×
MODA Projects 

အနုပညာရှင်ရပ်၀န်းရဲ့ ရင်ခုန်စရာ ညနေခင်းလေးတစ်ခုဖြစ်ခဲ့တဲ့ Redvolution Preparty Evening

အသံအားကောင်းကောင်း ၊ ပိုင်နိုင်တဲ့သီဆိုဟန်တွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုကိုရယူလာနိုင်ခဲ့တဲ့ နီနီခင်ဇော်ရဲ့ ပထမဆုံး One Lady Show ဖြစ်တဲ့ Redvolution Show ပွဲကြီးကို 2017 April (1)ရက်နေ့က People's Park မှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီလို Show ပွဲကြီး မကျင်းပခင်ရက်ပိုင်းအလိုမှာ အကြိုရင်ခုန်တဲ့အနေနဲ့ Redvolution Preparty Evening ဆိုတဲ့ပွဲလေးကို သူမချစ်တဲ့ အနုပညာရှင်မောင်နှမတွေနဲ့အတူ ကန်ရိပ်သာလမ်းပေါ်ရှိ Sonder Living Myanmar မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ Redvolution Preparty Evening ပွဲကို Redvolution show မတိုင်ခင် သုံးရက်အလို 2017 ခုနှစ် March လ 27 ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး Moda Fashion Magazine က Event Partnership အနေနဲ့ ပွဲကိုတာ၀န်ယူ စီစဉ်‌ပေးခဲ့တာပဲဖြစ်ပါတယ်။ နီနီ ဟာ Moda Magazine ရဲ့ Cover Star အနေနဲ့ ပါ၀င်ခဲ့ဖူးတဲ့အပြင် သူမရဲ့ One Lady Show (Redvolution) အတွက် အရင်ဆုံး Pre-order မှာယူသူ အယောက်တစ်ရာကိုလည်းသူမကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ Moda Magazine စာအုပ်တွေကို လက်ဆောင်အနေနဲ့ ပြန်လည်ပေးအပ်ခဲ့ပါသေးတယ်။
အဲဒီ Preparty လေးကိုတော့ ထူးခြားတဲ့ အခင်းအကျင်း၊ ရင်ခုန်စရာအခမ်းအနားစီစဉ်မှူတွေနဲ့ ပျော်ရွှင်စွာဆင်နွှဲခဲ့တာဖြစ်ပြီး အစီအစဉ်တင်ဆက်သူအဖြစ် ကိုသက်ပိုင်နဲ့ DJ အဖြစ် DJ Bay Tar တို့ကတာ၀န်ယူခဲ့ကြပါတယ်။ ဒီပွဲလေးကို နာမည်ကျော်အနုပညာရှင်များစွာတက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြတဲ့အနုပညာရှင်တွေထဲကမှ ဝိုင်းလေး၊မေမြတ်နိုး၊ ပွင့်၊ ကျော်ဇင်မင်း၊ ကျော်သီဟ အစရှိတဲ့ အနုပညာ မောင်နှ‌မတွေကလည်း တေးသီချင်းတွေနဲ့သီဆိုဖျော်ဖြေခဲ့ကြတဲ့အပြင် နီနီကိုယ်တိုင်ဦးဆောင်တဲ့ ပျော်စရာဂိမ်းအစီအစဉ်များစွာကိုလည်း အားလုံးအတူတကွ ပျော်ရွှင်စွာပါ၀င်ဆင်နွှဲခဲ့ကြပါတယ်။ နီနီ့ရဲ့ ပထမဆုံးမှတ်တိုင်ဖြစ်တဲ့ Redvolution Show အကြို Redvolution Preparty Eveningလေးဟာ ရင်ခုန်စရာအစီအစဉ်များစွာနဲ့ အနုပညာရပ်၀န်းရဲ့ ထူးခြားတဲ့ညနေခင်းလေးအဖြစ် အမှတ်တရဖြစ်စေခဲ့တာအမှန်ပါပဲ။