×
MODA Projects 

Instagrammic ကမ္ဘာသစ်တစ်ခုကို ခေါ်ဆောင်သွားမယ့် Push Your Boundaries Event

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Instagrammic Pop-Up Exhibition တစ်ခုဖြစ်တဲ့ “Push Your Boundaries” Event ကြီးကို ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့ Urban Asia Center (Urban 86) မှာ ၂၀၁၉ ဒီဇင်ဘာ ၁၅ ရက်နဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ မတူထူးခြားတဲ့ Theme Display တွေအများကြီးပါဝင်တဲ့၊ Instagrammable ဖြစ်တဲ့ Photobooth တွေ ခင်းကျင်းထားပြီး ရောက်လာသူတိုင်းက ထို Photobooth တွေမှာ အမိုက်စားဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ်။ လူငယ်တွေ၊ Celebrity တွေနဲ့ Social Influencer တွေတက်ရောက်ခဲ့ကြပြီး ပွဲမှာ Photobooth တွေအပြင် Accoustic Music ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ တခြား ဖက်ရှင် Outfit ၊ လူသုံးကုန်တွေကိုရောင်းချတဲ့ Booth တွေလည်းပါဝင်ပါသေးတယ်။ The Moment နဲ့ New York က Photographer The Street Sensei တို့ရဲ့ Idea များကို ပုံဖော်ထားတဲ့ပွဲတစ်ပွဲဖြစ်ပြီး MODA မှ Social Media Partner အဖြစ်ပါဝင်ခဲ့ပါတယ်။ လာရောက်တဲ့သူများရိုက်ကူးထားတဲ့ ဓာတ်ပုံများကို #PushYourBoundaries ဖြင့်တင်ပြီး Photo Competition ကို လည်း ပါဝင်ခွင့်ရပြီး အနိုင်ရရှိတဲ့သူသုံးယောက်ကို The Street Sensei မှ Photoshoot နဲ့ Video Content တစ်ခုရိုက်ကူးပေးတဲ့ အစီအစဉ်တွေလည်းပါဝင်ပါတယ်။ အလန်းစား Street Style တွေနဲ့ တက်ရောက်လာတဲ့လူငယ်တွေရဲ့ဖက်ရှင်တွေကလည်း အားလုံးကိုဖမ်းစားနိုင်ခဲ့ပါတယ်။