×
MODA Projects 

Modian တွေဖြစ်သွားကြတဲ့ Projet K


မိန်းကလေးများအသည်းစွဲ Boyband ဖြစ်တဲ့ Project K ကတော့ Modian တွေဖြစ်သွားကြပါတယ်။ Modian တွေဆိုတာကတော့ The MODA Club အဖွဲ့ဝင် Member တွေကိုဆိုလိုတာဖြစ်ပြီး Modian တစ်ယောက်ဖြစ်သွားသူဖို့ MODA ရဲ့ Private Party တွေ၊ Event တွေကိုတက်ရောက်ခွင့်ရမယ်။ အမိုက်စား Fashion Brand တွေ၊ Beauty Product တွေကိုလည်း Modian Card နဲ့ဲဝယ်ယူရင် တစ်နှစ်ပတ်လုံး ဘယ်မှာမှ မရနိုင်တဲ့ Special Promotion တွေ၊ Discount တွေကိုလည်း ရရှိမှာဖြစ်ပါတယ်။
ပြည့်သူ့အသည်းကျော် Project K တွေကလည်း Modian အဖွဲ့ဝင်တွေမို့ ကျန်ရှိတဲ့ MODA ပရိသတ်တွေအားလုံးကိုလည်း The MODA Club အဖွဲ့ဝင်တွေအဖြစ်ပါဝင်ဖို့ ဖိတ်ခေါ်တဲ့ မိတ်ဆက်ပွဲလေးကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ (၄) နာရီမှာ Myanmar Plaza Outdoor Area မှာ Fan တွေနဲ့ပျော်ပျော်ပါးပါး ကျင်းပခဲ့ကြပါတယ်။

ပရိသတ်တွေကိုယ်တိုင် Projet K နဲ့အတူတူ ပါဝင်ကစားလို့ရတဲ့ Game အစီအစဉ်တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေအပြင် ထိုနေ့တွင် The MODA Club Member အသင်းဝင်မယ်ဆိုရင် ပုံမှန်ကျသင့်တဲ့ ဈေးနှုန်းထက် အထူးသက်သာတဲ့ဈေးနှုန်းနဲ့ ကျသင့်မှာဖြစ်ပြီး နောက်ထပ်အထူးအခွင့်အရေးအနေနဲ့ ပွဲကို ပထမဆုံးလာရောက်တဲ့ အယောက် (၂၀၀) အတွက် Project K လက်မှတ်ပါတဲ့ Poster တွေအပြင် တခြား အမိုက်စားလက်ဆောင်တွေကိုလည်း ရရှိဦးမှာပါ။ နောက်ပြီး အဲ့ထဲကမှ ကံထူးရှင် အယောက် (၁၀၀) က Project K နဲ့အတူ After Party မှာညစာစားခွင့် ရရှိမှာဖြစ်ပါတယ်။

မတ်လမှာတော့ Project K ရဲ့ Modian Night After Party ကို ရွှေတောင်ကြားလမ်းထဲမှာရှိတဲ့ The Beer Factory မှာပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီ After Pary နဲ့ညစာစားပွဲလေးမှာလည်း Projet K အဖွဲ့သားများအားလုံးက Modian ကံထူးရှင်လေးများနဲ့အတူတူ ညစာစားပြီး ပျော်ရွှင်စရာ ဖျော်ဖြေရေး အစီအစဉ်များ Game များဖြင့် အားလုံးပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။