Bathroom ထဲကပုံတွေရိုက်ချင်ရင် အပေါ်ကနေ Bath Robe လေးသာဝတ်ပြီး ရေချိုးခန်းမှန်မှာ စိတ်ကြိုက် Pose ပေးပေတော့။ သဘာဝဆန်သလို အထာလည်းကျတာမို့ Model တွေအများစုမှာလည်း ဒီလို Photo မျိုးကိုတွေ့ရတာနော်။


Satin Nightwears
ကဲသူငယ်ချင်းတွေနဲ့ ညဖက် အိပ်ရာလှလှလေးနဲ့ ဓာတ်ပုံရိုက်တော့မယ်ဆိုရင်တော့ ဒီလို ပိုးသားပျော့ပျော့နဲ့ ညဝတ် Night Wears လေးတွေက အသင့်တော်ဆုံးပဲနော်။ ချစ်စရာကောင်းသလို Girls Slumber Party လို Vibe လေးကိုလည်း ရရှိစေတယ်လေ။


Cozy Sweatshirts
Hotel Staycation တွေသွားလည်း Style က မိမိုက်နေမှကြိုက်တယ်ဆိုတဲ့မမတို့အတွက် Lounge မှာဖြစ်ဖြစ်၊ ကိုယ့်အခန်းထဲမှာဖြစ်ဖြစ် Oversized Sweatpants လေးတွေကို Ripped Jeans လေးတွေ၊ Denim Shorts လေးတွေဝတ်၊ Cap လေးဆောင်း၊ Chunky Sneaker လေးစီးပြီး အထာကျကျ Pose ပေးလို့ရပါပြီ။


Sport Bras and Sweatpants
Sporty Style ကောင်မလေးတွေအတွက်ကလည်း Sport Bra နဲ့ Sweatpants ကရိုးရိုးလေးပေမယ့် Casually ဖက်ရှင်ကျပါတယ်။ ဒီတိုင်းရိုက်တာမပြောနဲ့ Mirror Selfie ရိုက်ရင်တောင်လှနေမှာ။ Gym ဆော့တဲ့သူတွေဆိုလည်း ကိုယ့်ရဲ့အမိုက်စား Body ကိုထုတ်ကြွားလို့ရတာပေါ့။


Sexy Dinner Dress
Staycation ပဲဆိုပြီး Hotel ကို Casual Wear နဲ့ ညဝတ်အထည်တွေချည်းပဲယူမသွားနဲ့ဦးနော်။ ညဖက် Dinner စားတဲ့အခါမျိုးမှာလည်း Classy Style လေးနဲ့ ဆိုရင် Photo-Ready ပဲနော်။ Little Black Dress (ဒါမှမဟုတ်) Satin Slip Dress မျိုးလေးဆို အရမ်းကြီး အားထုတ်နေစရာမလိုပဲ ဆွဲဆောင်မှုအပြည့်ရှိနေမှာနော်။


Puffy Blouses
ကဲအဲ့လိုနဲ့ရိုက်တာကုန်သွားပြီလားဆိုတော့ ကျန်သေးတယ်နော်။ Hotel မှာ High-Tea သွားသောက်သူလေးတွေအတွက်လည်း ရှိပါသေးတယ်။ မိန်းကလေးဆန်ဆန် Day-Dreaming ဖြစ်တဲ့ Puffy Blouses လေးတွေ၊ Floral Print Dress လေးတွေနဲ့ Midi Dress လေးတွေကတော့ ဓာတ်ပုံထဲမှာ Princess လေးလို ချစ်စရာကောင်းနေစေမှာပါ။

 

 

 

 

 

 

 

, , ,

Style Note

ဘောင်းဘီတိုလေးတွေကို ကြည့်ရမရိုင်းပဲ အထာကျနေအောင် ဘယ်လိုဝတ်မလဲ

ဒီလိုလေးတွေဆို ချစ်စရာလည်းကောင်း

by JN Ja Seng Pan

January 12, 2021

ပြောလို့ ပြောတာမဟုတ်ဘူးနော်။ အတိုလေးတွေက ပိုပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ နေလို့ထိုင်လို့ ကောင်းစေတာအမှန်ပဲ။ ကိုယ်တွေ မြန်မာနိုင်ငံလို ရာသီဥတုမှာ ဖရိုဖရဲရှည်ရှည်လျားလျားတွေ တစ်ချိန်လုံး ဝတ်ထားဖို့က သိပ်တော့ အဆင်မပြေလှဘူးလေနော်။ အရပ်ပုတဲ့ကောင်မလေးတွေဆိုအတွက်ဆို Short လေးတွေက ခန္ဒာကိုယ်အချိူးအစားကို ဘယ်လိုဆန့်ထုတ်ပေးလဲဆိုတာ ပိုသိမှာ။ ဒါပေမယ့် အတိုတွေ ဝတ်လို့ အိမ်က ဆူနေပြီလား။ လူကြီးတွေရှေ့မှာ အမြင်မရိုင်းပဲ အဆင့်အတန်းရှိရှိလှနိုင်ဖို့ ဒီလို Outfit Idea လေးတွေနဲ့ သက်သေပြလိုက်ရအောင်။


Blazer

ခပ်ပွပွ လီနင်သား ဘောင်းဘီတိုလေးတွေကို Blazer လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ပုံမှန် Suit တွေထက် ပိုပြီး လူငယ်ဆန်စေတဲ့အပြင် Classic လည်းဖြစ်တာမို့ အတိုဝတ်ထားလည်း Smart ဖြစ်နေရောပဲ။ အောက်ကနေ Sneaker အဖြုလေးဖြစ်ဖြစ်၊ Heel လေးနဲ့ ဖြစ်ဖြစ် ကိုယ်သဘောကျတဲ့ပုံစံ ပြန်တွဲစပ်နိုင်တယ်နော်။


Turtle Neck

အောက်က အတိုလေးဝတ်ထားဖို့ အပေါ်ကနေ ဒီလို လည်ပင်းအပိတ် လည်ရှည်အင်္ကျီလေးနဲ့ ပြန်ထိန်းလိုက်ပါ။ ကြည့်ရမရိုင်းတဲ့အပြင် ခပ်မိုက်မိုက် အထာလည်းဖြစ်စေတာမို့ Try ကြည့်သင့်တဲ့ အတွဲအစပ်လေးပါ။


White Tee

ဂျင်းပြာနဲ့ အဖြုရောင် တီရှပ်ဆိုတာက ဘယ်တော့မှ မရိုးသွား၊ မဟောင်းသွားမယ့် Outfit Look လေးပါ။ ပေါ့ပေါ့ပါးပါး သူငယ်ချင်းတွေနဲ့ တွေ့တဲ့အချိန်မျိုးဖြစ်ဖြစ်၊ ကိုယ် သိပ်ပြီး အလှမပြင်ချင်တဲ့အချိန်မျိုးတွေမှာ ရှိုးထုတ်စရာမလိုပဲ အမိုက်စားဖြစ်နေစေမှာပါ။


Shirt


ခုနောက်ပိုင်း ခေတ်စားလာတဲ့ Floral Shirt ကနေ ရိုးရိုးရှင်းရှင်း White Shirt တွေနဲ့ပါ တွဲစပ်နိုင်တယ်နော်။ ကြည့်လိုက်တိုင်း ဈေးကြီးတဲ့ပုံစံပေါက်စေတဲ့အပြင် အချိန်အခါတိုင်းနဲ့ လိုက်ဖက်လို့ ဘာဝတ်ရမလဲ ခေါင်းကိုက်နေစရာမလိုတော့ဘူးပေါ့။

, ,

Style Note

ရိုးရိုးလေးနဲ့ထင်းနေအောင်လှမယ့် ဖက်ရှင်အတွဲအစပ်(5)မျိုး

အရမ်းကိုချစ်စရာကောင်းနေမှာ

by Randy Win

January 11, 2021

မိန်းကလေးတွေအတွက် ဖက်ရှင်ဆိုတာ လှပဖို့တစ်ခုတည်းအတွက်သာမကဘဲ သက်တောင့်သက်သာရှိဖို့နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေဖို့အတွက်ပါ ထည့်စဉ်းစားသင့်တဲ့အရာတစ်ခုပါ။ ခေတ်ရေစီးကြောင်းအလိုက် ဖက်ရှင်နဲ့ပတ်သက်တဲ့ အယူအဆတွေ ရှုမြင်ပုံတွေပြောင်းလဲသွားပေမယ့်လည်း အမြဲတမ်း မပြောင်းလဲပဲရှိနေမယ့်အချက်တစ်ခုကတော့ ကိုယ်ရွေးချယ်၀တ်ဆင်လိုက်တဲ့ဖက်ရှင်ဟာ ကိုယ့်နဲ့လိုက်ဖက်ညီတဲ့အတွဲအစပ်ဖြစ်နေဖို့ပါပဲ။ဒါကြောင့် မိန်းကလေးတွေအတွက် ဖက်ရှင်ကျလှပဖို့ စဉ်းစားရာမှာ အရေးပါဆုံးအခန်းကဏ္ဍကနေပါ၀င်နေမယ့် ဖက်ရှင်ကျကျတွဲစပ်၀တ်ဆင်ခြင်းနဲ့ပတ်သက်ပြီး ကိုယ်နဲ့လိုက်ဖက်သင့်တော်ရာကို ရွေးချယ်နိုင်ဖို့အတွက် အာရှတစ်လွှားကမိန်းကလေးတွေကြားမှာ ရွေးချယ်မှုများနေတဲ့ ရိုးရှင်းပေါ်လွင်တဲ့ ဖက်ရှင်အတွဲအစပ်လေးတွေကို ရွေးချယ်စုစည်းဖော်ပြပေးလိုက်ပါတယ်။

Midi Skirt နဲ့ T shirt

Midi Skirt နဲ့ တီရှပ်အတွဲအစပ်ဟာ ရိုးစင်းသလောက် ပေါ့ပေါ့ပါးပါးနဲ့ ဖက်ရှင်ကျစေတဲ့ ချစ်စရာအတွဲအစပ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ထသွားထလာအတွက်လည်းအဆင်ပြေသလို ရုံးသွားကျောင်းသွားအတွက်ပါ သင့်လျော်ပြီး လူငယ်ဆန်ဆန် လှပတက်ကြွတဲ့အသွင်ကိုရရှိစေမှာပါ။ ရာသီဥတုအလိုက် အပေါ်ကတီရှပ်အစား pullover , sweater လေးတွေနဲ့လည်း အလိုရှိသလို ပေါင်းစပ်၀တ်ဆင်နိုင်ပြီး ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်ရဲ့ type ကို ပိုပေါ်လွင်စေပါလိမ့်မယ်။

Sweater အောက်က Shirt

ခုတလောခေတ်စားနေတဲ့ pullover တို့ ၊ဆွယ်တာတို့ ၊Vest တို့အောက်မှာ shirtအင်္ကျီကို ကော်လာလေးအပြင်ထုတ်ပြီး၀တ်တဲ့ဖက်ရှင်ကို တော်တော်များများသတိထားမိကြမှာပါ။ အဲဒီလို shirt နဲ့pullover ဖက်ရှင်လေးမှာမှ Tennis skirtလို့ခေါ်တဲ့ Pleated mini skirt လေးကိုပေါင်းစပ်လိုက်မယ်ဆိုရင် Vintage ဆန်ဆန်တဲ့ ချစ်စရာကောင်းပြီး ရိုးရှင်းပေါ်လွင်တဲ့ ဖက်ရှင်အတွဲအစပ်လေးကိုရနိုင်ပါတယ်။ ရာသီဥတုပူလို့နှစ်ထပ်မ၀တ်နိုင်ဘူးဆိုရင် တချို့ online shop တွေမှာရောင်းနေတဲ့ fake shirt collar လေးတွေရှာ၀ယ်ပြီး ၀တ်ဆင်လို့ရပါတယ်။

Crop Top နဲ့ Jean Pant

ကိုယ့်ဘော်ဒီအချိုးအစားနဲ့ပတ်သက်လို့ သိပ်စိတ်တိုင်းမကျဘူးဆိုရင်တောင်မှ ယုံကြည်မှုရှိရှိ လှပနေစေမယ့် အတွဲအစပ်ကတော့ Puffy ဖြစ်တဲ့ Crop top အင်္ကျီမျိုးလေးတွေနဲ့ Jean pant တွေကို ပေါင်းစပ်၀တ်ဆင်တဲ့ဖက်ရှင်မျိုးပါပဲ။Jean pant ကိုတော့ ကိုယ်နဲ့လိုက်ဖက်မယ့် slim fit ကစလို့ အောက်ကား wide leg pant တွေအထိ သင့်တော်သလို ရွေးချယ်နိုင်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်အပေါ်ယုံကြည်မှူအပြည့်ရှိတယ်ဆိုရင်တော့ Crop top ခပ်ကြပ်ကြပ်လေးတွေနဲ့ အောက်ကားဘောင်းဘီလေးတွေ တွဲ၀တ်နိုင်ပါတယ်။ နုပျိုမှုကော smart ကျလှပမှုကြားမှာပါ လိုသလို ချိန်ညှိနိုင်တဲ့ ဖက်ရှင်ဖြစ်တာကြောင့် သင်တန်းသွား၊ကျောင်းသွားကစလို့ ရုံးတက် နဲ့ home party တွေအထိ ပေါ့ပေါ့ပါးပါး၀တ်ဆင်နိုင်မယ့် ဖက်ရှင်မျိုးပါ။

Cami dress

ရိုးရိုးရှင်းရှင်းနဲ့ ချစ်ဖို့ကောင်းတဲ့ဖက်ရှင်ကို၀တ်ဆင်ချင်တယ်ဆိုရင်တော့ Cami dress လေးတွေကို အောက်က လိုက်ဖက်တဲ့အရောင်နုနုအင်္ကျီလေးတွေခံပြီး ၀တ်ဆင်တဲ့ပုံစံကိုရွေးချယ်သင့်ပါတယ်။ ပိုပြီးမိန်းကလေးဆန်ဆန် နုပျိုတဲ့အသွင်ကိုရချင်ရင်တော့ အပေါ်ထပ်ဂါ၀န်ကို floral printed လေးတွေကစလို့ pastel color ခပ်နုနုလေးတွေအထိရွေးချယ်နိုင်ပြီး သိပ်မိန်းကလေးဆန်တာမျိုးမကြိုက်ဘူးဆိုရင်တော့ အနက်ရောင်နဲ့နက်ပြာရောင်လို ခပ်ရင့်ရင့်အရောင်တွေသုံးပြီး နှစ်သက်သလို တွဲဖက်၀တ်ဆင်နိုင်မှာပါ။

Crop top နဲ့ Mini Skirt

Crop top လေးတွေကို mini skirt အကြပ်လေးတွေနဲ့ တွဲဖက်၀တ်တဲ့ပုံစံမျိုးကတော့ လူငယ်တွေနဲ့ပိုပြီးသင့်တော်သလို နုပျိုမှုနဲ့ မိန်းမသားဆန်မှုတွေကို ပေါင်းစပ်ဖော်ညွှန်းနေစေမယ့် ဖက်ရှင်အတွဲအစပ်လည်းဖြစ်ပါတယ်။ Crop top ကိုမှ လက်တို လက်ရှည်အထူအပါး သင့်တော်သလိုရွေးချယ်နိုင်ပြီး အရောင်ကိုလည်း ကိုယ်ကျွမ်းကျင်သလို တွဲစပ်ကစားလို့ရပါတယ်။ အဲဒီထက်ပိုပြီး ရင့်ကျက်တဲ့ပုံမျိုးလေးလည်းပေါက်ချင်တယ် ရာသီဥတုပေါ်မူတည်ပြီးအပေါ်ထပ်လေးနဲ့လည်း၀တ်ချင်တယ်ဆိုရင်တော့ ဆွယ်တာအပါးလေးတွေ Cardigan အပါးလေးတွေနဲ့ တွဲဖက်နိုင်ပါသေးတယ်။

Photo Credit to the Rightful Owners

, , , , ,

Style Note

Crop Top နဲ့တွဲဝတ်လို့ အလိုက်ဆုံး Pants နဲ့ Skirt ဖက်ရှင်အမိုက်စားတွေ

ဒီအတွဲအစပ်တွေကတော့ ဘယ်တော့မှ ရိုးမသွားဘူး

by May Shoon

January 9, 2021

  မိန်းကလေးတိုင်းရဲ့ Closet ထဲမှာ Crop Top လေးတွေကတော့ အနည်းနဲ့ အများရှိကြမှာပါ။ မိန်းကလေးတိုင်းရဲ့ Essential Clothes တွေထဲမှာ Crop Top တွေကလည်း မရှိမဖြစ်ပါဝင်တယ်လေ။ Crop Top လေးတွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတယ်။ နေရာအချိန်မရွေးလည်း ဝတ်ရတာအဆင်ပြေတယ်လေ။ အခုခေတ်ရေစီး Trend အရလည်း Crop Top လေးတွေက Never Go Out of Style ဖြစ်နေတာမို့ အမိုက်ဆုံးဖက်ရှင်တွေတွဲဖက်တတ်ဖို့လည်း အရေးကြီးတယ်နော်။ Crop Top လေးတွေက Jeans၊ Pants၊ Skirt တွေတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ ဒါပေမယ့် Crop Top ကို ကိုယ့် Style နဲ့ ကိုယ်အထာကျကျ ဝတ်ချင်တယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ Pants၊ Skirt အတွဲအဖက်လေးတွေကိုတော့ ဦးစားပေးရွေးချယ်ကြည့်တယ်နော်။
ကဲ ချစ်စရာကောင်းတဲ့ Crop Top နဲ့ အလိုက်ဖက်ဆုံး Pants နဲ့ Skirt တွေက ဘယ်ဟာတွေဖြစ်မလဲကြည့်လိုက်ရအောင်။


Crop Top and Wide Leg Jeans
Crop Top နဲ့အလိုက်ဆုံး Jeans တွေက ဘယ် Jeans တွေလဲလို့ဆိုရင် အဖျားကို ကျယ်သွားတဲ့ Wide Leg Jeans တွေကိုပဲညွှန်းရမှာပါ။ ဒီ အတွဲအဖက်က ဘယ်လိုအသားအရေပိုင်ရှင်နဲ့ဖြစ်ဖြစ်၊ ဘယ်လို Body Shape နဲ့ဖြစ်ဖြစ်၊ ဘယ်လို နေရာပဲသွားသွားလိုက်လျောညီထွေဖြစ်ပြီး Style ကျနေစေမယ့် အတွဲအစပ်လေးမို့လို့ပါ။ Wide Leg Jeans လေးတွေက ဘယ်လို Crop Top မျိုးနဲ့ဝတ်ဝတ်ဖက်ရှင်ကျပြီး Style ကိုလည်း အမျိုးမျိုးပြောင်းလဲဝတ်ဆင်ကြည့်လို့ရတယ်လေ။


Crop Top and Mini Skirts
Mini Skirt လေးတွေက ဘယ်သူဝတ်ဝတ် Instagram/TikTok Girl လေးတွေလို ချစ်စရာကောင်းသွားစေပါတယ်။ Crop Top တွေကို Mini Skirt လေးတွေနဲ့ တွဲဝတ်လိုက်တဲ့အခါ Casual ဆန်ဆန်လေးမိုက်နေစေသလို အခုခေတ်စားနေတဲ့ Aesthetic Vibe ကိုလည်းပေးနိုင်တယ်လေ။ ဒီလို Look လေးကိုဆိုရင် 90's Shoulder Bag လေးနဲ့ Headbands လေးတပ်လိုက်ရင် လုံးဝ Artsy Girl လေးပဲနော်။


Crop Top and Suits
Crop Top ကို Casual Style မဟုတ်ပဲ နည်းနည်းဆန်းဆန်းပြားပြားလေးဖြစ်အောင်ဝတ်ကြည့်ချင်တယ်ဆိုရင် အမိုက်စား Oversize Suit လေးတွေနဲ့သာ တွဲဝတ်ကြည့်လိုက်ပါ။ ဒီလိုပုံစံလေးက ပွဲနေပွဲထိုင်တွေ၊ အခမ်းအနားတွေအထိဝတ်ဆင်လို့တင့်တယ်ပြီး Fashion Week တွေမှာ Fashionista တွေဝတ်လေ့ရှိတဲ့ Trend လို့လည်းပြောလို့ရပါတယ်။ ကာလာကိုလည်း အဖြူအမည်းကရိုးတယ်ဆိုရင် Nude နဲ့ Pastel ကာလာလေးတွေဆိုရင်လည်း မိုက်ပါတယ်။


Crop Top and Slip Midi Skirts
ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်အသွင်ဖြစ်သွားဖို့က Crop Top ကို Slip Midi Skirt လွင့်လွင့်လေးတွေက မရှိမဖြစ်လိုအပ်တယ်နော်။ ခရီးသွားတဲ့ အခါတွေ၊ Brunch Date တွေနဲ့ ပေါ့ပေါ့ပါးပါး Hang Out လုပ်တဲ့အခါ ဒီ Slip Midi Skirt လေးတွေကို Accessory လေးတွေနဲ့ မိန်းကလေးဆန်ဆန်လေးတွဲဖက်ကြည့်လိုက်နော်။


Crop Top and Track Pants
မိန်းကလေးဆန်တာလည်း မကြိုက်ဘူး။ Sporty ဆန်ဆန် Cozy ဖြစ်တဲ့ ဖက်ရှင်လေးတွေမှ ဝတ်ချင်တယ်ဆိုရင်တော့ Track Pants ကထိပ်ဆုံးက ရွေးချယ်ရမယ့် Pants ပါ။ အခုခေတ်စားနေတဲ့ Hyped Streetwear (ဒါမှမဟုတ်) Sport Casual Style မျိုး ဝတ်ချင်တယ်ဆိုရင်လည်း အပေါ်က Strap Crop Top ၊Cropped Hoodie လေးတွေကို အောက်က Track Pants လေးဝတ်ပြီး Sneaker လေးစီးလိုက်ရင် Look ကလုံးဝ Perfect ပဲ။


Crop Top and Skirt Sets
အခုနောက်ပိုင်း Online Shopping တွေနဲ့ ခပ်မိုက်မိုက် Uptown Girl လေးတွေကို ဒီလို Crop Top Set လေးတွေနဲ့ တွေ့ ရမှာပါ။ ဒီလို Crop Top နဲ့ Skirt Set လေးတွေက ကျန်တဲ့ Outfit တွေလို Matching လုပ်ဖို့လည်းခေါင်းစားစရာမလိုသလို ကိုရီယားမလေးတွေလို ချပ်ချပ်ရပ်ရပ်လေးနဲ့ ချစ်ဖို့ကောင်းနေစေပါတယ်။

 

 

 

 

, , ,

Style Note

ရုံးမသွားမဖြစ်သွားရမယ့်သူများအတွက် ဆောင်းတွင်းရုံးတက်ဖက်ရှင်လေးတွေ

ဖယ်ရီနဲ့သွားလည်း ရှိုးထုတ်သင့်ရင်ထုတ်ရမယ်

by Randy Win

December 26, 2020

သိပ်မအေးလှတဲ့ရာသီဥတုမျိုးကိုပိုင်ဆိုင်ထားတဲ့အရပ်ဒေသတွေအနေနဲ့ မနက်ခင်းစောစောနဲ့ ညနေဘက်တွေမှာအအေးကဲပြီး နေ့ခင်းဘက်ပူအိုက်တဲ့ပြသနာမျိုးရှိတတ်ပါတယ်။ ရုံးတက်ရုံးဆင်းနေရသူတွေအနေနဲ့လည်း ရုံးအသွားနဲ့အပြန်မှာချမ်းပြီး အလုပ်လုပ်နေချိန်မှာ ပူအိုက်နေရတဲ့အဖြစ်မျိုးနဲ့ကြုံရတတ်တာမို့ အနွေးထည်ယူသွားရမလား မယူပဲသွားရမလားဆိုတာမျိုးနဲ့အမြဲ အခက်တွေ့ကြရမှာပါ။ အဲကွန်းရှိတဲ့ရုံးခန်းထဲထိုင်အလုပ်လုပ်ရသူတွေအ‌တွက်အဆင်ပြေပေမယ့် အပြင်လျှောက်သွားပြီးအလုပ်လုပ်နေရသူတွေအတွက်တော့ ရာသီဥတုရဲ့ အပူအအေးမမျှမှူကဘယ်လိုမှအဆင်ပြေစေမှာမဟုတ်ပါဘူး။ ဒါကြောင့် ရာသီဥတုအေးသည်ဖြစ်စေ ပူသည်ဖြစ်စေ နှစ်မျိုးစလုံးနဲ့သင့်တော်ပြီး အဆင်ပြေစမတ်ကျစေမယ့် ဆောင်းတွင်းရုံးတက်ဖက်ရှင်လေးတွေကို ဖော်ပြပေးသွားမှာမို့ အစအဆုံးဖတ်ကြည့်ဖို့မမေ့ပါနဲ့နော်။

Polo Shirt

Retro ဆန်ဆန်လေးလည်းဖြစ်သလို ကြည့်လိုက်တာနဲ့ စမတ်ကျနေစေမယ့် အတွဲအစပ်လေးကတော့ ပိုလိုရှပ်လက်ရှည်တွေကို စတိုင်ပန်ခပ်ပွပွနဲ့တွဲဖက်ဝတ်ဆင်ခြင်းပါ။ ကြည့်ရတာသပ်ရပ်ပြီး အအေးဒဏ်လည်းအတော်အသင့်ခံနိုင်တဲ့ ဖက်ရှင်မျိုးမို့ ဆောင်းတွင်း ရုံးတက်ဖို့အတွက်တော်တော်လေးသင့်တော်ပါတယ်။


Shirt and Denim

မရိုးနိုင်တဲ့အတွဲအစပ်လို့ပြောရမယ့် ရှပ်အင်္ကျီအဖြူ နဲ့ Denim Pant တွဲဖက်ဝတ်တဲ့စတိုင်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရတာလည်းစတိုင်လ်ကျသလို ပျော့ညံ့တဲ့လူတစ်ယောက်အသွင် မဖြစ်စေတာကြောင့် အလုပ်အတွက်အသင့်တော်ဆုံးလို့ဆိုရမှာပါပဲ။

Pullover

Pullover လေးတွေနဲ့ ဂျင်းဘောင်းဘီ slim fit လေးတွေတွဲဝတ်တဲ့ပုံစံက အရမ်းလည်းမိန်းမမဆန်သလို တစ်ထပ်တည်းနဲ့ အအေးဒဏ်လည်းသက်သာစေမယ့်ပုံစံလေးဖြစ်ပါတယ်။ ရုံးမှာ လှုပ်လှုပ်ရှားရှားနဲ့အလုပ်တွေလုပ်ရတဲ့အခါအနှောင့်အယှက်လည်းမပေးသလို ယုံကြည်မှူအပြည့်ရှိတဲ့ပုံပေါက်နေပါလိမ့်မယ်။

Cardigan

ဆွယ်တာအပါးလေးတွေ Cardigan ခပ်ပါးပါးလေးတွေက ‌အအေးဒဏ်ကိုလည်း အထိုက်အလျောက်ကာကွယ်ပေးနိုင်သလို အနွေးထည်မဝတ်တော့ချင်လို့ အိတ်ထဲခေါက်ထည့်ထားရင်တောင် နေရာမယူမယ့်အပေါ်ထပ်မျိုးလေးတွေပါ။ဝတ်လိုက်ရင် စတိုင်လ်ကလည်းကျသေးတယ်ဆိုတော့ ရုံးတက်အတွက်ရွေးချယ်ဖို့ အဆင်ပြေဆုံးပါပဲ။

T shirt and Blazer

တီရှပ်အဖြူလေးတွေနဲ့ တစ်ထပ်ကုတ် blazer ခပ်ပွပွတွေတွဲဖက်ဝတ်တဲ့စတိုင်လ်ကတော့ ဖက်ရှင်လည်းကျ လှလည်းလှတဲ့ဆောင်းရာသီရုံးတက်ဖက်ရှင်လို့ဆိုရမှာပါပဲ။ အပူအအေးနှစ်မျိုးလုံးကိုလည်းအံတုနိုင်သလို အရေးကြီးတွေ့ဆုံပွဲတွေနဲ့ meetingတွေမှာတောင် စမတ်ကျပြီး ယုံကြည်မှူတိုးစေမယ့်ပုံစံမျိုးမို့ သိပ်ကိုရွေးချယ်သင့်တဲ့ရုံးတက်ဖက်ရှင်လေးတစ်ခုပါပဲ။

Photo Credit to the Rightful Owners

, , , ,

Style Note

ဖက်ရှင်ကျတဲ့ မိန်းကလေးတိုင်းမှာရှိထားသင့်တဲ့ အိတ်အမျိုးအစား (၇) မျိုး

ဘယ်အိတ်တွေရှိထားပြီးပြီလဲ

by May Shoon

December 24, 2020

  ပြီးပြည့်စုံတဲ့ Style တစ်ခုရရှိစေဖို့အတွက် Fashion Accessory တွေကိုစဉ်းစားတဲ့အခါ အိတ်တွေကလည်းမရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ သင်ဝတ်ထားတဲ့ အဝတ်အစားတွေအားလုံးကို အပြီးသတ်အနေနဲ့ သင်ကိုင်တဲ့ လက်ကိုင်အိတ်တွေက Polish လုပ်ပေးပါတယ်။ ဒါပေမယ့် Handbag ကိုင်တိုင်း ဖက်ရှင်ကျတာတော့ မဟုတ်ဘူးနော်။ ကိုယ်သွားမယ့်နေရာ၊ ဝတ်ဆင်ထားတဲ့ Outfit နဲ့ လိုက်ဖက်တဲ့ အိတ်ကိုရွေးချယ်ပြီး ကိုင်ဖို့ကလည်းအရမ်းအရေးကြီးပါတယ်။ ကဲဒါဆို မိန်ကလေးတိုင်းနဲ့ လိုက်ဖက်သလို ဖက်ရှင်ကျစေမယ့်၊ ရှိထားသင့်တဲ့ အိတ်အမျိုးအစား တွေက ဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်။


Leather Handbag

မိန်းကလေးတစ်ယောက်မှာ Brand ဟုတ်သည်ဖြစ်စေ၊ Brand မဟုတ်သည်ဖြစ်စေ အရည်အသွေးကောင်းတဲ့ Leather Handbag တစ်လုံးကတော့မရှိမဖြစ်လိုအပ်ပါတယ်။ Leather Handbag လို့ဆိုတဲ့နေရာမှာလည်း အမြင်လှရုံတစ်ခုတည်းမဟုတ်ပဲ၊ ကြာရှည်ခံတာတွေ၊ ကိုယ့်လိုအပ်တာတွေအကုန်ထည့်နိုင်တဲ့ Size တွေ၊ Leather အရည်အသွေးကောင်းပြီး နေရာတိုင်းနဲ့လိုက်ဖက်ဖို့ တွေကိုလည်း ထည့်စဉ်းစားရမှာပါ။


Cross-Body Bag

Leather Handbag ပြီးသွားရင်တော့ အပြင်သွားရင်လွယ်လွယ်ကူကူလွယ်သွားဖို့ အဆင်ပြေတဲ့ Cross-Body Bag လေးတစ်လုံးလောက်လည်း လိုအပ်ပါတယ်။ Cross-Body Bag လေးတွေကတော့ ဟိုနားဒီနား ထသွားထလာဖြစ်ဖြစ်၊ အမိုက်စား Street style တွေနဲ့ဖြစ်ဖြစ် အလိုက်ဖက်ဆုံးပဲ မလား။ Cross-Body Bag တွေကိုရွေးချယ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ Life-Style နဲ့တစ်သားတည်းဖြစ်နေပြီး Comfort ဖြစ်နေစေမယ့်အိတ်ဖြစ်ဖို့ လည်းမမေ့နဲ့နော်။


Clutch

Clutch တွေကတော့ မိန်းကလေးတိုင်းမှာ ရှိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ Special Occasion တွေ၊ Dinner Date တွေကနေ ပေါ့ပေါ့ပါးပါး Casual Style အထိအကုန်အသုံးဝင်တဲ့ အိတ်လေးတွေမို့လို့ပါ။ Plain Clutch လေးတွေဆိုရင် Minimalist Style ရိုးရိုးရှင်းရှင်းလေးနဲ့တောင် အထာကျနေစေမှာပါ။


90's Shoulder Bag

Instagram Star တွေ၊ Tik Tok က Fashionista လေးတွေ၊ Celebrity မမတွေ Social Media ပေါ်မှာ အရမ်းမိုက်ပြီး ဖက်ရှင်ကျနေတဲ့ လျှို့ဝှက်ချက်က Shoulder Bag လေးတွေရဲ့ Style ကျနမှုကြောင့်ပါ။ ဘယ်လို Outfit ပဲဝတ်ဝတ် ဒီ Shoulder Bag လေးတွေနဲ့တွဲဖက်လိုက်ရင် အမိုက်စား Instagramic Look တွေကိုရရှိစေမှာပါ။ အခုအရမ်းခေတ်စားနေတဲ့ Aesthetic Vibe ကိုလည်း အပြည့်အဝပေးနိုင်ပါတယ်။


Belt Bag

အပြင်သွားတဲ့အခါ ဖက်ရှင်လည်းကျချင်တယ်၊ ဒါပေမယ့် အိတ်ကြီးတကိုင်ကိုင်နဲ့ မလုပ်ချင်တဲ့ မမတို့အတွက် အထာလည်းကျသလို သေးသေးလေးနဲ့ ချစ်စရာကောင်းပါတယ်။ ဒါကြောင့်လည်း International Fashion Week တွေ၊ Street style တွေမှာ Belt Bag တွေက နေရာယူနေတာပါ။


Pearl Bag

အခုနောက်ပိုင်း Pearl Bag လေးတွေပြန်ခေတ်စားလာတာကို အားလုံးသတိထားမိကြမှာပါ။ တကယ်လည်း ဒီ Pearl Bag လေးတွေက Stylish and Classy ဖြစ်တဲ့ မိန်းကလေးတွေရဲ့ Signature အိတ်လိုဖြစ်လာပါတယ်။ ဒီအိတ်လေးတွေကအထူးသဖြင့် Sophisticated ဆန်ဆန် Girly ဖြစ်တဲ့ Look လေးတွေ၊ Delicate ဖြစ်တဲ့ Pastel ကာလာလေးတွေနဲ့ အတွဲဖက်သင့်ဆုံး အိတ်ပါ။


Straw Bag

Summer မှာ Beach သွားသွား၊ Picnic ပဲထွက်ထွက် သူငယ်ချင်းတွေနဲ့ Day Trip ပဲသွားသွား အရမ်းလိုက်ဖက်တဲ့ အိတ်လေးတွေပါ။ သူက သဘာဝ Bamboo ကပြုလုပ်ထားတာမို့ Eco-Friendly လည်းဖြစ်တယ်။ ရက်လုပ်ထားတဲ့ Bag ဒီဇိုင်းတွေကလည်း Shape မျိုးစုံ၊ Size မျိုးစုံရှိတာမို့ ရွေးချယ်စရာလည်းများတယ်။ နေသာသာနေ့လေးမှာ အပြင်သွားရင် ဒီလို Straw Bag လေးနဲ့သာဆို လုံးဝ Photogenic ဖြစ်နေမှာနော်။

 

, , ,

MODA TV 


Style Note

ဆံပင်ကို ဒီတိုင်းချထားမယ့်အစား ဘယ်လို Hair Accessory တွေနဲ့ Style ထုတ်ကြည့်ကြမလဲ

ခေတ်မီချင်ရင် ဒီလိုလေးတွေတော့ပြင်ကြည့်သင့်တယ်နော်

by May Shoon

December 23, 2020

 ဖက်ရှင် Look တစ်ခုကို ပြင်ဆင်တဲ့အခါ အဝတ်အစားတစ်ခုတည်းနဲ့ Complete မဖြစ်နိုင်ဘူးနော်။ ဝတ်ထားတဲ့ Outfit နဲ့လိုက်ဖက်တဲ့ Accessory တွေ၊ Hairstyle လေးတွေလည်း လိုက်ဖက်နေမှ ဖက်ရှင်ကျနိုင်မှာနော်။ ဆံပင်လေးကို Styling လုပ်တဲ့နေရာမှာလည်း ဒီအတိုင်းချထားတာက ရိုးရှင်းပြီး ကြည့်ရတာ သိပ် Fashionable မဖြစ်နိုင်ဘူးနော်။ ဆံပင်ကို အဲ့လို ဖားလျားချထားမယ့်အစား New Look လည်းဖြစ်သွားအောင် ချစ်စရာကောင်းတဲ့ Hair Accessory လေးတွေနဲ့ အလှဆင်ကြည့်လိုက်နော်။
ဒီလို Hair Accessory လေးတွေက ဝတ်ထားတဲ့ Outfit ကို ပိုပြီး Pop-Up ဖြစ်စေသလို အများနဲ့မတူပဲ ထင်ရှားပေါ်လွင်နေစေမှာပါ။ Hair Accessory လေးတွေထဲကမှ လာမယ့် ၂၀၂၁ မှာ ဆက်ပြီးခေတ်စားလာနိုင်မယ့် Hair Clip နဲ့ Accessory လေးတွေကို ရွေးချယ်ပေးလိုက်တယ်နော်။ ပြီးတော့ ဒီ Accessory လေးတွေက Styling လုပ်ရတာလွယ်ကူသလို နေရာတိုင်းမှာလည်း ဝယ်ယူနိုင်တာမို့ အခုပဲပြင်ဆင်ကြည့်လိုက်တော့နော်။


80's Headbands
Clueless ထဲကကျောင်းသူလေးတွေရဲ့ Old-School Headbands လေးတွေက ၂၀၂၁ မှာ Cool Girl လေးဖြစ်စေမှာပါ။ ဒီ 80's Headbands လေးတွေက ချစ်စရာကောင်းတဲ့ Korean Girl Vibe ပုံစံလည်းရသလို၊ Trendy ဖြစ်တဲ့ Outfit လေးတွေနဲ့လည်း အထာကျနေစေမှာပါ။


Head Scarfs
French Girl လေးတွေလို ကဗျာဆန်ဆန်လေးနဲ့ဖက်ရှင်ကျချင်ရင်ဒီလို Head Scarfs လေးတွေကမရှိမဖြစ်လိုအပ်တယ်နော်။ Square-Shaped Head Scarf လေးတွေက အများသောအားဖြင့် Silk/Satin တို့နဲ့ပြုလုပ်ထားတာမို့ ခေါင်းမှာ ချည်တာမဟုတ်ရင်လည်း လည်ပင်းလေးမှာစည်းထားတာတို့၊ Bow Tie လေးချည်တာတို့၊ ခေါင်းမှာ Hair Tie လိုလေးစည်းတာတို့ စိတ်ကြိုက် ပြောင်းပြီး Styling လုပ်ကြည့်လို့ရပါတယ်။


Claw Clips
ဒီ Claw Clips လေးတွေစစပေါ်ချင်းတုန်းကတော့ အသက်ကြီးကြီး Aunty ကြီးတွေညှပ်တဲ့ Clip ပဲဆိုပြီး စိတ်ထဲမှာတစ်မျိုးကြီးပဲ။ ဒါပေမယ့် ဒီ Hair Clip တွေက အခုချိန်မှာတော့ Instagram Star တွေ၊ Celebrity တွေ၊ Super Model မမတွေရဲ့ အရမ်းကြိုက်နှစ်သက်တဲ့ Hair Accessory တစ်ခုဖြစ်နေပြီလေ။ ကိုယ်ဝတ်တဲ့အဝတ်အစားနဲ့လိုက်အောင်တွဲဖက်တတ်ရင် Claw Clip တွေက အရမ်းအထာကျပါတယ်။ Cozy Streetstyle လေးတွေ၊ Crop-Top နဲ့ Wide Leg Jeans လို Outfit လေးတွေနဲ့လည်းအရမ်းလိုက်ဖက်ပါတယ်။


Scrunchies
Scrunchies လေးတွေကတော့ ဘယ်ချိန်ဖြစ်ဖြစ်ရိုးသွားမှာ မဟုတ်တဲ့ Hair Accessory လေးတွေလို့ပြောလို့ရပါတယ်။ Pony Tail အမြင့်လေးပဲစည်းစည်း၊ ကျစ်စံမြှီးလေးပဲကျစ်ကျစ်၊ နှစ်ဖက်လေးပဲခွဲပြီးချည်ချည် စတိုင်ကျလှပနေမှာပါ။ အခုနောက်ပိုင်း Jumbo Size Scrunchie လို့ခေါ်တဲ့ Scrunchie အကြီးကြီးတွေနဲ့ ကပိုကရိုလေးစည်းထားတဲ့ Look လေးတွေလည်း ခတ်စားလာပါတယ်။ အင်္ကျ ီတိုင်းနဲ့လိုက်ဖက်ချင်တယ်ဆိုရင်တော့ Scrunchie လေးတွေကို Print/Pattern တွေထက် Plain လေးတွေကိုပဲ ပိုဦးစားပေးနော်။


Beads
ဒီ Hair-Do လေးကလည်း 2000's လောက်က အရမ်း ရေပန်းစားတဲ့ Look လေးကိုပြန်ပြီး Inspire လုပ်ထားတာပါ။ ဆံပင်လေးတွေကိုကျစ်ပြီးတော့ဖြစ်ဖြစ်၊ အချောင်းလေးတွေဖြစ်အောင်ခွဲချည်ပြီးတော့ဖြစ်ဖြစ် ဒီလို ရောင်စုံ Beads လေးတွေနဲ့ အလှဆင်ကြပါတယ်။ ဒီ Accessory လေးက သင့်ကိုပိုပြီးငယ်ရွယ်ပြီးချစ်စရာကောင်းတဲ့ Look လေးကိုပေးနိုင်ပါတယ်။ Retro ဆန်ဆန် Photoshoot တွေ၊ အမိုက်စား Selfie တွေရိုက်ဖို့ဆိုလည်းကွက်တိပဲ။


Butterfly Clips
ကိုယ်တွေငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ Butterfly Hair Clip လေးတွေရဲ့ Trend ကတစ်ကျော့ပြန်လည်လာပြီနော်။ လိပ်ပြာပုံစံကလစ်သေးသေးလေးတွေက ချစ်စရာကောင်းသလို Aesthetic လည်းဖြစ်ပါတယ်။ အထူးသဖြင့် Tik Tok Girl လေးတွေ၊ Snap Chat Girl လေးတွေတော်တော်များများလည်း ဒီ Butterfly Clip လေးတွေကို ပြန်ပြီးတပ်လာကြတာကိုတွေ့နိုင်ပါတယ်။


Pearl Headbands
ရိုးရိုးရှင်းရှင်းလေးပေမယ့် Classy ဖြစ်နေစေမယ့် Accessory ကတော့ Pearl Headbands လေးတွေပါ။ ဒီ Pearl Headbands လေးတွေကို အများသောအားဖြင့် Artistic ဆန်ဆန် Look လေးတွေရချင်တဲ့ မိန်းကလေးတွေအတွက် Puffy Dress၊ Lace Dress၊ Maxi Dress လေးတွေနဲ့ဆိုအရမ်းလိုက်ဖက်ပါတယ်။ မိန်းကလေးဆန်ဆန် Classy နဲ့ Feminine Vibe လေးကို အပြည့်အဝရရှိနိုင်မှာပါ။

Photo source from pinterest.

, ,

Style Note

ဈေးကြီးပြီး Classy ဖြစ်တဲ့ပုံစံဖြစ်အောင် ဘယ်လိုဝတ်ကြမလဲ

Branded တွေဈေးကြီးပေးဝယ်ဝတ်တိုင်း Classy ဖြစ်တာမဟုတ်ဘူးနော်

by May Shoon

December 18, 2020

 ဖက်ရှင်ကျတဲ့သူတစ်ယောက်ဆိုတာ Style တွေအရမ်းဂေါ်ထွက်နေတယ်ဆိုတာထက် Classy ကျကျလေးနဲ့ သပ်သပ်ရပ်ရပ် ဖြစ်နေဖို့က ပိုအရေးကြီးတယ်နော်။ ကိုယ့်အသားအရောင်၊ ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်တဲ့ အဝတ်အစားကိုရွေးချယ်တတ်ဖို့လည်း လိုအပ်သလို ကြည့်ရတာလည်းပေါပေါပဲပဲ Look မဖြစ်သွားဖို့ကလည်း သတိထားသင့်တဲ့အချက်ပါ။ Cheap ဖြစ်တဲ့ပုံစံမပေါက်ရဘူးဆိုလို့ ဈေးကြီးတဲ့ Outfit ကြီးတွေ၊ Branded လက်ကိုင်အိတ်ကြီးတွေပဲ ကိုင်ရမယ်လို့ မဆိုလိုပါဘူးနော်။ ကိုယ့်မှာရှိတဲ့ အဝတ်အစားလေးတွေကိုပဲ ကိုယ်နဲ့ လိုက်ဖက်အောင်ဝတ်ဆင်တတ်ရင် Classy ဆန်ဆန်လေးနဲ့ အထာကျနိုင်ပါတယ်။ အောက်မှာပြထားတဲ့Tips လေးတွေအတိုင်းသာ ဂရုတစိုက်နဲ့ ပြင်ဆင်တတ်ရင် ဈေးကြီးကြီးတွေဝတ်စရာမလိုပဲ Expensive ဖြစ်တဲ့ပုံပေါက်နေမှာ သေချာတယ်နော်။


အဝတ်အစားတွေကိုသေချာဂရုစိုက်ပါ
အဝတ်အစားတွေက အမိုက်စားဖြစ်နေသည့်တိုင် တွန့်ကြေနေတာတွေ၊ မသန့်ရှင်းပဲ ညစ်ပတ်နေရင် ဝတ်ဆင်လိုက်တဲ့ အဝတ်အစားတိုင်းက ဖက်ရှင်ကျနိုင်တော့မှာ မဟုတ်ဘူးနော်။ ဈေးကြီးတဲ့ပုံပေါက်ဖို့ဆို အလွန်းအကြူးဖြစ်နေတာထက် သပ်သပ်ရပ်ရပ် Neat & Tidy လေးဖြစ်နေဖို့က ပိုလိုအပ်တယ်နော်။


ကိုယ်နဲ့ Comfort အဖြစ်ဆုံး Style ကိုပဲဝတ်ပါ
ဒါကလည်း အရေးကြီးပါတယ်။ ဘယ်လောက်လှနေတဲ့ အဝတ်အစားပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ Branded အထည်ဖြစ်ဖြစ် ကိုယ့် Skin နဲ့တစ်ထပ်တည်းကျပြီး Comfort ဖြစ်တဲ့ Outfit တွေကိုဝတ်ဆင်တာက အကောင်းဆုံးပါ။ အများကြားမှာ Popular ဖြစ်တာ၊ Trendy ဖြစ်တာထက် ဝတ်ဆင်လိုက်လို့ ကိုယ့်အတွက် Confident အပြည့်ရှိနေစေမယ့် အဝတ်အစားကိုပဲဝတ်ပါ။


Timeless Outfit တွေကို ပညာသားပါပါတွဲစပ်ကြည့်ပါ
Timeless Pieces တွေက Branded ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ အချိန်တိုင်း၊ နေရာတိုင်း ဝတ်လိုက်တဲ့အချိန်မှာ Classic ဖြစ်နေစေမှာပါ။ Timeless Outfit ဆိုတာ Basic Outfit တွေဆိုလိုတာဖြစ်ပြီး Closet တိုင်းမှာရှိထားသင့်တဲ့ White Shirt၊ White T-Shirt၊ Denim Pants၊ Jeans Jacket၊ Blazer စတာတွေကိုပြောတာပါ။ ဒီ Outfit တွေက ကိုယ် Styling လုပ်ရင်လုပ်သလို မတူညီတဲ့ Look တွေအများကြီးတွဲစပ်နိုင်တာမို့ Cheap ဖြစ်တဲ့ Look လည်း လုံးဝမဖြစ်စေမှာသေချာပါတယ်။


All-Black ဝတ်ဆင်တာကလည်း High-Fashion Look ရစေပါတယ်
When in doubt,wear black ဆိုတဲ့အတိုင်း All black ကာလာကတော့ ဘယ်အချိန်ကြည့်ကြည့်ရိုးသွားမှာ မဟုတ်တဲ့ အရွေးချယ်သင့်ဆုံး Option ပါ။ တကယ်လို့ Classy Look လည်းလိုချင်တယ်။ ဘယ်လို တွဲစပ်ရမှန်းမသိဘူးဆိုရင် Outfit ကို Top-to-Toe All Black ပဲဝတ်ဆင်သွားလိုက်ပါ။ အနက်ရောင်က Minimalist ဆန်ပြီး တကယ် Classic ဖြစ်တာကြောင့် ဘယ် Occasion အတွက်ဝတ်ဝတ် Expensive ဖြစ်တဲ့ Vibe ကိုပြည့်အဝပေးနိုင်မှာပါ။


Simple Gold Accessory တွေကလည်းမရှိမဖြစ်ပါ
ရိုးရိုးရှင်းရှင်းနဲ့ ဈေးကြီးတဲ့ Style ဖြစ်အောင်ဝတ်ရတဲ့နေရာမှာ Accessory တွေရဲ့ အခန်းကဏ္ဍကလည်း အရမ်းအရေးပါပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Accessory တွေကပဲသင့် Style ကိုပိုပြီး Polished ဖြစ်အောင်ကူညီပေးနိုင်လို့ပါ။ Classy ဖြစ်တဲ့ Look ရဖို့ဆို Fancy Jewelry တွေထက်အရည်အသွေးကောင်းတဲ့ Gold Accessory လေးတွေ၊ Statement Earrings နဲ့ Eyeglasses တို့ကိုပါ ဖြည့်စွက်ပေးဖို့မမေ့နဲ့နော်။


Logo ကြီးကြီးတွေကလည်း ကြည့်ရတာ Cheap ဖြစ်ပါတယ်
တစ်ချို့ကျတော့လည်း သူတို့ Branded ဝတ်လာတာတွေကို သိသာစေတဲ့ Logo Print အကြီးကြီးတွေ၊ Label ထင်ထင်ရှားရှားမြင်နေရတဲ့ T-Shit နဲ့ အဝတ်အစားတွေကိုဝတ်ကြတယ်။ တကယ်တော့ ဈေးကြီးတယ်ဈေးပေါတယ်ဆိုတာထက် အရမ်း Show-off လုပ်တာများသွားရင် ကိုယ့်ရဲ့ဖက်ရှင်ကိုပါကြည့်ရဆိုးသွားစေပါတယ်။


အရောင်တောက်တောက်တွေကိုရှောင်ပါ
ဒါကတော့ Classy ဖြစ်ချင်တဲ့သူတိုင်း လိုက်နာသင့်တဲ့အချက်ပါ။ High-End Look ကိုလိုချင်တယ်ဆိုရင် မျက်စိနောက်စေမယ့် အရောင်တွေ၊ တောက်တောက်ပြောင်ပြောင်တွေနဲ့ ကြောင်ကြောင်ကြားကြား အဆင်တွေကိုရှောင်သင့်ပါတယ်။ ဒီအတွဲအစပ်တွေကသင့်ကိုပိုပြီး Cheap ဖြစ်တဲ့ပုံပေါက်သွားစေနိုင်လို့ပါ။ Less is More ဆိုတဲ့အတိုင်း Minimalist Style ရိုးရိုးလေးတွေက မျက်စိအမြင်အေးပြီး ကြည့်လိုက်တိုင်းလည်း Classy ဖြစ်နေစေမှာပါ။

Photo sources from Pinterest.

 

, , ,

Style Note

ရိုးရိုးရှင်းရှင်း မြန်မာဝတ်စုံလေးတွေ ချူပ်ချင်တဲ့ကောင်မလေးတွေအတွက် Inspiration ရစေမယ့်ပုံစံလေးတွေ

လူကြီးပုံပေါက်သွားမှာလည်း မစိုးရိမ်ရဘူး

by JN Ja Seng Pan

December 15, 2020

မြန်မာဝတ်စုံလေးတွေက မိန်းကလေးတိုင်းမှာ တစ်စုံမဟုတ် တစ်စုံတော့ရှိသင့်တယ်နော်။ ဘုရားသွား၊ အလှုပွဲသွားတာကနေ ကျောင်းသွား၊ ရုံးသွားအထိ ဒီဝတ်စုံလေးတွေက မရှိမဖြစ်ပါ။ ပိတ်စတွေ ဝယ်ထားပြီး ဘယ်လိုပုံစံချူပ်ရမှန်းမသိဖြစ်နေတဲ့သူတွေအတွက် Editor က လူငယ်ဆန်ဆန် Myanmar Dress လေးတွေကို ရှာဖွေထားပါတယ်။ လူငယ် Celebrity ကောင်မလေးတွေ ဝတ်နေတဲ့ ဒီဇိုင်းမို့ လူကြီးပုံပေါက်သွားမှာလည်း မစိုးရိမ်ရဘူးပေါ့။


ရိုးရိုးရှင်းရှင်းရင်ဖုံး

ဒီပုံစံလေးက ဘယ်လို စတိုင်ပဲပြောင်းပြောင်း ခေတ်ဘယ်လောက်ပြောင်းပြောင်း ဆန်းနေတဲ့ပုံစံလေးပါ။ ရိုးရိုးရှင်းရှင်းကြိုက်တဲ့ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မှာပါ။


Slim Fit ရင်စေ့
ပိန်ပိန်သွယ်သွယ်ကောင်မလေးတွေ မြန်မာဝတ်စုံရွေးမယ်ဆို ခန္ဒာကိုယ်အချိူးအဆနဲ့ ချပ်ချပ်ရပ်ရပ်လှနေစေမယ့် ရင်စေ့ဒီဇိုင်းလေးတွေရွေးကြည့်ပါနော်။


ခါးတို
Crop Top တွေလိုမျိူး ခါးအတိဖြစ်တာကြောင့် ပုံမှန်မြန်မာဝတ်စုံထက် နည်းနည်းလေးပိုတိုပါတယ်။ လူငယ်ကောင်မလေးတွေသဘောကျမယ့် ပုံစံလေးပါ။


3 in 1
စကဒ်တွေ၊ ဘောင်းဘီတွေနဲ့လည်း တွဲဝတ်လို့ရတဲ့ မြန်မာဝတ်စုံဒီဇိုင်းလေးပါ။ နောက်ပိုင်း ကောင်မလေးတွေ အဝတ်များတဲ့ဒီဇိုင်းဆိုလည်းမမှားပါဘူး။ ပေါ့ပေါ့ပါးပါးဖြစ်သလို လူငယ်ဆန်လို့ ဒီလိုပုံစံလေးတွေလည်း ရှိထားသင့်တယ်နော်။


All about Cotton
မြန်မာရာသီဥတုနဲ့ အလိုက်ဖက်ဆုံး ချည်သား မြန်မာဝတ်စုံလေးတွေကလည်း မေ့ထားလို့မရပါဘူး။ အရောင်လေးတွေကလည်း လွင့်လွင့်လေးတွေမို့ အမြင်လည်း အေးစေသလို ယှဉ်ယှဉ်လေးနဲ့ လှနေစေမှာပါ။


Modern Dress
မင်္ဂလာဆောင်နဲ့ အလှုပွဲတွေသွားဖို့အတွက် ဒီလို Dress လေးတွေက Must Have ပါ။ ဘိုဆန်ဆန် ဒီဇိုင်းလေးတွေအဖြစ် ပြန်လည်ဆန်းသစ်ထားလို့ အဆင့်အတန်းရှိတဲ့ အသွင်အပြင်ကိုဖြစ်စေမှာပါ။

,