×
MODA Projects 

အားလုံး ပျော်ရွှင်စွာပါဝင် Celebrate လုပ်ခဲ့ကြတဲ့ Penshoppe X MODA Influencers' Party Night

MODA Fashion Magazine နှင့် နာမည်ကျော် Phillippine Fashion Brand “Penshoppe” တို့ပူပေါင်းပြီး လန်းဆန်းတဲ့ Vibe များနဲ့ ဖက်ရှင် ညလေးတစ်ညကို ဖန်တီးပေးလိုက်ပြန်ပါပြီ။ December 12 ရက်နေ့က Port Autonomy မှာ Penshoppe X MODA Infuencers’ Party ကိုကျင်းပခဲ့ပြီး ဒီပွဲကို နယ်ပယ်အသီးသီးမှ နာမည်ကျော် လူငယ်များ၊ Influencer များ၊ အနုပညာရှင်များ၊ မော်ဒယ်များနှင့် Penshoppe ရဲ့ ပရိသတ်များစုံလင်စွာတက်ရောက်ခဲ့ကြသလို ဒီပွဲရဲ့ ထူးခြားချက်က သမားရိုးကျပွဲကြီးတွေလို မဟုတ်ပဲ အားလုံး ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွင် Chill လို့ရတဲ့ Atmosphere ကို ဖန်တီးပေးထားတာပါ Casual Party ပုံစံလည်းဖြစ်တာမို့ DJ Deki နဲ့ DJ PAST12 တို့ရဲ့ အမိုက်စား Music တွေနဲ့ အားလုံးအတွက်ပျော်ရွှင်စရာ Party လေးဖြစ်ခဲ့ပါတယ်။