×
MODA Projects 

MODA ရဲ့ Styling တွေနဲ့အတူ မိမိုက်နေခဲ့တဲ့ ဝိုင်းစုရဲ့ "ခါချနေရတယ်" MTV

                တေးသီချင်းတွေကို အလွမ်းအဆွေး၊အမြူးအကြွပုံစံမျိုးစုံနဲ့ ပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ တေးသံရှင် ဝိုင်းစုခိုင်သိန်းရဲ့ Album တစ်ခုဖြစ်တဲ့ "ခါချနေရတယ်" တေးစီးရီးလက်မှတ်ထိုးပွဲကို 2015 ခုနှစ် ဒီဇင်ဘာလ (5) ရက်နေ့က လှည်းတန်းစင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ "ခါချနေရတယ်" Albumကို ပထမ‌ဆုံးလာရောက်၀ယ်ယူသူအယောက် (50)ကို ဝိုင်းစု Cover Star အဖြစ်ပါ၀င်ထားတဲ့ 2015 ဒီဇင်ဘာလထုတ် Moda Fashion Magazine ပေါ်မှာ သူမကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မေတ္တာလက်ဆောင်ပြန်လည်ပေးအပ်ခဲ့ပြီး Moda Holiday Shoppers Coupon လေးတွေ လည်းလက်ဆောင်ပေးအပ်ခဲ့ပါတယ်။ Moda Magazine အနေနဲ့ ဝိုင်းစုရဲ့ ခါချနေရတယ် Albumရဲ့ Title Song ဖြစ်တဲ့ "ခါချနေရတယ်" သီချင်းရဲ့ MTV အတွက် Fashion Styling ပိုင်းကိုတာ၀န်ယူစီစဉ်ပေးခဲ့ပြီး Cover Story အတွက်ကိုလည်း MTV ထဲကအတိုင်းရိုက်ကူး‌ပုံဖော်ထားခဲ့ပါတယ်။ MTVနဲ့ Cover Story တွေကိုတော့ Novotel Yangon Max Hotel မှာ ရိုက်ကူးခဲ့တာပါ။ ထွက်ရှိခဲ့သမျှ တေးစီးရီးတိုင်းမှာ ပရိသတ်တွေရဲ့ အားပေးမှူများစွာရရှိထားတဲ့ တေးသံရှင်ဝိုင်းစုကတော့ ဒီတစ်ခေါက် "ခါချနေရတယ်" Album မှာလည်း ပရိသတ်တွေရဲ့ တခဲနက်အားပေးမှူတွေနဲ့အတူ အောင်မြင်မှူတွေ တိုးသထက်တိုးလာဆဲပဲဖြစ်ပါတယ်။