×
Opinions

သူကိုယ့်ကို J ဝင်နေတာဘယ်လိုသိနိုင်မလဲ

အရှေ့မှာကျ ချစ်တွေ၊ သဲတွေလုပ်ပြီးကွယ်ရာမှာတော့…

by May Shoon

September 18, 2020

သူကိုယ့်ကို J ဝင်နေတာဘယ်လိုသိနိုင်မလဲ
အရှေ့မှာကျ ချစ်တွေ၊ သဲတွေလုပ်ပြီးကွယ်ရာမှာတော့…
လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့ အတိုင်း လူ့ Society ထဲမှာတော့ ကိုယ့်ကိုချစ်ခင်တဲ့သူတွေရှိသလို ၊ ကိုယ့်ကို မသိမသာ မနာလိုမုန်းတီးတဲ့သူတွေလည်းရှိနေကြပါတယ်။ လူတစ်ယောက်က သင့်အပေါ်မနာလိုဖြစ်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ သူတို့ကိုယ်သူတို့ သင်နဲ့ နှိုင်းယှဉ်နေတာဖြစ်ဖြစ်၊ သင်ကသူတို့ထက်တစ်နေရာရာမှာ သာလွန်နေတာဖြစ်ဖြစ်၊ သူတို့မပိုင်ဆိုင်တဲ့အရာကို သင်ကပိုင်ဆိုင်နေတာဖြစ်ဖြစ် Jealousy တွေဆိုတာရှိလာနိုင်ပါတယ်။
တစ်ခါတစ်လေ ပိုအံ့သြစရာကောင်းတာက အဲ့လို Jealousy ရှိတဲ့သူတွေက သင့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်ထဲက ဖြစ်နေနိုင်တာပါပဲ။ အဲ့ဒါကြောင့်တတ်နိုင်ရင် အရမ်းအယုံမလွယ်ပဲ အသိသတိလေးနဲ့နေထိုင်တာကတော့ အကောင်းဆုံးပါပဲ။
ကိုယ့်ပတ်ဝန်းကျင်မှာ မိတ်ဆွေတုတွေ၊ မနာလိုတတ်သူတွေကဘယ်လိုလူတွေလဲ။ ကိုယ့်ကို Jealousy ရှိမရှိဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။


အလွန်အကျွံ ချီးမွမ်းပြမယ်
သင့်ကို အရှေ့မှာတော့ ပုံမှန်ထက်တောင်လွန်တဲ့ ချီးမွမ်းစကားတွေ၊ ချိုသာတဲ့စကားတွေပြောပါတယ်။ Social Media မှာဆိုရင်လည်း သင့်ကို အရမ်းခင်၊ အရမ်းချစ်တဲ့ သူငယ်ချင်းပုံစံ Comment တွေပေးပါလိမ့်မယ်။ ဒါပေမယ့် ချစ်တို့၊ သဲတို့၊ အရမ်းလှတာပဲလို့ပြောနေပေမယ့် ရင်ထဲကမပါတဲ့ စကားတွေပါ။ အရှေ့မှာတော့ အဲ့လိုချီးမွမ်းစကားတွေပြောနေပေမယ့် အတွင်းစိတ်ထဲမှာတော့ သင့်ရဲ့ကောင်းကျိုးကို မလိုလားကြပါဘူး။


လိုက် Stalk နေမယ်
J ဝင်နေသူတွေကသူတို့အကြောင်းထက်တောင် သင့်အကြောင်းကို ပိုစိတ်ဝင်စားနေတတ်ပါတယ်။ Profile တွေ၊ My Day တွေကိုမကြာခဏဝင် Stalk တယ်။ တစ်နေ့တစ်နေ့သင်ဘယ်တွေသွားတယ်၊ ဘာတွေလုပ်တယ်၊ ဘယ်သူတွေနဲ့တွေ့တယ်တွေကအစအရမ်းသိချင်ကြတယ်။ သင်တစ်ခုခုအောင်မြင်နေတာတွေတွေ့ရင်လည်းစိတ်ထဲမှာ နေမထိထိုင်မသာနဲ့ မကျေမနပ်ဖြစ်နေတတ်တယ်။

ပြိုင်ဆိုင်စိတ်ပြင်းထန်မယ်
Jealousy စိတ်ရှိတဲ့သူတွေက သင်နဲ့ အရာရာမှာနှိုင်းယှဉ်ပြီး ပြိုင်ဆိုင်နေတဲ့သူတွေပါ။ သင်ဘယ်လိုဝတ်စားတယ်၊ ဘယ်လိုနေတယ်ထိုင်တယ်ဆိုတာ၊ ဘယ်လို အလုပ်တွေလုပ်နေလဲ စသည်ဖြင့် အရာရာမှာ သင့်ထက်သာအောင် ကျိတ်ပြိုင်နေလေ့ရှိပါတယ်။ သူတို့စိတ်ထဲမှာ သင်သူ့ထက်သာနေတာမြင်ရင်စိတ်ထဲမှာ နေမထိထိုင်မသာတွေဖြစ်နေတတ်ပါတယ်။


သင့်ကို Copy လုပ်မယ်
သင့်ကို မနာလိုသူတွေက သူတို့မသိစိတ်ထဲမှာ သင့်ကိုကျိတ်ပြိုင်နေသူ၊ သင့်ထက်သာချင်နေသူမို့ သင့်နေပုံထိုင်ပုံ Style တွေကိုလိုက်အတုခိုးကြတယ်။ Duplicate လိုက်လုပ်ကြတယ်။ ဒီလိုအကုန်လိုက်အတုခိုးပြီးတော့လည်း အများရဲ့ Attention ကိုရအောင်းကြိုးစားလေ့ရှိကြတယ်။


သင့်အကြောင်း သူတစ်ပါးကို Spoil လုပ်မယ်
ကိုယ်ကတော့သူကို သူငယ်ချင်းကောင်းလို ယုံကြည်လို့ကိုယ့်အကြောင်းတွေ၊ Personality တွေပြောပြပေမယ့်သူတို့ကဒီအချက်ကို အခွင့်ကောင်းယူပြီး တစ်ခြားသူတွေနဲ့တွေ့တဲ့အခါ သွားပုပ်လေလွင့်ဝေဖန်ပြောဆိုတတ်ကြတယ်။ Spoil တတ်ကြတယ်။ သင့်မကောင်းကြောင်းတွေကို တစ်စိတ်ကိုတစ်အိတ်လုပ်ပြောတတ်ကြတယ်။ အဲ့ဒါကြောင့် တတ်နိုင်သလောက်အယုံမလွယ်ဖို့ သတိထားနော်။


သင်အခက်အခဲဖြစ်တဲ့အခါ ကျိတ်ပျော်နေမယ်
Jealousy ဝင်နေတဲ့ မိတ်ဆွေတုတွေက တကယ်တမ်း သင်အခက်အခဲကြုံတဲ့အခါ မကူညီပဲ ရှောင်ပုန်းနေတတ်ကြသလို သင့်ရဲ့ ကျရှုံးချိန်တွေမှာလည်း အတွင်းစိတ်မှာ ဝမ်းသာနေတတ်ပါတယ်။ အစပိုင်းမှာတော့သူငယ်ချင်းကောင်းလိုရှိနေပေမယ့် သင်တကယ်လိုအပ်တဲ့အချိန်မှာတော့ အသံတောင်ကြားရတော့မှာမဟုတ်ပါဘူး။

 

, , ,
Opinions

ပွင့်လင်းတဲ့မိန်းကလေးတွေမှာပဲတွေ့ရတတ်တဲ့ ထူးခြားတဲ့အရည်အသွေး( ၅) မျိုး

ခင်ဖို့ကောင်းတဲ့လူစားမျိုးလေးတွေ

by Randy Win

November 29, 2020

               သူငယ်ချင်းမိတ်ဆွေပေါင်းသင်းဆက်ဆံရေးမှာ အဓိကအရေးကြီးဆုံးအချက်က တစ်ဦးပေါ်တစ်ဦး သိသင့်သိထိုက်တာကိုမျှဝေပြီး ပွင့်လင်းတဲ့ဆက်ဆံရေးမျိုးရှိဖို့ပါ။ သူငယ်ချင်းအုပ်စုတစ်စုမှာ ပွင့်လင်းပြီး အမြင်ကျဉ်းမြောင်းမှူမရှိတဲ့သူတစ်ဦးပါတာနဲ့ စကားဝိုင်းဖွဲ့တဲ့အခါမှာဖြစ်ဖြစ် ခရီးအတူသွားကြတဲ့အခါမှာဖြစ်ဖြစ် သိသိသာသာကို စိုပြည်ပြီး ပျော်စရာကောင်းလာတာတွေ့ရပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ ပွင့်လင်းပြီး လှည့်ဖြားမှူကင်းတဲ့အတွင်းစိတ်ခံကလာတဲ့ စွမ်းအားတစ်ခုရဲ့ရိုက်ခတ်မှူကြောင့်ပါပဲ။မိန်းကလေးအများစုဟာ ရှက်ရွံ့အားငယ်ပြီး ကိစ္စအတော်များများကို ရင်ထဲမှာသာအုံ့ပုန်းထားတတ်ကြတာမို့ ဒီလိုမိန်းကလေးမိတ်ဆွေတွေထဲကမှ ပွင့်လင်းတဲ့သူတစ်ဦးရဲ့ ထူးခြားမှူဟာ သူ့အနီးအနားကလူတွေကို သိသိသာသာကို နွေးထွေးတဲ့ခံစားမှူကိုပေးစွမ်းနိုင်ပါတယ်။ အဲဒီလို ပွင့်လင်းပြီးခင်ဖို့ကောင်းတဲ့မိန်းကလေးတွေအနေနဲ့ သူတို့အနားကသူတွေကို ဘာကြောင့်နွေးထွေးတဲ့ခံစားမှူမျိုးပေးနိုင်တာလဲဆိုရင်တော့ အခုဖော်ပြထားတဲ့ ထူးခြားချက်လေးတွေကြောင့်ပါပဲတဲ့။

အနှောင်အဖွဲ့ကင်းကင်း

သူတို့ကိုကြည့်ရတာ ပေါ့ပါးလွတ်လပ်နေသလိုခံစားရတယ်။ သူတို့နဲ့အတူပေါင်းသင်းဆက်ဆံနေရင်း ကိုယ်တိုင်ပါ‌အနှောင်အဖွဲ့ကင်းကင်းနဲ့ပျော်ရွှင်ရတဲ့ ပျော်ရွှင်မှုမျိုးကိုထပ်တူခံစားရစေတယ်။


အတင်းမတုပ်

ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ဆက်ဆံခံရမလားဆိုတဲ့ခံစားချက်မျိုးကိုမပေးဘဲ ကိုယ့်ကိုကိုယ်လုံခြုံမှူရှိတဲ့ခံစားချက်မျိုးကိုခံစားရတတ်တယ်။စိတ်ဆိုးစိတ်တိုစရာ အထင်လွဲမှားတာမျိုးရှိရင်လည်း ကိုယ့်ရှေ့တင်တခါတည်းသိရတာကြောင့် နောက်ကျောမလုံတဲ့ခံစားချက်မျိုးမရှိပဲ နွေးထွေးစေတယ်။


ခွန်အားပေးသူ

သူတို့ကိုယ်တိုင်လည်း ဘယ်လောက်ပဲစိတ်ညစ်စရာစိတ်ရှူပ်စရာရှိရှိ မျက်နှာမှာမဖော်ပြပဲ စိတ်ဓာတ်သန်မာကြသလို သူတို့အနီးတစ်ဝိုက်ကသူတွေကိုလည်း စိတ်ဓာတ်သန်မာအောင် နည်းအမျိုးမျိုးနဲ့ ခွန်အားပေးနိုင်တယ်။

သတ္တိခဲလေးများ

သူတို့ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှူအပြည့်ရှိနေတတ်တာကိုတွေ့ရတယ်။ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခုပေါ်မှာ ရလဒ်ကဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ရဲရဲဝံ့ဝံ့တာ၀န်ယူတတ်ကြတယ်။

ခင်ဖို့ကောင်း

ကိုယ်တစ်ယောက်ထဲရဲ့အမြင်ကိုသာမက တခြားသူတွေရဲ့အမြင်ပေါ်မှာပါ ညှိနှိုင်းလက်ခံပေးနိုင်ကြတယ်။အားလုံးနဲ့ လိုက်လျောညီထွေရှိတတ်တာကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ လူအများစုကြားမှာ၀င်ဆန့်နိုင်ကြတဲ့သူတွေဖြစ်တယ်။

Photo Credit to the Rightful Owners

, , , ,

Opinions

ဖြူဖြူညိုညို အသားအရောင်တိုင်းနဲ့လိုက်ဖက်တဲ့ Outfit Color (၆) ရောင်

ဘယ်လို အသားအရောင်ဖြစ်ဖြစ် ယုံကြည်မှုရှိဖို့ကအဓိကနော်

by May Shoon

November 27, 2020

 မိန်းကလေးတွေအတွက် ဖက်ရှင်ကိုရွေးချယ်ကြတဲ့အခါ ခေါင်းစားတဲ့အထဲမှာ Outfit ကာလာနဲ့ အသားအရောင်ကလည်း အများဆုံးပါဝင်နေပါတယ်။ တကယ်တော့ အသားဖြူသည်ဖြစ်စေ၊ညိုသည်ဖြစ်စေ ယုံကြည်မှုရှိဖို့ကအဓိက အလိုအပ်ဆုံးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေရင် ဝတ်ဆင်လိုက်တဲ့ Outfit ကာလာတိုင်းက ဆွဲဆောင်မှုအပြည့်ရှိနေမှာပါ။ အသားအရောင်နဲ့ အဝတ်အစားကာလာအတွက် စိတ်ညစ်နေသူလေးတို့အတွက် Skin Tone တိုင်းနဲ့ လိုက်ဖက်နေစေမယ့် ကာလာလေးတွေက ဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်။


White
အရိုးဆုံးက အဆန်းဆုံးဆိုတဲ့အတိုင်း အသားဖြူဖြူညိုညို အဖြူရောင်လေးကတော့ ဘယ်တော့မှ တိမ်ကောသွားမှာမဟုတ်တဲ့ Timeless ကာလာလေးပါ။ Casual ပဲဝတ်မလား၊ ပွဲအတွက်လား၊ Occassional Wear အတွက်လား အားလုံးအတွက် အဆင်ပြေစေမယ့် ကာလာပါ။ အောက်ကနေလည်းကြိုက်နှစ်သက်တဲ့ Jeans၊ Pants၊ Skirt တို့နဲ့တွဲဖက်လို့ရပါတယ်။


Navy
Navy လောက် Sleek and Classic ဖြစ်တဲ့အရောင်ရှိဦးမှာလား။ Navy(နက်ပြာရောင်) လေးတွေက Skin Tone တိုင်းရဲ့အသားပေါ်မှာ ကျက်သရေရှိရှိနဲ့တည်တည်ငြိမ်ငြိမ်လှပနေမှာပါ။ ပြီးတော့ Navy က တခြား Color တွေအားလုံးနဲ့လည်း Match လုပ်လို့ အဆင်ပြေပြီး Occasion တိုင်းနဲ့လည်းအဆင်ပြေပါတယ်။


Gray
တစ်ခါတစ်လေ Basic ကာလာတွေကဘာလို့ အရမ်း Flexible ဖြစ်လဲဆိုတာ အောက်ကဖက်ရှင်ပုံလေးကိုကြည့်ပြီးသိနိုင်ပါတယ်။ အသားဖြူသည်ဖြစ်စေ ညိုသည်ဖြစ်စေ မီးခိုးရောင်လေးက ရိုးရိုးရှင်းရှင်းနဲ့ Smart ဖြစ်တဲ့ အသွင်ကိုလည်း ရရှိစေပါတယ်။


Beige
Neutral ကာလာဖြစ်တဲ့ အသားရောင် (Beige) ကာလာကလည်း အသားအရောင်နဲ့ပတ်သက်ပြီးဖက်ရှင်ကို ချေးများတဲ့ ကောင်မလေးတွေအတွက် အရွေးချယ်သင့်ဆုံး Outfit ကာလာပါ။ ခေါင်းစားသက်သာသလို ကြိုက်တဲ့ Accessory တွေကိုလည်း စိတ်ကြိုက်ဝတ်ဆင်နိုင်တယ်လေ။


Emerald Green
ဒီမြစိမ်းရောင်ကိုလည်း တော်ရုံအသားညို၊ အသားလတ်တဲ့ကောင်မလေးတွေဝတ်ဖို့တွန့်ဆုတ်တတ်ကြပါတယ်။ တကယ်တော့ မြစိမ်းရောင်က Cool Tone ဖြစ်တာမို့ ဘယ်လို Skin Tone ပေါ်ဖြစ်ဖြစ် စိုစိုလွင်လွင်လေးနဲ့ လှနေစေမှာပါ။ မြစိမ်းရောင်ကို Casual Wear တွေထက် ပွဲတက်တွေ၊ Formal/Office Wear တွေအတွက်လည်း အရမ်းလိုက်ဖက်ပါတယ်။


Pink
ပန်းရောင်ကို အသားဖြူတဲ့သူတွေနဲ့ပဲလိုက်တယ်လို့ ဘယ်သူပြောလဲ။ ပန်းရောင်က အသားဖြူတဲ့သူအတွက် ချစ်စရာကောင်းသလို အသားညိုတဲ့သူတွေနဲ့ဆိုရင်လည်း အသားဆောင်ပြီး ဝတ်ထားတဲ့ Fashion ကိုပိုပြီး Pop-Up ဖြစ်စေပါတယ်။ လူငယ်ဆန်ပြီး Fresh ဖြစ်တဲ့ ကာလာလေးမို့ မိန်းကလေးတိုင်းရဲ့ Closet ထဲမှာ ရှိထားသင့်တဲ့ Outfit ကာလာလေးပါပဲ။

, , ,

Opinions

အိပ်ယာဘေးမှာ လုံးဝမထားသင့်တဲ့ပစ္စည်းတွေက ဘာတွေဖြစ်မလဲ

ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင် ဒါလေးတွေသတိထားဖို့လိုမယ်နော်

by Randy Win

November 26, 2020

အိပ်စက်အနားယူခြင်းဆိုတာဟာ တစ်နေ့တာအတွက် ကုန်ဆုံးခဲ့သမျှ စွမ်းအင်တွေကိုပြန်လည်ဖြည့်တင်းပေးတဲ့ အချိန်အပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လို့ အိပ်စက်အနားယူရာ ကိုယ့်ရဲ့ အိပ်ရာဟာလည်း အနားယူချင်စဖွယ်အနေအထားတစ်ခုမှာရှိသင့်သလို အိပ်စက်အနားယူခြင်းကိုအနှောင့်အယှက်ဖြစ်စေမယ့် ဘယ်လိုအရာမှ အိပ်ရာရဲ့အနီးပတ်ဝန်းကျင်မှာ ရှိမနေသင့်ပါဘူး။လူအများစုက ဂရုမပြုမိပဲ ကိုယ့်ရဲ့အိပ်ရာနားမှာ မရှိသင့်တဲ့အရာအတော်များများကို ထားရှိပြီး အိပ်ရာဝင်တတ်ကြတာကို တွေ့ရပါတယ်။ ဒါဟာ ကိုယ့်ကျန်းမာရေးအတွက်လည်း လုံးဝမကောင်းသလို ကိုယ့်ရဲ့ အိပ်စက်ခြင်းကိုလည်း များစွာအနှောင့်အယှက်ပေးနိုင်တယ်ဆိုတာ အထူးသတိပြုရမှာပါ။ဒါကြောင့်မို့လို့ တချို့အရာတွေက ကိုယ်သတိမထားမိပေမယ့် ကိုယ့်ရဲ့ အိပ်စက်ခြင်းနဲ့ကျန်းမာရေးကို ကောင်းကောင်းအနှောင့်အယှက်ပေးနိုင်တာမို့ ဘယ်အရာမျိုးတွေကများ အိပ်ရာဘေးမှာ မထားရှိသင့်ဘူးလဲဆိုတာ သိရအောင် အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။

1.Electronic Device များ


ဘာလို့ ဒီအချက်ကို ထိပ်ဆုံးမှာထားရလဲဆိုရင် အိပ်စက်ခြင်းနဲ့ပတ်သက်လို့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကောင်းကောင်းအနှောင့်အယှက်ပေးနိုင်တဲ့ ပစ္စည်းတွေဖြစ်လို့ပါပဲ။ အိပ်ရာဝင်ခါနီး ရုပ်သံဇာတ်လမ်းတွဲကြည့်တာ ၊ဂိမ်းဆော့တာမျိုးတွေနဲ့ အိပ်ရေးပျက်စေသလို ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်ပြီး အိုမင်းမှူမြန်ဆန် အရွယ်ကျစေတယ်ဆိုတာကို သတိပြုရပါမယ်။ နောက်ပြီး Smartphone, Laptop, Tablet တွေမှာပါတဲ့ အလင်းက မျက်လုံးကိုကောင်းကောင်းဒုက္ခပေးနိုင်ရုံမက ခန္ဓာကိုယ်ရဲ့ Melatonin ထုတ်လုပ်မှူကိုလည်း နှောင့်နှေးစေတယ်လို့ဆိုပါတယ်။ဒါကြောင့်မို့ အတတ်နိုင်ဆုံး အိပ်ရာထဲမှာ ဖုန်းသုံးတာကိုရှောင်ပါ။ မရှောင်နိုင်ဘူးဆိုရင် အနည်းဆုံး မအိပ်ခင်နှစ်နာရီလောက်ထိပဲ ဖုန်းသုံးတဲ့ အလေ့အထမျိုးကို ကျင့်ယူပါ။

2.အလုပ်နဲ့ပတ်သက်တဲ့ပစ္စည်းများ


အလုပ်ဆိုတာဟာ များသောအားဖြင့် လူတစ်ယောက်ကို စိတ်ဖိစီးမှူအပေးနိုင်ဆုံးနဲ့ အတွေးအများစေဆုံးအရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ အလုပ်နဲ့ပတ်သက်သမျှကို အလုပ်စားပွဲပေါ်မှာပဲထားရှိသင့်ပြီး ကိုယ့်ရဲ့အိပ်ရာပေါ်ကို လုံးဝယူမလာသင့်ပါဘူး။ အလုပ်နဲ့ပတ်သက်တာတွေကို အိပ်ရာပေါ်ယူလာတာဟာ ကိုယ့်ရဲ့ အိပ်စက်ခြင်းကို ကောင်းကောင်းအနှောင့်အယှက်ပေးရုံမက အလုပ်နဲ့ပတ်သက်တဲ့ ပစ္စည်း (ဥပမာ - Laptop, Phone )တချို့ကလည်း ကိုယ့်ကျန်းမာရေးကို ထိခိုက်စေဦးမှာပါ။ အကောင်းဆုံးအကြံပေးချင်တာကတော့ အလုပ်တွေကိုအိပ်ရာပေါ်မယူလာဖို့သာမက အလုပ်စားပွဲကိုပါ အိပ်ရာနဲ့ ဝေးတဲ့နေရာမှာထားဖို့ပါပဲ။အိပ်ရာဟာ အိပ်စက်အနားယူဖို့သာဖြစ်ပါစေ။

3.အလှအပနဲ့တစ်ကိုယ်ရည်သုံးပစ္စည်းများ

အလုပ်နဲ့ပတ်သက်တဲ့အရာတွေဟာ အလုပ်စားပွဲပေါ်မှာပဲထားသင့်သလို အလှအပပစ္စည်းတွေဟာလည်း အလှပြင်တဲ့ခုံပေါ်မှာပဲရှိသင့်ပါတယ်။ နောက်ပြီး အလုပ်စားပွဲလိုပဲ အလှပြင်ခုံဟာလည်း အိပ်ရာနဲ့ခပ်ဝေးဝေးမှာသာရှိသင့်ပါတယ်။ အလှပြင်ပစ္စည်းတွေမှာပါတဲ့ မိတ်ကပ်အမှုန် ၊ပေါင်ဒါအမှုန်တွေနဲ့ Eyeshadow အမှုန်လိုမျိုးတွေဟာ ကိုယ်မမြင်ရပေမဲ့ အိပ်ရာပေါ်ကို မသိမသာကျနေတတ်ပြီး ကိုယ့်အိပ်ရာကိုညစ်ထေးစေသလို အချိန်ကြာလာရင် အသားအရည်အတွက်လည်း အဆင်မပြေနိုင်ပါဘူး။ ထို့အတူပဲ Hair Dryer လိုမျိုးတွေဟာလည်း မလိုလားအပ်တဲ့ပိုးမွှားတွေနဲ့ ဆံပင်တွေကို အိပ်ရာပေါ်ကျစေတာကြောင့် အိပ်ရာနဲ့ခပ်ဝေးဝေးမှာသာထားရှိသင့်တဲ့အရာတွေဖြစ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

4.အစားအသောက်များ


အစားအသောက်တွေကို အိပ်ရာထဲယူစားတာမကောင်းသလို အိပ်ရာဘေးစားပွဲပေါ်မှာ အစားအစာတွေတင်ထားတာဟာလည်း မှန်ကန်တဲ့နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ လက်လှမ်းမီတဲ့နေရာမှာ အစားအသောက်တွေရှိနေခြင်းဟာ အိပ်ရာဝင်ခါနီး အစာစားတဲ့အလေ့အထကိုဖြစ်စေပြီး ကျန်းမာရေးအတွက်မကောင်းသလို အိပ်ရာထဲအစားယူစားခြင်းကြောင့် အစားအသောက်အမှုန်အမွှားတွေကျရင်လည်း ပုရွက်ဆိတ်တွေ ပိုးဟပ်တွေနဲ့နပန်းလုံးရနိုင်တယ်ဆိုတာ သိထားရပါမယ်။ဒါကြောင့်မို့ အစားအသောက်ကိုလည်း အတတ်နိုင်ဆုံး အိပ်ရာနဲ့ခပ်ဝေးဝေးမှာထားဖို့ ၊တတ်နိုင်ရင် အစားအသောက်ထားတဲ့နေရာမှာသာထားဖို့ အကြံပေးချင်ပါတယ်။

5.ပစ္စည်းအတိုအထွာများ


အိပ်ရာဘေးမှာ ထားသင့်တာထက်ပိုပြီး ပစ္စည်းများများစားစားထားတာမျိုးမလုပ်မိအောင် ဂရုစိုက်ပါ။ အိပ်ရာဘေးမှာ Side Table လိုမျိုးရှိခဲ့ရင် အဲဒီပေါ်မှာ နှိုးစက်နာရီတစ်လုံးနဲ့ ညအိပ်မီးတိုင်လေးလောက်ပဲထားနိုင်အောင်လုပ်ပါ။ မလိုအပ်ပဲ ဓာတ်ပုံ Stand တွေ၊ ပန်းအိုးနှစ်ခုသုံးခုနဲ့ တခြား Decor တွေထားတာမျိုး အတတ်နိုင်ဆုံးရှောင်ပါ။ တချို့ဆို ဘာမှမသိတဲ့ အတိုအထွာပစ္စည်းတွေမှန်သမျှ အိပ်ရာဘေးစားပွဲပေါ်မှာ စုပြီးတင်ထားတတ်တာမျိုး တွေ့ရပါတယ်။ ကိုယ်အိပ်ရာအနီးတစ်ဝိုက်မှာ ပစ္စည်းတွေ ရှုပ်ထွေးများပြားနေခြင်းကလည်း ကိုယ့်ရဲ့စိတ်ကို ထွေပြားပြီး စိတ်ရှုပ်တဲ့ခံစားချက်မျိုးပေးနိုင်တာမို့ အတတ်နိုင်ဆုံး ခပ်ရှင်းရှင်းနဲ့ ကိုယ့်အတွက်တကယ်အသုံးလိုမယ့်ပစ္စည်းတွေလောက်ပဲ ထားဖို့သတိပြုရမှာပါ။

6.အရုပ်များ

မိန်းကလေးတွေနဲ့ ကလေးငယ်တွေအများစုကတော့ အရုပ်လေးတွေကိုဖက်ပြီးအိပ်ရတာ အရမ်းသဘောကျတတ်ကြပါတယ်။ အရုပ်တွေက ဖက်အိပ်လို့တော့ကောင်းပေမယ့် ကိုယ့်အိပ်ရာရဲ့ Space ကိုမသိမသာလေးခိုးယူနေတဲ့ နေရာသူခိုးလေးတွေပါပဲ။အရုပ်များလာလေ အိပ်ရတာ ထင်သလောက်သက်တောင့်သက်သာမရှိလေဆိုတာ သတိထားမိလာပါလိမ့်မယ်။ဒါကြောင့်အရုပ်ဖက်မအိပ်ရင်မနေတတ်ဘူးဆိုရင်တော့ နည်းနိုင်သမျှနည်းနည်းပဲအိပ်ရာထဲမှာထားတာပိုကောင်းပါတယ်။ နောက်ပြီး ကိုယ်ဖက်အိပ်နေကျအရုပ်တွေကို သေချာသန့်ရှင်းမှူ မပြုလုပ်ထားမိရင် မမြင်ရတဲ့ ပိုးမွှားနဲ့ ဘက်တီးရီးယားတွေကပ်ငြိပြီးကိုယ့်ရဲ့အသားအရည်ကိုဒုက္ခပေးနိုင်တာမို့ ဒီအချက်ကိုလည်း အထူးသတိထားဖို့လိုပါတယ်။

Photo Credit To The Rightful Owners

 

 

, , , , , ,

Opinions

မိတ်ကပ်မလိမ်းပဲ နဂိုရုပ်ခံနဲ့လှနေအောင် ဘယ်လိုပြင်ဆင်ရမလဲ

ရုပ်ချောမှ အထာကျတာမဟုတ်ဘူးနော်

by May Shoon

November 26, 2020

  မိန်းကလေးတိုင်းအတွက် ကိုယ့်ရဲ့ အလှအပနဲ့ Grooming လုပ်တဲ့အခါမှာ မိတ်ကပ်ကမရှိမဖြစ်အရေးပါပါတယ်။ မိတ်ကပ်က ကိုယ့်ရဲ့ Style နဲ့သွင်ပြင်ကို တစ်ဆင့် Upgrade လုပ်ပေးနိုင်တဲ့အရာဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်သင့်ပတ်ဝန်းကျင်မှာကြည့်လိုက်ရင် မိတ်ကပ်မလိမ်းပဲနဲ့ အထာကျပြီးလှပနေတဲ့၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိနေတဲ့ ကောင်မလေးတွေလည်းအများကြီးရှိတာကိုတွေ့ရမှာပါ။ တစ်ခါတစ်လေကျတော့လည်း မျက်နှာကိုအရမ်းအလှတွေပြင်မနေပဲ ပင်ကိုယ် Style လေးနဲ့၊ ပင်ကိုယ်ရုပ်ခံလေးနဲ့ Smart ကျနေအောင်၊ အထာကျနေအောင် ပြင်ဆင်ကြည့်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။
တကယ်လို့ သင်ကိုယ်တိုင်ကလည်း မိတ်ကပ်လိမ်းရတာမကြိုက်ဘူးဆိုရင် အောက်ကအချက်လေးတွေကိုပဲ ဂရုတစိုက်လေးထိန်းသိမ်းသွားရုံနဲ့ ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်နေမှာ အသေချာပဲပေါ့။


အသားအရည်ကောင်းအောင်ထိန်းသိမ်းပါ
မိတ်ကပ်သိပ်မလိမ်းပဲ လှနေဖို့ဆိုကိုယ့်ရဲ့ နဂိုအသားအရေကောင်းဖို့ကအရေးကြီးပါတယ်။ မျက်နှာရော၊ Body ရောပေါ့။ ပိန်တာဝတာက အရေးမကြီးပေမယ့် ကိုယ့်ရဲ့ မျက်နှာအသားအရေကို Baby Face လေးလို နူးညံ့ချောမွေ့နေအောင်ထိန်းသိမ်းဖို့ လိုပါတယ်။ မျက်နှာမှာ ဝက်ခြံအမာရွတ်တွေကင်းစင်အောင် Skin Care တွေလုပ်၊ Hydrated ဖြစ်အောင်ရေများများသောက်ဖို့လိုအပ်တယ်။ Body လို့ဆိုတဲ့အခါမှာလည်း ခြေတွေ၊လက်တွေကို အမာရွတ်တွေမရှိအောင်၊ ခြင်ကိုက်မခံရအောင် ဂရုစိုက်စေလိုပါတယ်။ အသားဖြူဖြူ၊ ညိုညို Skin က Healthy Glow ဖြစ်နေရင် Make Up မပါပဲလည်း လှနေမှာပါ။


ကိုယ်သင်းရနံ့
ကိုယ့်ရဲ့ ကိုယ်သင်းရနံ့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ မျက်နှာမှာတော့ မိတ်ကပ်အဖွေးသားဖြစ်နေပြီး ချွေးနံ့တွေ၊ မသန့်ရှင်းနဲ့အငွေ့အသက်တွေထွက်နေရင် အဆင်မပြေဘူးလေနော်။ အဲ့တော့ ကိုယ့်ရဲ့တစ်ကိုယ်ရည် Personal Hygiene ကိုလည်း သေချာ Care လုပ်ပေးနော်။ ရေပုံမှန်ချိုး၊ တစ်ပတ်တစ်ခါ Body Scrub လေးလုပ်ပြီး ကိုယ်နဲ့သင့်တော်တဲ့ Perfume၊ Fragrance ကို နေ့စဉ် သုံးပေးနိုင်ရင်တော့အကောင်းဆုံးပေါ့။ Body ရနံ့အပြင် ခံတွင်းနံ့ကိုလည်း ဂရုစိုက်ဖို့မမေ့နဲ့နော်။


လက်သည်းခြေသည်းလေးတွေသန့်ရှင်းပါစေ
လူတော်တော်များများက ကျန်တဲ့နေရာတွေကို ရှယ် “သ” ပြီး ခြေသည်းလက်သည်းလေးတွေကိုကျ မေ့နေတတ်တယ်။ ခေါင်းအစ ခြေအဆုံး ဘယ်လောက်လှပြီး Style ကျနေပါစေ၊ လက်သည်းခြေသည်းတွေကိုကြည့်လိုက်တော့ ချေးတွေနဲ့ ညစ်ပတ်နေရင် စိတ်ပျက်စရာကောင်းတယ်လေနော်။ ဒါကြောင့် လက်သည်းခြေသည်းလေးတွေကိုလည်း ချေးမရှိအောင် ပုံမှန်ညှပ်ပြီး ပုံသွင်းထားပါ။ အဲ့လိုပြောလို့ Nail Salon သွားပြီး Nail Art တွေနဲ့ ပုံဖော်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးနော်။ Nails တွေတိုနေပေမယ့်လည်း သန့်ရှင်းပြီး ဖွေးနေရင်လုံလောက်ပါတယ်။


သပ်ရပ်တဲ့ဆံပင်
မိတ်ကပ်မလိမ်းပဲ လှချင်သူတွေဖို့ ဆံပင်ပုံစံကလည်း အရမ်းစကားပြောပါတယ်။ Hairstyle ကိုဘယ်လိုပုံစံပြောင်းပြောင်း ဦးရေပြားနဲ့ ဆံပင်သန့်ရှင်းပြီး ကျန်းမာဖို့က အရေးကြီးပါတယ်။ အပြင်တစ်နေရာရာသွားရင် အလှပြင်ထားရင်တောင် ဆံပင်တွေရှုပ်ပွပြီး Bad Hair Day ဖြစ်နေပြီဆို အရမ်း စိတ်ကသိကအောက်ဖြစ်စေပါတယ်။ ဆံပင်ကို နေ့တိုင်း အထူးတလည်ကြီး “သ” နေဖို့ဆိုလိုတာမဟုတ်ပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ ကိုယ့်မျက်နှာနဲ့လိုက်ဖက်တတ်ဆံပင် Style ဖြစ်နေပြီဆိုရင်ကို လုံလောက်ပါတယ်။


အဝတ်အစားတွေကိုလည်းဂရုစိုက်ပါ
အဝတ်အစားတွေကို ဂရုစိုက်ဆိုတာ အရမ်းကြီး Fashionable ဖြစ်နေဖို့ဆိုလိုတာမဟုတ်ပါဘူး။ အဝတ်အစားလေးတွေကို Neat and Tidy ဖြစ်ဖို့ကို ပြောချင်တာပါ။ လျှော်ဖွတ်ပြီး မီးပူတိုက်ပြီး သန့်ပြန့်နေတဲ့ Outfit လေးတွေကသင့်တစ်နေ့တာကို အများကြီး Impression တက်စေမှာသေချာပါတယ်။ ဟောင်းနွမ်းနေတဲ့ အရောင်မှိုင်းနေတဲ့ အဝတ်အစားတွေကို ထပ်ပြီး မဝတ်ပါနဲ့တော့။ သန့်ပြန့်ပြီး သေချာပြင်ဆင်ထားတဲ့ အဝတ်အစားလေးတွေနဲ့ Smart ကျကျ လျှောက်လှမ်းလိုက်ပါ။


Quality over quantity
ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်ခံယူချက်ကွဲပြားနိုင်ပါတယ်။ တစ်ချို့ကကျတော့ ဈေးကြီးတဲ့ Branded အသုံးအဆောင်အဝတ်အစားတွေအစား ဈေးနည်းနည်းနဲ့များများရနိုင်တဲ့ Stuff တွေကိုကြိုက်ကြတယ်။ တစ်ချို့ကျတော့လည်း ဈေးပေါတဲ့ပစ္စည်းတွေကို ခဏခဏ မဝယ်တော့ပဲ Quality ကောင်းကောင်း Branded ပစ္စည်းလေး တစ်ခုနှစ်ခုလောက်ကိုပဲ တန်ဖိုးထားဝယ်ထားကြတယ်။ Editor အမြင်မှာကျ Quality ကောင်းတဲ့ပစ္စည်းနည်းနည်းကိုပဲ ဝယ်ပြီးသုံးစွဲတာက ပိုပြီးအကျိုးရှိသလို ကိုယ့်ကိုယ်ကိုလည်း ပိုပြီး ယုံကြည်မှုရှိစေပါတယ်။

, ,

Opinions

စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတွေဆီမှာ ရှိတတ်တဲ့ စရိုက်လက္ခဏာဆိုတာ

အဲ့လို မိန်းကလေးမျိူးတွေကို တကယ်လေးစားတယ်

by JN Ja Seng Pan

November 22, 2020

စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိူးသမီးတွေကို ပတ်ဝန်းကျင်မှာတွေ့ဖူးကြမှာပါ အထူးသဖြင့် ငယ်ငယ်ကတည်းက ထိန်းကျောင်းစောင့်ရှောက်လာတဲ့ အမေနဲ့ အဘွားတွေ၊ အမတွေပေါ့။ သူတို့ကို ကြည့်လိုက်တိုင်း အမြဲယုံကြည်မှုအပြည့်နဲ့ ဘယ်အရာကိုမဆို ရှေ့ကနေ ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ရှိနေသူတွေပါ။ ယူတို့ကော စိတ်ဓာတ်ကြံ့ခိုင်သန်စွမ်းတဲ့ အမျိူးသမီးတစ်ယောက်မဟုတ်ဘူးလို့ ပြောနိုင်မလား။ အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေထဲက ဘယ်အချက်က ကိုယ့်ကို ပိုပြီးရဲရင့်သန်စွမ်းစေလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။


ကိုယ့်ကိုယ်ကိုယ်ချစ်တယ်


အမှားတွေ လုပ်ခဲ့ပါစေ၊ အပြစ်အနာတွေ ဘယ်လောက်ပဲရှိနေ ကိုယ့်ကိုယ်ကိုယ်ချစ်နေသေးရဲ့လား။ Self Love ဆိုတာက အချိန်အခါနဲ့ အတွေ့အကြုံတွေက တစ်ဆင့် ရရှိလာတာမို့ Strong Woman တွေက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုချစ်ရမလဲဆိုတာ သိကြပါတယ်။


ရဲရင့်တယ်


အပေါ်မှာ ပြောခဲ့သလိုပဲ သူတို့ကို ကြည့်လိုက်တာနဲ့ စွမ်းအင်တစ်ခုကို ခံစားရမှာပါ။ ဘယ်အရာကိုမှ မကြောက်ပဲ ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းနိုင်ကြသူပါ။


မမှီခိုဘူး

ငွေကြေးပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ခန္ဒာကိုယ်ပိုင်းရာနဲ့ ပတ်သတ်ပြီး မှီခိုမှုကင်းကင်းနေကြသူတွေပါ။ တစ်ယောက်တည်း ရပ်တည်ရတာ မလွယ်ပေမယ့် အားမလျော့လိုက်ပါနဲ့။ ဒီအရာတွေက ပျိူမေတို့ကို ပိုပြီး သန်စွမ်းရင့်ကျက်စေမှာပါ။


ကြင်နာတတ်တယ်

သနားကြင်နာတယ်ဆိုတာက ပျော့ညံ့တာမဟုတ်ပါဘူး။ လိုအပ်နေတဲ့သူ၊ အားနည်းနေတဲ့သူတွေကို ကူညီဖေးမဖို့ မတွန့်ဆုတ်တတ်ကြတဲ့သူတွေပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိူးသမီးတွေက မာန်မာနကို ကောင်းတဲ့နေရာအတွက်ပဲ အသုံးချကြပါတယ်။


တစိုက်မတ်မတ်

Strong Woman တွေက ဘေးစကားတွေကို နားယောင်လေ့မရှိပါဘူးတဲ့။ ယုံကြည်တဲ့အရာ တစ်ခုအပေါ် တစိုက်မတ်မတ် လျှောက်လှမ်းကြသလို ဘယ်အရာက ကောင်းလဲ၊ ဆိုးလဲ ဆိုတာကိုလည်း ဝေဖန်ပိုင်းခြားနိုင်ကြတဲ့သူတွေပါ။


ကိုယ်ပိုင်ပျော်ရွှင်မှု


ကိုယ်ပိုင်ပျော်ရွှင်မှုတစ်ခုကို အခြားသူတစ်ယောက်ဆီမှာ မတည်ဆောက်ကြတဲ့သူတွေပါ။ စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ဆိုရင် အခြားသူအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖိနှပ်ချူပ်နှောင်မှုတွေ မပြုလုပ်လိုက်ပါနဲ့။

, ,

Opinions

K idol တွေ အသုံးများတဲ့ Selfie Apps (၅)မျိုး

တချို့ App လေးတွေတော်တော်မိုက်

by Randy Win

November 20, 2020

Selfie ရိုက်တယ်ဆိုတာဟာ ဒီဘက်ခေတ်မှာ ဆန်းတော့တဲ့ကိစ္စမဟုတ်သလို မိန်းကလေးတွေသာမက ယောက်ျားလေးအများစုပါ Selfie ရိုက်တာနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်ရတာကိုဝါသနာပါကြတယ်ဆိုတာ အားလုံးလက်ခံပြီးသားပါ။ Social Media တွေ အသုံးများလာကြတာနဲ့အမျှ Selfie ရိုက်တာ၊ ဖုန်းနဲ့ အပျော်တမ်းဓာတ်ပုံရိုက်တာတွေဟာ လူတိုင်းရဲ့ တစ်နေ့တာမှာ မလုပ်မဖြစ်ပြုလုပ်လာကြတဲ့အရာတွေဖြစ်သလို ခုနောက်ဆုံးခေတ်စားလာတဲ့ Tik Tok လိုမျိုးတွေကအစ App ကောင်းကောင်း Filter လှလှလေးတွေနဲ့ Video ရိုက်ပြီးမှ ပြန်ထည့်တာမျိုးလုပ်လာကြတာတွေ့ရပါတယ်။ ဒါကြောင့် Filter ဆန်းဆန်းလေးတွေပါတဲ့ App တွေဟာ Selfie ရိုက်ကူးခြင်းအတွက် အဖော်ကောင်းတစ်ခုဖြစ်လာတယ်ဆိုတာ ငြင်းပယ်မရတဲ့ ကိစ္စတစ်ခုပါပဲ။ တခြားသူတွေလိုပဲ ကိုရီးယားရဲ့ နာမည်ကျော် အနုပညာရှင် အများစုဟာလည်း တခါတလေ သူတို့ရဲ့ Professional ရိုက်ကူးရေးတွေ မရှိတဲ့အခါမျိုးမှာ ဖုန်းကင်မရာလေးတွေနဲ့ပဲ ချစ်စရာကောင်းတဲ့ Selfie Photo လေးတွေ Video လေးတွေကို အပျော်တမ်းရိုက်ကူးပြီး Social Media ပေါ်မှာ မျှဝေတတ်ကြသလို သူတို့ကိုယ်တိုင် သဘောကျစွာအသုံးပြုတတ်တဲ့ Selfie App လေးတွေရှိတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မို့ ကိုရီးယားအနုပညာရှင်တွေကိုချစ်တဲ့ပရိသတ်တွေအနေနဲ့ ကိုယ့် Idol တွေ ဘယ်လို App မျိုးတွေကို သုံးတတ်ကြလဲဆိုတာ သိချင်နေမယ်ထင်တဲ့အတွက် Korean Star တွေအသုံးများတဲ့ Selfie App (၅)ခုကို ရွေးချယ်စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။

1.Kwai


Kwai ဆိုတဲ့ App လေးကတော့ အမျိုးသမီး K Idol တွေကြားမှာ TikTok လိုပဲ ရေပန်းစားခဲ့တဲ့ Selfie Video App လေးတစ်ခုပါ။ ချစ်စရာယုန်ရုပ်လေးတွေလို Cute ဖြစ်တဲ့ Effect လေးတွေနဲ့Short Clip လေးတွေရိုက်ကူးနိုင်သလို ကိုရီးယား ပေါ့ပ်သီချင်းတော်တော်များများကို အသံထပ်ပြီးလိုက်ဆိုနိုင်တာမို့ K Pop ကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအနေနဲ့ သဘောကျနှစ်သက်စေမယ့် App လေးတစ်ခုလို့ ဆိုလို့ရပါတယ်။ နာမည်ကျော်အမျိုးသမီး K Idol တွေကိုယ်တိုင်ကလည်း ဒီ App လေးကိုအသုံးပြုပြီး သူတို့ရဲ့ Social Media တွေမှာ ချစ်စရာကောင်းတဲ့ Short Video လေးတွေ တင်ထားတာတွေ့ရမှာပါ။

Download Link - Kwai

 

2. Foodie


Foodie ကတော့ စထွက်ခါစမှာ အစားအသောက်တွေကိုရိုက်ကူးဖို့သာ ရည်ရွယ်ခဲ့ပေမယ့် App ထဲမှာပါတဲ့ Filter တွေက အရမ်းလှပြီး ဆွဲဆောင်မှူရှိလွန်းတာကြောင့် အခုချိန်မှာ Selfie အနေနဲ့ပါ လူတော်တော်များများအသုံးပြုနေကြပါတယ်။ Selfie ဓာတ်ပုံရော Video လေးတွေပါရိုက်ကူးနိုင်တဲ့အပြင် ဖုန်းကင်မရာကောင်းရင်ကောင်းသလို ကိုရီးယားဆန်ဆန် အရမ်းချောအရမ်းလှတဲ့ ရုပ်ထွက်လေးတွေကို ပေးစွမ်းနိုင်တာကို သုံးဖူးသူတိုင်းသိကြပါလိမ့်မယ်။ ဒါကြောင့်မို့ Foodie ဟာ တောင်ကိုရီးယားရဲ့ နာမည်ကျော် Celebrity တွေရဲ့ အသည်းစွဲ Selfie App တွေထဲမှာပါ တစ်ခုအပါအဝင်ဖြစ်နေပါတယ်တဲ့။

Download LinkFoodie

Kirakira+ ကတော့ Short Clip လေးတွေကို Aesthestic ဆန်ဆန် Glamourous ဖြစ်ဖြစ် ရိုက်ကူးနိုင်အောင် ကူညီပေးမယ့် App လေးပါ။ Kira Kira ဆိုတဲ့ အဓိပ္ပါယ်ကိုက ဂျပန်လို Glitter ကို ဆိုလိုတာမို့ လှုပ်ရှားမှူတိုင်းမှာ စိန်ပွင့်လေးတွေလက်သလို တဖျတ်ဖျတ်တောက်ပနေတဲ့ Short Clip လှလှလေးတွေကို ရိုက်ကူးနိုင်ပါလိမ့်မယ်။ ဒီ App လေးကတော့ အာရှက နာမည်ကျော်တွေသာမက Hollywood က Celebrity တွေ ၊ အနောက်တိုင်း Fashion & Beauty Industry ကသူတွေပါ အရမ်းကို ကြိုက်နှစ်သက်ကြတဲ့ App လေးတစ်ခုပါတဲ့။

Download LinkKirakira+

 

4. Gudak


Gudak ဆိုတဲ့နာမည်က Gudakdari ဆိုတဲ့စကားလုံးကနေယူထားတာဖြစ်ပြီး အဓိပ္ပါယ်ကတော့ အိုမင်းဟောင်းနွမ်းတာ Outdated ဖြစ်တာကိုဆိုလိုတာပါ။ Vintage ဆန်ဆန် ခေတ်ဟောင်းက ကင်မရာလေးတွေနဲ့ရိုက်ထားတဲ့ Old-school Effect မျိုးကို လိုချင်တယ်ဆိုရင်တော့ Gudak ကကောင်းကောင်း ကူညီပေးနိုင်ပါလိမ့်မယ်။ K Idol တွေတော်တော်များများလည်း သူတို့ရဲ့ Social Media တွေမှာ Gudak ကိုသုံးပြီး ပုံလေးတွေတင်တာတွေ့ရပါတယ်။

Download LinkGudak

5.Meitu


ဒီ Appလေးကတော့ မြန်မာနိုင်ငံက Selfie ဂျိုးလေးတွေနဲ့ သိပ်စိမ်းမယ်မထင်ပါဘူး။ လှပပြီး ရွေးချယ်စရာစုံလင်တဲ့ ခပ်မိုက်မိုက် Filter လေးတွေ အများကြီးပါသလို ကာတွန်းပုံ၊ Anime ပုံ စသဖြင့်ပြောင်းလို့ရတဲ့ Auto Generated Effect လေးတွေလည်း ပါဝင်တာကိုတွေ့ရပါတယ်။ ဖုန်းကင်မရာပေါ်မူတည်ပြီး ရုပ်ထွက်ဖွယ်သွားတာမျိုးမရှိပဲ အသားချောပေးနိုင်သလို မျက်နှာ၊နှာခေါင်း၊မေးရိုးကအစ လိုသလိုချိန်ညှိနိုင်တဲ့အပြင် မိတ်ကပ်လိမ်းမလာခဲ့မိရင်တောင် တခါတည်းလိမ်းပေးနိုင်တာမို့ ဓာတ်ပုံဝါသနာအိုးလေးတွေ တော်တော့်ကို သဘောကျမယ့် App မို့ K Idol တွေလည်း နှစ်သက်ကြတယ်ဆိုတာ မဆန်းလောက်ပါဘူး။

Download LinkMeitu

Photo Credit To The Rightful Owners

 

 

 

 

, , , ,

MODA TV 


Opinions

အလှထားလို့ကောင်းပြီး Eco- Friendly ဖြစ်တဲ့ မြန်မာပြည်ထုတ် Recycle Furniture တွေ

မြန်မာပြည်ထုတ်လေးတွေ

by JN Ja Seng Pan

November 20, 2020

Work from Home ကာလ အိမ်ကို ပြန် Decorate လုပ်ရင်း လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေ ထပ်ဖြည့်ချင်နေမှာပါ။ အထူးသဖြင့် ကိုယ်အိပ်ခန်းလေးတွေ အတွက်ကော၊ အိမ်ရှေ့ဧည့်ခန်းလေးမှာကော အလှထားလို့ရမယ့် Furniture လှလှလေးတွေ လိုနေမှာပါ။

Furniture တွေက ဒီမှာလည်း ဒီဇိုင်းစုံ၊ ဈေးနှုန်းမျိူးစုံနဲ့ ဝယ်လို့ရပေမယ့် ပတ်ဝန်းကျင်အတွက်ကော ကမ္ဘာကြီးအတွက်ပါ ဆိုးကျိူးမရှိတဲ့ ပရိဘောဂတွေကို စိတ်မဝင်စားဘူးလား။ ဒီတစ်လော သတင်းထုတ်ပြန်ချက်တွေအရလည်း ရန်ကုန်မြို့ရဲ့ လေထုက အညစ်ညမ်းဆုံးနေရာ ထိပ်ဆုံးမှာ ပါနေတာမို့ ကိုယ်တတ်နိုင်သလောက်နဲ့ ပတ်ဝန်းကျင်ကို ပြန်ထိန်းသိမ်းရမယ့်အချိန်ပါ။ ပြီးတော့ ဒီ Product လေးတွေက မြန်မာပြည်ထုတ်လေးတွေဖြစ်တာကြောင့် ဝယ်ရတာလည်း ပိုပြီးအဓိပ္ပာယ်ရှိမှာပါ။

Zp Recycle Furniture

Recycle Product တွေနဲ့ Furniture ဆိုဒ်စုံ၊ အရွယ်စုံကို ပြုလုပ်ပေးတာဖြစ်ပြီး သူ့ဆီက ဒီဇိုင်းလေးတွေက ရိုးရိုးရှင်းရှင်းနဲ့ Aesthetic ဖြစ်လေ့ရှိပါတယ်။


Mickey's Real Wood

ကျွန်မတော့ ဒီ ဆိုင်လေးက အခြားနဲ့မတူတဲ့ Creation Art လေးတွေကို သိပ်သဘောကျတယ်။ ဒီဆိုင်လေးက Recycle ဆိုတာထက် Upcycle ကို အဓိကထားပြီး ပြုလုပ်တာပါ။ Furniture အဟောင်းတွေကို Artsy ဆန်ဆန် Decoration တွေနဲ့ Upcycled Furniture တွေအဖြစ် ပြောင်းလဲအသက်သွင်းတာက တကယ့်ကိုလက်ရာမြောက်ပါတယ်။


Zero Plastic

နေ့စဉ် Daily Life မှာ ပလက်စတစ်တွေပိုမသုံးမိအောင် Zero Plastic က ကူညီပေးမှာပါ။ တစ်ခါသုံးတူ၊ ပိုက်တွေကအစ လျော့သုံးနိုင်ဖို့ ထုတ်လုပ်ထားတဲ့ Product လေးတွေအများကြီးရှိတာမို့ အတော်လေးသဘောကျစရာကောင်းပါတယ်။


Recycle Zay

Company ကြီးတွေအတွက် Customize Eco Friendly Product လေးတွေ ထုတ်ပေးရတာများတဲ့ ဆိုင်လေးပါ။ Recycle ပစ္စည်းတွေကို စနစ်တကျနဲ့ သပ်သပ်ရပ်ရပ်လုပ်ပေးလို့ အကြိုက်တွေ့မှာပါ။


Mr Green Furniture & Décor

ကိုယ့်အိပ်ခန်းအတွက် ဈေးနှုန်းအသင့်အတင့်နဲ့ Quality ကောင်းကောင်း Recycle Product လေးတွေရှာနေရင်တော့ ဒီနေရာလေးက ပြည့်စုံမှာပါ။


Win Myanmar Pallet Recycle Furniture

Pallet တွေကိုသာအဓိကထားပြီး Recycle Furniture တွေထုတ်တာဖြစ်တဲ့အတွက် Pallet Furniture Crazy တွေအတွက် သင့်တော်မှာပါ။

, ,

Opinions

အရပ်ပုတဲ့ကောင်မလေးတွေကို ယောကျာၤလေးတွေသဘောကျရတဲ့ အချက် ၈ ချက်

အူယားစရာလေးဆိုပဲ..

by JN Ja Seng Pan

November 15, 2020

အရပ်ပုတဲ့ကောင်မလေး တချိူ့က ကိုယ့်ကိုယ်ကိုယ်ပုလို့ ဆိုပြီး ယုံကြည်ချက်မရှိ၊ စိတ်အားငယ်နေမှာပါ။ ပိန်ပိန်ရှည်ရှည်မှ လှတဲ့ခေတ်လို့ပြောကြပေမယ့် အရပ်ပုတာလေးက တစ်မျိူးချစ်စရာကောင်းပါတယ်နော် အထူးသဖြင့် ယောင်္ကျားလေးတွေရဲ့ အမြင်မှာပေါ့။ ဘာလုပ်လုပ် ချစ်စရာကောင်းနေသလို ပုလို့နုတယ်ဆိုတဲ့ စကားလည်းရှိတာမို့ ကိုယ့်အရပ်နဲ့ ပတ်သတ်ပြီး စိတ်ညစ်မနေပါနဲ့။ အရပ်ပုတဲ့ကောင်မလေးတွေကို သဘောမကျပဲမနေနိုင်တဲ့ ကောင်လေးတွေရဲ့ အမြင်က ဘာတွေဖြစ်မလဲဆိုတော့


အရပ်ပိုရှည်စေတယ်


အရည်ရှည်တဲ့ကောင်လေးတွေအတွက် ဒီကိစ္စက ဘာမှမဟုတ်လောက်ပေမယ့် သာမာန်အရပ်ရှိတဲ့ကောင်လေးတွေအတွက် ဒီကိစ္စက သိပ်ကိုအရေးကြီးပါတယ်တဲ့။ အရပ်ပုပုကောင်မလေးနဲ့ဆိုရင် အရပ်ပိုရှည်ပြီး လူကောင်ပိုကြီးနေတာကို သဘောကျသလို အားကိုးချင်စရာဖြစ်လို့ပါတဲ့နော်။


အူယားစရာကောင်းတယ်


လက်မောင်းတွေကြားမှာ သေးသေးကွေးကွေးကောင်မလေးတစ်ယောက်ကို မြင်ရတာ သူတို့အတွက် သိပ်ကို ပြီးပြည့်စုံတဲ့ အခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်ထားရတယ်လို့ ဆိုပါတယ်။ ဖက်လိုက်တိုင်း ရင်ခွင်ထဲ မှာရှိနေတဲ့ကောင်မလေးကို ဘယ်သူက ငြင်းဆန်နိုင်မှာလဲနော်။


သန်မာတယ်လို့ ခံစားရတယ်

ဘာကိုဆိုလိုတာလဲ သဘောပေါက်ကြရဲ့လား။ ယူက ပုပုသေးသေးလေးဆိုတော့ ဘတ်စ်ကားတန်းမမှီတာ၊ အမြင့်က ပစ္စည်းတစ်ခုခုယူတာကအစ သူ့ကိုပဲ အကူအညီတောင်း၊ အားကိုးရလို့ပါ။ အရပ် အများကြီး ရှည်စရာမလိုပဲနဲ့တောင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစရာကောင်းတယ်လို့ ကောင်လေးတွေက ခံစားရပါတယ်တဲ့။


စိတ်တိုနေရင်တောင် ချစ်စရာကောင်းတယ်


ဂျပုမလေးတွေ စိတ်ဆိုးရင် ပိုတောင် ရယ်စရာကောင်းပြီး စိတ်တွေခုန်ရပါတယ်တဲ့။ စိတ်ပိုတိုတတ်သလို စွာတတ်လေ့ရှိတဲ့ အပုလေးတွေကို ကောင်လေးတွေက အပြစ်မမြင်ရက်ကြပါဘူး။


သယ်ရလွယ်တယ်


ကိုယ့်ကောင်မလေး ဘယ်လောက်၀၀၊ ဘယ်လောက်ရှည်ရှည် ချီပိုးနိုင်ဖို့က ကောင်လေးတွေရဲ့ စိတ်ဆန္ဒပါ။ ကိုယ်က အကောင်သေးသေးကွေးကွေးလေးဆိုတော့ ပိုပြီး အဆင်ပြေတာပေါ့။ ရုပ်ရှင်ကြည့်ရင်း အိပ်ပဲပျော်သွားသွား၊ အရက်မတရားမူးနေလို့ ကုန်းပိုးသယ်ပြန်ရ၊ ပြန်ရ အလွယ်တကူ ချီပွေ့သွားနိုင်လို့ပါတဲ့။


ဂျပုမလေးတွေနဲ့ Oversized Shirt


ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြမှာပါ။ ကောင်လေးတော်တော်များများက သူ့တို့ဆီက ယူဝတ်လိုက်တဲ့ Shirt အကျီ၊ T Shirt တွေနဲ့ ပွပွယောင်းယောင်းဖြစ်နေတဲ့ ပုပုတုတုကောင်မလေးကို ဆွဲဆောင်မှုပိုတယ်လို့ ဝန်ခံထားကြပါတယ်။

, ,

Sex & Relationship

Social Media ပေါ်မှာကိုယ့် Crush ဆီက ဘယ်လို Attention ရအောင်ယူမလဲ

သိပ်ရုပ်မပေါက်ဖို့လည်း သတိတော့ထားနော်

by May Shoon

November 13, 2020

  Facebook၊ Instagram မှာသူ့ Account လေးကို See First လုပ်ပြီးပုံလေးတွေကိုပဲ Save နေတုန်းလား။ မီးစိမ်းလေးကိုပဲထိုင်စောင့်နေတုန်းလား။ မျှော်တမောမောလုပ်ရတာပင်ပန်းနေပြီလား။ အဲ့လိုပဲ အချိန်ဆွဲနေရင်တော့ ပြီးမှတခြားတစ်ယောက်လက်ထဲပါသွားလို့ ပိုကြေကွဲနေရမယ်နော်။ Crush ကကိုယ့်ကိုပြန်စိတ်ဝင်စားဖို့ဆိုတာ ကိုယ့်ကို သတိမထားမိပဲ၊ Attention မရှိပဲတော့ ဖြစ်လာမှာမဟုတ်ဘူး။ အဲ့တော့ Crush သတိထားမိအောင် Attention Seek လုပ်ဖို့ကလည်း ကိုယ့်ဖက်ကအားစိုက်ဖို့တော့လိုမယ်နော်။ အဲ့လို အားစိုက်တဲ့နေရာ၊ ချည်းကပ်တဲ့နေရာမှာလည်း အရမ်းကြီးမသိသာပဲ ပါးပါးနပ်နပ်လေး Move လုပ်ဖို့ကလည်း အရေးကြီးတယ်နော်။ တကယ်လို့ ကိုယ် Attention ယူတဲ့ပုံစံက မပါးနပ်ဘူးဆိုရင် Crush ရှေ့မှာရုပ်ပေါက်သွားနိုင်တယ်နော်။ ဒီတော့ အောက်မှာပြထားတဲ့အချက်လေးတွေအတိုင်း Crush ကို ပညာသားပါပါလေး Attention ယူကြည့်ရအောင်။

သူ့ Post တွေကို React ပေးပါ
ဒီအချက်ကတော့ အလွယ်ဆုံးနဲ့ အရှင်းဆုံးပါ။ သူတင်တဲ့ ပုံတွေ၊ Share တဲ့ Post လေးတွေကို React ပေးတာပါ။ ဒါပေမယ့် Like ပဲ အရင်ပေးပါ။ တဖြည်းဖြည်းနဲ့ရင်းနှီးတဲ့ အဆင့်ရောက်သွားပြီဆိုတော့မှ Love React ပေးပါ။ ကိုယ်ကစစချင်းမှာ Love React တွေခဏခဏပေးရင်းအရမ်း Obvious ဖြစ်သလို Crush ကလည်းသင့်ကို ချေချတော့မှာပါ။ ပြီးတော့လူတော်တော်များများက သူတို့ကို Post React ပေးတဲ့သူတွေဆို တဖြည်းဖြည်းမျက်မှန်းတန်းမိသွားနိုင်ပါတယ်။

Comment တွေလည်းပေးပါ။ ဒါပေမယ့်အရမ်းမများပါစေနဲ့
Comment လေးတွေကလည်းသင့်ကိုနီးစပ်ဖို့ တစ်ဖက်တစ်လှမ်းကကူညီနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ Relate မဖြစ်တဲ့ Comment မျိုးတော့မပေးမိစေနဲ့ပေါ့။ ဥပမာ Crush က Concert တစ်ခုသွားတဲ့ Post ဆိုရင်လည်း “Concert ကဘယ်လိုနေလဲလို့၊ ငါလည်းသွားချင်နေတာတို့၊” ဒါမှမဟုတ် Crush က ဘယ်သီချင်းကောင်းလဲ ရုပ်ရှင်ကောင်းလဲလို့မေးတဲ့ Post တွေမှာ ဘယ်ရုပ်ရှင်ကောင်းတယ်၊ ဘယ် သီချင်းကတော့ အခု Hit ဖြစ်နေတယ်ဆိုတာကို Suggest Comment ပေးသလိုမျိုးလေးတွေပေါ့။

Story တွေကို React ပေးပါ
သူ့ရဲ့ My Day တွေ၊ My Story တွေကို ဝင်ကြည့်တာတို့ Love React ပေးတာတို့ကလည်း သူတို့ရဲ့စိတ်ထဲမှာသင့်ကို Notice ဖြစ်သွားစေနိုင်ပါတယ်။ လေ့လာချက်အရ My Story တင်သူတွေက React မပေးရင်တောင် သူတို့ Story ကို အမြဲဝင်ကြည့်တဲ့သူတွေကို သတိထားမိကြပါတယ်။ ကိုယ်ကလည်းသူ My Day တွေကိုပုံမှန်ဝင်ကြည့်သူဆိုရင် သူလည်း ကိုယ့် My Day တွေကိုဝင်ကြည့်ဖို့ ပြန် React လုပ်ဖို့ပိုပြီး Comfortable ဖြစ်လာလမ့်မယ်။

Birthday Wish လုပ်ဖို့လည်းမမေ့ပါနဲ့
လူတိုင်းကသူတို့ကို Birthday Wish လုပ်ပေးရင် Appreciate ဖြစ်ကြပါတယ်။ သူတို့ကိုခင်မင်ပြီး ဂရုစိုက်ပေးရာလည်းကျတယ်။ Birthday Wish ဆိုတာ ဘယ်သူမဆို Post လုပ်ပေးနိုင်တဲ့ အရာမို့လို့ ကိုယ် Crush နေတာလည်း အရမ်းကြီးမသိသာပဲ သင့် Wish ကို ကျေးဇူးတင်စကားလေးပြန်ပြောရင်းနဲ့ ခင်မင်သွားနိုင်ပါတယ်။ Wish မှာလည်း Cute Emoji တွေ၊ Smile Emoji လေးတွေထည့်ရေးဖို့လည်းမမေ့နဲ့နော်။

Mutual Friend တွေကိုကောင်းကောင်းအသုံးချတတ်ပါစေ
သူနဲ့ကိုယ်နဲ့ရောရင်းနှီးတဲ့ Mutual Friend တွေက သင်တို့နှစ်ယောက်ကို ပိုပြီးနီးစပ်အောင်ကူညီနိုင်မှာပါ။ Crush အကြောင်းတွေကို သူတို့ကနေတစ်ဆင့်မေးနိုင်တယ်လေ။ သူတို့ဘာတွေကြိုက်လဲ ဘာတွေမကြိုက်ဘူးလဲဆိုတာကအစပေါ့။ တကယ်လို့သင့် Crush က Mutual Friend ရဲ့ Pose တွေမှာ Comment ပေးတယ်ဆိုသင်လည်း ပေးကြည့်ပါ။ နောက်ပြီး သင့် Pose တွေမှာ Mutual Friend တွေကို Tag လုပ်ပြီးတင်ပါ။ အဲ့လိုဆို အနည်းနဲ့အများတော့သင့်ကို မျက်မှန်းတန်းမိသွားမှာပါ။

သူစိတ်ဝင်စားတဲ့အရာလေးတွေကို Public Share လုပ်ပါ
သူသိတဲ့အရာလေးတွေ၊ သင်နဲ့အကြိုက်တူတာလေးတွေရှိရင်လည်း Pubic နဲ့တင်ပြီး Share လို့ရပါတယ်။ သူကြိုက်တဲ့ဝါသနာလေးတွေ၊ သူ Fandom ဖြစ်တဲ့ MusicBand တွေ၊ ရုပ်ရှင်တွေရှိရင်လည်း Share ပြီး Comment ပေးရင်း စကားလမ်းစရှာလို့ရတယ်လေ။ တကယ်လို့ Crush က Potter Head လေးဆိုရင် Harry Potter နဲ့ပတ်သက်တဲ့ အကြောင်းတွေ၊ ဘယ် Hogwarts House ကလဲဆိုတဲ့ Quiz လုပ်တဲ့ Post လေးတွေဆိုသူကိုယ်တိုင်ကလည်းလာ မန့် မှာပဲလေ။ Music ဆိုလည်း BTS ရဲ့ ဘယ်သီချင်းကအမိုက်ဆုံးလဲ ဘာညာဆိုပြီး ညဏ်ဆင်လို့ရတာပေါ့။

ကိုယ့် Profile ကိုလည်း Impressive ဖြစ်အောင်ထားဖို့ ဂရုစိုက်နော်
ကဲအပေါ်ကအချက်တွေ အကုန်လုံးလည်း၊ လုပ်ကြည့်ပြီး ပြီ။ Crush ကောင်လေး/ကောင်မလေးကလည်းကိုယ့်ကို သတိထားမိပြီး စိတ်ဝင်စားလာပြီ။ ပြီးလည်းပြီးရော ကိုယ့် Profile ထဲဝင်ကြည့်လိုက်တော့မှ “ဟင်” ခနဲ့ဖြစ်သွားစေတဲ့ Profile တော့မဖြစ်စေနဲ့နော်။ တော်ကြာခဲလေသမျှ သဲရေကျဖြစ်နေရဦးမယ်။ “ဟင်” ခနဲ့ Impression down သွားတဲ့ Profile မျိုးဆိုတာ Effect ပိနေတဲ့ ကြည့်မကောင်းတဲ့ Selfie ပုံတွေ၊ Fake Account ဆန်တဲ့ မြန်မာလိုရေးထားတဲ့ Profile Name တွေ၊ အပေါစားဆန်တဲ့၊ ဆဲဆိုတဲ့၊ ညစ်ညမ်းတဲ့ Post တွေတင်ထားတဲ့ Account မျိုးတွေ၊ မိန်းကလေးတွေဆိုလည်း အားနေ Depression ဝင်နေတဲ့ Post တွေ၊ Dark Side ပုံတွေနဲ့တော့မဖြစ်စေနဲ့နော်။ ကိုယ့် Account သန့်သန့်ပြန့်ပြန့်လေးနဲ့ Impression ကောင်းအောင်ထားဖို့တော့မမေ့နဲ့နော်။

Photo credit to original uploaders.

 

, , , ,