×
MODA Projects 

Forever Stars ပြိုင်ပွဲကြီးမှာ တစ်ခန်းတစ်ကဏ္ဍအနေနဲ့ ပါ၀င်ခဲ့တဲ့ Moda Fashion Magazine

 
                မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးသော သရုပ်ဆောင်နဲ့ Talent ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Forever Stars ပြိုင်ပွဲကြီးကို အားလုံးသိရှိကြပြီးဖြစ်မှာပါ။Forever Group ကနေစီစဉ်တင်ဆက်တဲ့ Reality Show ကြီးတစ်ခုဖြစ်ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်းမှာ ထုတ်လွှင့်ပြသခဲ့တာပဲဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် မတူညီတဲ့ Challengeတွေ ၊ထူးခြားတဲ့စိန်ခေါ်မှူတွေနဲ့ ပြိုင်ပွဲ၀င်‌တွေဟာ တစ်ပတ်ပြီးတစ်ပတ် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲကြီးရဲ့ Grand Final မှာတော့ Winners အနေနဲ့ သူရနဲ့ ခွန်းနေခြည်ချိုတို့နှစ်ဦးက ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
               Winner နှစ်ဦးကိုတော့ Moda Fashion Magazine ကနေပြီး 2018 April လရဲ့ Cover Star တွေအဖြစ် ရိုက်ကူးပုံဖော်ပေးခဲ့ပြီး Moda Magazine အနေနဲ့ ပြိုင်ပွဲရဲ့ အချို့ Episode တွေမှာလည်း Guest Judge အနေနဲ့ ပါ၀င်ဆောင်ရွက်ခဲ့ပါသေးတယ်။ ပြိုင်ပွဲတစ်လျှောက်မှာလည်း Moda ရဲ့ Fashion Stylist တွေကနေပြီး Fashion ပိုင်းနဲ့ပတ်သက်လို့ Knowledge တွေကို Sharing နဲ့ Training လုပ်ပေးခြင်းများရှိခဲ့သလို Moda ရဲ့ Art Directorကနေပြီးတော့လည်း Photo ရိုက်ကူးတဲ့အခါမှာ ‌ပြုလုပ်ရမယ့် Pose အပိုင်းတွေ နဲ့ပတ်သက်ပြီး Sharing လုပ်ပေးခဲ့ပါသေးတယ်။