×
MODA Projects 

Mechanic ဆန်ဆန်အပြင်အဆင်များနဲ့ MODA က IVECO နှင့်အတူ အနာဂတ်သစ်ဆီကို ခေါ်ဆောင်သွားခဲ့တဲ့ ည


 လုပ်ငန်းသုံးယာဉ်အကြီးစား များတင်သွင်းပေးနေတဲ့ ကုန်အမှတ်တံဆိပ် IVECO နဲ့ MODA Fashion Magazine တို့နဲ့ပူးပေါင်းပြီး Fashion နဲ့ Social Event ဖြစ်တဲ့ IVECO X MODA Fashion Night Out ပွဲကို ၂၀၁၇၊ မေလ (၃) ရက်နေ့က ရန်ကုန်မြို့၊ ယောက်လမ်းမှာရှိတဲ့ IVECO ရုံးချုပ်မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ အဆိုပါ IVECO X MODA Fashion Night Out ကို ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ လုပ်ငန်းရှင်များ၊ နာမည်ကျော် Celebrity များ၊ မော်ဒယ်များ နဲ့ သတင်းမီဒီယာများလည်း စုံစုံလင်လင် တက်ရောက်ခဲ့ကြပါတယ်။

Thet Paing နဲ့ Teresa တို့နှစ်ဦးက အခမ်းအနားတင်ဆက်သူ(MC) များအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး ဒီဇိုင်နာ Min Khant ရဲ့ ရင်သပ်ရှုမောဖွယ်ရာ Mechanic ဆန်ဆန် သံချောင်အပြင်အဆင်ဝတ်စုံများနဲ့ Fashion Show၊ အဆိုတော် Ar-T၊ Sophia Everest တို့ရဲ့ သီဆိုဖျော်ဖြေမှုများ၊ Thai Dancer Meow တို့က Dance Performance တွေနဲ့ ဖျော်ဖြေပေးခဲ့ကြပါတယ်။ တက်ရောက်လာတဲ့ ဧည့်သည်တော်များအတွက်လည်း Lucky Draw အစီအစဉ်များလည်းပါဝင်သလို ဒီပွဲရဲ့ထူးခြားချက်ကတော့ ပွဲရဲ့ Fashion Runway Stage ကို Iveco ရဲ့ Container/Truck တွေကိုဆက်ပြီး ပြုလုပ်ထားတာပါ။ အမိုက်စားဖက်ရှင်တွေနဲ့ အားလုံးပျော်ရွှင်စွာပါဝင် Celebrate လုပ်ခဲ့တဲ့ Fashion Night Out ပွဲတစ်ပွဲပါပဲ။