မိန်းကလေးတွေအတွက် Shopping ထွက်ရတာထက် စိတ်ချမ်းမြေ့စရာကောင်းတာ ရှိတော့မှာ မဟုတ်ဘူး။ အခုလို Shopping Center တွေ၊Mall တွေမဖွင့်သေးတဲ့အချိန်မှာတော့ Online Shopping လုပ်ရတာက အလိုအပ်ဆုံး စိတ်ထွက်ပေါက်ပဲမလား။ E-Commerce တွေ၊ Social Media တွေကနေ အဝတ်အစားလှလှလေးတွေ၊ ဖက်ရှင်အသုံးအဆောင်လှလှလေးတွေတွေ့ရင် မိန်းကလေးတိုင်း လိုချင်ကြတာချည်းပဲလေ။ အဲ့လိုလျှောက်ကြည့်ရင်း ကိုယ်ကြိုက်တဲ့ ပစ္စည်းလေးတွေတွေ့တော့စိတ်မထိန်းနိုင်ရင်မှာမိရော။ အဲ့လိုမှာပြီး ကိုယ့်စီရောက်လာရင် တစ်ချို့ကလည်း စိတ်ကျေနပ်မှုအပြည့်အဝရကြသလို တစ်ချို့ကျတော့လည်း ပုံထဲကအတိုင်းမဟုတ်လို့ တို့၊ Size မမှန်လို့တို့၊ အကြောင်းအမျိုးမျိုးကြောင့် Satisfy မဖြစ်ပြန်ဘူး။ ဒါပေမယ့် ဒီဖက်ရှင်ပစ္စည်းလေးတွေကို Online ကနေဝယ်ယူရင်တော့ နောင်တရစေမှာ မဟုတ်ပါဘူး။ ဘယ်ဖက်ရှင်အသုံးအဆောင်နဲ့ အဝတ်အစားလေးတွေဖြစ်မလဲဆိုတာကြည့်လိုက်တော့နော်။
Statement Earrings
Clay နဲ့ပြုလုပ်ထားတဲ့ Gold နဲ့ပြုလုပ်ထားတဲ့ နားကပ်လေးတွေ၊ Accessories လေးတွေကတော့ ဝယ်ထားလို့ Waste ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ Outfit လေးတွေနဲ့ ကြိုက်သလို Styling လုပ်ကြည့်လို့ရသလို Classy ဖြစ်တဲ့၊ Chic ဖြစ်တဲ့ Look လေးတွေကိုလည်းရရှိစေမှာပါ။ ဒီလို Statement Earrings လေးတွေကိုဝတ်တော့မယ်ဆိုရင် ကိုယ့်မျက်နှာ Shape နဲ့လိုက်တဲ့ Earrings Size နဲ့ Design လေးတွေကို သေချာရွေးချယ်ဖို့တော့လိုမယ်နော်။
Puffy Maxi Dresses
အရမ်းကြီး Effort ထုတ်ထားတဲ့ပုံမဖြစ်စေပဲ ရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျနေဖို့ဆိုရင်တော့ Maxi Dress လေးတွေကိုပဲ ရွေးဝတ်လိုက်ပါ။ Maxi Dress လေးတွေကိုမှ လက်ဖောင်းဖောင်းနဲ့ Puffy Sleeves လေးတွေက ချစ်စရာကောင်းပြီး ငယ်ရွယ်တဲ့ဖက်ရှင် Look လေးကိုပေးနိုင်ပါတယ်။ Online ကနေမှာရင်လည်း ဒီ Dress လေးတွေက Free Size အများစုဖြစ်တာမို့ မိန်းကလေးတိုင်းအတွက် ဝယ်လို့စိတ်တိုင်းကျစေမယ့် Dress လို့ပြောလို့ရပါတယ်။
Oversized Collared Shirts
အချိန်တွေဘယ်လိုပြောင်းသွားသွား၊ ဖက်ရှင် Trend တွေဘယ်လိုခေတ်စားစား White Collared Shirt တွေကတော့ ဘယ်တော့မှရိုးသွားမှာမဟုတ်တဲ့ အဝတ်အစားပါ။ White Collared Shirt ကိုမှ ဘာလို့ ခပ်ပွပွ Oversized တွေကို Recommend ပေးချင်တာလဲဆိုရင် Sizing အတွက် ခေါင်းစားစရာလည်းမလိုသလို ခန္ဓာကိုယ်အချိုးအစားတိုင်းနဲ့လည်း လိုက်ဖက်လို့ပါ။
Multicolored Socks
ရောင်စုံ Socks လေးတွေ၊ Long Socks လေးတွေကလည်း Fashionista တွေကိုယ်တိုင် ညွှန်းထားတဲ့ ဖက်ရှင် Accessory တစ်ခုဖြစ်တာမို့ Online ကဈေးဝယ်တဲ့အခါ ဒါလေးကိုမေ့ထားလို့လည်းမဖြစ်ဘူးနော်။ ဒီ ခြေအိတ်ရောင်စုံလေးတွေက သင်ဝတ်ထားတဲ့ Outfit ကိုပိုပြီး ထင်းသွားအောင် Support လုပ်ပေးနိုင်သလို Aesthetic Look ကိုလည်းရစေတယ်လေ။
Designer Handbags
Official Outlet Store တွေကပဲသွားဝယ်ဝယ်၊ Online ကပဲဝယ်ဝယ် အိတ်ဝယ်တော့မယ်ဆိုရင် Authentic Designer လက်ကိုင်အိတ်တွေက အကုန်အကျများတယ်ဆိုပေမယ့် ဝယ်ရတဲ့ ဈေးနဲ့တန်တဲ့ Luxury Feeling နဲ့ စိတ်ကျေနပ်မှုကိုရရှိစေပါတယ်။ ပြီးတော့ High-End အိတ်တွေက ရေရှည်လည်းခံသလို အရည်အသွေးကောင်းပြီးသားမို့ အများကြားမှာလည်း သင့်ကိုမျက်နှာပွင့်လန်းစေမှာပါ။
Structured Blazers
ပုံစံကျနတဲ့ Blazers တွေက မိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ် Essential Outfit ထဲကတစ်ခုဖြစ်တာမို့ အနည်းဆုံးတစ်ထည်လောက်တော့ရှိထားသင့်တယ်နော်။ Formal ပုံစံလား၊ Casual ဝတ်မလား၊ ပွဲတက်အတွက်ပဲ ခြုံသွားမလား အားလုံးအဆင်ပြေနေစေမှာပါ။ Online မှာတွေ့ရတဲ့ Blazer လေးတွေဆိုရင်လည်း Affordable ဖြစ်သလို Well-Structured ဖြစ်ပြီး ပုံကျတာမို့ ဝယ်ဖို့ Worth ဖြစ်ပါတယ်။