×
Brands

ကမ္ဘာကြီးကို လှပစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ စိမ်းလန်းတဲ့ အနာဂတ်ကို ခြယ်မှုန်းနေတဲ့ People Tree

တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခု

by JN Ja Seng Pan

September 7, 2020

Beginning of the journey
Publishing နဲ့ Advertising လောကမှာ ကျင်လည်နေတဲ့ ဗြိတန်သူလေး Minney က Social & Environmental Issue တွေကို ဒီကြားခံနယ်ကတစ်ဆင့် Awareness ပေးဖို့ ဆန္ဒပြင်းပြနေခဲ့ပါတယ်။ ဒါ့အပြင် Fashion ကျတဲ့ Fair Trade Product တွေကို ထုတ်လုပ်ဖို့ ဆယ်ကျော်သက်အရွယ်ထဲက စိတ်ကူးယဉ်နေခဲ့တာဖြစ်ပြီး ဘာလီနဲ့ မြန်မာနိုင်ငံကို သုံးလကြာ တစ်ကိုယ်တော် Backpacking ထွက်အပြီးမှာတော့ ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ စတင်ခဲ့ပါတော့တယ်။

Since 1991
ကမ္ဘာပထမဆုံး Sustainable Fashion ကို မိတ်ဆက်ပေးခဲ့တဲ့ နှစ်လေးတစ်နှစ်ပါ။ Safia Minney က Sustainable Living ဆိုတာကို လူနည်းစုလောက်သာသိတဲ့အချိန် ဂျပန်နိုင်ငံ၊ တိုကျိူမြို့မှာ People Tree ဆိုတဲ့ Company ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လယ်သမားတွေ၊ အထည်ချူပ်အလုပ်သမားတွေ၊ လက်မှုပညာရှင်တွေနဲ့အတူ Enviromentaly Friendly ဖြစ်တဲ့ အဝတ်အစားတွေကို ထုတ်လုပ်နေခဲ့တာပါ။

Fair Trade Fashion Has Arrived
1995 ခုနှစ်မှာတော့ ဂျပန်နိုင်ငံမှာပဲ Fair Trade & Sustainable Clothing ကို စတင်အသက်သွင်းခဲ့ပါတယ်။ ခက်ခဲမှုတွေ၊ အဆင်မပြေမှုနဲ့အတူ သုံးနှစ်အကြာမှာတော့ People Tree ရဲ့ ပထမဦးဆုံးဆိုင်ကို Fashion အမိုက်စားတွေ တွေ့ရလေ့ရှိတဲ့ တိုကျိူက Jiyugaoka နားမှာဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Big Change
သဘာဝပစ္စည်းတွေ၊ လက်မှုပညာတွေနဲ့အတူ မျှတတဲ့လုပ်အားခ၊ ပွင့်လင်းမြင်သာမှု၊ Environmental Best Practice နဲ့ ကျားမညီမျှမှုတွေ ကျင့်သုံးတဲ့ People Tree က Fashion လောကအတွက် ကောင်းခြင်းအင်္ဂါရပ်တွေသယ်ဆောင်လာခဲ့ပါတယ်။ The Soil Association က ပေးတဲ့ Global Organic Textile Standard Certificate ကို ရရှိပြီး အကျိူးဆက်အနေနဲ့ Fair Trade Product Label ကိုရရှိခဲ့တဲ့ ပထမဦးဆုံး Fashion Company တစ်ခုဖြစ်လာခဲ့ပါတယ်။ 


London is Calling
နိုင်ငံရပ်ခြားတွေထိပါ ရောင်းချဖို့အတွက် London မှာ People Tree Ltd ကိုတည်ထောင်ခဲ့ပါတယ်။ Customer တွေ ပိုပြီးဆွဲဆောင်နိုင်ဖို့အတွက် Design ပိုင်းနဲ့ ပတ်သတ်ပြီး British Designer တွေနဲ့ ဖန်တီးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် British Magazine တစ်ခုမှာ နာမည်ကြီး မင်းသမီး Sienna Miller ကို People Tree နဲ့ မြင်တွေ့ရအပြီးမှာတော့ London မှာပါ နာမည်ရရှိလာခဲ့ပါတယ်။ Vogue ရဲ့ Japanese Edition မှာလည်း People Tree နဲ့ Fair Trade အကြောင်းကို Feature လုပ်ခံရကာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်ရွေ့လျားနေခဲ့တာပါ။ Harry Porter စတား Emma Watson နဲ့လည်း Love Emma Collection ဆိုပြီး ထုတ်ခဲ့ပါသေးတယ်။

V&A Collection
လန်ဒန်မြို့မှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ပြတိုက် Victoria & Albert Museum နဲ့ပူးပေါင်းပြီး V&A Collection ဆိုတဲ့ အခမ်းနားဆုံးလက်ရာတွေဖန်တီးခဲ့ကြပါတယ်။ Tulip and Seed ဆိုပြီး နှစ်မျိူးရှိပြီး ဒီ Collection က 1930 လောက်တုန်းက Calico Printers Association ကနေ ထုတ်လုပ်ခဲ့တဲ့ Dress Fabrics တွေကို အခြေခံထားတာဖြစ်ပါတယ်။ ဒီ Collection အတွက် ဒီဇိုင်းဖန်တီးမှုအပိုင်းကို အိန္ဒိယမှာရှိတဲ့ Creative Handicraft မှာ ပြုလုပ်ခဲ့တာပါ။ Creative Handicraft ဆိုတာက မွန်ဘိုင်းမြို့က ဝင်ငွေနည်းပါးတဲ့ အမျိူးသမီးတွေကို အသက်မွေးကျောင်းပညာရပ်တစ်ခုနဲ့ ကိုယ်ပိုင်စီးပွားရေးပြုလုပ်နိုင်ဖို့ ကူညီပံ့ပိုးပေးနေတဲ့အဖွဲ့အစည်းတစ်ခုဆိုလည်းမမှားပါဘူး။


Cotton Denim Jean
100 % Organic Cotton နဲ့ ပြုလုပ်ထားတဲ့ Denim Jean တွေကို 2018 မှာ ထုတ်လုပ်ခဲ့ပါတယ်။ ပုံမှန် Denim ထုတ်လုပ်ဖို့အတွက် အသုံးပြုတဲ့ ရေပမာဏ 87.2 % ကို လျော့ချပြီး ပြုလုပ်ထားတာပါ။ High Street Market မှာ ပျောက်ကွယ်နေတဲ့ Eco Friendly Jean ကို ပြန်လည်အသက်သွင်းပြီး နေ့စဉ်ဘဝမှာ သက်တောင့်သက်သာနဲ့ အထာကျမယ့်ပုံစံအဖြစ် ပြောင်းလဲထားတာဖြစ်ပါတယ်။

Our Blue Planet
BBC Earth နဲ့အတူ Our Blue Planet ဆိုတဲ့ Collection ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီ Collection မှာတော့ ရှားပါးမျိုးစိတ်တွေနဲ့ နေထိုင်ကျက်စားရာနေရာတွေ ပျောက်ကွယ်လာတဲ့ ပိုလာဝက်ဝံတွေ၊ Cheetah ကျားသစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တာပဲဖြစ်ပါတယ်။

Present
လူ့အဖွဲ့အစည်းအတွက် ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေ၊ ကမ္ဘာကြီးကို လှပစေချင်တဲ့ စိတ်သဘောထားတွေနဲ့ စိမ်းလန်းတဲ့အနာဂတ်ကို ခြယ်မှုန်းနေတာက တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုပဲမဟုတ်ဘူးလား။

 

 

, , ,
Brands

ချစ်စရာကောင်းသလို သက်တောင့်သက်သာလည်းရှိတဲ့ Local Night Wear Brand များ

အိမ်မှာနေရင်း Feel Like A Princess လုပ်ကြမယ်

by May Shoon

October 15, 2020

အိမ်မှာပဲ Work From Home တွေလုပ်ရလို့ပင်ပန်းနေပြီလား။ အလုပ်တွေပြန်သွားနေရပြီဆိုရင်လည်း အိမ်ပြန်ရောက်ရင် လက်ကိုသေချာဆေး၊ ရေချိုးပြီးသေချာဂရုစိုက်ကြပါနော်။ မိန်းကလေးတွေအတွက် အိမ်မှာနေတဲ့အချိန်တွေမှာ အပြင်သွားသလို အရမ်းကြီး Dressed Up လုပ်ထားရမယ်လို့မဆိုလိုပေမယ့် သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာကောင်းအောင်တော့နေသင့်တယ်မလား။ ဒါမှလည်း အိမ်မှာနေတဲ့အခါ စိတ်ကြည်ကြည်လင်လင်လန်းလန်းဆန်းဆန်းနဲ့ အလုပ်လုပ်နိုင်မှာလေ။
ဒီလိုပဲညဘက်ရောက်တဲ့အခါမှာလည်း ဒီတိုင်းရှိတဲ့ အိမ်နေရင်းအင်္ကျ ီကြီးကောက်ဝတ်တာထက် သက်တောင့်သက်သာရှိ ဖက်ရှင်လည်းကျစေတဲ့ Pajamas နဲ့ Night wears လေးတွေက ပိုပြီးမကောင်းဘူးလား။ မိန်းကလေးဆန်ဆန်လေး ချစ်စရာလည်းကောင်းတယ်၊ ဝတ်ရတဲ့အခါမှာလည်းသက်တောင့်သက်သာရှိတယ်၊ ညဖက် Netflix ပဲကြည့်ကြည့်၊ Skin Care ပဲလုပ်လုပ်၊ Tik Tok ပဲဆော့ဆော့ Night wears လေးတွေနဲ့ဆို ဖက်ရှင်လည်းကျပြီး Effortlessly Cute ဖြစ်နေမှာသေချာတယ်နော်။ အခုလက်ရှိဈေးကွက်ထဲမှာလည်း Night wear and Pajama Brand တွေအများကြီးရှိပေမယ့် ဈေးနှုန်းလည်းသင့်တင့်သလို Quality လည်းအရမ်းကောင်းတဲ့ Local Night Wear Brand တွေကို ရွေးချယ်စုစည်းပေးထားပါတယ်။ ဒီဇိုင်းလေးတွေကလည်း Cute ဖြစ်လွန်းသလို မိန်းကလေးတိုင်းအကြိုက်တွေ့စေမှာပါ။


Just Me - Collection
မိန်းကလေးဆန်ဆန် Night Wear လေးတွေ၊ Satin Dress လေးတွေကြည့်မလား၊ သက်တောင့်သက်သာရှိတဲ့ Pajama လေးတွေပဲကြည့်ချင်လား၊ Just Me – Collection ကတော့ မိန်းကလေးတိုင်းရဲ့ Pamper Time လေးတွေအတွက် အကောင်းဆုံးအဖော်မွန်ပါ။ Detailed ချုပ်ထားတဲ့ Lace Night Wear တွေ၊ Satin Pajamas လေးတွေ၊ Ladies Night Dress လေးကိုလည်း ရောင်စုံ၊ ဒီဇိုင်းစုံရနိုင်သလို အခုနောက်ပိုင်း Satin မှာ Print နဲ့ ဒီဇိုင်းလေးတွေကိုပါထုတ်လုပ်ထားတာမို့ Princess လေးတွေအကြိုက်ပဲပေါ့။ ဒီ့အပြင် မင်္ဂလာသတို့သမီးနဲ့ Bridesmaid များအတွက် Robe လေးတွေကိုလည်းချစ်စရာကောင်းတဲ့ ကိုယ်ပိုင် Customized Letter လေးတွေနဲ့လည်းမှာယူလို့ရပါတယ်။

Shop now at https://www.facebook.com/JustMeMyanmar


BBG Lingerie and Nightwear
Cute and comfy ဖြစ်တဲ့ Pajamas လေးတွေ၊ Night Wear လေးတွေကို ရှာနေတယ်ဆိုရင်တော့ BBG Lingerie and Nightwear ကအသင့်တော်ဆုံးဖြစ်မှာပါ။ High Quality Satin Fabric နဲ့ Pajama လေးကို အတိုနဲ့အရှည်နှစ်မျိုး ရရှိနိုင်ပြီး ရွေးချယ်စရာ အရောင်လေးတွေလည်းစုံပါတယ်။ Pajama ပေါ်မှာ ကိုယ့်အမည်လေးတွေကို Customized ထိုးလို့လည်းရတယ်။ သူငယ်ချင်း BFF တွေအတူတူ Sleepover လုပ်ရင်ဖြစ်ဖြစ်၊ Staycation သွားရင်ဖြစ်ဖြစ် ဒီလို Pajama လေးတွေနဲ့ဆို Perfect ပဲနော်။ အခုဆို BBG မှာ Satin Pajama တွေအပြင် Unicorn Print တွေ၊ Cartoon Print လေးတွေနဲ့လည်းရရှိနေပါပြီ။

Shop now at https://www.facebook.com/BBGNightwears


Her Alchemy
ခေတ်မှီပြီး ဖက်ရှင်ကျတဲ့ မိန်းကလေးတိုင်း Her Alchemy ကိုမသိတဲ့သူမရှိသလောက်ပဲနော်။ Nida ရဲ့ Her Alchemy ကတော့ Fabric Quatily လည်းအရမ်းကောင်းသလို အမြဲတမ်း အမိုက်စား Collection တွေထွက်ရှိနေတာမို့ မိန်းကလေးတွေရဲ့အသည်းစွဲ Brand ဖြစ်နေတာတော့မဆန်းပါဘူးနော်။ အခုတော့ Her Alchemy မှာ အိမ်မှာပဲနေတဲ့၊ Work From Home လုပ်နေတဲ့ Baby တို့အတွက် ချစ်စရာကောင်းတဲ့ WFH Loungewear Set လေးကိုပါ ထပ်ပြီး ထုတ်လုပ်ပေးလိုက်ပါတယ်။ ဒီဇိုင်းလေးက ပခုံး Strap လေးနဲ့မို့ ချစ်စရာကောင်းသလို Scrunchie လေးအပါအဝင် Pink နဲ့ Light Blue ဆိုပြီးနှစ်ရောင်ရှိပါတယ်။ ပေါ့ပါးပြီးသက်တောင့်သက်သာနဲ့ဖက်ရှင်ကျစေတာမို့ ဒီ Loungewear Set လေးက Must-Have နော်။

Shop now at https://www.facebook.com/heralchemy

, , , ,

Brands

အိမ်မှာပဲ Skin Care ပြီးအလှပြင်ဖို့ Local Celebrity တို့ရဲ့ Beauty Brand များ

အခုချိန်က အသားရေကိုထိန်းသိမ်းထားရမယ့်အချိန်နော်

by May Shoon

October 14, 2020

  အခုချိန်က Stay-Home ကာလဆိုတော့ အိမ်မှာ အလုပ်တွေလုပ်တာလည်း လုပ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အချိန်ပေးပြီး Self-Care/Self-Treat လေးတွေလည်း ပြုလုပ်ပေးသင့်ပါတယ်။ ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်၊ အိပ်ရေးဝအောင်အိပ်တာတွေကလည်း ကိုယ့်ရဲ့ Self-Care အတွက် အကျုံးဝင်တဲ့ Activity တွေလို့ပြောနိုင်ပါတယ်။ အTreatment တွေသုံးပြီး ထိန်းသိမ်းတာကလည်း လိုအပ်တဲ့ Self-Care Routine တစ်ခုပါ။ Sခုလို အိမ်မှာနေနေရတဲ့အချိန် ကိုယ့်ရဲ့အသားအရည်လေးကို ကျန်းမာစေမယ့် Skin Care တွေ kin-Care လုပ်လို့မှ အားမရသေးရင် Cosmetic ပစ္စည်းလေးတွေနဲ့လည်း ကိုယ်နဲ့လိုက်တဲ့ Make-Up Look လေးတွေကိုစမ်းပြင်ကြည့်လို့ရတယ်။ Skin-Care လေးတွေလုပ်ပြီး Selfie လှလှလေးရိုက်ထားဖို့လည်းမမေ့နဲ့နော်။
မြန်မာနိုင်ငံရဲ့ Cele ကိုကိုမမတွေနဲ့ နာမည်ကျော်လုပ်ငန်းရှင်တို့ရဲ့ အမိုက်စား High-Quality Cosmetic နဲ့ Skin Care Brand လေးတွေကိုလည်း ရွေးချယ်ပေးလိုက်ပါတယ်။ အခုလို Store တွေပိတ်ထားတဲ့အချိန်မှာ Online ကနေလည်းမှာယူလို့ရတာမို့ အဆင်ပြေတာပေါ့။


SAI Cosmetix
Sai Sai ရဲ့ SAI Cosmetic ကတော့ စထွက်တဲ့အချိန်တည်းက အခုချိန်ထိလည်း မိန်းကလေးတွေရဲ့ အကြိုက်ဆုံး Cosmetic Brand ထဲမှာနေရာယူထားဆဲပါ။ နှုတ်ခမ်းနီဆိုရင်လည်း Matte Liquid Lipstick၊ Matte Liquid Lip Cream၊ Velvet Lip Cusion တို့အပြင် Tint Tint Lip Tattoo စသည်ဖြင့် Range စုံလင်အောင်ရှိတာမို့ အားလုံးအတွက်အဆင်ပြေပါတယ်။ တခြား Product တွေအနေနဲ့ကတော့ Eye-Liner၊ Eyebrow Auto Pencil၊ Eye Shadow Palette တို့အပြင် Mineral Powder နဲ့ Makeup Sponge တို့လည်းရရှိနိုင်တယ်လေ။ SkinCare Line မှာတော့ SAI Face Mask တွေလည်းရှိပါတယ်။ အယ်ဒီတာကတော့ SAI ရဲ့ Face Mask တွေအကုန်လုံးကို Highly Recommend ပေးပါတယ်။

Shop now at https://www.facebook.com/SAIcosmetix


Super Red
အသည်းကျော်နီနီခင်ဇော်ရဲ့ Super Red Cosmetics မှာဆိုရင်တော့ မိန်းကလေးတိုင်းရဲ့ Cosmetic Dream တွေကို သူမရဲ့စုံလင်တဲ့ Product တွေနဲ့ပြည့်စုံစေမှာပါ။ One-Touch နဲ့ အပြင်သွားဖို့ Ready ဖြစ်စေမယ့် Flawless Air Cusion လေးရယ် Eyebrow Brush လေးရယ်၊ Matte Lip Cream လေးဆိုလိုက်ရင်ကိုပဲ ထွေထွေထူးထူးပြင်စရာမလိုပဲလှသွားပြီနော်။ နှုတ်ခမ်းနီအရောင်လေးတွေကလည်းအကုန်လိုချင်စရာလေးတွေချည်းပဲ။ ဒီထက်ပိုရင်ခုန်စေတာကတော့ Doll Eyelashes လေးတွေ၊ Pigmentation ကောင်းတဲ့ Blush လေးတွေနဲ့ Party Queen’s Brush Set လေးပါပဲ။

Shop now at https://www.facebook.com/SuperRedCosmetics


MOZI by moesetwine
Miss Universe လေးမိုးစက်ဝိုင်ရဲ့ MOZI by moesetwine Brand ကလည်း မိန်းကလေးတွေအတွက် တစ်နေ့တာ Skin Care Routine မှာလိုအပ်တဲ့ Personal Care Products တွေဖြစ်တဲ့ Facial Foam၊ Shower Gel တွေအပြင် MOEZY Thanaka Sun Gel ကလည်း Best Seller တွေထဲကတစ်ခုပါ။ MOEZY Product တွေထဲက Hot အဖြစ်ဆုံးက Face Mask တွေပါ။ ကိုယ့် Skin Type နဲ့သင့်တော်တဲ့ Mask Type ကိုရွေးချယ်ဝယ်ယူနိုင်တာမို့ ပျိုမေတို့အကြိုက်ပဲပေါ့။ Cosmetic Line ထဲကဆိုရင်လည်း Lipstick၊ Lip Blush နဲ့ Eyebrow Pencil တွေလည်း အစားစားရှိတယ်နော်။

Shop now at https://www.facebook.com/MOEZYbymoesetwine


The Mix by Su
The Mix by Su ကတော့ ညီမချောလေး Su Phone Mo နဲ့ မော်ဒယ်မမ Khin MyintZu Khine တို့ရဲ့ အရမ်းနာမည်ကျော်တဲ့ Beauty Brand ပါ။ Packaging လေးကလည်းအရမ်းမိုက်သလို Product Quality နဲ့ Result ကတော့ Highly Recommend ပါ။ Natural Ingredient တွေနဲ့ပဲပြုလုပ်ထားတဲ့ Body Scrub၊ Facial Scrub၊ Organic Facial Mask တွေအပြင် သဘာဝဆေးဖက်ဝင်ပစ္စည်း အဆီအနှစ်တွေနဲ့ဖော်စပ်ထားတဲ့ Hydrosol က Facial Mist အဖြစ်အသုံးပြုလို့ရသလို Make-up Setting Spray အနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ Editor အကြိုက်ဆုံးကတော့ အသားအရေကို Rebalance ပြန်လုပ်ပေးတဲ့ Skin Harmony နဲ့ Rice Scalp Scrub ပါ။

Shop now at https://www.facebook.com/themixbysu

, , , , ,

Brands

စကာၤပူကနေတောင် ဂုဏ်ပြုပြီး ထုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ T Shirt Collection

လူငယ်တွေအကြိုက် ခပ်မိုက်မိုက်ပုံစံလေးတွေ

by JN Ja Seng Pan

October 6, 2020

မြန်မာလူမျိူးတွေ လေးစားချစ်ခင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပြီး အမှတ်တရ ပစ္စည်းတွေ အမျိူးမျိူးထုတ်တာ တွေ့ဖူးကြမှာပါ။ ဒီတစ်ခေါက်မှာလည်း စကာၤပူနိုင်ငံကနေပြီး Mother Suu ဆိုတဲ့ Brand လေးနဲ့ အမိုက်စား T Shirt တွေထုတ်လိုက်ပြန်ပါပြီ။ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ ကိုယ်တိုင်ဝတ်ပြီး အားပေးဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ပုံမှန်တွေ့နေကျ ဒီဇိုင်းတွေ မကြိုက်လို့ မဝတ်ခဲ့ရသမျှ အခုဆို အိုခေအဆင်ပြေမှာပါ။ ဒီ Collection က လူငယ်တွေအကြိုက် ခပ်မိုက်မိုက်ပုံစံလေးတွေဖြစ်ပြီး Hoodie တွေ၊ Tote Bag တွေလည်း ရရှိနိုင်မှာပါ။


ဒီ T Shirt တွေ ထုတ်ရတဲ့ရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို အမြဲသတိရအားပေးဖို့နဲ့ ဒီ T Shirt တွေကတစ်ဆင့် Empower ပြုလုပ်ဖို့အတွက်ဖြစ်ပါတယ်။ ထုတ်ဝေထားတဲ့ T Shirt တစ်ထည်ချင်းစီမှာလည်း Story လေးတွေ အသီးသီးရှိနေတာမို့ စိတ်ဝင်စားစရာကောင်းပါတယ်။


The Mother Suu Collection ကို ရောင်းချလို့ရတဲ့ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို Suu Foundation ကို လှုဒါန်းမှာလို့ သိရပါတယ်။ Suu Foundation ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ပညာရေးစနစ်တိုးတက်ဖို့အတွက် ရည်ရွယ်တာပဲဖြစ်ပါတယ်။


နိုင်ငံရေးတွေ ခဏထား..ကိုယ့်မြန်မာနိုင်ငံ တိုးတက်ဖို့အတွက် ဒီ T Shirt လေးတွေဝယ်ပြီး တစ်ဖက်တစ်လမ်းကနေ ကူညီအားဖြည့်နိုင်တာမို့ ကျွန်မတော့ သဘောကျမိပါတယ်။ ဒီအထာကျကျ T Shirt တွေကို ဝယ်ယူနိုင်မယ့် နေရာလေးတွေကိုလည်း မျှဝေလိုက်ရပါတယ်။ 

Website -https://mothersuu.com/

Facebook - https://www.facebook.com/mothersuuofficial

 

, ,

Brands

အာကာသထဲမှာ ကြော်ငြာရိုက်ကူးတဲ့ ပထမဆုံးသောအလှကုန်အမှတ်တံဆိပ်ဖြစ်လာမယ့် Estēe Lauder

Estēe Lauder ကတော့ ကြမ်းပြီ

by Randy Win

September 30, 2020

              ကိုယ့်ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို လူသိများအောင် နည်းလမ်းအမျိုးမျိုးနဲ့ စွမ်းဆောင်ကြတဲ့အခါမှာ ဘယ်သူမဆို အများနဲ့မတူ တမူထူးခြားတဲ့ idea အသစ်၊ဆန်းပြားတဲ့တင်ဆက်မှူတွေနဲ့ သူ့ထက်ငါ အပြိုင်အဆိုင် ဖန်တီးချပြချင်ကြမှာ လူတိုင်းလိုပါပဲ။ Studio ထဲကစလို့ ကမ္ဘာနေရာအနှံ့အထိသွားပြီးကြော်ငြာရိုက်မယ်။ ဖြစ်နိုင်ရင်စကြာ၀ဠာထဲထိတောင်သွားပြီးကြော်ငြာရိုက်ပစ်လိုက်ချင်တယ်ဆိုတဲ့သူတွေချည်းပါ။ အခုအဲဒီအကြံကို Estēe Lauder ကအမှန်တကယ်အကောင်အထည်ဖော်ချလိုက်ပါပြီ။
 
             ကမ္ဘာကျော် အမေရိကန်အလှကုန်ပစ္စည်းတစ်ခုဖြစ်တဲ့ Estēe Lauder ဆိုတာ မသိသူရှားသလို လူသိလည်းများပြီးသား အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ဒါ့အပြင် Estēe Lauder ရဲ့ Advanced Night Repair Serum ဆိုတာကလည်း လူကြိုက်များပြီး ၀ယ်လိုအားအရမ်းကောင်းတဲ့ Beauty Product တစ်ခုပါ။ကမ္ဘာနဲ့အဝန်းမှာ ကိုရိုနာကပ်ရောဂါကြောင့် ကုန်အမှတ်တံဆိပ်အတော်များများဟာ သူတို့ရဲ့ကုန်ပစ္စည်းကို ၀ယ်ယူသူတွေ အဆက်မပြတ်သွားစေဖို့ နည်းလမ်းမျိုးစုံနဲ့ရုန်းကန်နေရတဲ့အခြေအနေမှာ Estēe Lauder က သူ့ရဲ့ထပ်မံထွက်ရှိလာမယ့် ဖော်မြူလာအသစ်ကို ကမ္ဘာကိုကျော်လို့ အာကာသထဲအထိတောင် သွားရောက်ရိုက်ကူးဦးမယ်ဆိုတဲ့သတင်းက ပြိုင်ဘက်အားလုံးကိုလှုပ်လှုပ်ရှားရှားဖြစ်သွားစေမှာအမှန်ပါပဲ ။Estēe Lauder အနေနဲ့ သူ့ရဲ့ကျော်ကြားပြီးသားဂုဏ်ပုဒ်ကိုထပ်ပြီး မြှင့်တင်လိုက်တဲ့သဘောလားလို့တောင် မေးခွန်းထုတ်ရမယ့်ပုံပါ။
 
           Virginia ပြည်နယ် wallops ကျွန်းကနေ လွှတ်တင်သွားမယ့် NASA ရဲ့ Northrop Grumman Antares ဒုံးပျံယာဉ်နဲ့အတူ ရိုက်ကူးရေးမှာအသုံးပြုမယ့် Night Repair Serum (၁၀) လုံးကို တင်ဆောင်သွားမယ်လို့သိရပါတယ်။ NASA အာကာသယာဉ်မှူးတွေရဲ့အကူအညီနဲ့ပြုလုပ်သွားမယ့် ဒီ Product Photoshoot မှာ ကြယ်တာရာတွေနောက်ခံနဲ့ မျောလွင့်နေတဲ့ Serum ပုလင်းကို ရင်သပ်ရှူမောဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။ရိုက်ကူးရရှိလာတဲ့ ဓာတ်ပုံတွေကိုတော့ Social Media ပေါ်မှာတင်ဖို့အသုံးပြုသွားမှာဖြစ်ပြီး ဒီရိုက်ကူးမှူအတွက် ကုန်ကျစားရိတ်တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ 128,000 ကျသင့်မှာဖြစ်ပါတယ်။ဒါဟာ နာမည်ကြီး Social Influencer တစ်ယောက်ကို Instagram မှာ post အသေးလေးတစ်ခုတင်ခိုင်းတဲ့ဈေးလောက်ပဲရှိပါတယ်တဲ့။
 
            Estēe Lauder အနေနဲ့ များပြားလှတဲ့ Beauty Product Industry မှာ stand out ဖြစ်စေဖို့ ဒီလိုသူများနဲ့မတူတဲ့နည်းလမ်းကိုအသုံးချလိုက်တာဟာ အတော်လေးကိုစွန့်စားရာရောက်တယ်လို့ဆိုရမှာပါ။ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Estēe Lauder ဘက်က "first beauty brand to go into space " လို့လည်း စာနယ်ဇင်းရှင်းလင်းပွဲမှာ ဂုဏ်ယူစွာ ပြောကြားခဲ့ပါသေးတယ်။ နည်းပညာမြင့်မားတဲ့ခေတ်မှာ အာကာသနောက်ခံကို Photoshop နဲ့အလွယ်တကူထည့်လိုက်လို့ရပေမယ့် ဂုဏ်ပုဒ်တစ်ခုအနေနဲ့ ပြိုင်ဘက်အမှတ်တံဆိပ်တွေကို ကြောပစ်ဖို့ ကိုယ့်ရဲ့product ကို အာကာသထဲထိအရောက်ပို့ပြလိုက်တဲ့သဘောပါပဲ။ အာကာသထဲမှာ ကြော်ငြာရိုက်ပြီး ပြန်လည်ရောက်ရှိလာတဲ့ serum ပုလင်းတွေထဲက တစ်လုံးကိုတော့ လေလံတင်ရောင်းချသွားမှာဖြစ်ပြီး ရရှိလာတဲ့ငွေကို ပရဟိတလုပ်ငန်းမှာလှူဒါန်း သွားမယ်လို့လည်းသိရပါတယ်။ NASA အနေနဲ့ကတော့ "အာကာသထဲမှာ သူတို့အနေနဲ့ ဘာတွေလုပ်နိုင်သေးတယ်ဆိုတာကို လူတွေပိုမြင်လာအောင်ပြလိုက်တာပါ" လို့ NASAရဲ့ ဒါရိုက်တာဖြစ်သူ Phil McAlister က‌ပြောကြားခဲ့ပါတယ်။ ကြည့်ရတာတော့ NASA က ကြော်ငြာတွေထပ်ပြီးလက်ခံဦးမယ့်ပုံပါပဲ။
 
Photo Credit to the Rightful Owners
, , , , , , , ,

Brands

ကမ္ဘာ့ဈေးအကြီးဆုံးထီးများ

ထီးတောင်ပျောက်ရဲပါဦးမလား

by Randy Win

September 18, 2020

 


               အများအားဖြင့် ထီးဆိုတဲ့အရာကို နေပူ မိုးရွာ ရာသီဥတုဒဏ်ကကာကွယ်ဖို့သက်သက်သာ အသုံးပြုကြတာမှန်ပေမယ့် တချို့သော လူတန်းစားတစ်ရပ်အတွက်တော့ ထီးဆိုတာ သာမာန်လူ့အသုံးအဆောင်ပစ္စည်းတစ်ခုထက်ပိုတယ်လို့ဆိုရမှာပါ။ ဒါကြောင့်ပဲ အခုလို Luxury Brand တွေက ထုတ်တဲ့ တန်ဖိုးကြီးထီးတွေဟာလည်း ဈေးကွက်မှာ နေရာတစ်ခုရရှိခဲ့သလို အရည်အသွေးနဲ့ ဈေးနှူန်းတွေကလည်း သူ့ရဲ့အားထုတ်မှူနဲ့ ဆန်းသစ်မှူတွေအပေါ်မှာမူတည်ပြီးအမျိုးမျိုးကွဲပြားသွားကြပါတယ်။ အဲဒီလို အရည်အသွေးမြင့်တန်ဖိုးကြီးထီးတွေထဲကမှ တန်ဖိုးအကြီးဆုံးနဲ့ ဈေးအကြီးဆုံးဖြစ်မယ်လို့ထင်တဲ့ ထီး (၆)မျိုးကို ရွေးချယ်စုစည်းဖော်ပြထားပါတယ်။ ထီးခဏခဏပျောက်တတ်တဲ့ ကိုယ်တွေလိုလူတွေနဲ့တော့ အဆင်ပြေမယ်မထင်ပါဘူး။

6. Pasotti Italian Umbrella with Swarovski Crystals 

အီတလီနိုင်ငံထုတ် Pasotti ရဲ့ Swarovski Crystals ထီးတစ်ချောင်းဟာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃၆၀ (မြန်မာငွေ ငါးသိန်းနီးပါး) ရှိပါတယ်။ Pasotti ရဲ့ ထီးတွေဟာ Luxury တန်းဝင်မြင့်မားတဲ့အရည်အသွေးတွေနဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့အပြင်ကိုမှ ထီးအရွက်နဲ့ လက်ကိုင်တွေအပေါ်မှာ Swarovski Crystal တွေပါဝင်ပေါင်းစပ်ထားတာကြောင့် ဒီလောက်ဈေးမျိုးရှိတာဟာ အံ့သြစရာတစ်ခုတော့မဟုတ်ပါဘူး။ ထီးတစ်ချောင်းလုံးနီးပါးက Handmade ဖြစ်တဲ့အပြင် ကျား၊မ မရွေး ဖက်ရှင်ကျကျနဲ့ အသုံးပြုနိုင်မယ့် ဒီဇိုင်းမျိုးလို့ဆိုရမှာပါ။

5.Il Marchesato" Pure Silk and Swarovski Crystal Umbrella 


တန်ဖိုးမြင့် ဖက်ရှင်ထုတ်ကုန်တွေ အများဆုံးထွက်ရှိရာ အီတလီနိုင်ငံကပဲ ထုတ်လုပ်ထားတာဖြစ်တဲ့ Il Marchesato ရဲ့ ပိုးသားထီးလေးတွေဟာလည်း တန်ဖိုးအားဖြင့် ဒေါ်လာ ၃၈၅ ( မြန်မာငွေ ငါးသိန်းကျော်ခန့်) ရှိပါတယ်။ ထီးတစ်ချောင်းလုံးက Handmade ဖြစ်တဲ့အပြင် လှပတဲ့ ပိုးသားထီးရွက်ပေါ်မှာ Swarovski Crystal တွေနဲ့ တန်ဆာဆင်ထားပြီး လှပအနုပညာမြောက်တဲ့ ထီးလက်ကိုင်ဒီဇိုင်းလေးကိုပါ Swarovski Crystal တွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။

4. SwaineAdeney Brigg Men’s “Whangee” 

Swaine Adeney Brigg ထီးတစ်ချောင်းရဲ့တန်ဖိုးကတော့ ဒေါ်လာ ၇၆၀ (မြန်မာငွေ ဆယ်သိန်းနီးပါး ) တန်ဖိုးရှိပါတယ်။ လန်ဒန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Swaine Sdeney Brigg ကထုတ်လုပ်ထားတဲ့ ဒီထီးရဲ့ ထီးရွက်ကို ပိုးသား သို့မဟုတ် နိုင်လွန်နဲ့ထုတ်လုပ်ထားတာဖြစ်ပြီး ထူးခြားချက်ကတော့ စံချိန်မီရွေးထုတ်ထားတဲ့ “ဝါး”ကို လက်ကိုင်အနေနဲ့ အသုံးပြုထားတဲ့အပြင် အဲဒီဝါးကို ဒီဇိုင်းပုံဖော်ဖို့အတွက် သဘာဝနဲ့နည်းပညာ ပေါင်းစပ်ပြုလုပ်ထားတာလို့သိရပါတယ်။

3 Burberry NubuckOstrick Handle Umbrella


ဗြိတိန် Luxury Brand တစ်ခုဖြစ်တဲ့ Burberry အမှတ်တံဆိပ် ကထုတ်တဲ့ ဒီထီးကောက်ကတော့ ဒေါ်လာ ၈၅၀ (မြန်မာငွေ ဆယ့်တစ်သိန်းကျော်) တန်ဖိုးရှိပါတယ်။ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုကထုတ်တဲ့ ထီးတစ်လက်ဖြစ်တဲ့အပြင် လှပပြီးဆွဲဆောင်မှူရှိလွန်းတဲ့ဒီဇိုင်းကို ပိုင်ဆိုင်ထားတဲ့ ထီးတစ်လက်မို့ ဒီဈေးနှုန်းရှိတာက အဆန်းတော့မဟုတ်ပါဘူး။ ဆန်းနေတဲ့အချက်ကတော့ သူ့ရဲ့လက်ကိုင်နဲ့ နှိပ်ကြယ်သီးကို ငှက်ကုလားအုတ်ရဲ့ အရေပြားနဲ့ပြုလုပ်ထားတယ်ဆိုတာပါပဲ။

2. Swaine Adeney Brigg Men Malacca Umbrella


ဒေါ်လာ ၁၂၇၀ (မြန်မာငွေ ၁၇ သိန်းနီးပါး ) တန်ဖိုးရှိတဲ့ ဒီ Luxury ထီးကိုတော့ Swaine Adeney Brigg အမှတ်တံဆိပ်ကပဲ ထုတ်လုပ်ထားတာဖြစ်ပြီး သူ့ရဲ့ထူးခြားချက်အနေနဲ့ကတော့ ထီးလက်ကိုင်မှာ လျှို့ဝှက်အရက်ဗူးလေးထည့်သွင်းပြုလုပ်ထားတာပါပဲ (ခွက်ပုန်းသမားတွေနဲ့တော့ အံကိုက်ပေါ)့ ။ဒါ့အပြင် ဒီထီးရဲ့ အရွက်ကို ပိုးသားစစ်စစ်နဲ့ယက်လုပ်ထားပြီး ထီးရိုးကို တျူးလစ်ပင်ရဲ့အသားနဲ့ ငွေထည်တို့ပေါင်းစပ်ဖန်တီးထားတယ်လို့ဆိုပါတယ်။

1.Billionaire couture Umbrella

 
 

ဘီလျံနာဆိုတဲ့နာမည်နဲ့လိုက်အောင် ဒီထီးရဲ့ဈေးနှုန်းက ဒေါ်လာငါးသောင်း (မြန်မာငွေ သိန်းခြောက်ရာ့ငါးဆယ်ကျော်) ဖြစ်ပါတယ်။ Angelo Galasso အမှတ်တံဆိပ်ရဲ့ ကိုယ်ပိုင်ဒီဇိုင်းတစ်ခုဖြစ်တဲ့ ဒီထီးကို မိကျောင်းသားရေစစ်စစ်နဲ့ ပြုလုပ်ထားပြီး သူ့ရဲ့ အရည်အသွေးနဲ့ပတ်သက်လို့ အာမခံချက်အပြည့်အဝပေးထားသေးတယ်လို့ဆိုပါတယ်။ဘာပဲဖြစ်ဖြစ် လူကြားထဲမှာ ဒီထီးကြီးထုတ်ဆောင်းလိုက်တာနဲ့ ဝိုးကနဲ ဝါးကနဲ ကြွေကျလောက်တဲ့ဒီဇိုင်းတစ်ခုဖြစ်တယ်ဆိုတာတော့ လုံးဝငြင်းလို့ရမှာမဟုတ်ပါဘူး။

Photo Credit to the Rightful Owners

 

, , , ,

Brands

ကာတွန်းကမ္ဘာထဲအရောက်ခေါ်ဆောင်သွားမယ့် Fendi ရဲ့ Collection အသစ်

ထွက်ခဲ့သမျှ Collection တွေထဲမှာ အလန်းဆုံးလို့တောင်ဆိုရမလားပဲ

by Randy Win

July 9, 2020

 
               ကာတွန်းကမ္ဘာထဲရောက်သွားဖို့နဲ့ ကာတွန်းကမ္ဘာထဲကဇာတ်ကောင်တစ်ယောက်ဖြစ်ဖို့ ငယ်ငယ်တည်းက စိတ်ကူးယဉ်ခဲ့ဖူးကြတဲ့သူတွေအတွက်တော့ ကမ္ဘာကျော် Luxury အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Fendi ရဲ့ အခုနောက်ဆုံးထွက်ရှိလာတဲ့ Collection အသစ်က အထူးအခွင့်အရေးကောင်းကြီးဖြစ်နေမယ်ထင်ပါတယ်။
              Visual Artistတစ်ဦးဖြစ်တဲ့ Joshua Vides နဲ့အတူ ပူးပေါင်းပြီး Prefall 2020 Collection အနေနဲ့ထွက်ရှိလာခဲ့တဲ့ Fendi ရဲ့ California Sky Collection က အရောင်အားဖြင့် အဖြူနဲ့အနက်ကိုအခြေခံပြီး ကာတွန်း Sketch ဆန်ဆန် Clothing တွေနဲ့ Accessories များစွာကိုထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။
              Fendi ရဲ့ Creative Director တစ်ဦးဖြစ်တဲ့ Silvia Venturini Fendi နဲ့ Joshua Vides တို့အတူ ပူးပေါင်းဖန်တီးခဲ့တဲ့ ဒီ Collectionမှာ ကျား၀တ်၊မ၀တ် ၊ ကလေး၀တ်နဲ့ Ready to wear တွေအပြင် ၊Sneaker တွေ ၊Windbreaker တွေနဲ့ မျက်မှန်၊အိတ်၊ ဦးထုပ်လို Accessoriesတွေအထိပါ ရွေးချယ်စရာ အများကြီးထွက်ရှိလာတာကိုတွေ့ရပြီး ဈေးကတော့ Luxury Product တို့ရဲ့ ထုံးစံအတိုင်း အမြင့်စားပါပဲ။
              အခု ‌လတ်တလောနာမည်ကြီးနေတဲ့ မန္တလေးက 2D cafe ဆိုင်လေးကို ဒီအ၀တ်အစားတွေနဲ့သာ သွားလိုက်ရရင်တော့ တွေးကြည့်ရုံနဲ့တင်ပဲ ကိုယ့်ကိုကိုယ် ကာတွန်းကမ္ဘာထဲက ကာတွန်းဇာတ်ကောင်လေးတစ်ယောက်လိုမျိုး ခံစားမှူအပြည့်နဲ့ ရေနဲ့ကြာအရမ်းကိုပဏ္ဍာသင့်နေတော့မှာ မြေကြီးလက်ခတ်မလွဲပါပဲနော်။
 
Photo Credit to the Rightful Owners
, , , , , ,

MODA TV 


Brands

ချစ်စရာကောင်းတဲ့ Ready-to-Wear မြန်မာဝတ်စုံတွေကို ဘယ်မှာ ဝယ်ယူကြမလဲ

နန်းဆန်တာလေးက ဘယ်အချိန်ဖြစ်ဖြစ်ပို ကြည့်လို့ကောင်းပါတယ်

by May Shoon

June 29, 2020

မမတို့၊ ညီမလေးတို့ရေ..မိုးရာသီရောက်နေပေမယ့် မကြာခင်မှာ ကျောင်းတွေ၊ တက္ကသိုလ်တွေပြန်ဖွင့်တော့မယ်။ နောက်ပိုင်း ဝါကျွတ်ပြီဆိုရင် အလှူ၊ မင်္ဂလာဆောင်တွေနဲ့ ပွဲလမ်းသဘင်တွေကလာတော့မယ်နော်။ တက္ကသိုလ်တွေလည်း ပြန်ဖွင့်တော့မှာဆိုတော့ အခုချိန်မှ အစဝယ်ဦး၊ အပ်ချုပ်ဆိုင်သွားဦး ဆိုရင် အချိန်လည်း ကုန်တယ်၊ စောင့်ရတာလည်း ကျောင်းတက်ချိန်အမှီဝတ်ရဖို့ သိပ်မသေချာဘူး။ အဲ့ဒါကြောင့်လည်း ပျိုမေတွေရော၊ မမတွေ၊ အန်တီတွေရော အသင့်ချုပ်ပြီးသား Ready-to-Wear (Ready-Made) Brand မြန်မာဝတ်စုံလေးတွေကို ပိုပြီး ရွေးချယ်လာကြတာပေါ့။ Sizing က Fix လုပ်ထားတယ်ဆိုပေမယ့် Small ကနေ XL လောက်အထိလာတော့ ပိုအဆင်ပြေတယ်လေ။ မြန်မာဝတ်စုံလေးတွေကတော့ မြန်မာမိန်းကလေးတိုင်းရဲ့ Closet မှာ မရှိမဖြစ်လိုအပ်သလို ကိုယ်နဲ့ Fit ဖြစ်တဲ့ မြန်မာဝတ်စုံကို ရွေးချယ်ဝတ်ဆင်ဖို့ကလည်း အရေးကြီးပါတယ်။
ဒါကြောင့် Editor ကိုယ်တိုင်သဘောကျသလို ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းတဲ့ မြန်မာဝတ်စုံ Ready-to-Wear Brand လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဒီ Brand တွေက သူတို့ရဲ့ Official Store တွေမှာဝယ်ယူလို့ရသလို Official Facebook Page ကနေလည်း မှာယူနိုင်ပါတယ်။
အခုတည်း ကရှာဝယ်ထားမှ အပြင်သွားတဲ့အခါ၊ ကျောင်းတက်တဲ့အခါ အဆင်သင့်ဖြစ်မှာနော်။


SHAYi
မြန်မာဝတ်စုံကို ကြိုက်နှစ်သက်တဲ့ မိန်းကလေးတိုင်း SHAYi ကို မသိတဲ့သူမရှိသလောက်ပဲနော်။ Designer Sann Bawk Rar ရဲ့ အမြဲ လတ်ဆတ်ပြီး Unique ဖြစ်လွန်း၊ လှလွန်းတဲ့ ဒီဇိုင်းလေးတွေက Collection အသစ်ထွက်တိုင်း မဝယ်ရမနေနိုင်အောင်ပါပဲ။

https://www.facebook.com/SHAYIonlinestore/


Khinedee
MC/Influencer လေး Teresa ရဲ့ Khinedee ကလည်း Founder လေးလိုပဲ ချစ်စရာကောင်းတဲ့ မြန်မာဝတ်စုံလေးတွေနဲ့ မိန်းကလေးတွေအသည်းနှလုံးကို ဆွဲဆောင်နိုင်ပါတယ်။ ထသွားထလာကနေပွဲတက်ဝတ်စုံတွေအထိ ဒီဇိုင်းစုံ ရရှိနိုင်တယ်နော်။

https://www.facebook.com/khinedeemyanmar/


Noon Couture
ရိုးရိုးယဉ်ယဉ် မြန်မာဝတ်စုံလေးတွေနဲ့ ရှမ်းရိုးရာဝတ်စုံလေးတွေကို ကာလာစုံ Colleciton အလိုက်ရရှိနိုင်တာမို့ မိန်းကလေးတွေတော်တော်များများ အကြိုက်တွေ့တဲ့ Brand လေးပါ။ Editor ဆိုရင် Noon ရဲ့ Cotton ပိတ်ဖောက်ဇာ Top လေးတွေကို အရမ်းကြိုက်တယ်။

https://www.facebook.com/nc.nooncoutureofficial/

 

Clothes Garden
တက္ကသိုလ်ကျောင်းသူလေးတွေအကြိုက်တွေ့မယ့် မြန်မာဝတ်စုံ လေးတွေ Clothes Garden မှာရှိပါတယ်။ Clothes Garden ဒီဇိုင်းလေးတွေကလည်း အပွင့်လေးတွေကစလို့ ပြောင်ဝမ်းဆက်လေးတွေအထိ ရွေးချယ်စရာများပါတယ်။

https://www.facebook.com/ClothesGarden2016/

 

MOMICHE
ပေါ့ပေါ့ပါးပါး နဲ့ မြန်မာဆန်ဆန် Ready-to-Wear တွေကို ရှာနေရင်တော့ MOMICHE မှာရှိပါတယ်။ ပွဲတက်လို့ရတဲ့ ဝတ်စုံဒီဇိုင်းလေးတွေရှိသလို Casual ဝတ်လို့ရတဲ့ Cotton ဝမ်းဆက် ဒီဇိုင်းလေးတွေကလည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

https://www.facebook.com/momicheladieswear/

 

AKK Silk & Cotton
AKK မှာတော့ ပွဲထိုင်ချိတ်တွေ၊ ပိုးသားအစ တွေကစလို့ အသင့်ချုပ်ပြီးသားမြန်မာဝတ်စုံလေးတွေကို အရောင်အသွေးစုံလင်အောင် ရရှိနိုင်ပါတယ်။ ကျောင်းသူလေးတွေကစလို့ အသက်အလတ်ပိုင်း မမတွေအထိအကြိုက်တွေ့စေမှာပါ။ 

https://www.facebook.com/AKK-Silk-Cotton-1121379911300494/

, , , ,

Brands

လှပမြတ်နိုးဖွယ် ပုလဲတို့ရဲ့ မြစ်ဖျားခံရာ ဟိန်းနဒီပုလဲရတနာဆိုင်

န၀ရတ်ကိုးပါးမှာ တစ်ပါးဖြစ်တဲ့ ပုလဲရတနာနဲ့ပတ်သက်ရင် အမြဲသတိရနေ‌စေမယ့် နေရာလေးတစ်ခု

by Randy Win

June 11, 2020

 
               လူသားတို့ရဲ့ တန်ဖိုးထားမြတ်နိုးရာ သဘာ၀ရဲ့ အဆင်တန်ဆာတွေထဲမှာ ပုလဲဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ပုလဲဆိုတာ တွင်းထွက်ကျောက်မျက်ရတနာတစ်ခုမဟုတ်ပဲ သက်ရှိသတ္တဝါဖြစ်တဲ့ကမာတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာဖြစ်တည်လာတဲ့ အဖိုးတန်ရတနာတစ်ခုဖြစ်နေတာပါပဲ။ဒါ့အပြင် ပုလဲကို မြန်မာလူမျိုးတို့က ရတနာကိုးပါးတွင် တစ်ပါးအပါအ၀င်အနေနဲ့လည်းအမြတ်တနိုး၀တ်ဆင်ကြပါတယ်။
             
                    အဲဒီလို မြန်မာတို့ရဲ့ တန်ဖိုးထားရတဲ့ ပုလဲရတနာကို လှပသောလက်ရာ ခေတ်မီသောဒီဇိုင်းတွေနဲ့ အကောင်းဆုံး ဖန်တီးပေးနေတဲ့ နေရာလေးတစ်ခုကလည်း အားလုံးအတွက် အသင့်ရှိနေပါတယ်။ အဲဒါကတော့ ဟိန်းနဒီ ပုလဲရတနာဆိုင်ကြီးပါပဲ။ဟိန်းနဒီပုလဲရတနာဆိုင် ကို (၂၀၁၀) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အခုအချိန်မှာဆိုရင် ဆိုင်ခွဲပေါင်း(၅)ဆိုင်တိတိကိုဖွင့်လှစ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဆိုင်အမှတ်(၁) ကိုတော့(၂၀၁၀)ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဆိုင်အမှတ်(၂) ကို(၂၀၁၆)ခုနှစ်၊ဆိုင်အမှတ်(၃) ကို(၂၀၁၈)ခုနှစ်၊ဆိုင်အမှတ်(၄) ကို (၂၀၁၉)ခုနှစ် နဲ့ ဆိုင်အမှတ်(၅) ကိုတော့ (၂၀၂၀)ခုနှစ်မှာ အသီးသီးဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဟိန်းနဒီပုလဲရတနာဆိုင်ခွဲတိုင်းမှာလည်း ပြိုင်စံရှားတဲ့ မြိတ်ပုလဲစစ်စစ်နဲ့ ဟောင်ကောင် SETTING(ပုလဲမှို)တွေကို စိတ်တိုင်းကျ လက်လီလက်ကား၀ယ်ယူနိုင်တဲ့အပြင် ဟိန်းနဒီရဲ့ ကိုယ်ပိုင်ဒီဇိုင်နာများထံမှာလည်း Customize ဒီဇိုင်းများ စိတ်တိုင်းကျ အပ်နှံနိုင်ပြီး ပုလဲအပေါက်ဖောက်ခြင်း ၊အရောင်တင်ခြင်းများကိုပါ ပြုလုပ်ပေးနိုင်တဲ့ နေရာလေးလည်းဖြစ်ပါတယ်။
 
               "လှပခေတ်မီ ဟိန်းနဒီ" ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ လှပပြီးခေတ်မီတဲ့ ဒီဇိုင်းမျိုးစုံကို Customer များ စိတ်တိုင်းကျ အကောင်းဆုံး လက်ခံဆောင်ရွက်ပေးနိုင်တာမို့ မြန်မာတို့ရဲ့ အမြတ်တနိုးတန်ဖိုးထားရာ ပုလဲရတနာနဲ့ပတ်သက်ရင် လုံး၀ကိုမေ့မထားသင့်တဲ့ အကောင်းဆုံးသော နေရာလေးတစ်ခုအဖြစ် ဟိန်းနဒီဟာ အမြဲတည်ရှိနေမှာပဲဖြစ်ပါတယ်။
 
 
 
, , , ,