×
Tv & Movie

မြန်မာနိုင်ငံရဲ့ ပထမဆုံး MOBA ဂိမ်းတစ်ခုဖြစ်လာမယ့် Pwal Kyam

Pwal Kyam (ပွဲကြမ်း) မှာ သွားပြီး ပွဲကြမ်းလိုက်ကြရအောင်

by Randy Win

September 16, 2020

 

 

MOBA (Multiplayer Online Battle Arena) ဂိမ်းအမျိုးအစားကို ဆော့ကစားရတာနှစ်သက်သူတွေအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး MOBA Game တစ်ခုဖြစ်တဲ့ ပွဲကြမ်း (Pwal Kyam) ဂိမ်းဟာ August လ (17)ရက်နေ့မှာ Official Version အနေနဲ့ ထွက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။

 

ဂိမ်းစတင်ထွက်ထွက်ခြင်းမှာ Hero (11)ကောင် ပါရှိပြီး စက်တင်ဘာလထဲမှာ နောက်ထပ် ဟီးရိုးတစ်ကောင်ကိုမိတ်ဆက်သွားဖို့ရှိတယ်လို့သိရပါတယ်။ Hero တွေအားလုံးက မြန်မာမှူ မြန်မာဟန်အပြည့်နဲ့ မြန်မာ့သမိုင်းထဲက ဇာတ်ကောင်တွေအတော်များများပါဝင်ပြီး သက်ဆိုင်ရာ စွမ်းရည်မျိုးစုံကိုအသီးသီးပိုင်ဆိုင်ထားကြပါတယ်။ Ingame Graphic နဲ့ Character Graphic ပိုင်းဆိုင်ရာတွေမှာလည်း  တော်တော်လေးကို ထူးခြားကောင်းမွန်အောင်ပြုလုပ်ထားတာတွေ့ရပြီး Official ထွက်ရှိပြီး မိနစ်ပိုင်းအတွင်းမှာပဲ Player အရေအတွက် ထင်ထားတာထက်များစွာဝင်ရောက်လာခဲ့လို့ Server မနိုင်တဲ့ အထိဖြစ်ခဲ့ရတယ်လို့သိရပါတယ်။ Official version မတိုင်ခင် Beta Version ကတည်းက Register လုပ်ထားကြတဲ့ Player တွေအတွက်တော့ Dinger 10000 နဲ့ Ruby 100 စီ လက်ဆောင်ရရှိမှာပါ။


Game Mode အနေနဲ့ကတော့ လောလောဆယ်မှာ Pwal Kyam နဲ့ Bounty ဆိုပြီး Mode နှစ်မျိုးဆော့ကစားနိုင်ပြီး နောက်ပိုင်းမှာတော့ တာဝါချိုးတဲ့ ပုံစံမျိုး Gameplay တွေအထိ ထပ်မံပါဝင်လာဦးမယ်လို့သိရပါတယ်။ Player အများစုကလည်း Myanmar တွေပဲဖြစ်တာကြောင့် မြန်မာအချင်းချင်း မြန်မာဟီးရိုးတွေနဲ့သူနိုင်ကိုယ်နိုင်အပြိုင်ဆော့ကစားရမယ့် ထူးထူးခြားခြားရသတစ်ခုကိုခံစားရစေမှာမို့ ဒီဂိမ်းလေးက အခုထက်ပိုပြီး မြန်မာပရိသတ်တွေများလာဦးမယ်လို့ယူဆနိုင်ပါတယ်။ လက်ရှိမှာတော့ Android Platform အတွက်သာရရှိနိုင်သေးပြီး နောက်ပိုင်း ပိုကောင်းတဲ့ပြုပြင်မှူတွေလုပ်ပြီးတဲ့အခါ IOS အတွက်ပါ ထွက်ရှိလာမယ်လို့သိရပါတယ်။

Photo Credit to Pwal Kyam Facebook Page and Rightful Owners

, , , ,
Tv & Movie

Hollywood ရဲ့ Live Action အဖြစ်မြင်တွေ့ရဦးမယ့် ကမ္ဘာကျော် Anime ဇာတ်ကားလေး Your Name

အရမ်းကြည့်ချင်နေကြပြီမဟုတ်လား

by Randy Win

September 25, 2020

 

           Japan Anime တွေကို နှစ်သက်ကြတဲ့လူငယ်တိုင်းအတွက် ၂၀၁၆ ခုနှစ်ဝန်းကျင်ကထွက်ရှိခဲ့တဲ့ Your Name ဆိုတဲ့ Romatic Fantasy Anime ဇာတ်ကားလေးနဲ့ လုံးဝစိမ်းမှာမဟုတ်ပါဘူး။ ဂျပန်ဒါရိုက်တာ Makoto Shinkai ကိုယ်တိုင် ဇာတ်လမ်းရေးသားရိုက်ကူးခဲ့တာဖြစ်ပြီး ချစ်ခြင်းမေတ္တာတရားကို ထူးထူးခြားခြားလေးဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ် Anime ချစ်သူ လူကြီး၊လူငယ်တွေကြားမှာအတော်လေး ရေပန်းစားခဲ့ပါတယ်။ ထွက်ရှိပြီးမကြာခင်မှာပဲ ဂျပန်ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံအတော်များများမှာပါ ပရိသတ်အခိုင်အမာရခဲ့တဲ့အထိ လူကြိုက်များအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးတစ်ကားပါ။


          ဒီ Anime လေးကို ကြားသာကြားဖူးပြီး မကြည့်ဖူးသေးဘူးဆိုတဲ့သူတွေအတွက် အမြည်းအနေနဲ့အကျဉ်းချုပ်ပြန်ပြောပြရမယ်ဆိုရင်တော့ တိုကျိုမှာရှိတဲ့ ကျောင်းသားလေးတစ်ဦးနဲ့ နယ်မြို့လေးတစ်မြို့မှာနေထိုင်တဲ့ကျောင်းသူလေးတစ်ဦးတို့ မတူညီတဲ့ အချိန်အပိုင်းအခြားနှစ်ခုကြားမှာ အမှတ်မထင် ခန္ဓာကိုယ်ချင်းလဲလှယ်သလိုဖြစ်သွားပြီး တစ်ယောက်ကိုတစ်ယောက်မြင်တွေ့ဖူးခြင်းမရှိပဲနဲ့ သံယောဇဉ်တွယ်သွားခဲ့တဲ့အကြောင်းနဲ့ ဇာတ်လမ်းဆင်ထားတာပါ ။ လုံးဝမကြည့်ဖူးသေးဘူးဆိုတဲ့သူတွေအနေနဲ့ အရသာပေါ့သွားမှာစိုးလို့ ဇာတ်လမ်းကိုဒီလောက်လေးပဲပြောပြပါရစေ။ သူ့ရဲ့ဇာတ်ကားတစ်ခုလုံးမှာ ထူးခြားတဲ့ Plot Twist တွေ လွမ်းမောကြည်နူးစရာရသတွေအပြည့်နဲ့ အစကနေအဆုံးအထိ မပျင်းရအောင် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတာကတော့ ကြည့်ဖူးတဲ့သူတိုင်းသိပြီးဖြစ်မှာပါ။


          အခုဆိုရင်တော့ ဒီလိုလူကြိုက်များကျော်ကြားခဲ့တဲ့ Anime ဇာတ်ကားလေးကို Hollywood က Live Action Remake အနေနဲ့ပြန်လည်ရိုက်ကူးဖို့ရှိတယ်ဆိုတဲ့ သတင်းကောင်းလေးကို ကြားသိရပါတယ်။ မူလရိုက်ကူးထုတ်လုပ်ရာ ဂျပန်ကုမ္ပဏီဖြစ်တဲ့ Toho နဲ့ ကမ္ဘာကျော်အမေရိကန်ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Paramount , J.J Abram’s Bad Robot တို့ပူးပေါင်းဖန်တီးမှူအဖြစ်ထွက်ရှိလာမှာဖြစ်ပြီး ဒါရိုက်တာအနေနဲ့ Lee Issac Chung ကတာဝန်ယူ ရိုက်ကူးသွားမယ်လို့သိရပါတယ်။ သိပ်မကြာခင်ကထွက်ရှိခဲ့တဲ့ မူလန်ဇာတ်ကားရဲ့ Live Action မှာတော့ Script ကိုအများကြီးပြောင်းလဲလိုက်လို့ သဘောကျသူတွေလည်းရှိသလို သဘောမကျသူတွေလည်းရှိခဲ့ပြီး ဝေဖန်မှူတွေအများအပြားကြုံခဲ့ရတာမို့ ဒီ Anime လေးမှာရော မူရင်းဇာတ်လမ်းကိုဘယ်လိုများ ပြင်ဆင်ဖန်တီးဖြည့်စွက်မှူတွေပါလာမလဲ ပိုကောင်းသွားမလား၊ Fail ပဲ Fail သွားနိုင်လား ဆိုတာကတော့ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် Anime ချစ်သူတွေအနေနဲ့ကတော့ Your Name ဆိုတဲ့ဇာတ်ကားလေး Live Action ထွက်လာမယ်ဆိုတာကြားရုံနဲ့တင် တော်တော်လေးကို ရင်ခုန်စိတ်လှူပ်ရှားနေမိပြီဆိုတာ အမှန်ပဲမဟုတ်ပါလား။

Photo Credit To The Rightful Owners

, , , , ,

Tv & Movie

ဝူခုန်း character (၃)မျိုးအထိ ပါဝင်လာဖို့ရှိတဲ့ Black Myth : Wukong

Graphic တွေကြည့်ရတာနဲ့တင်တန်နေပြီ

by Randy Win

September 24, 2020


              ဂိမ်းဝါသနာရှင်တွေအနေနဲ့ မကြာသေးခင် သြဂုတ်လနှောင်းပိုင်းလောက်မှာ မိတ်ဆက်ခဲ့တဲ့ Black Myth : Wukong ဆိုတဲ့ ဂိမ်းကို သတိထားမိကြမှာပါ။ တရုတ် Game ကုမ္ပဏီတစ်ခုဖြစ်တဲ့ Game Science ကနေ ဒီဂိမ်းရဲ့ Trailer ကိုမိတ်ဆက်ခဲ့တာဖြစ်ပြီး Trailer ထွက်ပြီး တစ်ရက်အတွင်းမှာပဲ ကြည့်ရှူသူ ၁၀ သန်းကျော်ရှိခဲ့တဲ့အထိ ထူးထူးခြားခြား အောင်မြင်မှူရခဲ့ပါတယ်။ကမ္ဘာတစ်ဝန်းက Game ဝါသနာရှင်တွေနဲ့ Streamer တွေကြားမှာ တော်တော်လေးကို ဂယက်ရိုက်စေခဲ့ပြီး သူရဲ့ Game Play ပိုင်းနဲ့ အထူးသဖြင့် Graphic ပိုင်းတွေမှာ Gamer တွေ အားလုံးနီးပါး ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတဲ့အထိ တော်တော်လေးကို အနုစိတ်ကျပြီး ဆွဲဆောင်မှူရှိတာတွေ့ရမှာပါ။ Game ရဲ့ တည်ဆောက်ပုံအပိုင်းမှာ ဂိမ်းဝါသနာရှင်တွေ အသည်းစွဲဖြစ်ခဲ့ရတဲ့ God Of War တို့ Paragon တို့နဲ့ ပုံစံဆင်ပြီး ဒီဂိမ်းကတော့ လက်ရှိ Alpha အနေနဲ့ ထွက်ရှိတဲ့အဆင့်မှာတောင် တော်တော်လေးမိုက်နေတာမို့ God Of War ကို ယှဉ်ပြိုင်လာမယ့် Game တစ်ခုဖြစ်လာလေမလားလို့တောင် တွေးစရာဖြစ်လာပါတယ်။  


           ဂိမ်းရဲ့ Development ပိုင်းအတွက် အချိန် နှစ်နှစ်လောက်ယူဦးမယ်လို့သိရပြီး Game Science အနေနဲ့ ဝန်ထမ်းတိုးချဲ့မှူတွေပါပြုလုပ်သွားမယ့် အနေအထားကိုလည်းတွေ့ရပါတယ်။ ပိုလန်းတဲ့ Graphic တွေနဲ့ ပိုမိုက်တဲ့ Gameplay ပိုင်းတွေကို မြင်ရသွားဖို့ရှိတဲ့ ဒီဝူခုန်းဂိမ်းဟာ နောက်သုံးနှစ်ဝန်းကျင်လောက်မှ ထွက်ရှိလာမယ်ဆိုတဲ့ သတင်းတွေအရ ခုထက်ပိုကြမ်း ပိုမိုက်အောင် အချိန်သေချာယူပြီး ဖန်တီးဦးမယ့်သဘောမှာရှိပါတယ်။ ဂိမ်းတစ်ခုလုံးရဲ့ ကြာချိန်ဟာ ၁၅ နာရီခန့်ရှိမှာဖြစ်ပြီး ရာနဲ့ချီတဲ့ ရန်သူတွေ နဲ့ အရမ်းလန်းတဲ့ Enemy Boss တွေကို မြင်ရဖို့ရှိပါတယ်။

          ဒါ့အပြင် မျောက်ဘုရင်ကြီးစွန်းဝူခုန်းရဲ့ အားလုံးနဲ့မစိမ်းတဲ့ စူပါပါဝါတွေဖြစ်တဲ့ အကောင်ပြောင်းစွမ်းရည် ၊ ရုပ်ပြောင်းရုပ်လွှဲစွမ်းရည်တွေနဲ့ ကိုယ်ပွားစွမ်းရည်တွေကိုလည်း ဒီဂိမ်းထဲမှာ ကောင်းကောင်းကြီး မြင်တွေ့သွားရမယ့်သဘောရှိပါတယ်။ အဲဒီထဲကမှ ထူးခြားတဲ့စွမ်းရည်တစ်ခုတစ်ခုအနေနဲ့ Game Trailer ထဲမှာပြသသွားတာကတော့ ဝံပုလွေကြီးနဲ့ ချတဲ့အခန်းမှာ သူသတ်ခဲ့တဲ့ Boss တစ်ကောင်ရဲ့လက်နက်နဲ့ အဲဒီရန်သူရဲ့ပုံစံကိုအသွင်ပြောင်းပြီး တိုက်ခိုက်သွားတာကိုတွေ့ရမှာပါ။


         Trailer ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ Black Wind Mountain ဆိုတဲ့နေရာတစ်ခုလုံးကိုဖန်တီးဖို့ အချိန်ခြောက်လခန့်ကြာမြင့်ခဲ့တဲ့အပြင် ရှူခင်းတွေကတော်တော်လေး အသေးစိတ် လက်ရာမြောက်လွန်း တာတွေ့ရပါတယ်။ Normal Mode နဲ့ကစားမယ်ဆိုရင် ဒီ Black Wind Mountain အခန်းကို ဖြတ်ကျော်ဖို့ အချိန် နာရီဝက်ကနေ တစ်နာရီကြား ကြာမြင့်နိုင်တယ်လို့လည်း သိရပါတယ်။


          Game Trailer အရ မျောက်ဘုရင်စွန်းဝူခုန်းကို မတူညီတဲ့ ပုံစံသုံးမျိုး ၊ အကောင်သုံးမျိုးနဲ့တွေ့ရမှာဖြစ်ပြီး ဘယ်ဟာက ဝူခုန်းအစစ်ဖြစ်မလဲဆိုတာကိုတော့ Player ကိုယ်တိုင်ပဲ အဖြေရှာရမှာပါ။ တရုတ်ဒဏ္ဍာရီတွေအရလည်း မျောက်ဘုရင်ဝူခုန်းဟာ သူ့ရဲ့ပုံတူကိုယ်ပွားနဲ့ တိုက်ခိုက်ရတဲ့ ဇာတ်လမ်းမျိုးတွေရှိခဲ့ဖူးတာမို့ ဒီဝှက်ဖဲကလည်း Player တွေကို ဆွဲဆောင်နိုင်တဲ့အချက်တစ်ချက်ဖြစ်လာမယ့်သဘောပါပဲ ။ ဂိမ်းရဲ့ Platform အနေနဲ့တော့ PC , PS5 နဲ့ X Box တွေမှာ ဆော့လို့ရနိုင်မယ်လို့သိရပြီး ဂိမ်းမထွက်ခင် Trailer တစ်ခုတည်းနဲ့တင် အောင်မြင်မှူတွေ သိမ်းကြုံးယူထားတဲ့ ဒီဂိမ်းဟာ လူအင်အားကောင်းကောင်း Budgetနိုင်နိုင် နဲ့သာ ဒီထက်ပိုမိုက်တဲ့ အနေအထားတွေနဲ့ထွက်လာမယ်ဆိုရင် သူ့ရဲ့အောင်မြင်မှူက မတွေးရဲစရာဖြစ်လာမယ်လို့ ထင်ရပါတယ်။


Photo Credit to the Rightful Owners

, , , ,

Tv & Movie

မဖြစ်မနေကြည့်သင့်တဲ့ Lee Joon Gi ရဲ့ အမိုက်စား ရုပ်ရှင် Series မျာ

Childhood Crush လေးကိုတော့မမေ့နိုင်ဘူးမလား မညာပါနဲ့

by May Shoon

September 23, 2020

 K-Drama ကြည့်တဲ့ မိန်းကလေးတိုင်း Lee Joon Gi (K) ကိုမသိတဲ့ မိန်းကလေးမရှိပါဘူး။ အထူးသဖြင့် ၂၀၀၀ ခုနှစ်လောက်တည်းက K-Drama တွေကြည့်လာတဲ့ 90's တွေဆိုရင် Lee Joon Ki ကမိန်းကလေးတိုင်းနီးပါးရဲ့ Childhood Crush ပါ။ မျက်လုံးမှေးမှေးနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ South Korean Actor နဲ့ Singer Lee Joon Gi ကို ၂၀၀၅ ခုနှစ်က The King and the Clown မှာ စပြီးသတိထားမိခဲ့ကြတာပါ။ ပြီးတော့ငယ်ငယ်က TV Channel မှာထုတ်လွှင့်ခဲ့တဲ့ My Girl Drama Series မှာပိုပြီးလူသိများလာတယ်။ Lee Joon Ki ရဲ့အောင်မြင်မှုအရှိန်ကို အားပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Time Between Dog and Wolf နဲ့ ၂၀၀၈ ခုနှစ်က မင်းသမီးချော IU နဲ့ သရုပ်ဆောင်ခဲ့တဲ့ Iijimae ဇာတ်လမ်းတွဲတွေပါ။
၂၀၁၀ ကနေ ၂၀၁၂ အထိတော့ Lee က Military Service အတွက်စစ်မှုထမ်းပြီး ၂၀၁၃ မှာတော့ ရုပ်ရှင်တွေပြန်လည်ရိုက်ကူးခဲ့ပါတယ်။ အခုနောက်ဆုံးထွက်ရှိထားတာကတော့ Drama-Thriller ဇာတ်လမ်းတွဲဖြစ်တဲ့ The Flower of Evil ဖြစ်ပြီး Lee ရဲ့ တစ်ကျော့ပြန် Comeback ကလည်း ပရိသတ်ရဲ့ အားပေးမှုတွေတခဲနက်ထပ်ရရှိခဲ့ပြန်ပါတယ်။
အဆိုတင်မကပဲ ကျရာ Character ကိုလည်းပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ Lee Joon Gi ရဲ့ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေက K-Drama မိန်းကလေးတွေအတွက် ဘယ်တော့မှ ရိုးနိုင်မှာမဟုတ်ပါဘူး။ အခုလိုအိမ်မှာပဲနေနေရတဲ့ အချိန်ဘာကြည့်ရမလဲစဉ်းစားနေသူတွေအတွက် Childhood Crush လေးရဲ့ အမိုက်စားရုပ်ရှင်တွေကို အောက်မှာ ရွေးချယ်ပေးလိုက်ပါတယ်နော်။ အားလုံးလည်း ကြိုက်နှစ်သက်ကြလိမ့်မယ့်လို့ထင်ပါတယ်။


The King and the Clown (2005)


My Girl (2006)


The Time between Dog and Wolf (2007)


Iijimae (2008)


Arang and the Magistrate (2012)


The Scholar who walks the Night (2015)


Moon Lovers: Scarlet Heart (2016)


Criminal Minds (2017)


Lawless Lawyer (2018)


The Flower of Evil (2020)

 

 

 

, , ,

Tv & Movie

Batman အသစ်လေး Robert Pattinson

Batman နဲ့ Vampire က သိပ်တော့မကွာသလိုပါပဲ

by Randy Win

September 16, 2020


               လူငယ်ဘဝရဲ့ အကြိုက်နှစ်သက်ရဆုံး Super Hero တွေထဲကတစ်ဦးဖြစ်တဲ့ Batman ကို DC ပရိသတ်တွေသာမက စူပါဟီးရိုးပရိသတ်တွေအားလုံး မသိတဲ့သူမရှိပါဘူး။ Batman ဇာတ်ကားတွေကလည်း ပရိသတ်တွေအတော်များများကို အချိန်တော်တော်ကြာတဲ့အထိ ကောင်းကောင်းကြီး ဆွဲဆောင်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ပရိသတ်ချစ် လင်းနို့လူသားကြီးရဲ့နေရာမှာ သရုပ်ဆောင်အသစ်ပြောင်းလဲမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့သလို တကယ်လည်း အားလုံးသိထားကြတဲ့သတင်းတွေအတိုင်း သရုပ်ဆောင်နောက်တစ်ယောက်ကို ပြောင်းလဲကြေညာခဲ့ပါတယ်။ အဲဒီသရုပ်ဆောင်ကတော့ ပရိသတ်တွေရဲ့အချစ်တော် Twilight မင်းသားချောလေး Robert Pattinson ပါပဲ။

 
 
 
 
 
View this post on Instagram
 
 
 
 
 
 
 
 
 

#TheBatman 🦇

A post shared by Robert Pattinson (@robertpattinsonofficial) on

Batman ရဲ့ နေရာမှာ Vampire လေးတစ်ဦးဖြစ်ခဲ့တဲ့ Robert Pattinson သရုပ်ဆောင်မယ်လို့ တရားဝင်ကြေညာခဲ့စဉ်က ဒီကာရိုက်တာနဲ့ Robert ဟာ နည်းနည်းလေးမှ မလိုက်ဖက်ဘူးဆိုပြီး DC ပရိသတ်တော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့စနေနေ့မှာ ပြသခဲ့တဲ့ Official Trailer အပြီးမှာတော့ Robert နဲ့ Batman Suit ကြီးဟာ အရမ်းကိုလိုက်ဖက်မှူရှိနေတာကို ပရိသတ်တွေအားလုံးနီးပါး လက်ခံနိုင်ခဲ့ကြပါတယ်။

ဒီ Batman ဇာတ်ကားအသစ်ထဲမှာတော့ James Gordon ,Catwoman , The Riddler နဲ့ The Penguin လို ကာရိုက်တာတွေကိုလည်း တစ်စုတစ်စည်းတည်းပြန်လည်တွေ့မြင်ရဦးမှာပါ။ ဒါ့အပြင် လွန်ခဲ့တဲ့လအနည်းငယ်က ဒါရိုက်တာ Matt Reeves ဝေမျှခဲ့တဲ့ First Look တွေထဲကအတိုင်း Batman ဝတ်စုံအသစ်နဲ့ Batmobile အသစ်ရဲ့ ဒီဇိုင်းတွေကိုလည်း ဒီ Trailer ထဲမှာ ကောင်းကောင်းကြီး တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ ဇွန်လ ၂၁ ရက်နေ့ ၂၀၂၁ မှာ ပြသနိုင်ဖို့ စီစဉ်ထားပေမယ့် Covid Pandemic ကြောင့် ရိုက်ကူးမှူ အပြီးမသတ်နိုင်သေးတာမို့ ၂၀၂၁ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကို ရွှေ့ဆိုင်းထားခဲ့ရပါတယ်။ ဒါပေမဲ့ အခုအခြေအနေအတိုင်းဆိုရင်တော့ ၂၀၂၁ ခုနှစ် ၊ အောက်တိုဘာမှာလည်း ပြသနိုင်ဦးမှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်ကောင်ဒီဇိုင်းအသစ် ၊ သရုပ်ဆောင်အသစ်နဲ့ ဆွဲဆောင်မှူအပြည့်ရှိနေမယ့် ဆရာဘတ်ကြီးကိုတော့ ပရိသတ်တွေအားလုံး ရင်ခုန်စွာနဲ့မျှော်လင့်စောင့်စားနေကြပြီပဲဖြစ်ပါတယ်။

Photo Credit To The Rightful Owners

, , , ,

Tv & Movie

ရင်ကိုထိစေခဲ့တဲ့ အကောင်းဆုံး Anime Movie လေးများ

အရမ်းကြိုက်ခဲ့ရတဲ့ Anime လေးတွေ

by Randy Win

September 16, 2020

               Anime ဆိုတာဟာ သာမာန်ကာတွန်းကားတစ်ကားထက်ပိုတယ်လို့ ရုပ်ရှင်ချစ်ပရိသတ် အတော်တော်များများကလက်ခံထားကြပါတယ်။ ပုံမှန်ထက်ပို Reality ဆန်မှူတွေ ဆွဲဆောင်မှူရှိတဲ့ဇာတ်လမ်းတွေနဲ့ ဇာတ်ကောင်တွေရဲ့ အမူအရာသက်ဝင်လှုပ်ရှားမှူရဲ့ ပီပြင်မှူတွေကြောင့် Anime ကို အသက်အရွယ်အပိုင်းအခြားမရွေး စွဲစွဲမြဲမြဲကြိုက်နှစ်သက်ကြတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီလို ပရိသတ်တွေရဲ့ ရင်ကို ကောင်းကောင်းသိမ်းပိုက်နိုင်တဲ့ Anime ဇာတ်လမ်းပေါင်းများစွာရှိတဲ့အထဲကမှ လူကြိုက်များပြီး ငြင်းဖို့ခက်ခဲလောက်အောင် ကောင်းလွန်းတဲ့ Anime ဇာတ်ကား (၅) ငါးကို စုစည်းပြီး ဖော်ပြပေးမှာမို့ ဒီထဲမှာ ကိုယ့်အကြိုက်ဆုံးဇာတ်ကားဘယ်နှကားပါမလဲဆိုတာ ရွေးချယ်ကြည့်လိုက်ရအောင်နော်။

5 cm per second

ဇာတ်လမ်းနဲ့ ဒါရိုက်တာ Makoto Shinkai ရေးသားတင်ဆက်ခဲ့တဲ့ 5 cm per second ဆိုတဲ့ ဇာတ်ကားလေးကိုလည်း ကြည့်ဖူးတဲ့သူတော်တော်များများရှိကြမှာပါ။ ပြည်တွင်းပြည်ပပရိသတ်ပေါင်းများစွာရဲ့ အားပေးမှူကိုရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့အပြင် Asia Pacific Screen Awards ပွဲတော်မှာ Best Animated Feature Film ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်များမှာ အခြေတည်ထားပြီး ဖုန်းတွေ အီးမေးလ်တွေသိပ်အသုံးမပြုသေးပဲ လူတစ်ယောက်နဲ့တစ်ယောက် စာလေးတွေအပြန်အလှန်ပေးပို့ဆက်သွယ်ရတဲ့ ကာလအပိုင်းအခြားလေးတစ်ခု။ အလှမ်းကွာဝေးနေတဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ဆိုတာတော်တော်လေးကိုခဲယဉ်းတဲ့ အနေအထားမှာ အခြေအနေအရပ်ရပ်ကြောင့် ကွဲကွာသွားခဲ့ရပေမယ့် ကိုယ်ချစ်ရတဲ့သူကို နှလုံးသားထဲမှာ မပြောင်းလဲပဲ အမြဲတမ်းရှိနေခဲ့တဲ့လူတစ်ဦးရဲ့အကြောင်းကို တစ်စက္ကန့်ကို ၅ စင်တီမီတာ ကြွေကျနေတဲ့ချယ်ရီပန်းလေးတွေနဲ့ ခိုင်းနှိုင်းတင်ပြထားတာပါ။ LDRS တွေအတွက် အရမ်းကို ဟတ်ထိစေမယ့် ဇာတ်ကားလေးတစ်ကားလို့ဆိုရမှာပါပဲ။


My Neighbor Totoro


Anime ဇာတ်ကားကောင်းတွေအကြောင်းကို ပြောမယ်ဆိုရင် ၁၉၈၈ ဝန်းကျင်ကထွက်ရှိခဲ့တဲ့ My Neighbor Totoro ဆိုတဲ့ ဇာတ်ကားလေးကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဂျပန်စစ်ပြီးခေတ်ကာလမှာ ဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီး Totoro ဆိုတဲ့ အမွှေးပွပွ အကောင်ကြီးကြီးသတ္တဝါလေးတစ်ကောင်အဓိကနေရာက ပါဝင်ထားပါတယ်။ Totoro လေးဟာ ဂျပန်ကလေးငယ်တွေပေါ်မှာရော အာရှကလေးငယ်တွေအပေါ်မှာပါ အချိန်တော်တော်ကြာလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်ကောင်လေးတစ်ခုဖြစ်ခဲ့တယ်ဆိုရမှာပါ။ မိခင်ဖြစ်သူ နာတာရှည်ရောဂါနဲ့ဆေးရုံတက်နေရချိန်မှာ ဖခင်ဖြစ်သူနဲ့အတူ စိတ်ဓာတ်မာမာနဲ့ရုန်းကန်ရတဲ့ ညီအစ်မနှစ်ဦးရဲ့ ဇာတ်လမ်းလေးကို ဂျပန်လူမျိုးတွေရဲ့ ပရလောကဆိုင်ရာရိုးရာယုံကြည်မှူတွေနဲ့ ရောနှောပြသသွားတာဖြစ်ပြီး လူငယ်တွေသာမက လူလတ်ပိုင်းအရွယ်တွေကိုပါ ဆွဲဆောင်နိုင်ခဲ့တဲ့ Anime ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ ဒီဇာတ်ကားလေးက 2014 ခုနှစ် Time Out London မဂ္ဂဇင်းရဲ့ အကောင်းဆုံး Animation ဇာတ်ကား ၁၀၀ မှာလည်း နံပါတ် (၃) နေရာကို ရရှိခဲ့ပါတယ်။

Grave of The Fireflies

တော်တန်ရုံ စိတ်ခံစားလွယ်သူ၊ မျက်ရည်မခိုင်တဲ့သူဆိုရင်တော့ တစ်ရှူးဆောင်ပြီးကြည့်ဖို့အကြံပေးချင်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဇာတ်အိမ်တည်ထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက ခက်ခဲကြမ်းတမ်းလွန်းတဲ့ တချို့သောဘဝတွေကို ပုံဖော်သွားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ စစ်ရဲ့ ဆိုးကျိုးတွေကြားမှာ မိဘကစလို့ အရာရာကိုဆုံးရှူံးလိုက်ရပြီး ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်ဖို့ ကြိုးစားခဲ့ကြတဲ့ ကလေးငယ်နှစ်ဦးရဲ့ ကြမ်းတမ်းတဲ့ဘဝတွေအပြင် မောင်နှမသားချင်းကြားကမေတ္တာတရားတွေကိုပါ မျက်ရည်မဆည်နိုင်လောက်အောင် ဖော်ညွှန်းသွားနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဒီ Anime လေးက ဖြစ်ရပ်မှန်ပေါ်မှာမှီငြမ်းအခြေတည်ထားတာဖြစ်ပြီး ကြည့်ရှူသူပရိသတ်တိုင်းရဲ့ရင်ကို ကောင်းကောင်းထိစေခဲ့တဲ့ Studio Ghibli ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတစ်ကားဖြစ်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

Your Name

ဒါရိုက်တာ Makoto Shinkai ရဲ့ လက်ရာတစ်ခုပဲဖြစ်တဲ့ ဒီ Anime ဟာလည်း ဆွတ်ပျံ့လွမ်းမောဖို့ကောင်းလွန်းတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ထူးခြားတဲ့တင်ဆက်မှူနဲ့ ကောင်းကောင်း ဇာတ်လမ်းဆင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ဆိုရမှာပါပဲ။ မတူညီတဲ့ အချိန်ကာလအပိုင်းအခြားနှစ်ခု ထပ်တူညီသွားတဲ့ Time Slip လို ဒါမှမဟုတ် Parallel Universe လိုအဖြစ်မျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် မြင်တောင်မမြင်ဖူးပဲ ဆုံစည်းပြီး မေတ္တာရှိခဲ့ကြတဲ့ ချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ဇာတ်လမ်းအစကနေအဆုံးထိ ကောင်းကောင်း ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားလေးပါ။ 49ကြိမ်မြောက် Sitges Film Festival မှာ The Best Animated Feature Film ဆုကိုရရှိခဲ့သလို ၊ 2016 လော့စ်အိန်ဂျလိစ် Film Critics Association Award နဲ့ 71 ကြိမ်မြောက် Mainichi Film Award တွေကိုလည်းရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အကြိမ် 40 မြောက် ဂျပန် အကယ်ဒမီဆုပေးပွဲမှာလည်း အကောင်းဆုံး Animation ဇာတ်ကားဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

Spirited Away


ဒီ Anime ဇာတ်ကားလေးကိုတော့ မကြည့်ဖူးသူတော်တော်ရှားပါလိမ့်မယ်။ ပရလောကလိုကမ္ဘာတစ်ခုကို အမှတ်မထင်ရောက်ရှိသွားတဲ့ Chihiroဆိုတဲ့ ဆယ်နှစ်သမီး ကောင်မလေးတစ်ယောက်အကြောင်းကို ထူးခြားတဲ့တင်ဆက်မှူတွေနဲ့ ပေါင်းစပ်ပုံဖော်ထားတာပါ။ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကို ဇာတ်လမ်းနဲ့ဒါရိုက်တာ Hayao Miyazaki ကရေးသားပုံဖော်ခဲ့ပြီး Studio Ghibli ရဲ့ အကောင်းဆုံးဝင်ငွေတွေနဲ့ ဆုတံဆိပ်ပေါင်းများစွာကိုရရှိပိုင်ဆိုင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားလည်းဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကို ထွေထွေထူးထူးရှင်းပြနေစရာမလိုလောက်အောင်ကို ဆွဲဆောင်မှူရှိတဲ့ဇာတ်လမ်းမို့ မကြည့်ဖူးသေးတဲ့သူတွေရှိရင်လည်း ကြည့်ဖို့တိုက်တွန်းချင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။

 

Photo Credit To The Rightful Owners

 

, , , ,

Tv & Movie

ဒဏ္ဍာရီမင်းသမီးတွေကို အပီပြင်ဆုံးပေါ်ဖော်ခဲ့ကြတဲ့ Real Life Disney Princess များ

ဘယ်မင်းသမီးကို အကြိုက်ဆုံးလဲ

by May Shoon

September 7, 2020

 Disney Iconic Movie တစ်ခုဖြစ်တဲ့ Mulan ကို March 27 မှာ ရုံတင်ဖို့စီစဉ်ထားကြပေမယ့် မမျှော်လင့်ထားတဲ့ Covid-19 ရိုက်ခတ်မှုတွေကြောင့် Disney+ ကနေပဲ September 4 ရက်နေ့မှာ Streaming ပြသခဲ့ရပါတယ်။
Mulan Live-Action အပေါ်မှာ Plot နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပေမယ့် Disney ရဲ့ အမာခံတွေအတွက်တော့ စိတ်ကျေနပ်မှုရှိစေမှာသေချာပါတယ်။
Disney Princess လေးထဲကတစ်ဦးဖြစ်တဲ့ တရုတ်စစ်သည်တော်လေး Mulan အဖြစ် American-Chinese မင်းသမီး Liu Yifei က ပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ Mulan ဇာတ်ကောင်အတွက် Liu Yifei ထက်လိုက်ဖက်တဲ့ သရုပ်ဆောင်မရှိတော့ဘူးလို့တောင် ဒါရိုက်တာ Niki Caro က ချီးမွမ်းခဲ့တဲ့အထိ Liu Yifei ရဲ့ သရုပ်ဆောင်ချက်တွေကို လှလှပပမြင်တွေ့ရမှာပါ။ တိုက်ခိုက်ခန်းတွေကိုပါ သူကိုယ်တိုင်သေချာ Train ပြီး ရိုက်ကူးခဲ့တာပါ။
Disney အနေနဲ့ကလည်း အရင်က နာမည်ကျော် Disney Princess ကာတွန်းဇာတ်ကောင်တွေကို အသက်ပြန်လည်သွင်းတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ဇာတ်ကားတွေဖြစ်လာအောင် ကြိုးစားပုံဖော်ခဲ့ကြပါတယ်။ ကျွန်မတို့ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ Princess Fairy Tale တွေကို ပြန်လည်အသက်သွင်းတဲ့အခါမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Hollywood Actress တွေကလည်း အရမ်းလှပပြီး တကယ့် Real Life Princess တွေလားလို့တောင် ထင်မှတ်ရတယ်လေ။
ရိုက်ကူးခဲ့တဲ့ Disney Princess တွေထဲမှာ အသွင်အပြင်၊ ဖက်ရှင်နဲ့ စိတ်နေစိတ်ထားလေးတွေမတူတာကြောင့် ဒီလို Character လေးတွေကိုပေါ်လွင်အောင်ရိုက်ကူးပေးခဲ့ကြတဲ့ Real Life Disney Princess လေးတွေက ဘယ်သူတွေလဲဆိုတာကြည့်လိုက်ရအောင်။


Liu Yifei as Hua Mulan


Lily Collins as Snow White


Lily James as Cinderella


Elle Fanning as Princess Aurora (Sleeping Beauty)


Emma Watsons as Belle


Naomi Scott as Princess Jasmine

, , ,

MODA TV 


Tv & Movie

Sherlock Holmes ရဲ့ ညီမလေးအဖြစ်မြင်တွေ့ရဦးမယ့် Millie Bobby Brown

ဒီဇာတ်ကောင်ကတော့ Millie နဲ့အလိုက်ဖက်ဆုံးပါပဲ

by May Shoon

August 26, 2020


Stranger Things Series နဲ့ အားလုံးရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်တဲ့ မင်းသမီးလေး Millie Bobby Brown ကတော့ ပရိသတ်တွေကို နောက်ထပ် Surprise အနေနဲ့ နောက်ထပ်ဇာတ်ကားတစ်ကားထပ်ပြီး ချပြလိုက်ပြန်ပါပြီ။
အဲ့ဒါကတော့ ချစ်စရာကောင်းတဲ့ Millie ကို နာမည်ကျော်စုံထောက်ကြီး Sherlock Holmes ရဲ့ညီမ ဖြစ်သူ Enola Holmes အဖြစ် Netflix မှာကြည့်ရှုရတော့မှာဖြစ်လို့ပါ။

၁၈၈၄ ဝန်းကျင် England က နာမည်ကျော် စုံထောက်ကြီး Sherlock Holmes ရဲ့ညီမဖြစ်သူ Enola Holmes က ထူးဆန်းစွာ ပျောက်ဆုံးနေတဲ့ မိခင် Eudoria Holmes ကိုအစ်ကိုတွေရဲ့ အကူအညီနဲ့ ရှာဖွေရင်း ဘယ်လိုလှည့်ကွက်တွေ၊ စွန့်စားမှုတွေကို ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို Netflix မှာ September 23 ရက်နေ့မှာ စိတ်ဝင်စားဖွယ် ရှုစားရမှာပါ။ Millie ကိုယ်တိုင်လည်း Instagram မှာ Enola Holmes Official Trailer ကိုတင်ထားသလို သူလည်း ဒီဇာတ်ကားအတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်။


မိန်းကလေးမဆန်သလို ရဲရင့်သွက်လက်တဲ့ Millie ရဲ့ အကျင့်စရိုက်လေးတွေက ရုပ်ရှင်ထဲက စွန့်စားမှုတွေကိုနှစ်သက်တဲ့ Anola Holmes Character အတွက်တော့ လုံးဝကွက်တိဖြစ်နေမှာသေချာပါတယ်။
ပြီးတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Enola ရဲ့အစ်ကိုနှစ်ယောက် Sherlock Holmes နဲ့ Mycroft Holmes အဖြစ် Justice League ရဲ့ Superman ဖြစ်တဲ့ Henry Cavill နဲ့ Love, Rosie၊ Me Before You တို့ရဲ့မင်းသား Sam Claflin တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဘယ်လို အမိုက်စား ဇာတ်လမ်းကို ကြည့်ရှုရမလဲဆိုတာ မသိခင် Official Trailer လေးနဲ့ပဲ အမြည်းခံစားကြည့်လိုက်တော့နော်။

, , , ,

Tv & Movie

ခွဲခြားခံရတဲ့ လူမည်းတွေရဲ့ ဘဝကို ထင်ဟက်စေတဲ့ Oscar ဆုရ ရုပ်ရှင်ကားများ

သူတို့ရဲ့ ဘဝတွေကလည်း မလွယ်ကူခဲ့ပါဘူး။

by JN Ja Seng Pan

June 11, 2020

အမေရိကားမှာ လူမည်းအမျိူးသား George Floyd အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အသားအရောင်မခွဲခြားဖို့ ဆန္ဒပြတောင်းဆိုလာတာ တော်တော်ကြီး ကြီးထွားလာတာအားလုံးသိကြမှာပါ။ ဒီလို အသားအရောင်ခွဲခြားမှုတွေ၊ မညီမျှမှုတွေက ခုချိန်မှဖြစ်လာတာ မဟုတ်ပါဘူး။ အမေရိကားနိုင်ငံစပြီး တည်ထောင်ပြောင်းလဲလာကတည်းက လူမည်းတွေကို နှိမ်ချဆက်ဆံတာ၊ ခွဲခြားတာတွေက မြင်မကောင်းအောင်ဖြစ်လာနေခဲ့တာပါ။ ဒီလိုစနစ်ကို နယ်ပယ်အသီးသီးကနေ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်လာခဲ့တာကလည်း ဒီနေ့ထိတိုင်ပါပဲ။ ရုပ်ရှင်တွေ၊ သီချင်းတွေကနေ ဖော်ထုတ်တာကလည်း အားလုံးရဲ့ အမြင်ကို ပြောင်းလဲစေနိုင်တဲ့ အချက်ထဲမှာပါနေခဲ့ပါတယ်။ ဒီရက်ပိုင်းမှာလည်း ဒီလိုဆန္ဒထုတ်ဖော်မှုတွေဖြစ်လာအပြီးမှာတော့ Netflix မှာ ၂၀၁၁ ကထွက်ရှိခဲ့တဲ့ The Help ဆိုတဲ့ဇာတ်ကားက လူကြည့်အများဆုံး ရုပ်ရှင်တစ်ကားဖြစ်လာပါတယ်။

လူလူချင်းခွဲခြားဆက်ဆံတာက ဘယ်လိုအခြေအနေ၊ ဘယ်လိုနေရာဒေသမှာဖြစ်ဖြစ် လက်သင့်မခံသင့်တဲ့ လုပ်ရက်တစ်ခုပါ။ အသားအရောင်ခွဲခြားတာကို တစ်ကမ္ဘာလုံးသိအောင် မီးမှောင်းထိုးပြခဲ့တဲ့ ရုပ်ရှင်တွေကလည်း ရှိနေတော့ ဒီလိုအချိန်မှာ မဖြစ်မနေ သင်ခန်းစာယူပြီး ကြည့်သင့်ပါတယ်။ အခုဖော်ပြပေးမယ့် ရုပ်ရှင်ကားတွေက အားလုံးအတွက် Learn လုပ်စရာတစ်ခုဖြစ်သလို Oscar ဆုရ ရုပ်ရှင်ကားတွေမို့ မဖြစ်မနေကြည့်သင့်တယ်လို့ Recommend ပေးချင်ပါတယ်။ အခြားဇာတ်ကားကောင်း တွေလည်း အများကြီး ရှိပေမယ့် Editor သဘောကျပြီး၊ Genre ပါ ဆုံအောင် ဝေမျှပေးချင်တဲ့ အတွက်သာ ဖော်ပြပေးတာဖြစ်ကြောင်းကိုလည်း ကြိုတင်အသိပေးချင်ပါတယ်နော်။


The Help



ကြည့်ရှုနှုန်းမြင့်လာတဲ့ The Help ကို မကြည့်ရသေးတဲ့သူတွေအတွက်ကတော့ ဒီကားလေးက ၁၉၆၃ ခုနှစ်က Civil Right Movement တွေနဲ့ပတ်သတ်ပြီး လူမည်းအစေအပါးတွေရဲ့ ခံစားချက်တွေကို ဖော်ပြဖို့အတွက် စာရေးမယ့် လူဖြုစာရေးစရာမလေးရဲ့ Story လေးပဲဖြစ်ပါတယ်။ လူမည်းမဟုတ်ပဲ လူဖြုတစ်ယောက်အနေနဲ့ကော ဒီလို ခွဲခြားမှုတွေအပေါ် ဘယ်လို မြင်တွေ့ခံစားရလဲဆိုတာကို တွေ့မြင်ရမယ့် ကားလေးတစ်ကားပါ။


Green book




၁၉၆၀ပြည့်နှစ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးခွဲခြားမှုပြဿနာတွေကြောင့် African American စန္ဒယားပညာရှင်တစ်ယောက်က သူ့ရဲ့ပွဲနေရာတွေကို အန္တရာယ်ကင်းကင်းသွားနိုင်မို့ Italian American Bouncer တစ်ယောက်ကို ငှားရမ်းခဲ့ပါတယ်။ အများအမြင်ကို သတိပြုအလေးထားရတဲ့ Jazz Pianist နဲ့ စိတ်လိုလက်ရပြုမှုတတ်တဲ့ လူမိုက်ကြီးနဲ့ နှစ်ယောက်သား လမ်းမှာ ဘယ်လိုတွေ အလွဲဖြစ်ကြလဲဆိုတာကို မြင်ရမှာပါ။ အသားအရောင်တွေ၊ အဆင့်အတန်းတွေထက် လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှုက ဘယ်လောက်တောင် နွေးထွေးအဓိပ္ပာယ်ရှိလဲဆိုတာကို ကောင်းကောင်းကြီး ပုံဖော်ထားတဲ့ ကားလေးပါ။


Selma



Historical Drama ကားလေးဖြစ်တဲ့ Selma က ၁၉၆၅ခုနှစ် Montgomery မဲပေးပိုင်ခွင့် ချီတက်လှုပ်ရှားမှုကို အခြေခံထားတာဖြစ်ပါတယ်။ အားလုံးသိကြမှာဖြစ်တဲ့ ကမ္ဘာကျော်လူမည်းလှုပ်ရှားသူ Dr. Martin Luther King Jr နဲ့သူရဲ့ နောက်လိုက်တွေရဲ့ သမိုင်းဝင်ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာမို့ Must Watch လို့ပြောချင်ပါတယ်။ ဒီပြောင်းလဲမှုကြောင့်ပဲ လူဖြူ၊ လူမည်းခွဲခြားဆက်ဆံမှုတွေဟာ လျော့နည်းခဲ့တာဖြစ်ပြီး ရပိုင်ခွင့်တွေကိုလည်း တရားဝင်ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။


12 years of slave



တကယ့် ဖြစ်ရပ်မှန်တစ်ခုကို ပြန်လည်ရိုက်ကူးထားတဲ့ Drama ကားလေးတစ်ကားပါ။ Solomon Northup ဆိုတဲ့ African American လူမျိူးက ပုံမှန် Newyork မြို့မှာ ကျင်လည်နေထိုင်ရင်း ပြန်ပြေးဆွဲခံရကာ အလိုမပါပဲ ကျွန်အဖြစ်ရောင်းစားခြင်းခံခဲ့ရတာကို တကယ့်ကို စိတ်နာကျည်းဖွယ်ရိုက်ပြထားတာပါ။ ဓာတ်ပုံဆု၊ ဇာတ်ညွန်းဆု၊ ဇာတ်ပို့နဲ့ ဇာတ်ဆောင်ဆုစတဲ့ ဆုအမြောက်အမြားကို ရရှိခဲ့တဲ့ကားလို့လည်း ပြောလို့ရပါတယ်။ မင်းသား၊ မင်းသမီးတွေကလည်း တကယ့်ကို ဆရာကြီးတွေပဲမို့ ကြည့်သင့်တဲ့ကားလေးပါ။


Moonlight


Moonlight ကတော့ Chiron ဆိုတဲ့ လူမည်းတစ်ယောက်ရဲ့ အကြောင်းကို သူ့ရဲ့ ကလေးဘဝ၊ ဆယ်ကျော်သတ်နဲ့ လူလတ်ပိုင်း ဘဝဖြတ်သန်းမှုဖြစ်စဉ်တွေကို ရိုးရိုးလေးပဲ ရိုက်ပြထားတာပါ။ လူမည်းတစ်ယောက်ရဲ့ လိင်စိတ်သဘောထား၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိုပ်စက်ခံရမှုတွေနဲ့ နေထိုင်ရှင်သန်မှုပုံစံတွေကို တွေ့ရမှာပါ။ လူမည်းသရုပ်ဆောင်တွေချည်းနဲ့သာ ရိုက်ကူးထားတဲ့ ပထမဆုံး Oscar ဆုရ ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။


Dope 

ရှေ့ပိုင်းကတော့ နည်းနည်းလေး Drama လေးတွေများနေပြီဆိုတော့ ဒီ Comedy ကလေး အကြိုက်တွေ့စရာဖြစ်မှာပါ။ မူးယစ်ဆေးပြဿနာ၊ လိင်ကိစ္စ၊ ဆယ်ကျော်သက်တွေရဲ့ ဘဝကို ဖော်ပြထားတာမို့ လူငယ်တွေ မဖြစ်မနေကြည့်သင့်တဲ့ကားလေးပါ။ လူမည်းတွေရဲ့ ထုံးစံအတိုင်း ကျောင်းထွက်မယ်၊ Gangsta လုပ်မယ်စတာတွေကို သွေဖီပြီး ကျောင်းကောင်းကောင်းတက် ပညာတတ်ကြီးဖြစ်ချင်တဲ့ သူငယ်ချင်းသုံးယောက် မထင်မှတ်ထားတဲ့ပြဿနာတွေကြုံတွေ့လာတဲ့အခါ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရမှာဖြစ်ပြီး တွေးစရာလေးတွေလည်း ရမှာပါ။ Oscar ဆုရကားမဟုတ်ပေမယ့် အခြား Award တွေရရှိထားတဲ့ကားပါ။


Get out



ဒီကားကို စစကြည့်ခြင်းမှာတော့ ပုံမှန်ကြည့်နေကျ American Horror ကားတစ်ကားလို့ထင်ကောင်းထင်နိုင်ပါတယ်။ ပိတ်ရက်မှာ အပန်းဖြေအနားယူဖို့ African American တစ်ယောက်ဖြစ်တဲ့ Chris က သူကောင်မလေးရဲ့ မိဘတွေအိမ်ကို အလည်အပတ်သွားခဲ့ပါတယ်။ အရာအားလုံးက ပုံမှန်အတိုင်း အဆင်ပြေနေတယ်လို့ ထင်ရပေမယ့် ထင်မှတ်မထားတဲ့ ကြောက်မက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံပြီးမှာတော့ Chris တစ်ယောက် ဘယ်တွေဆက်ဖြစ်မလဲဆိုတာကိုတော့ စိတ်တွေမွန်းကြပ်ပြီး ကြည့်ရမှာပါ။ ဒါရိုက်တာ Jordan Peele ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး Horror ကားကြိုက်တဲ့ ကျွန်မအတွက် တကယ့်ကိုတန်တဲ့ကားမို့ အားလုံးကို Recommend ပေးချင်ပါတယ်။ Racism နဲ့ ဘာဆိုင်လဲဆိုတာကိုတော့ Spoiler ဖြစ်မှာဆိုးလို့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါလို့ ပြောချင်ပါတယ်။


Black Panther



ဒီကားလေးကတော့ Marvel Fan တွေအတွက် ကြည့်ဖူးပြီးသား ကားလေးဖြစ်မှာပါ။ African လူမျိူးတွေရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှု၊ အနုပညာတွေ၊ ဓလေ့ထုံးလမ်းတွေကို ဒီလို Fantasy၊ Sci- fi ကားမှာ အဓိက Highlight လုပ်ပြီး ဖော်ပြသွားတာမို့ ထူးခြားပါတယ်။ ပုံမှန်လူဖြူသူရဲကောင်းတွေကနေခွဲထွက်ပြီး လူမည်း Super Hero ကို နေရာပေးတာကိုလည်း ဝေဖန်ရေးသမားတွေက ချီးကြူးလို့မဆုံးဖြစ်ခဲ့ပါတယ်။

, ,