Selfie တို့ရဲ့ဘုရင် ဖြစ်တဲ့ OPPO Phone Brand က MODA Fashion Magazine နဲ့အတူ ပူးပေါင်းပြီး MODA Fashion Night Out တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ Fashion Night Out ကို အနုပညာရှင်များ၊ Blogger များနဲ့ နယ်ပယ်အသီးသီးမှာရှိတဲ့ Influencer များ၊ နယ်ပယ်အသီးသီးက လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါတယ်။ MODA နဲ့ OPPO တို့ ပူးပေါင်းကာ Networking Connection ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။ ဒီ Fashion Night Out ကို Yangon Yangon Restaurant ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး Designer Htu Aung Gunhtang ရဲ့ လက်ရာတွေကို ဝတ်ဆင်ပြသခဲ့တဲ့ Fashion Show တစ်ခုလည်း ပါဝင်ခဲ့တဲ့အပြင် Project K ရဲ့ Performance အကများနဲ့အတူ ဆန်းသစ် တဲ့ Fashion များကိုကြည့်ရူမျောပါစီးဆင်းခဲ့တဲ့ ညခင်းလေးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။