×
MODA Projects 

နည်းပညာနဲ့ဖက်ရှင်ကြားကဆက်နွယ်မှူကို သက်သေပြခဲ့တဲ့ 2015 Moda Fashion Nightout Party

               တိုးတက်လာတဲ့ခေတ်မှာ နည်းပညာဟာ လူသားတွေရဲ့ ဘ၀ကို တစ်စိတ်တစ်ပိုင်းလွှမ်းမိုးလာသလိုပဲ တစ်နေ့ထက်တစ်နေ့ ပေါ်ထွက်လာတဲ့ နည်းပညာပစ္စည်းတွေဟာလည်း ထူးခြားတဲ့ စွမ်းဆောင်နိုင်မှူတွေနဲ့အတူ နေ့စဉ်ဘ၀မှာ တစ်ဖက်တစ်လမ်းက အထောက်အကူပြုလို့လာနေပါတယ်။ ဒီအချိန်မှာ ထိပ်တန်းမိုဘိုင်းလ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Samsung ကလည်း သူရဲ့ ထူးခြားတဲ့ product အသစ်တစ်ခုဖြစ်တဲ့ Samsung Gear S2 ကို ပုံဖော်ချပြခဲ့ပါတယ်။ အဲဒီ Samsung Gear S2 ရဲ့ မြန်မာပြည်အတွက် မိတ်ဆက်ခြင်းအခမ်းအနားကိုတော့ Samsung က Moda Fashion Magazine နဲ့အတူ ပူးပေါင်းပြီး Moda Fashion Nightout ဆိုတဲ့ပွဲလေးကို 2015 နို၀င်ဘာလက Novotal Yangon Max ရဲ့ 14 လွှာမှာရှိတဲ့ Le Cellier European Restaurant မှာ ကျင်းပခဲ့တာပါ။ ဒီပွဲမှာတော့ နာမည်ကျော်အနုပညာရှင်တွေနဲ့ ဖက်ရှင်ချစ်သူတွေများစွာတက်ရောက်ခဲ့ပြီး Gear S2 ရဲ့ နည်းပညာ ခေတ်ရှေ့ပြေးမှူကိုဖော်ကျူးတဲ့အနေနဲ့ ဒီဇိုင်နာ သျှတ္တရရဲ့ Futuristic ဆန်ဆန် ၀တ်စုံတွေနဲ့ မော်ဒယ်လ်တွေက runway ထက်မှာ ပြသလျှောက်လှမ်းခဲ့ကြပါတယ်။ ဒီပွဲလေးကို Share Your Style ဆိုတဲ့ Hashtag နဲ့ ကျင်းပခဲ့ပြီး အခမ်းအနားတင်ဆက်သူအဖြစ် ကိုကောင်းထက်ဇော်နဲ့ DJ အဖြစ် DJ Wine တို့က တာ၀န်ယူခဲ့ကြတာပါ။ တက်ရောက်လာကြတဲ့ ဖက်ရှင်ချစ်သူတွေနဲ့အနုပညာရှင်တွေကိုလည်း Moda Magazineရဲ့ Cover Star တွေအဖြစ်ပါ၀င်ခဲ့ကြတဲ့ ပရိသတ်အချစ်တော် Sai Sai နဲ့ Bobby Soxer တို့က Lucky draw တွေဖောက်ပေးခဲ့ပါသေးတယ်။ ဒီလိုပျော်ရွှင်စရာအစီအစဉ်၊ ထူးခြားတဲ့အခမ်းအနားတင်ဆက်မှူတွေနဲ့ 2015 ရဲ့ Moda Fashion Nightout Party လေးကတော့ ခေတ်ရှေ့ပြေးနည်းပညာတစ်ခုနဲ့ ဖက်ရှင်တို့ ပေါင်းစပ်ခြုံလွှမ်းထားတဲ့ ညနေခင်းလေးတစ်ခုအဖြစ် အမှတ်တရဖြစ်စေခဲ့တာအသေအချာပါပဲ။